Prof. U Maw Than မှ Role of Accountants & Professional Ethics
ခေါင်းစဉ်ဖြင့်ဟောပြောပွဲတစ်ရပ်ကို သြဂုတ်လ ၁ရက်နေ့ မနက် ၁ဝနာရီ LCCI
Accounting Quiz အပြီး၌ Myanmar Info-Tech တွင် ဟောပြောမှာ ဖြစ်ပါတယ်။
စိတ်ဝင်စားသူများ တက်ရောက်နိုင်ပါတယ်။ အသေးစိတ်သိရှိလိုပါက British Council
Exams Services ဖုံး ၂၅၆၂၉ဝ-၁ Ext: ၃၃ဝဝ ( သို့  ) ၃၃၁၃ သို့
ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
(30-7-2010)
Source : Ko Lin (Myanmar Training)
ဘာသာရပ်ဆိုင်ရာပညာရှင်များ ဟောပြောပွဲ
.
.
.
မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်နှင့်
မြန်မာနိုင်ငံပုစွန်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းကျင်းပသည့်
ဟောပြောပွဲများကို ၂ဝဝ၆ ခုနှစ်၊ ဇန်နဝါရီလ၊ ၇ ရက်နေ့မှစ၍ (၂) ပတ်လျှင်
တစ်ကြိမ်ကျင်းပလျှက်ရှိပါသည်။ ၂ဝ၁ဝ ခုနှစ်တွင်လည်း (၂) ပတ်လျှင်တစ်ကြိမ်
ဆက်လက်ကျင်းပမည်ဖြစ်ပါသည်။
ယခုကျင်းပမည့် ဟောပြောပွဲအမှတ်စဉ် (၁၅/ ၂ဝ၁ဝ)တွင်စာရေးဆရာ ကိုကိုလှိုင်
(နိုင်ငံတကာရေးရာသုတေသီ) မှ -
“ GLOBAL POWER POTENTIAL OF THE PEOPLjE’s REPUBLIC OF CHINA”
“ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်နိုင်ငံ
ဖြစ်ပေါ်လာနိုင်မည့်အလားအလာများ”ခေါင်းစဉ်ဖြင့်
ဟောပြောဆွေးနွေးမည်ဖြစ်ပါသည်။
ကျင်းပမည့်နေ့ရက် - ၂ဝ၁ဝ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက် (စနေနေ့)
ကျင်းပမည့်အချိန် - နေ့လည် (၂းဝဝ) နာရီ
ကျင်းပမည့်နေရာ - မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၊
ဘုရင့်နောင်လမ်းမကြီးနှင့် စက်မှုဆေးဝါးလမ်းထောင့်၊
အနောက်ကြို့ကုန်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်။
(30-7-2010)
Source : Ko Lin (Myanmar Training)
မြန်မာနိုင်ငံကွန်ပျူတာအသင်းများ အဆောက်အဦး နဝရတ်ကိုးပါး ရတနာအုတ်မြစ်စီ
မင်္ဂလာအခမ်းအနားနှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းများ၏ နှစ်ပတ်လည်
အခမ်းအနား
..
.
.
.
..
.
.
နေ့ရက် - 1.8.2010 (တနင်္ဂနွေနေ့)
ပထမပိုင်း
အချိန် - နံနက် ၈း၃ဝ နာရီ
နေရာ - အဆောက်အဦးဆောက်လုပ်မည့်နေရာ
မြန်မာ့သတင်းအချက်အလက်နည်းပညာကော်ပိုရေးရှင်းအဆောက်အအုံ
လှိုင်တက္ကသိုလ်နယ်မြေ၊ လှိုင်မြို့နယ်၊ ရန်ကုန်။
ဒုတိယပိုင်း
အချိန် - နံနက် ၉း၃ဝ နာရီ
နေရာ - အစည်းအဝေးခန်းမ
နေရာ - အဆောက်အဦးဆောက်လုပ်မည့်နေရာ
မြန်မာ့သတင်းအချက်အလက်နည်းပညာကော်ပိုရေးရှင်းအဆောက်အအုံ
လှိုင်တက္ကသိုလ်နယ်မြေ၊ လှိုင်မြို့နယ်၊ ရန်ကုန်။
(30-7-2010)
Source : Ko Lin (Myanmar Training)
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း “Information Security”
ဟောပြောပွဲကျင်းပမည်
.
.
.
.
.
.
.
.
သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက်
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ မျက်မှောက်ခေတ် ICT/
Internet နည်းပညာရပ်များ၏ နောက်ကွယ်ရှိ သတင်းအချက်အလက်ပိုင်းဆိုင်ရာ
လုံခြုံရေးစနစ်များ၊ Cyber Threats များ၊ ကွန်ပျူတာ၊ အင်တာနက်
အသုံးပြုသူတိုင်း သိသင့်သိထိုက်သော Fundamental Security Concepts
များအကြောင်း၊ နည်းပညာရပ်များကို အခြေခံသောမတူညီသော Cyber
နှောင့်ယှက်မှုများ၊ ကာကွယ်ရေး စနစ်များအကြောင်းတို့ကို
အပြန်အလှန်ဆွေးနွေးနိုင်ရန် ရည်ရွယ်၍ သြဂုတ်လ (၇)ရက် (စနေနေ့) နေ့လည်
(၂း၀၀) နာရီမှ (၅း၀၀)နာရီအထိ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊
မြန်မာအင်ဖိုတက်ခ်၊ ပင်မဆောင်ရှိ အခန်း(၂၀၅) တွင်
မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်းမှ အလုပ်အမှုဆောင်များ ဖြစ်သည့်
ဦးဇော်ဝင်းထွန်း၊ ဦးအောင်ဇော်မြင့် နှင့် ဦးရဲကျော်သိန်း တို့မှ
“Information Security” ခေါင်းစဉ်ဖြင့် ရှင်းလင်းဟောပြောမည်ဖြစ်ပါသည်။
ဆွေးနွေးဟောပြောပွဲသို့ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း
အသင်းဝင်များ၊ ကွန်ပျူတာပညာရပ်အထူးပြု ကျောင်းသား၊ ကျောင်းသူများ၊
ရုံးလုပ်ငန်းများတွင် သတင်းအချက်အလက်နှင့် ကွန်ယက်လုံခြုံရေး
လုပ်ဆောင်နေရသော Network Admin များ၊ Network နှင့် Information
Security ကိုစိတ်ပါဝင်စားသူ မည်သူမဆို (အခမဲ့) တက်ရောက်ဆွေးနွေး
နိုင်သည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာ
ပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ ဖုန်းနံပါတ်-၆၅၂၂၇၆ သို့
ဆက်သွယ်စုံစမ်း နိုင်သည်။
(30-7-2010)
Source : Ko Lin (Myanmar Training)