Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font RSS RSS

Studying Abroad

Singapore

Malaysia

Australia

England

Thailand

Quiz Program

Quiz Program ကဏ္ဍအား ခေတ္တခဏနားထားပါသည်။....

SUBSCRIBE

Your Email:


Seminar » Special Talk

အင်ဂျင်နီယာဘာသာရပ်များအကြောင်း OSM တွင်ဆွေးနွေးပေးမည်


             အင်ဂျင်နီယာဘာသာရပ်အား နိုင်ငံခြားတွင် ရွေးချယ်တက်ရောက် ပညာသင်ကြားမည်ဆိုပါက အလုပ်အကိုင်အခွင့်အလမ်းကြောင့်ရွေးချယ်ခြင်းထက် အမှန်တကယ် ဝါသနာပါမှသာ ရွေးချယ်တက်ရောက်သင့်ကြောင်း OSM ပညာရေး အတိုင်ပင်ခံစင်တာမှ ပြောကြားအကြံပြုခဲ့ပါသည်။ အင်ဂျင်နီယာဘာသာရပ်ကို စိတ်ဝင်စားသောကျောင်းသားများကို ကျောင်းလျှောက်ထားခြင်းမပြုမီ ယခုကဲ့သို့ အကြံပေးရခြင်းမှာ အင်ဂျင်နီယာဘာသာရပ်နှင့် ဘွဲ့ရပြီးပါက အလုပ်အကိုင် အခွင့်အလမ်းကောင်းမွန်သော်လည်း အမှန်တကယ်ဝါသနာမပါ ပါက Critical Thinking ပိုင်းမှာ အားနည်းတတ်ပြီး ဖန်တီးမှုပိုင်းမှာလည်း လျှော့ကျနိုင်ပါတယ် လို့ပြောကြားခဲ့ပါတယ်။ အင်ဂျင်နီယာ ပညာရပ်အား စင်ကာပူနိုင်ငံနှင့် မလေးရှားနိုင်ငံများတွင် ပညာသင်ကြားမည်ဆိုပါက အနည်းဆုံးတက္ကသိုလ်ဝင်တန်း အောင်မြင်ထားရန် လိုအပ်ပါပြီး အင်္ဂလိပ်စာ အရည်အချင်းအနေဖြင့် IELTS 5 (သို့) TOEFL 500 ရရှိထားရမည်ဖြစ်သည်။

၎င်းအင်္ဂလိပ်စာ လက်မှတ်များ မရှိပါကလည်း English Placement Test အားအခမဲ့ဖြေဆိုနိုင်မည်ဖြစ်သည်။ စင်္ကာပူ နှင့် မလေးရှားသို့ သွားရောက် ပညာသင်ကြားမည်ဆိုပါကလည်း ၎င်းနိုင်ငံများမှပေးအပ်သော ဘွဲ့များအပြင် Aus, UK မှ ပေးအပ်သော ဘွဲ့များကိုပါ ရရှိမည်ဖြစ်ပြီး Aus, UK, Canada, New Zeland, USA စသည့်နိုင်ငံများသို့လည်း Credit Transfer ဖြင့်ပြောင်းရွှေ့ တက်ရောက်နိုင်သည်။ အမှန်တကယ်စင်္ကာပူနှင့် မလေးရှားသို့သွားရောက် ပညာသင်ယူသော ကျောင်းသားများမှာ နေစရိတ်၊ စားစရိတ်နှင့် ကျောင်းစရိတ် သက်သာစေရန်သာဖြစ်၍ ဘွဲ့ရရှိရန်အတွက် ၁ နှစ် (သို့) ၂ နှစ်အလိုတွင် Aus, UK စသည့် နိုင်ငံကြီးများသို့ Credit Transfer ဖြင့်သွားတက်ရောက်ရန်အတွက် First Step အနေဖြင့်ခေတ္တ နေထိုင်ခြင်းသာဖြစ်သည်။ Chemical Engineering, Mechanical Engineering, Electrical & Electronic Engineering, Civil Engineering, Mechatronics Engineering, Quantity Surveying စသည့်ဘာသာရပ်တို့အနက်မှ မိမိဝါသနာနှင့် ကိုက်ညီမှုရှိသောဘာသာရပ်အားရွေးချယ် တက်ရောက်နိုင်ပါသည်။ OSM ပညာရေးဝန်ဆောင်မှုစင်တာသည် မလေးရှားနိုင်ငံနှင့် စင်ကာပူနိုင်ငံတွင် ပညာသင်ကြားနိုင်ရန် အခမဲ့ဝန်ဆောင်မှာပေးနေသော ပညာရေးဝန်ဆောင်မှုတစ်ခုဖြစ်ပြီး၊ ယင်းစင်တာနှင့် ဆက်သွယ်စုံစမ်း လိုပါက ဖုန်းနံပါတ် 01 525 071၊ 01 501 450 သို့ဆက်သွယ်စုံစမ်းနိုင်ပါသည်။
     Date : 9, 10, 11 Sept 2010
     Time : 1:00 – 3:00












 

(3-9-2010)
Source : Ko Lin (Myanmar Training)


        MCPA JENESYS FreeTalk ကျင်းပမည် .   . .. . . . . ... .    .       

“၂၁ ရာစု အရှေ့အာရှ လူငယ်ကျောင်းသား ချစ်ကြည်မှု ဖလှယ်ရေးအစီအစဉ်ကြီး (JENESYS Programme)” ကို ဂျပန် အစိုးရ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ ဂျပန်အင်တာနေရှင်နယ် ကိုအော်ပရေးရှင်းစင်တာ(JICE) နှင့် မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ် တို့ ပူးပေါင်းကာ မြန်မာနိုင်ငံတဝှမ်းရှိ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင် အသင်းဝင်လူငယ်အိုင်တီပညာရှင် ၂၆ ဦးကို ရွေးချယ်ပြီး ဂျပန်နိုင်ငံသို့ ကာလတိုလေ့လာရေးခရီး သွားရောက်ခဲ့ပါသည်။ ဂျပန်နှင့်မြန်မာနိုင်ငံရှိ အိုင်တီပညာရှင် လူငယ်များအကြား ရင်းနှီးချစ်ခင်မှုပိုမိုကျယ်ပြန့်ခိုင်မာလာစေရန်အတွက် မြန်မာအိုင်တီလူငယ်ပညာရှင်များအဖွဲ့သည် ဂျပန်နိုင်ငံနှင့် ဂျပန်လူမျိုးတို့၏ နောက်ဆုံးပေါ်နည်းပညာများ၊ တက္ကသိုလ်များ၏ သင်ကြားမှုစနစ်များ၊ စက်ရုံများ၏ ၀န်ထမ်းဖွဲ့စည်းမှု၊ အုပ်ချုပ်မှု နှင့် အသုံးပြုသော နည်းပညာများ၊ နောက်ဆုံးပေါ် မိုဘိုင်းဆက်သွယ်မှု စနစ်များ၊ ယဉ်ကျေးမှုများ နှင့် နေ့စဉ် နေထိုင်မှုဘ၀များကို အသေးစိတ်လေ့လာခွင့်ရရှိပြီး နည်းပညာများကို ဖလှယ်နိုင်ခဲ့ကြပါသည်။ ထိုသို့ ရရှိလာသော အတွေ့အကြုံများ ၊ နည်းပညာများ ၊ အခွင့်အလမ်းများကို မြန်မာအိုင်တီ လူငယ်ပညာရှင်များက အတွေ့အကြုံ ရှင်းလင်းချက်များ နှင့်အတူ MCPA JENESYS FreeTalk အစီအစဉ်ကို အောက်ပါ အစီအစဉ်တိုင်း ကျင်းပသွားမည်။

Date and Time : 19-9-2010 (10:00 AM – 12:00 AM)
Place : ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ မြန်မာအင်ဖိုတက်ခ်၊ ပင်မဆောင်

၎င်းတွေ့ဆုံပွဲသို့အသင်းဝင်များကွန်ပျူတာနယ်ပယ်ထဲသို့ ဝင်ရောက်နေသူများနှင့် စိတ်ပါဝင်စားသူမည်သူမဆို လွတ်လပ်စွာတက်ရောက် မေးမြန်း ဆွေးနွေးနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ရုံးခန်း အဆောင်(၄)၊ အခန်း(၄) ၊ မြန်မာအင်ဖိုတက်ခ် ဖုန်း - ၆၅၂၂၇၆ သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။


 













 

(7-9-2010)
Source : Ko Lin (Myanmar Training)


               “ကျင့်ဝတ် နှင့် နည်းပညာ” ဟောပြောပွဲ နှင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမည် .   . .  .  .. . .  .    ..  .     .    

သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရန်အတွက် မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်းမှကြီးမှူး၍ MYANMAR BLOGGER SOCIETY (MBS) အဖွဲ့မှ ပံ့ပိုးကူညီမှုဖြင့် ရန်ကုန်မြို့၊ လှိုင်မြို့နယ် မြန်မာအင်ဖိုတက်ခ်အဆောက်အဦး၌ စက်တင်ဘာလ ၁၃ ရက် နှင့် ၁၄ ရက်နေ့များတွင် “ကျင့်ဝတ် နှင့် နည်းပညာ” ခေါင်းစဉ်ဖြင့် နည်းပညာနှီးနှောဖလှယ်ပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပမည်ဖြစ်သည်။ MBS သည်နည်းပညာ တိုးတက်လိုသည့် လူငယ်များဖြင့် ဖွဲ့စည်းထားပြီးနည်းပညာဆိုင်ရာဟောပြောပွဲနှင့် တိုးတက်ပြန့်ပွားရေးလှုပ်ရှားမှုများကို ဆောင်ရွက်နေသည့် အဖွဲ့ဖြစ်ပြီး ၂ဝ၁ဝ ပြည့်နှစ် ဇန်နဝါရီလအတွင်း ကျင်းပခဲ့သည့် BARCAMP YANGON 2010 တွင် ORGANIZER အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ကြသည်။ စက်တင်ဘာလ ၁၃ ရက်၊ နံနက် (၉းဝဝ) နာရီမှ ညနေ (၅းဝဝ) နာရီအထိ၊ မြန်မာအင်ဖိုတက်ခ်၊ CONFERENCE HALL တွင် ယဉ်ကျေးမှုနှင့် နည်းပညာခေါင်းစဉ်ဖြင့် ဟောပြောပွဲပြုလုပ်မည်ဖြစ်ပြီး ဆိုရှယ်မီဒီယာအသုံးဝင်မှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ ဆိုရှယ်နက်ဝေါ့ခ်နှင့် ကောင်းကျိုးဆိုးပြစ် စသည့်နည်းပညာ အခြေခံလူမှုကွန်ယက် တိုးတက် ပြောင်းလဲမှုများအကြောင်းကို လူငယ်ပညာရှင်များမှ ဟောပြောကြမည် ဖြစ်သည်။ စက်တင်ဘာလ ၁၄ ရက်နေ့တွင် နံနက် (၉းဝဝ) နာရီမှ ညနေ (၅းဝဝ) နာရီအထိ၊ မြန်မာအင်ဖိုတက်ခ်၊ အခန်းအမှတ် (၂၀၅) တွင်ကျင့်ဝတ်နည်းပညာဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ပြည်တွင်း စာနယ်ဇင်းဆရာ များမှ ၄င်းတို့ဖြတ်သန်းလာမှုများ နှင့် အတွေ့အကြုံများအားလည်းကောင်း၊ နည်းပညာဖြင့်ပေါင်းစပ် ပြောင်းလဲလာမှုများအားလည်းကောင်း၊ စာပေ နှင့် ကျင့်ဝတ်ဆိုင်ရာများ မူပိုင်ခွင့်များ နှင့် အခြားသော အခွင့်အလမ်းနှင့် နည်းပညာများအားလည်းကောင်း နှီးနှောဖလှယ်ကြ မည်ဖြစ်သည်။ အဆိုပါဟောပြောပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်းဝင်များနှင့် စိတ်ပါဝင်စားသူမည်သူမဆို တက်ရောက်ဆွေးနွေးနိုင်သည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်း၊ အဆောင်(၄) ၊ အခန်း(၄) ၊ မြန်မာအင်ဖိုတက်ခ်၊ လှိုင်တက္ကသိုလ်နယ်မြေ၊ ဖုန်း- (၆၅၂၂၇၆)၊ (၇၃ဝ၈၈၃ဝဝ) သို့ဆက်သွယ် မေးမြန်းနိုင်သည်။

















 

(10-9-2010)
Source :
Ko Lin (Myanmar Training)


                  Auston Seminar September 19 တွင်ပြုလုပ်မည် .  . .  . . . .  .    .  .    .       

UK နိုင်ငံရှိ Coventry University မှ ချီးမြင့်သည့် Undergraduate နှင့် Postgraduate, Master Program ကိုစင်္ကာပူနိုင်ငံရှိ Coventry တွင် တက်ရောက်သင်ယူနိုင်ပါသည်။ အထက်တန်းအောင် မြန်မာ ကျောင်းသူ၊ ကျောင်းသားများ အနေဖြင့် (၂) နှစ် (၆) လ တက်ရုံဖြင့် UK မှ ပေးသည့် Engineering, IT, Computing, Business အစရှိသည့် ဘာသာရပ်ဆိုင်ရာ ဘွဲ့များကို ရယူနိုင်သည့်အတွက်ငွေကုန်ကြေးကျခွဲသွင်းနိုင်ပါသည်။ ဘွဲရပြီး အလုပ်အတွေ့အကြုံ (၁) နှစ်ရှိသူများပိုမိုသက်သာပါသည်။ ကျောင်းလခများကိုလည်းအရစ်ကျ အနေဖြင့် Postgraduate Diploma ကို (၁) နှစ်သာ တက်ရောက်ရမည် ဖြစ်သည်။ Auston Institute သည်ကျောင်းလခအားဖြင့်ပိုမိုသက်သာခြင်း၊ကျောင်းပြီးပါကလည်း နေထိုင်ခွင့်အတွက် EPEC (1) နှစ်လျှောက်ထားခွင့်ရှိခြင်း၊ သင်ကြားသော ဆရာ ဆွေးနွေးနိုင်ခြင်းတို့ကြောင့် မြန်မာ ကျောင်းသူ၊ ကျောင်းသား အများစုတက်ရောက်ရန် စိတ်ဝင်စားကြသည်။ ယခုလာမည့်ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများကြားတွင် အပြန်အလှန်စက်တင်ဘာလ(၁၉)ရက်၊ တနင်္ဂနွေနေ့၊နံနက်(၁၀) နာရီတွင် Auston Institute မှတာဝန်ခံကိုယ်တိုင်လာရောက်၍ ကျောင်းဝင်ခွင့်ဆိုင်ရာရွှေ့ပြောင်း ပညာသင်ကြား အချက်အလက်များ၊ ရာတွင်စင်္ကာပူမှလိုအပ်သည့် အင်္ဂလန်အချက်များကိုနိုင်ငံသို့ STUDY ABROAD ရုံးခန်းတွင်အသေးစိတ်လာရောက် ဆွေးနွေးပေးမည်ဖြစ်ပါသည်။ အထက်ပါကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။ ပညာရေးဆွေးနွေးပွဲသို့ တက်ရောက်လိုသူများ အနေဖြင့် အသေးစိတ်သိလိုသည်များရှိပါက STUDY ABROAD အမှတ် (၂၉၀-အေ)၊ ပထမထပ်၊ ပြည်လမ်း (ဒဂုံစင်တာနှင့် မဟာမြိုင်ဆေးခန်းကြား)၊ မြေနီကုန်း။ ဖုန်း - ၅၂၄ ၁၂၆၊ ၇၀၁ ၃၃၁၊ ၀၉၈၀ ၂၂၁၈၄ သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
















 

(10-9-2010)
Source : Ko Lin (Myanmar Training)

 
   

    ››Do and Don't      ›› Categories       ›› A to Z listing       ›› International Exam       ›› Questions & Answers       ›› Studying Abroad       ›› Cyber Cafe List
    ›› Scholarship       ›› Seminar       ›› Download       ›› News       ›› Quiz Program       ›› Contact Us       ›› Video program New!

Advertising Programs - Business Solutions - About Myanmartraining

© 2009 MyanmarTraining.com. All rights reserved.

Total Hits :  counter stats