Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font RSS RSS

Studying Abroad

Singapore

Malaysia

Australia

England

Thailand

Quiz Program

Quiz Program ကဏ္ဍအား ခေတ္တခဏနားထားပါသည်။....

SUBSCRIBE

Your Email:


Seminar » Special Talk

“ဘာသာရပ်ဆိုင်ရာ ပညာရှင်များ၏ ဟောပြောပွဲဖိတ်ကြားခြင်း”.


             ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ ပြန်ကြားရေးနှင့် သတင်းနည်းပညာ မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းကော်မတီမှ ကျင်းပသည့် ဘာသာရပ်ဆိုင်ရာ ပညာရှင်များဟောပြောပွဲများကို ၂ဝဝ၇ ခုနှစ်၊ သြဂုတ်လ (၅) ရက်နေ့မှစတင်ကျင်းပခဲ့ပါသည်။ ဆက်လက်၍ ဟောပြောပွဲများကို တစ်လတစ်ကြိမ် ပထမပတ်၊ စနေနေ့တွင်ကျင်းပပါမည်ဖြစ်ပါသည်။
 

ယခုကျင်းပမည့် ဟောပြောပွဲအမှတ်စဉ် (၂၉/ ဝ၉-၁၁)တွင်
စာရေးဆရာ နန္ဒသိန်းဇံ မှ
“ဟိုအကြောင်း၊ ဒီအကြောင်း လူ့ဘဝအကြောင်း”
“Small Talk on Human Life” ခေါင်းစဉ်ဖြင့်ဟောပြောပါမည်။

ကျင်းပမည့်ရက်    -  ၂ဝ၁ဝ ခုနှစ်၊ အောက်တိုဘာလ (၂) ရက် (စနေနေ့)
            ကျင်းပမည့်အချိန်  -  နေ့လည် ၂းဝဝ နာရီ
          ကျင်းပမည့်နေရာ - UMFCCI အသင်းချုပ်ရုံး၊ မင်္ဂလာခန်းမ၊ အမှတ် (၂၉)၊ မင်းရဲကျော်စွာလမ်း၊ (စိန်ဂျွန်းမှတ်တိုင်)၊ လမ်းမတော်မြို့နယ်။ ဖုန်း -                                       ၂၁၄၃၄၄/၅/၆/၇/၈/၉
အသင်းဝင်များနှင့် စိတ်ပါဝင်စားသူမည်သူမဆို တက်ရောက်နိုင်ပါကြောင်းဖိတ်ကြားအပ်ပါသည်။






 

(28-9-2010)
Source : Ko Lin (Myanmar Training)


        UNITEDWORLD School of Business (UWSB) ၏ ပညာရေးဆွေးနွေးပွဲ .    . .. . . . . ... .    .       

UK ရှိ University of Bolton မှ ချီးမြှင့်သော MBA ဘွဲ့နှင့် The Association of Business Practitioners (ABP) မှ ချီးမြှင့်သော စီးပွားရေးဘွဲ့လွန် ဒီပလိုမာကို တက်ရောက်လိုသူများအတွက် ပညာရေးဆွေးနွေးပွဲကို လာမည့်အောက်တိုဘာလ (၁၀) ရက်၊ တနင်္ဂနွေနေ့ မနက်(၁၀) နာရီ မှ နေ့လည် (၂) နာရီအထိ အမှတ်(၅၂၀/D-1)၊ ရွှေဂုံတိုင်ရှိ Synergy Education ရုံးခန်းတွင် ကျင်းပမည်ဖြစ်ပြီး UWSB မှ Mr. Ricche Marcel က အသေးစိတ်ရှင်းလင်း ဆွေးနွေးပေးမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ MBA ဘွဲ့ကို စင်္ကာပူနိုင်ငံရှိ UNITEDWORLD School of Business (UWSB) တွင် သင်ကြားရမည်ဖြစ်သည်။ UWSB မှ MBA ဘွဲ့ရများအတွက် အလုပ်အကိုင်၊ အခွင့်အလမ်းများနှင့် ပတ်သက်ပြီး " UWSB ဟာ သူ့ကျောင်းက MBA ဘွဲ့ရကျောင်းသားတွေအတွက် အလုပ်ရွေးချယ်ရှာဖွေမှုမှာ အကူအညီများစွာ ပေးပါတယ်။ UWSB ဟာ နိုင်ငံတကာကုမ္ပဏီကြီး (၇၀) ကျော်နဲ့ ချိတ်ဆက်ထားပြီး MBA ဘွဲ့ရ ကျောင်းသား၊ ကျောင်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေ၊ လုပ်ငန်းခွင်အတွေ့အကြုံကောင်းတွေရအောင် စီစဉ်ထားပါတယ်။ အလုပ်အကိုင်ရှာဖွေမှုမှာ အဓိကကျတဲ့ Resumeကောင်းကောင်း ဘယ်လိုရေးရမလဲ၊ အလုပ်အင်တာဗျူးအတွက် ဘာတွေ ပြင်ဆင်ထားရမလဲ ဆိုတာတွေအပါအဝင် အခြားသိသင့်တဲ့ အချက်တွေကိုသိဖို့အလုပ်ရုံဆွေးနွေးပွဲ (Workshop) တွေလုပ်ပေးတာ၊ အလုပ်အတိုင်ပင်ခံတွေ သီးသန့်ထားပြီး ဆွေးနွေးတိုင်ပင်နိုင်အောင် စီစဉ်ပေးတာတွေ ကလည်း အထောက်အကူအများကြီးဖြစ်ပါတယ်။ ကုမ္ပဏီတွေက ဝန်ထမ်းရွေးချယ်မှုလုပ်မဲ့နေ့ကို UWSB ရဲ့ ကျောင်းသား Notice Boardမှာ ကပ်ထားလေ့ရှိပါတယ်။ ကျောင်းသားတွေဘက်ကလဲ အမြဲစူးစမ်းလေ့လာနေဖို့ လိုပါတယ်။ သတ်မှတ်ထားတဲ့နေ့မှာ UWSB မှာပဲ ကုမ္ပဏီအကြောင်းကို Presentation နဲ့ရှင်းပြပြီးတော့ ရေးဖြေနဲ့အင်တာဗျူးတွေလုပ်ပါတယ်။ UWSB ကျောင်းသားအများစုဟာ ဘွဲ့ရပြီးတာနဲ့ အလုပ်ရကြတာများတယ်။ ကျောင်းသားတွေဘက်ကလဲ အရည်အချင်း ပြည့်ဖို့တော့လိုပါတယ်" ဟု Synergy Education မှ ဒေါ်နန်းမြမာလာမောင်ကပြောသည်။ UWSB မှ လာမည့် (၂၀၁၁) ခုနှစ်၊ ဇန်နဝါရီလတွင် ဖွင့်လှစ်မည့် MBA ဘွဲ့ကို တက်ရောက်မည့်သူများအတွက် MBA နှင့် တွဲလျက် တက်နိုင်သောအင်္ဂလိပ်စာအတန်းကို ပို့ချပေးမည်ဖြစ်ပြီး ၄င်းအင်္ဂလိပ်စာအတန်းကို တက်ရောက်မည့် သူများအား ရာနှုန်းပြည့်ပညာသင်ဆု ချီးမြှင့်မည်ဖြစ်သည်။ ထို့အပြင် MBA ဘွဲ့ကိုတက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအား အသွားအပြန် လေယာဉ်လက်မှတ်နှင့် Netbook များ ချီးမြှင့်ပါမည်။ UWSB၏ ပညာရေးဆွေးနွေးပွဲကို တက်ရောက်လိုသူများ၊ ရာနှုန်းပြည့်ပညာသင်ဆုကို လျှောက်ထားလိုသူများ အနေဖြင့် Synergy Education ၊ ဖုန်း - ၅၅၈၄၂၈၊ ၅၅၈၃၀၇ (လိုင်းခွဲ - ၃၀၄)၊ ၀၉၅၅၀၄၉၃၁ များသို့ ကြိုတင်စာရင်းသွင်းပြီး တက်ရောက်လျှောက်ထားနိုင်ပါသည်။
 



 

(1-10-2010)
Source : Ko Lin (Myanmar Training)


GCE မှ IGCSE သို့ပြောင်းလဲမှုအကြောင်းဟောပြောပွဲကျင်းပမည် .  .
 
. .  .  .. . .  .    ..  .     .    

GCE မှ London Edexcel IGCSE သို့ပြောင်းလဲမှုအကြောင်းဟောပြောပွဲကို အောက်တိုဘာလ ၈ ရက်နေ့လည် ၂းဝဝ နာရီ မှ ၄းဝဝ နာရီအထိ Traders Hotel ကုန်းဘောင်၊ တကောင်းခန်းမ၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။ ၎င်းဆွေးနွေးပွဲတွင် GCE သင်ကြားမှုအတွေ့အကြုံရင့်ကျက်သော ဆရာဦးကျော်မြင့် (စာရေးဆရာကြီး သိပ္ပံကျော်)၊ Academic Head of SR (20 years experienced GCE Lec.,) နှင့် British Council Exam ဌာနမှ ဒေါ်ဝဒီဝင်းကြည် (Exam Service Manager) တို့ကိုယ်တိုင်ဆွေးနွေးဟောပြောပေးသွားမည်ဖြစ်သည်။ စိတ်ပါဝင်စားသူမည်သူမဆိုတက်ရောက်နိုင်ပြီး Smart Resources Education and Consultancy ဖုန်း - 374747၊ 374748 သို့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်းသိရသည်။







 

(5-10-2010)
Source : Internet Journal
)


SMU ၏ ပညာရေးဟောပြောပွဲနှင့် ဝင်ခွင့်စာမေးပွဲကျင်းပမည် . . .    . . 

. . . .  .    .  .    .       

Singapore Management University (SMU) တွင် ပညာရေးအတိုင်ပင်ခံများနှင့် တိုက်ရိုက်တွေ့ဆုံ၍ ပညာရေးဟောပြောပွဲနှင့် ဝင်ခွင့်စာမေးပွဲကို Park Royal Hotel Ballroom တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။ ပညာရေးဟောပြောပွဲကို အောက်တိုဘာလ ၁၆ ရက် ညနေ ၄းဝဝ နာရီမှ ၆းဝဝ နာရီထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး SMU Bridging Program ဝင်ခွင့်စာမေးပွဲကို အောက်တိုဘာလ ၁၇ ရက် မနက် ၉းဝဝနာရီမှ နေ့လည် ၁းဝဝ နာရီ ထိကျင်းပပြုလုပ်မည်ဖြစ်သည်။ အရည်အချင်းပြည့်မှီသော တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသော ကျောင်းသားကျောင်းသူတိုင်း RV! Centre Yangon တွင် စာရင်းပေးသွင်းဖြေဆိုနိုင်ပြီး ဖုန်း - 250 388 လိုင်းခွဲ-RV! Library၊ 242 410 သို့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်းသိရသည်။



 

(5-10-2010)
Source :
Internet Journal


နယူဇီလန်နိုင်ငံတွင် ပညာသင်ကြားနိုင်မည့် အခွင့်အလမ်းများအကြောင်း Seminar ပြုလုပ်မည် .  .  .    . . 

 

နယူးဇီလန်နိုင်ငံ University of Auckland တွင်ပညာသင်ကြားနိုင်မည့် အခွင့်အလမ်းများအကြောင်း ပညာရေးဆွေးနွေးပွဲ (Seminar) ကို အောက်တိုဘာ ၂၄ ရက်နေ့တွင် ကုန်သည်ကြီးများဟိုတယ်တွင်ပြုလုပ်သွားမည်ဖြစ်ကြောင်း အဆိုပါ Seminar ကို ကျင်းပမည့် Smart Resources မှ Managing Director ဦးနေလင်းဖြိုးကပြောကြားသည်။ နယူးဇီလန်နိုင်ငံတွင်ပညာသင်ကြားမည်ဆိုပါက UK, USA, Australia နိုင်ငံများထက်ကုန်ကျစရိတ်သက်သာပြီး နယူးဇီလန် ပညာရေးသည် British System ကိုအခြေခံထားသောကြာင့် ကျောင်းသားများ၏ အင်္ဂလိပ်စာအရည်အသွေးပိုမိုတိုးတက်နိုင်ပါသည်။ ထို့ပြင် Newzealand Universities များသည် Ranking ပိုင်းတွင်လည်း Times Higher Education Top 500, Shanghai Jiao Tong Top 500 တို့တွင်ပါဝင်ကြောင်းသိရသည်။ အောက်တိုဘာ ၂၄ ရက်နေ့တွင်ပြုလုပ်မည့် Seminar သို့ ကျောင်းသားတစ်ဦးတည်း (သို့) မိဘ တစ်ဥိးတည်းလာရောက်ခြင်းမျိုးမဖြစ်စေဘဲ ကျောင်းသားရော မိဘရော ၂ ဦးစလုံးလာရောက်ပေးပါရန် ဖိတ်ကြားပါကြောင်း ဦးနေလင်းဖြိုးကထပ်မံပြောကြားသည်။ ယင်း Seminar နှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ရွှေတိဂုံဘုရားလမ်းနှင့် ယောက်လမ်းထောင့်၊ MWEA Tower ပထမထပ်ရှိ Smart Resources ရုံးခန်းတွင် Education Specialist နှင့်လာရောက်တွေ့ဆုံ ဆွေးနွေးနိုင်ပါသည်။ ဖုန်း-01-374747 ၊ 374748 ၊ 09-5428848
 

 

 

 


 

(5-10-2010)
Source : Ko Lin (Myanmar Training)

 
   

    ››Do and Don't      ›› Categories       ›› A to Z listing       ›› International Exam       ›› Questions & Answers       ›› Studying Abroad       ›› Cyber Cafe List
    ›› Scholarship       ›› Seminar       ›› Download       ›› News       ›› Quiz Program       ›› Contact Us       ›› Video program New!

Advertising Programs - Business Solutions - About Myanmartraining

© 2009 MyanmarTraining.com. All rights reserved.

Total Hits :  counter stats