Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font RSS RSS

Studying Abroad

Singapore

Malaysia

Australia

England

Thailand

Quiz Program

Quiz Program ကဏ္ဍအား ခေတ္တခဏနားထားပါသည်။....

SUBSCRIBE

Your Email:


Seminar » Special Talk

Taylor's University College ၏ ပညာရေးဆွေးနွေးပွဲ .


             မလေးရှားနိုင်ငံရှိ Taylor's University College ၏ ပညာရေးဆွေးနွေးပွဲ နှင့် တစ်ဦးချင်းဆွေးနွေးပေးမည့် အစီအစဉ်ကို လာမည့် အောက်တိုဘာလ (၁၇) ရက်၊ တနင်္ဂနွေနေ့ မနက်(၁၀) နာရီ မှ နေ့လည် (၂) နာရီအထိ အမှတ်(၅၂၀/D-1)၊ ရွှေဂုံတိုင် ၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ရှိ Synergy Education ရုံးခန်းတွင် ကျင်းပမည်ဖြစ်ပြီး Taylor's University College မှ Mr. Hoh Lee Cen နှင့် Ms. Theresa Soh Peck Boon တို့က အသေးစိတ် ရှင်းလင်းဆွေးနွေးပေးမည် ဖြစ်ကြောင်း သိရသည်။ Taylor's University College သည် မလေးရှားနိုင်ငံရှိ ထိပ်တန်းတက္ကသိုလ်ကောလိပ်များအနက် တစ်ခု ဖြစ်ပြီး မလေးရှားနိုင်ငံရှိ MQA အဖွဲ့အစည်းမှ သတ်မှတ်ထားသည့် Tier-5 အဆင့်ရှိ အကောင်းဆုံး တက္ကသိုလ်ကောလိပ် (၁၈) ကျောင်းတွင်ပါဝင်သည်။ MQA (Malaysian Qualifications Agency) သည် မလေးရှားနိုင်ငံ၏ အဆင့်မြင့်ပညာရေးကို မြှင့်တင်ရန်အတွက် အစိုးရနှင့်ပုဂ္ဂလိကကောလိပ်၊တက္ကသိုလ်များ၏ အရည်အသွေးနှင့် အဆင့်အတန်းကို မျက်ခြေမပြတ် သုံးသပ်နေသော ပညာရေးအဖွဲ့အစည်း ဖြစ်သည်။

Taylor's University College တွင် ဘာသာရပ်များစွာအတွက် ဒီပလိုမာနှင့် ဒီဂရီဘွဲ့များ သင်ကြားပေး လျက်ရှိသည်။ သင်ကြားပေးလျက်ရှိသော Course များမှာ Medicine, Biomedical Science, Biotechnology, Engineering (Mechanical အထူးပြု/ Electrical & Electronic အထူးပြု/ Chemical အထူးပြု/), Architecture, Quantity Surveying, Business (Management အထူးပြု/ Administration အထူးပြု/ International Business အထူးပြု/ Marketing အထူးပြု/ Accounting & Finance အထူးပြု/ Human Resource Management အထူးပြု), Computer Science, Information Technology, Communication (Media Management အထူးပြု/ Journalism အထူးပြု/ Media Arts အထူးပြု), Hospitality & Tourism (Management အထူးပြု/ Culinary Arts & Foodservice Management အထူးပြု/ Patisserie & Gastronomic Cuisine အထူးပြု/ Events Management အထူးပြု/ Travel & Recreation Management အထူးပြု), Design (Interior Design အထူးပြု/ Multimedia Design အထူးပြု/ Graphic Communication Design အထူးပြု), Pre-University (Cambridge A Levels/ Canadian Pre-University/ International Baccalaureate/ South Australian Matriculation/ Foundation) စသည်တို့ဖြစ်ပါသည်။

မြန်မာနိုင်ငံမှ အခြေခံပညာ အထက်တန်း (သို့မဟုတ်) IGCSE / GCE 'O' Level အောင်မြင်ထားသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဒီပလိုမာကို တိုက်ရိုက်တက်ရောက်နိုင်သည်။ ဒီဂရီဘွဲ့ရယူလိုသော တက္ကသိုလ်ဝင်တန်း အောင်ကျောင်းသားများမှာ မည်သည့်ဘာသာရပ်အတွက်မဆို Foundation (၁) နှစ်ကို ဦးစွာ တက်ရောက်ရန် လိုသည်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ပျမ်းမျှအမှတ် (၈၀) ရာခိုင်နှုန်းနှင့်အထက်ရရှိသူများ၊ IGCSE / GCE 'O' Level ၏ ဘာသာရပ်(၆) ခုလုံးတွင် Grade 'A' ရရှိထားသူများမှာ (၂၀၁၁) ခုနှစ်၊ ဇန်နဝါရီ Intake အတွက် ချီးမြှင့်မည့် ပညာသင်ဆုများကို လျှောက်ထားနိုင်သည်။ ထို့အပြင် Bristol MBA ၊ Master in Finance နှင့် Master in Management စသည့်ဘွဲ့လွန်ဘာသာရပ်များအတွက်လည်း ပညာသင်ဆု(၂၀) ရာခိုင်နှုန်း ချီးမြှင့်မည်ဖြစ်သည်။ Taylor's University College ၏ ပညာရေးဆွေးနွေးပွဲသို့ တက်ရောက်လိုသူများ၊ တစ်ဦးချင်းဆွေးနွေးလိုသူများ ၊ ပညာသင်ဆုလျှောက်ထားလိုသူများ အနေဖြင့် Synergy Education ဖုန်း - ၅၅၈ ၄၂၈၊ ၅၅၈ ၃၀၇ (လိုင်းခွဲ -၃၀၄) ၊ ၀၉၅၅၀ ၄၉၃၁များသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။






 

(8-10-2010)
Source : Ko Lin (Myanmar Training)


        “ဘာသာရပ်ဆိုင်ရာ ပညာရှင်များ၏ ဟောပြောပွဲဖိတ်ကြားခြင်း” . . .  . .. . . . . ... .    .       

                    
 



 

(8-10-2010)
Source : Ko Lin (Myanmar Training)


မြန်မာစာယူနီကုတ်(Open Type Font) တည်ဆောက်ခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပမည် . .  .
 
. .  .  .. . .  .    ..  .     .    

သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA) မှ ကြီးမူး၍ Myanmar Information Technology Pte Ltd (MIT) ၏ ပံ့ပိုးကူညီမှုဖြင့် ကွန်ပျူတာသုံး မြန်မာဘာသာစကား အကောင်အထည်ဖေါ်ရေးအဖွဲ့ (Myanmar NLP) မှပညာရှင်များနှင့် အခြားပညာရှင်များမှ မြန်မာစာယူနီကုတ် တည်ဆောက်ခြင်းနှင့် အသုံးပြုခြင်းများဆိုင်ရာ နည်းပညာအလုပ်ရုံ ဆွေးနွေးပွဲ ကို ၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၆ ရက် နှင့် ၁၇ ရက် (စနေ၊ တနင်္ဂနွေ) နေ့များတွင် နံနက် ၉း၃၀ မှ ညနေ ၅း၀၀ နာရီ အထိ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ မြန်မာအင်ဖိုတက်ခ်၊ အခန်း(၂၀၅) တွင်ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ အဆိုပါ ဆွေးနွေးပွဲတွင် ကွန်ပျူတာသုံးမြန်မာဘာသာစကား အကောင်အထည်ဖေါ်ရေးအဖွဲ့ (Myanmar NLP) မှ ကိုဆန်းထွန်း၊ ကိုကျော်ကျော်ဇင်တို့မှ Myanmar 3 ယူနီကုတ်ဖောင့် ရေးသားခဲ့သောအတွေ့အကြုံများ၊ အသုံးပြုသူများအတွက် အထူးသိရန် လိုအပ်သောအချက်များ၊ တွေ့ကြုံနေရသော ပြဿနာများနှင့် တွေ့ရှိထားသောဖြေရှင်းနည်းများ၊ ကိုအောင်ဇေယျ (၀င်းမြန်မာ) မှ Font Lab/Illustrator များအသုံးပြုပြီး မြန်မာစာဖောင့်တစ်ခု တည်ဆောက်ပုံများနှင့် အရေးကြီးသောအချက်များကို လက်တွေ့သရုပ်ပြရှင်းလင်းပြသ ဆွေးနွေးမည်ဖြစ်သည်။ သို့ပါ၍ Software ရေးသားသောကုမ္ပဏီများမှ နည်းပညာဆိုင်ရာပုဂ္ဂိုလ်များ၊ အခြားမြန်မာစာယူနီကုတ် ဖောင့်ရေးသားလိုသူများ၊ အသုံးချလိုသူများအားလုံးနှင့် စိတ်ပါဝင်စားသူ မည်သူမဆို (အခမဲ့) တက်ရောက်သင့်သော အလုပ်ရုံဆွေးနွေးပွဲဖြစ်သည်။ အထူးသဖြင့် Software Applications များတွင် မြန်မာစာယူနီကုတ် အသုံးချမှုနှင့် ပတ်သတ်၍ ပြဿနာများနှင့် ဖြေရှင်းချက်များကို ဆွေးနွေးမည်ဖြစ်သည်။ တက်ရောက်သူများအနေဖြင့် မိမိ၏ကိုယ်ပိုင် Laptop များသယ်ဆောင်ပြီး လက်တွေ့လုပ်ဆောင်နိုင်ရန် စီစဉ်ထားရှိပါ၍ ကြိုတင်စာရင်းပေးသွင်းတက်ရောက်နိုင်ပါသည်။ တက်ရောက်လိုသည်များမှ သိရှိလိုသော အကြောင်းအရာများကို မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း အဆောင်(၄)၊ အခန်း(၄)၊ မြန်မာအင်ဖိုတက်ခ်၊ ဖုန်း-၆၅၂၂၇၆ သို့ မေးခွန်းများကြိုတင်ပေးပို့နိုင်သည်။







 

(12-10-2010)
Source : Ko Lin (Myanmar Training)


ဒီဇိုင်းဝါသနာရှင်များအတွက် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမည် . .    . . 

. . . .  .    .  .    .       

ဒီဇိုင်းဝါသနာရှင်များနှင့် စီးပွားရေး ပညာရပ်ကို စိတ်ဝင်စားသူများအတွက် Basic Drawing Skills For All Designers နှင့် Lego Manufacturing Game ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာ ၃၁ ရက်၊ နေ့လယ် ၁ နာရီမှ ၄ နာရီထိ ပါ့ခ်ရွိုင်ရယ်ဟိုတယ်၌ ကျင်းပမည်ဟု Raffles ပညာရေးဝန်ဆောင်မှုမှ သိရသည်။ မြန်မာနိုင်ငံမှ ဒီဇိုင်းဝါသနာရှင် လူငယ်များအတွက် စိတ်ကူးဥာဏ်နှင့် တီထွင်မှုစွမ်းရည်မြင့်မားစေရန် ရည်ရွယ်၍ အခြေခံပုံဆွဲကျွမ်းကျင်မှုနှင့် စီးပွားရေးပညာရပ်ကို စိတ်ဝင်စားသော လူငယ်များအတွက် ဈေးကွက်စီးပွားရေး နည်းပညာများ၊ စီမံခန့်ခွဲမှုနှင့် သက်ဆိုင်သော အရည်အသွေးများကို အသုံးချနိုင်ရန် ရည်ရွယ်၍ အထက်ပါ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို Raffles အင်တာနေရှင်နယ် ကောလိပ်မှ သင်တန်းနည်းပြများက ရှင်းလင်းဟောပြောမည်ဖြစ်သည်။ ဆွေးနွေးပွဲသို့ အသက် ၁၇ နှစ်မှ ၂၈ နှစ်အရွယ် လူငယ်များတက်ရောက်နိုင်ပြီး ဒဂုံမြို့နယ်၊ လပြည့်ဝန်းပလာဇာရှစ်ထပ်ရှိ Raffles ရုံးခန်းတွင် ကြိုတင်စာရင်းပေးသွင်းရမည်ဖြစ်ကြောင်းသိရသည်။




 

(22-10-2010)
Source : 7 Day News
Journal


နိုင်ငံတကာ ကျောင်းပေါင်းစုံ ပညာရေး ပြပွဲကြီး . .  .  .    . . 

 

STUDY ABROAD မှ ကြီးမှုးစီစဉ်၍ UK, USA, CANADA, SINGAPORE နိုင်ငံကြီးများရှိ NAVITAS Education ၏ နာမည်ကြီး တက္ကသိုလ်များမှ လာရောက်ပြသမည့် နိုင်ငံတကာ ပညာရေးပြပွဲကြီးကို ယခုလာမည့် အောက်တိုဘာ (၃၁) ရက်၊ တနင်္ဂနွေနေ့၊ TRADERS HOTEL, Level 3 ကုန်းဘောင်-တကောင်း ခန်းမတွင် နံနက် (၁ဝ) နာရီမှ ညနေ (၄) နာရီထိ ပြသပေးသွားမည်ဖြစ်သည်။ NAVITAS Education Network သည် UK ရှိ Anglia Ruskin University, University of Hertfordshire, University of Portsmouth, Swansea University, Brunel University, University of Plymouth စသည့် တက္ကသိုလ်ကြီး (၆) ခု တို့နှင့် ချိတ်ဆက်ထားပြီး၊ Australia တွင် University of Adelaide, Macquarie University, Curtin University အစရှိသည့် ထိပ်တန်းတက္ကသိုလ်များအပါအဝင် တက္ကသိုလ်ကြီး (၆) ခု၊ USA ရှိ တက္ကသိုလ်ကြီး (၄) ခု၊ CANADA ရှိ တက္ကသိုလ်ကြီး (၂) ခုတို့နှင့် ချိတ်ဆက်ထားပြီး ၎င်းတက္ကသိုလ်ကြီးများသို့ ကျောင်းသူ၊ ကျောင်းသားများဝင်ခွင့်ရရှိအောင် ပေါင်းကူးတံတားသဖွယ် ဆောင်ရွက်ပေးသော နိုင်ငံတကာ ပညာရေးကွန်ယက်ကြီးတစ်ခုဖြစ်သည်။ Engineering, Computing, Life Sciences အစရှိသည့် မေဂျာပေါင်း (၅ဝ) ကျော် ထဲမှ မိမိနှစ်သက်ရာ ဘာသာရပ်ကို ရွေးချယ်တက်ရောက်နိုင်သဖြင့် ကျောင်းသူ၊ ကျောင်းသားများအတွက် ရွေးချယ်စရာ Pathway မှစုံလင်လှပါသည်။ ပြပွဲနေ့တွင် သက်ဆိုင်ရာ ကျောင်းများမှ တာဝန်ခံများကိုယ်တိုင် ပညာရေးနှင့် Career လမ်းကြောင်းများကို အကြံပြုဆွေးနွေးပေးမည်ဖြစ်သည်။ UK, USA, Australia, Canada, Singapore နိုင်ငံရှိ တက္ကသိုလ်ကြီးများတွင် ဘွဲ့ကြိုနှင့် ဘွဲ့လွန်ဒီဂရီ တက်ရောက်လိုသော မြန်မာကျောင်းသူ၊ ကျောင်းသားများအတွက် Exception ကင်းလွတ်ခွင့် အစီအစဉ်များလည်းရှိ၍ ကျောင်းဝင်ကြေး ကင်းလွတ်ခွင့်များကိုလည်း ပေးသွားမည်ဖြစ်သည်။ စိတ်ဝင်စားသော ကျောင်းသူ၊ ကျောင်းသားများသည် ပညာရေးဆိုင်ရာ အထောက်အထား စာရွက် မူရင်းနှင့် မိတ္တူများကို တစ်ပါတည်းယူဆောင်လာရမည်ဖြစ်သည်။ ထို့ပြင် ပြပွဲနေ့တွင် Popular Book Store နှင့် Asia အချိုရည် တို့မှ Corporate Sponsor အဖြစ် ပါဝင်မည်ဖြစ်ပြီး STUDY ABROAD မှ Free Door Gift များလည်း ပေးအပ်သွားမည်ဖြစ်သည်။ စိတ်ဝင်စားသူများ အသေးစိတ်သိလိုသည်များရှိပါက STUDY ABROAD - အမှတ် (၂၉၀-အေ)၊ ပထမထပ်၊ ပြည်လမ်း (ဒဂုံစင်တာနှင့် မဟာမြိုင် ဆေးခန်းကြား)၊ မြေနီကုန်း။ ဖုန်း - 524 126 ၊ 701 331 ၊ 0980 22184 သို့ဆက်သွယ်စုံစမ်း၍ ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။

 

 

 

 


 

(22-10-2010)
Source : Ko Lin (Myanmar Training)

 
   

    ››Do and Don't      ›› Categories       ›› A to Z listing       ›› International Exam       ›› Questions & Answers       ›› Studying Abroad       ›› Cyber Cafe List
    ›› Scholarship       ›› Seminar       ›› Download       ›› News       ›› Quiz Program       ›› Contact Us       ›› Video program New!

Advertising Programs - Business Solutions - About Myanmartraining

© 2009 MyanmarTraining.com. All rights reserved.

Total Hits :  counter stats