James Cook University မှ မြန်မာနိုင်ငံမှကျောင်းသူကျောင်းသားများအတွက်
ပထမဆုံးအကြိမ် MBA စကောလားရှစ် စာမေးပွဲအကြောင်း ရှင်းလင်းပြောကြား
မြန်မာနိုင်ငံမှ MBA တက်ရောက်ရန်စိတ်ဝင်စားသော
ကျောင်းသားကျောင်းသူများအတွက်၊ ၀င်ခွင့်လျှောက်ထားခြင်း နှင့် JCU ရဲ
့ပထမဆုံးမြန်မာနိုင်ငံရဲ့ စင်္ကောလားရှစ် အကြောင်းရှင်းလင်းပွဲကို 2010
စက်တင်ဘာ (၄) ရက်နေ့ နံနက် (၁၀) နာရီကနေပြီး (၁၂) နာရီအထိ ရန်ကုန်မြို့ ၊
Park Royal Hotel မှာကျင်းပ ပြုလုပ်မယ်လို့  CROWN Education မှ
တာဝန်ရှိသူတစ်ဦကပြောကြားပါတယ်၊၊ အဆိုပါ စင်္ကောလားရှစ်အစီအစဉ်ဟာ James Cook
University မှ မြန်မာနိုင်ငံမှ ကျောင်းသူကျောင်းသားများအတွက်
ပထမဆုံးအကြိမ်ပေးအပ်မဲ့အစီအစဉ်ဖြစ်ပြီး၊ ယခုလာမည့် October Intake
တစ်ခုတစ်တည်းအတွက် လို့  သိရပါတယ်၊၊ ကျောင်းသားတွေရဲ့ထူးချွန်မှု့အလိုက် S$
4000 မှ S$ 8000 အထိ ချီးမြှင့်ပေးမည်ဖြစ်ပြီး၊ ရွေးချယ်မည့်
ကျောင်းသားအရေအတွက်ကို ကန့်သတ်မထားဘူး လို့ဆိုပါတယ်၊၊
ဒီစကောင်္လားကိုလျှောက်ထားမဲ့သူတွေအနေနဲ့ အထွေထွေဗဟုသုတနဲ့၊ Multiple Choice
(၂) နာရီ မေးခွန်း ကိုဖြေဆိုရမှာဖြစ်ပြီး၊ မေးခွန်းပုံစံက MBA ၀င်ခွင့်တွေ
မှာမေးလေ့ရှိတဲ့၊ အချိန်ကိုက် ဖြေဆိုရတဲ့ မေးခွန်းမျိုးတွေဖြစ်တယ် လို
့သိရပါတယ်၊၊
“ဒီလိုမေးခွန်းမျိုးတွေကို မြန်မာနိုင်ငံကကျောင်းသူကျောင်းသားတွေ
ဖြေဆိုကြည့်သင့်ပါတယ်၊၊ တစ်ချို့ မေးခွန်းတွေက၊ ကန့်သတ်ထားတဲ့မိနစ်အတွင်း၊
ဆုံးဖြတ်ချက်ချရတဲ့မေးခွန်းမျိုးတွေဖြစ်ပါတယ်၊၊ ဖြေဆိုကြည့်တဲ့အတွက်
နိုင်ငံတကာမှာ MBA တက်ဖို့အတွက် ကိုယ့်ရဲ့စဉ်းစားတွေးခေါ်မှု့၊ ဆုံးဖြတ်ချက်
ချနိုင်စွမ်း တွေကိုသိနိုင်မှာဖြစ်ပြီး၊ အဲဒီအတွက် ကိုယ်အဆင်သင့်
မဖြစ်သေးရင်လည်း၊ MBA အတွက် ပေါင်းကူးပရိုဂရမ်တွေကို၊ တက်သင့်သလားဆိုတာပါ
တစ်ခါတည်း သိနိုင်ပါတယ်၊၊ အဲဒီအချက်တွေကို စက်တင်ဘာ (၄) ရက် (စနေနေ့) မှာ
အသေးစိတ်ပြောကြားပေးပါ့မယ်၊၊” လို့  CROWN Education မှ ပညာရေးအတိုင်ပင်ခံ
ဦးအောင်ကျော်ဆန်း က အကြံပြုပြောကြားပါတယ်၊၊ James Cook University မှာ
တက်ရောက်သင်ယူနိင်တဲ့ MBA ရဲ့ထူးခြားချက်တွေ ကတော့ Accounting and Finance,
Marketing, Human Resource Management စသည်ဖြင့် အထူးပြုဘာသာရပ်တွေကို
ရွေးချယ်သင်ယူနိုင်တဲ့အပြင်၊ Master of Information Technology (MIT),
နှင့် MBA နှင့် MIT ကိုပူးတွဲသင်ယူနိုင်သည့်အခွင့်အရေးများလည်း
ရှိတယ်လို့သိရပါတယ်၊၊
အဆိုပါရှင်းလင်းပြောကြားမည့်အစီအစဉ်တွင်၊ Psychology ဘာသာရပ်အကြောင်း၊
Bachelor of Business and Environmental Science ဘာသာရပ်များအကြောင်းပါ
ထည့်သွင်းရှင်းလင်းပြောကြားမှာဖြစ်ပြီး စကောလားရှစ်
ဖြေဆိုလိုသူများစတင်စာရင်းပေးနိုင်ပြီး၊ CROWN Education Office,
အခန်း(၂၂၈- ၂၂၉), Summit Parkview Hotel, ဖုန်းနံပတ် ၊ ၂၁၁ ၈၈၈ (လိုင်းခွဲ
၂၂၈) နဲ့  ၀၉ ၅၀၈၅ ၁၈၅ တို့မှာ ဆက်သွယ်စုံစမ်း
စာရင်းပေးနိုင်ကြောင်းသိရပါတယ်၊၊
CROWN Education
Summit Parkview Hotel, # 228-229, No. 350, Ahlone Road,
Dagon Township 11181, Yangon, Myanmar
E-mail : james@crown-education.com
Direct Line: (+95-1) 211 888 (Ext-229), Mobile: (+95-9) 5085 185
Website : www.crown-education.com
Gmail : aungkyawsan@gmail.com
(20-8-2010)
Source : Ko Lin (Myanmar Training)
James Cook University (Singapore) ၏ ပညာရေးဟောပြောပွဲ
.
.
. . ...
.
.
James Cook
University (Singapore) ၏ ပညာရေးဟောပြောပွဲကို မြန်မာနိုင်ငံ၏
ကိုယ်စားလှယ်ဖြစ်သော KMD Computer Centre မှ အောက်ပါ အစီအစဉ်အတိုင်း
ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
Seminar Date : 5 September 2010
Time : 3:00 – 5:00 Pm
Venue : KMD Computer Centre (Myaynigone)
Topic : Studying Abroad to James Cook University (Singapore)
(24-8-2010)
Source : Ko Lin (Myanmar Training)
STUDY @ CURTIN UNIVERSITY IN AUSTRALIA
.
..
.
.
.
..
.
.
သြစတြေးလျနိုင်ငံ၏ တရားဝင် အသိအမှတ်ပြု သြစတြေးလျတက်္ကသိုလ်ဝင်ခွင့်
Australian Foundation Course ကိုသင်ကြားပေးလျှက်ရှိသော YIUS ( Yangon
Institute for University Studies ) နှင့် Curtin University, Australia
တို့ပူးပေါင်းစီစဉ်သည့် ပညာရေးဟောပြောပွဲကို လာမည့် August, 28 ရက်နေ့
၁၀နာရီတွင် Traders Hotel ၌ကျင်းပသွားမည်ဟု သိရှိရပါသည်။
အဆိုပါတက္ကသိုလ်တွင် စီးပွားရေး၊ အင်ဂျင်နီယာ၊ ကွန်ပြူတာ၊ ဆေးသိပ်္ပံ၊ ဗိသုကာ
နှင့် အခြားသော ဘာသာရပ်ပေါင်းစုံကို Diploma, Advanced Diploma, Bachelor,
Master, Ph.D အထိတက်ရောက် နိုင်ပါတယ်လို့သိရှိရပါသည်။
အခြေခံပညာအထက်တန်းအောင်မြင်ပြီးသူများ၊ GCE ( 0 ) Level
အောင်မြင်ပြီးသူများ၊ တက္ကသိုလ်တက်ရောက်ဆဲကျောင်းသားကျောင်းသူများ၊ ဘွဲ့ကြို
ဘွဲ့ရ နှင့် ဘွဲ့လွန်ကျောင်းသားများ၊ ပညာရေးကို
စိတ်ဝင်စားသောကျောင်းသားမိဘများပါ တက်ရောက်နိုင်တယ်လို့သိရပါသည်။
အဆိုပါဟောပြောပွဲသို့ တက်ရောက်လိုသူများ အနေဖြင့် အသေးစိတ်သိရှိလိုပါက Bldg
7, Rm 4, Myanmar Info-Tech, University of Hlaing Campus, Yangon. Ph: 652
311, 652 297 သို့ဆက်သွယ် စုံစမ်းနိုင်ကြောင်းသိရှိရသည်။
နေ့ရက်၊ 28th August 2010
အချိန်၊ 10 am to 12 pm
နေရာ၊ Traders Hotel, Konbaung Tagaung Hall, Rm 223, Bogyoke Aung San Rd,
Yangon.
(24-8-2010)
Source : Ko Lin (Myanmar Training)
ပညာရွှေအိုး မှ ပညာရေးပြပွဲ
.
.
.
.
.
.
.
.
.
New Zealand နိုင်ငံ Computer Power Institute တွင်တစ်နှစ် IT Diploma
ကိုတက်ရောက်သင်ကြားရုံဖြင့် Diploma ရရှိပြီးပါက Graduate job search
visa (၁) နှစ်နှင့် Open work permit (၂) နှစ်ရရှိနိုင်မည့်
အခွင့်အရေးရှိပါသည်။ Computer Power Institute နှင့် ပတ်သက်သည့်
ပညာရေးဆွေးနွေးပွဲကို Park Royal Hotel, Grand Ball Room (3) တွင်
ပညာရွှေအိုး (Aureus Services Co.,Ltd.) မှကြီးမှူးလတက် (11.9.2010)
ရက်နေ့တွင် မနက် (10) နာရီမှ (12) နာရီအထိ ကျင်းပသွားမည်ဖြစ်သည်။
သို့ဖြစ်ပါသဖြင့် IT ညီအစ်ကိုမောင်နှမများ တက်ရောက်ချီးမြှင့် ပေးပါရန်
လေးစားစွာဖိတ်ကြားအပ်ပါသည်။
Pyinnya Shway O
(Aureus Service Co.,Ltd)
136/138 Anawrata Rd and 48th St. Corner Botataung Township,
11161, Yangon, Myanmar. Ph: 01-202293
Email: information@pyinnya-shway-o.com
Website: http://pyinnya-shway-o.com
(24-8-2010)
Source : Ko Lin (Myanmar Training)