ဘာသာရပ်ဆိုင်ရာပညာရှင်များဟောပြောပွဲ
မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်နှင့်
မြန်မာနိုင်ငံပုစွန်လုပ်ငန်းရှင်းများအသင်းတို့ ပူးပေါင်းကျင်းပသည့်
ဟောပြောပွဲများကို ၂ဝဝ၆ ခုနှစ်၊ ဇန်နဝါရီလ၊ (၇) ရက်နေ့မှစ၍ (၂) ပတ်လျှင်
တစ်ကြိမ်ကျင်းပလျှက်ရှိပါသည်။ ၂ဝ၁ဝ ခုနှစ်တွင်လည်း (၂) ပတ်လျှင်တစ်ကြိမ်
ဆက်လက်ကျင်းပမည်ဖြစ်ပါသည်။
ယခုကျင်းပမည့် ဟောပြောပွဲအမှတ်စဉ် (၁၇/၂ဝ၁ဝ)တွင်
ပါမောက္ခ ဦးကျော်ဇောနိုင်မှ -
“COPYRIGHT” “မူပိုင်ခွင့်” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးမည်ဖြစ်ပါသည်။
ကျင်းပမည့်နေရက် - ၂ဝ၁ဝ ခုနှစ်၊ သြဂုတ်လ (၂၈) ရက် (စနေနေ့)
ကျင်းပမည့်အချိန် - နေ့လည် (၂းဝဝ) နာရီ
ကျင်းပမည့်နေရာ - မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၊
ဘုရင်နောင်လမ်းမကြီးနှင့် စက်မှုဆေးဝါးလမ်းထောင့်၊ အနောက်ကြို့ကုန်း၊
အင်းစိတ်မြို့နယ်၊ ရန်ကုန်။
Sponsored by - မိသားစု အသေးစားချေးငွေလုပ်ငန်း
အသင်းဝင်များနှင့် စိတ်ပါဝင်စားသူ မည်သူမဆိုတက်ရောက်နိုင်ပါကြောင်း
ဖိတ်ကြားအပ်ပါသည်။
(27-8-2010)
Source : Ko Lin (Myanmar Training)
Curtin Sarawak Seminar
. . ..
.
.
. . ...
.
.
Date : 29.8.2010 (Sun)
Venue : Park Royal Hotel (Meeting Room 2 & 3)
Time : 10:00 AM to 1:00 PM
(27-8-2010)
Source : Ko Lin (Myanmar Training)
စင်ကာပူနှင့်ထိုင်းနိုင်ငံများရှိအစိုးရကျောင်းများ ဝင်ခွင့်အတွက်
ပညာရေးဆွေးနွေးပွဲကျင်းပမည်
.
.
.
.
..
.
.
.
..
.
.
မြန်မာနိုင်ငံမှတက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများနှင့်
ဘွဲ့ရပြီးသူများအတွက် စင်ကာပူနှင့်ထိုင်းနိုင်ငံများရှိ
အစိုးရကျောင်းများသို့ ပညာသင်ဆု လျှောက်ထားတက်ရောက်နိုင်ရန်အတွက်
ဝင်ခွင့်လိုအပ်ချက်များနှင့် ပြင်ဆင်ထားရမည်များကို OESC (Overseas
Education Service Center)၌ သြဂုတ်လ ၂၈ရက်နေ့ မနက် ၁ဝ နာရီမှ နေ့လည် (၂)
နာရီအထိပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်းသိရှိရသည်။ ဆွေးနွေးပွဲတွင်
စင်ကာပူနှင့်ထိုင်းနိုင်ငံအကြောင်း သိကောင်းစရာများအကြောင်းကို
ပြောကြားပေးသွားမည်ဖြစ်ပါသည်။
ထို့အပြင်ကျောင်းအလိုက်ဝင်ခွင့်သတ်မှတ်ချက်များနှင့်
လိုအပ်ချက်များကိုလည်းပြောကြား သွားမည်ဖြစ်ပါသည်။ စင်ကာပူနိုင်ငံအတွက်
ပါဝင်မည့်ကျောင်းများမှာ Singapore Polytechnic, Temasek Polytechnics
နှင့် Republic Polytechnics တို့ပါဝင်မှာဖြစ်ပြီး
ထိုင်းနိုင်ငံအတွက်ပါဝင်မည့်ကျောင်းမှာ Sirindhorn Int’t Instituted
Technology တို့ဖြစ်သည်။ ထို့ပြင်စာရင်းကိုင်ဘာသာရပ်နှင့် ကွန်ပျူတာ
မီဒီယာပိုင်း ဆိုင်ရာဘာသာရပ်ကို စိတ်ဝင်စားသူများအတွက်လည်း
ဝင်ခွင့်သတ်မှတ်ချက်များနှင့်
အနီးဆုံးတက်ရောက်နိုင်မည့်ကျောင်းဖွင့်ချိန်များ၊
ကျောင်းမတက်ခင်ကြိုတင်ပြင်ဆင်ထားရမည့်အချက်များကို
ရှင်းလင်းပြောကြားသွားမည်ဖြစ်ပါမည်။ စင်ကာပူ Polytechnic ကျောင်းများသို့
တက်ရောက်လိုသူများ သည် Business ဘာသာရပ်များ၊ Design ဘာသာရပ်များ၊ ICT
ဘာသာရပ်များ၊ Hospitality ဘာသာရပ်များ၊ Applied Science ဘာသာရပ်များ၊
Engineering ဘာသာရပ်များကို လျှောက်ထားတက်ရောက်နိုင်ပါသည်။ ထိုင်းနိုင်ငံ
Sirindhorn International Institute of Technology, SllT
သို့တက်ရောက်လိုသူများသည် Engineering ဘာသာရပ်များနှင့် IT ဘာသာရပ်များကို
လျှောက်ထားတက်ရောက်နိုင်ပါသည်။ ဆွေးနွေးပွဲသို့ ဝင်ရောက်လိုသူများ OESC Ph
519092, 09-5086819 သို့ ဆက်သွယ်စုံစမ်းကြိုတင် စာရင်းသွင်း၍
တက်ရောက်နိုင်ကြောင်း သတင်းရရှိပါသည်။
(27-8-2010)
Source :
Net Guide
Journal
Singapore နိုင်ငံရှိ Edu-Trust (4)year သက်တမ်းအဆင့်ဝင် PSB Academy ၏
Study Grant နှင့်ပတ်သက်သော ပညာရေးဆွေးနွေးပွဲကို MSI
တွင်ပြုလုပ်ရန်ရှိ
.
.
.
.
.
.
.
.
.
.
Singapore နိုင်ငံရှိ Edu-Trust သက်တမ်း (၄) နှစ် ရရှိထားသော PSB
Academy တွင် “Diploma in Engineering” ဘာသာရပ်နှစ်ခု၏
ကျောင်းဖွင့်ချိန်ကာလကိုယခင် September လမှ ယခု October
လအထိတိုးချဲ့ပြီး၊ Study Grant အစီအစဉ်များနှင့်ပတ်သက်သော
ပညာရေးဆွေးနွေးပွဲကို MSI (ရန်ကုန်)တွင်ကျင်းပမည်ဖြစ်ပြီး၊
ကျင်းပမည့်အချိန်မှာ August လ ၊ 25 ရက်၊ ဗုဒ္ဓဟူးနေ့၊ မနက် (၁ဝ)နာရီမှ
နေ့လည် (၁)နာရီအထိဖြစ်ပြီး၊ ၎င်းဆွေးနွေးပွဲတွင် GCE ‘O’ Level
နှင့်တက္ကသိုလ်ဝင်တန်းကို ထူးချွန်စွာ ဖြေဆိုအောင်မြင်ထားသော
ကျောင်းသား/သူများအတွက် PSB Academy ၏ Diploma in Engineering
ဘာသာရပ်နှစ်ခုဖြစ်သော (Mechanical နှင့် Electrical) ကို
ဝင်ခွင့်လျှောက်ထားရာတွင် GCE ‘O’ Level ကျောင်းသား/သူများအတွက် Study
Grant 25% (၃) ဦး နှင့်တက္ကသိုလ်ဝင်တန်းဖြေဆိုအောင်မြင်ပြီးသော
ကျောင်းသား/သူများအတွက် Study Grand 15% (၁ဝ) ဦးကို
လူဦးရေအကန့်အသတ်ဖြင့်ပေးအပ်မည်ဖြစ်ပြီး၊ (ယခု MSI မှတဆင့် PSB Academy
၏ Diploma in Engineering ဘာသာရပ်ကို GCE ‘O’ Level
ဖြင့်ဝင်ခွင့်လျှောက်ထားသော “ကျောင်းသားတစ်ဦးက Study Grant 25% ဖြင့်
” ကျောင်းဝင်ခွင့်ရရှိသွားပါကြောင်း) Study Grant လျှောက်ထားလိုသော
ကျောင်းသား/သူများအနေဖြင့်မိမိတို့၏ ပညာအရည်အချင်း မှတ်တမ်းများကိုပါ
၎င်းဆွေးနွေးပွဲတွင် တပါးတည်းယူဆောင်သင့်ပါကြောင်း၊ ၎င်းဆွေးနွေးပွဲကို
လူဦးရေ အကန့်အသတ်ဖြင့်ပြုလုပ်မည်ဖြစ်ပါသောကြောင့် ကြိုတင်
စာရင်းပေးသွင်းကြပါရန် MSI သိရှိရပါသည်။ အသေးစိတ်စုံစမ်းလိုပါက MSI
ရုံးခန်း အမှတ် (၂၃၄)၊ ဒုတိယထပ် (ညာ)၊ ရွှေဘုံသာအလယ်လမ်း၊
ပန်းပဲတန်းမြို့နယ်၊ ရန်ကုန်မြို့သို့
ဆက်သွယ်စုံစမ်းနိုင်ပြီးဖုန်းနံပါတ်များ အနေဖြင့် 01-389915,
01-250929, 09-5103915 သို့ဆက်သွယ်စုံစမ်းနိုင်ပါကြောင်းနှင့်
www.overseaeducation-msi.com သို့လည်းဝင်ရောက်လေ့လာနိုင်ပါသည်။
(24-8-2010)
Source : Ko Lin (Myanmar Training)