စင်္ကာပူကျောင်းဝင်ခွင့်ဆွေးနွေးပွဲ Study Abroad မှပြုလုပ်မည်
REGENT EDUCATION GROUP လက်အောက်မှ SINGAPORE EDUCATION SPECIALIST ဖြစ်သော
STUDY ABROAD Information Centre မှကြီးမှူးစီစဉ်၍ Singapore နိုင်ငံရှိ
အကောင်းဆုံး Private ကျောင်းများထဲတွင် တစ်ခုအပါအဝင်ဖြစ်သော PSB Academy
နှင့် MDIS ကျောင်းတို့၏ Application Wave အစီအစဉ်များ Merit Scholarship
အစီအစဉ်များနှင့် ကျောင်းဝင်ခွင့်ဆိုင်ရာ အကြံပေးဆွေးနွေးပွဲကိုလာမည့်
သြဂုတ်လ (၂၇) ရက်၊ တနင်္ဂနွေနေ့တွင် တောင်ကြီးမြို့တို့တွင်
အသီးသီးပြုလုပ်ကျင်းပမည်ဖြစ်ပါသည်။
အကြံပေးဆွေးနွေးပွဲတွင်
(၁) ကမ္ဘာထိပ်တန်း University များဖြစ်သော University of Glasgow (UK) နှင့်
University of Newcastle (Australia) ၏ အင်ဂျင်နီယာဘွဲ့များ အကြောင်း
(၂) Australia, USA ရှိ အထင်ကရ တက္ကသိုလ်ကြီးများမှ IT ဘွဲ့များအကြောင်း
(၃) UK , Australia ရှိကမ္ဘာထိပ်တန်း တက္ကသိုလ်ကြီးများမှာ စီးပွားရေးနှင့်
စာရင်းအင်းဆိုင်ရာဘွဲ့များအကြောင်း
(၄) UK ပညာရေး စနစ်နှင့် ဘွဲ့ရကျောင်းသားများအတွက် အလုပ်နေထိုင်ခွင့် (၂)
နှစ် ရရှိမည့် အခွင့်အလမ်းများအကြောင်း
(၅) Australia ပညာရေးစနစ်နှင့် ဘွဲ့ရကျောင်းသားများ အတွက် Skilled Visa
များအကြောင်း
(၆) စင်္ကာပူနိုင်ငံတကာ ပညာရေး၊ EPEC လက်မှတ်နှင့်
အလုပ်အကိုင်အခွင့်အရေးများအကြောင်း
(၇) စင်္ကာပူတွင် လူကြိုက်အများဆုံးနှင့် အရည်အသွေးပြည့်မှီ၍
ဈေးနှုန်းချိုသာသော PSB Academy နှင့် MDIS တို့၏ အသိအမှတ်ပြု Diploma
သင်တန်းများ
အကြောင်း
(၈) စင်္ကာပူမှ တဆင့် UK, Australia နိုင်ငံများသို့
ရွှေ့ပြောင်းပညာသင်ကြားခြင်းဆိုင်ရာ သိကောင်းစရာများအကြောင်းကို အသေးစိတ်
ဆွေးနွေးအကြံပေးသွားမည်
ဖြစ်ပါသည်။
အထူးအစီအစဉ် တစ်ခုအနေဖြင့် KNOWLEDGE BANK LIBRARY
မှဆွေးနွေးပွဲတက်ရောက်သူများထဲမှ Exclusive Membership Card အတွက် Register
လုပ်သူများအား 10% Discount ပေးမည်ဖြစ်ပြီး English သင်တန်းအတွက် Register
လုပ်သူများကိုမူ 5% Discount အသီးသီးစီစဉ်ပေးသွားမည်ဖြစ်ပါသည်။
အထက်ပါပညာရေး ဆွေးနွေးပွဲသို့ တက်ရောက်လိုသူများအနေဖြင့် STUDY ABROAD
Information Centre - အမှတ် (၂၉ဝ-အေ)၊ ပထမထပ်၊ ပြည်လမ်း (ဒဂုံစင်တာနှင့်
မဟာမြိုင်ဆေးခန်းကြား)၊ မြေနီကုန်း။ ဖုန်း - 525 126 ၊ 701 331 ၊ 0980
22184 သို့ဆက်သွယ်စုံစမ်း၍ စာရင်းပေးသွင်းနိုင်ပါသည်။
(24-8-2010)
Source : Ko Lin (Myanmar Training)
City and Guilds Vocational Education Fair 2010 ကျင်းပမည်
.
.
.
. . ...
.
.
မြန်မာလူငယ်များအား ဆယ်တန်းဖြေဆိုအောင်မြင်ပြီးချိန်မှပင်စတင်၍
နောင်အနာဂတ်အောင်မြင်မှုအတွက် စနစ်တကျပြင်ဆင်တကတ်လာစေရန်၊ “Globalization”
ခေတ်အတွင်းအများနှင့် ရင်ဘောင်တန်း၍ ယှဉ်ပြိုင်လုပ်ကိုင်နိုင်စေရန်နှင့်
လုပ်ငန်းခွင်ဆက်စပ်ပညာရပ်များတွင် ကျွမ်းကျင်ပိုင်နိုင်ပြီး
နိုင်ငံတကာအသိအမှတ်ပြု အောင်လက်မှတ်များရရှိထားသူ မြန်မာလူငယ်များ
ပိုမိုများပြားလာစေရန် ရည်ရွယ်၍ ဒုတိယအကြိမ်မြောက် “City and Guilds
Vocational Education Fair 2010” နှင့်အတူ “Success Skills for your
brighter future” Seminar ကိုစက်တင်ဘာလ ၄ ရက် (စနေနေ့) နေ့တွင် Strand
Hotel Ball Room (Seikkanthar Street, Kanna Block) ၌
ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ စိတ်ပါဝင်စားသူမည်သူမဆို
အခမဲ့တက်ရောက်နိုင်ကြောင်းကို “British Council” နှင့်
ရန်ကုန်မြို့တွင်းရှိ City and Guilds သင်တန်းကျောင်းများစုပေါင်း၍
စာနယ်ဇင်းမိတ်ဆက်ပွဲပြုလုပ်ပြောကြားခဲ့ပါသည်။
“City and Guilds Vocational Education Fair 2010” တွင်
မြန်မာနိုင်ငံအတွင်း၌ပင် သင်တန်းတက်ရောက်၍ “British Council” တွင်
စာမေးပွဲဖြေဆို အောင်လက်မှတ် ရယူနိုင်သော Engineering ဘာသာရပ်များ (Vehicle
Maintenance & Repair, Mechanical, Electrical, Electronic, Civil,
Refrigeration & Air-Con, Engineering Skills)၊ Travel and Tourism
ဘာသာရပ်များ၊ Hospitality and Catering ဘာသာရပ်များ (Food Preparation &
Culinary Arts, Food & Beverage, Reception Operations, Housekeeping) ၊
Information Technology ဘာသာရပ်များနှင့် Health Care
ဘာသာရပ်ဆိုင်ရာများကို စိတ်ဝင်စားသူ ပြည်သူအများ လေ့လာနိုင်စေရန်
ရန်ကုန်မြို့တွင်းရှိ City and Guilds သင်တန်းကျောင်းများ စုပေါင်း၍ နံနက်
ဝ၈း၃ဝ နာရီမှ ညနေ ဝ၅းဝဝ နာရီအတွင်း ခင်းကျင်းပြသသွားမည်ဖြစ်သည်။
“Success Skills for your brighter future” Seminar ကိုနေ့လည် ဝ၁း၃ဝ
နာရီတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဆရာ ဦးဟိန်းလတ်မှ လူငယ်များအတွက်
“Knowledge and Wisdom” ခေါင်းစဉ်ဖြင့် ဟောပြောခြင်း၊ City and Guilds မှ
Regional Director နှင့် Business Development Executive တို့မှ
မြန်မာလူငယ်များ အနာဂတ်အတွက်ပြင်ဆင်ရာတွင် City and Guilds
မှပံ့ပိုးကူညီပေးနိုင်မှုနှင့် စာမေးပွဲအောင်လက်မှတ်အား နိုင်ငံတကာ၏
အသိအမှတ်ပြုမှု အနေအထားတို့ကို ရှင်းလင်းတင်ပြ၍ Seminar တက်ရောက်သူများမှ
မေးမြန်းသည်များကိုလည်း ပြန်လည်ဖြေကြားပေးမည်ဖြစ်သည်။ပြပွဲနှင့်ပတ်သက်၍
ပို၍ စုံစုံလင်လင်သိရှိနိုင်ရန် “British Council” (Phone No. 254658,
256290, 256291 Ext. 3339/3314/3304) သို့ဆက်သွယ်
မေးမြန်းနိုင်ကြောင်းသိရသည်။
(24-8-2010)
Source : Ko Lin (Myanmar Training)
Strand Hotel ၌ ပြုလုပ်မည့် Vocational Education Fair 2010 တွင် Gallant
မှ အထူးအစီအစဉ်များဖြင့်ပြသမည်
.
.
.
..
.
.
.
..
.
.
အသက်မွေးဝမ်းကျောင်းဘာသာရပ် (၂ဝဝ) ကျော်အား City & Guilds
အင်္ဂလန်နိုင်ငံ၏ သင်ရိုးညွှန်းတမ်းများအတိုင်း သင်ကြားပေးပြီး ပြည်တွင်း၌သာ
တက်ရောက်နိုင်ပါသည်။ အင်္ဂလန်နိုင်ငံမှ ပေးပို့သော
မေးခွန်းအတိုင်းစာမေးပွဲဖြေဆိုအောင်မြင်ပြီးမှသာလျှင်
အင်္ဂလန်နိုင်ငံအသိအမှတ်ပြု ဒီပလိုမာရရှိနိုင်သည့် City & Guilds
အသက်မွေးဝမ်းကျောင်းဘာသာရပ်များဖြစ်ပါသည်။ City & Guilds (UK) Institute
မှကြီးမှူးကျင်းပသည့် Vocational Education 2010 ကို မြန်မာနိုင်ငံ၌
ဒုတိယအကြိမ်အဖြစ်ထပ်မံကျင်းပမည်ဖြစ်ပြီး နိုဝင်ဘာ (၁၁) ရက် 2008 ခုနှစ်တွင်
ပထမအကြိမ်အဖြစ် ကျင်းပခဲ့ပြီးဖြစ်ပါသည်။ ထိုအခမ်းအနား၌ ရန်ကုန်မြို့ရှိ
City & Guilds Approved Centre ရယူထားသော အင်ဂျင်နီယာသင်တန်းကျောင်း (၆)
ကျောင်း၊ ဟိုတယ်သင်တန်း(၂) ကျောင်း၊ IT သင်တန်းကျောင်း (၁) ကျောင်းနှင့်
သူနာပြုသင်တန်း (၁) ကျောင်းစုစုပေါင်းကျောင်းပေါင်း
(၁၀)ကျောင်းပါဝင်ပြသကြမည်ဖြစ်ပါသည်။
ထိုပြပွဲ၌ GALLANT သင်တန်းကျောင်းမှ City & Guilds (UK)
အင်ဂျင်နီယာဒီပလိုမာသင်တန်းကျောင်းအနေဖြင့် ပါဝင်ပြသပြီး ၊
အထူးအစီအစဉ်အဖြစ် City & Guilds အင်ဂျင်နီယာ ဒီပလိုမာသင်တန်းဆု(၂ဝ)ဆု၊
လက်တွေ့ကျွမ်းကျင်သင်တန်း (၂ဝ)ဆု၊ စာရင်းကိုင်သင်တန်း (၅)ဆု၊
ကွန်ပျူတာသင်တန်း (၅)ဆု၊ ကွန်ပျူတာသင်တန်း (၅)ဆု၊ စုစုပေါင်းဆုမဲ (၅ဝ)
တို့ကို သင်တန်းကြေး (၆ဝ) ရာခိုင်နှုန်းမှ (၂ဝ)
ရာခိုင်နှုန်းအထိကင်းလွှတ်ခွင့် အစီအစဉ်ကို ကွန်ပျူတာဖြင့်
မဲနှိုက်ရွေးချယ်စနစ်ဖြင့် ရွေးချယ်ခြင်းအပြင် City & Guilds
အင်ဂျင်နီယာကျောင်းဆင်းများအားအလုပ်ရရှိရန် သီးသန့်ပြင်ဆင်ပေးသည့် (C&G.JOFEN)
သို့ ဝင်ရောက်လိုသည့် C&G အင်ဂျင်နီယာကျောင်းသားများကို Registration fees
အခမဲ့ဖြင့် member ဝင်ရောက်နိုင်ရန်စီစဉ်ထားပါသည်။ ထိုအခမ်းအနားကို
စက်တင်ဘာ (၄) ရက် (စနေနေ့) The Strand Hotel ၌နံနက် (၉)နာရီမှ ညနေ
(၅)နာရီအထိခမ်းနားစွာ ကျင်းပမည်ဖြစ်ပါသည်။ City & Guilds Institute
မှကျင်းပသည့် Vocational Education Fair 2010
ကိုတက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ၊
အသက်မွေးဝမ်းကျောင်းဘာသာရပ်များဖြင့်ပြည်ပတွင်
ကျောင်းဆက်လက်တက်ရောက်လိုသူများ/ အလုပ်ရရှိရန်ရည်ရွယ်သူများနှင့်
ကျောင်းသားမိဘများမည်သူမဆိုဝင်ကြေးမရှိ တက်ရောက်နိုင်ကြောင်း သိရှိပါသည်။
(24-8-2010)
Source : Ko Lin (Myanmar Training)
Singapore နိုင်ငံရှိ Edu-Trust (4)year သက်တမ်းအဆင့်ဝင် PSB Academy ၏
Study Grant နှင့်ပတ်သက်သော ပညာရေးဆွေးနွေးပွဲကို MSI
တွင်ပြုလုပ်ရန်ရှိ
.
.
.
.
.
.
.
.
.
.
Singapore နိုင်ငံရှိ Edu-Trust သက်တမ်း (၄) နှစ် ရရှိထားသော PSB
Academy တွင် “Diploma in Engineering” ဘာသာရပ်နှစ်ခု၏
ကျောင်းဖွင့်ချိန်ကာလကိုယခင် September လမှ ယခု October
လအထိတိုးချဲ့ပြီး၊ Study Grant အစီအစဉ်များနှင့်ပတ်သက်သော
ပညာရေးဆွေးနွေးပွဲကို MSI (ရန်ကုန်)တွင်ကျင်းပမည်ဖြစ်ပြီး၊
ကျင်းပမည့်အချိန်မှာ August လ ၊ 25 ရက်၊ ဗုဒ္ဓဟူးနေ့၊ မနက် (၁ဝ)နာရီမှ
နေ့လည် (၁)နာရီအထိဖြစ်ပြီး၊ ၎င်းဆွေးနွေးပွဲတွင် GCE ‘O’ Level
နှင့်တက္ကသိုလ်ဝင်တန်းကို ထူးချွန်စွာ ဖြေဆိုအောင်မြင်ထားသော
ကျောင်းသား/သူများအတွက် PSB Academy ၏ Diploma in Engineering
ဘာသာရပ်နှစ်ခုဖြစ်သော (Mechanical နှင့် Electrical) ကို
ဝင်ခွင့်လျှောက်ထားရာတွင် GCE ‘O’ Level ကျောင်းသား/သူများအတွက် Study
Grant 25% (၃) ဦး နှင့်တက္ကသိုလ်ဝင်တန်းဖြေဆိုအောင်မြင်ပြီးသော
ကျောင်းသား/သူများအတွက် Study Grand 15% (၁ဝ) ဦးကို
လူဦးရေအကန့်အသတ်ဖြင့်ပေးအပ်မည်ဖြစ်ပြီး၊ (ယခု MSI မှတဆင့် PSB Academy
၏ Diploma in Engineering ဘာသာရပ်ကို GCE ‘O’ Level
ဖြင့်ဝင်ခွင့်လျှောက်ထားသော “ကျောင်းသားတစ်ဦးက Study Grant 25% ဖြင့်
” ကျောင်းဝင်ခွင့်ရရှိသွားပါကြောင်း) Study Grant လျှောက်ထားလိုသော
ကျောင်းသား/သူများအနေဖြင့်မိမိတို့၏ ပညာအရည်အချင်း မှတ်တမ်းများကိုပါ
၎င်းဆွေးနွေးပွဲတွင် တပါးတည်းယူဆောင်သင့်ပါကြောင်း၊ ၎င်းဆွေးနွေးပွဲကို
လူဦးရေ အကန့်အသတ်ဖြင့်ပြုလုပ်မည်ဖြစ်ပါသောကြောင့် ကြိုတင်
စာရင်းပေးသွင်းကြပါရန် MSI သိရှိရပါသည်။ အသေးစိတ်စုံစမ်းလိုပါက MSI
ရုံးခန်း အမှတ် (၂၃၄)၊ ဒုတိယထပ် (ညာ)၊ ရွှေဘုံသာအလယ်လမ်း၊
ပန်းပဲတန်းမြို့နယ်၊ ရန်ကုန်မြို့သို့
ဆက်သွယ်စုံစမ်းနိုင်ပြီးဖုန်းနံပါတ်များ အနေဖြင့် 01-389915,
01-250929, 09-5103915 သို့ဆက်သွယ်စုံစမ်းနိုင်ပါကြောင်းနှင့်
www.overseaeducation-msi.com သို့လည်းဝင်ရောက်လေ့လာနိုင်ပါသည်။
(24-8-2010)
Source : Ko Lin (Myanmar Training)