Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font RSS RSS

Studying Abroad

Singapore

Malaysia

Australia

England

Thailand

Quiz Program

Quiz Program ကဏ္ဍအား ခေတ္တခဏနားထားပါသည်။....

SUBSCRIBE

Your Email:


Seminar » Special Talk

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း 


                                                     “Internet Resource Management Essentials” ဟောပြောပွဲကျင်းပမည်
 

သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်းမှ ကြီးမှူး၍ Domain Name Server Security နှင့် Internet Routing ဆိုင်ရာ နည်းပညာအသစ်များကို သိရှိလာစေရန်နှင့် အသုံးပြုတတ်စေရန် ရည်ရွယ်၍ အောက်တိုဘာလ (၂၇) ရက် (ဗုဒ္ဓဟူးနေ့) နံနက် (၉းဝဝ) နာရီမှ (၁၂းဝဝ) နာရီအထိ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ မြန်မာအင်ဖိုတက်ခ်၊ ပင်မဆောင်ရှိ အခန်း (၂ဝ၅) တွင် Australia နိုင်ငံ Asia Pacific Network Information Center (APNIC) မှ Mr. Vithanage Champika Wijayatunga နှင့် Mr. Jeffrey Leander Tosco တို့မှ “Internet Resource Management Essentials” ခေါင်းစဉ်ဖြင့် ရှင်းလင်းဟောပြောမည်ဖြစ်သည်။ အဆိုပါ ဆွေးနွေးဟောပြောပွဲသို့ Network Engineer များ၊ System Administrator များ၊ Internet/ Network နှင့် ပတ်သက်၍ လုပ်ငန်းလုပ်ကိုင်နေသူများ၊ DNS Security နှင့် Internet Routing ဆိုင်ရာ နည်းပညာများကို စိတ်ဝင်စားသူ မည်သူမဆို (အခမဲ့) တက်ရောက်ဆွေးနွေးနိုင်သည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ Website- www.mcpamyanmar.org ၊ ဖုန်းနံပါတ်-၆၅၂၂၇၆၊ ၇၃၀၈၈၃၀၀ သို့ဆက်သွယ်စုံစမ်းနိုင်သည်။







 

(22-10-2010)
Source : Ko Lin (Myanmar Training)


ဘာသာရပ်ဆိုင်ရာပညာရှင်များ ဟောပြောပွဲ ဖိတ်ကြားလွှာ . . .  .
 
. .  .  .. . .  .    ..  .     .    

                       



 

(22-10-2010)
Source : Ko Lin (Myanmar Training)


Device Business Management Academy မှ ကြီးမှုး၍ National Council of Physical Distribution Management ‘၂၁ ရာစု လုပ်ငန်းခွင်တစ်ခုလုံး၏ ဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာ စီမံခန့်ခွဲမှု’ သင်တန်းဖွင့်လှစ်ကျင်းပမည်  . . .    . . 

. . . .  .    .  .    .       

Device Business Management Academy မှ ကြီးမှုးကျင်းပသည့် Tetra Month Training Ptogram ၏ အဌမမြောက်သင်တန်းဖြစ်သော National Council of Physical Distribution Management သင်တန်းကို ၂၀၁၀ နိုဝင်ဘာ ၁၃ ၊ ၁၄ ရက်များတွင် ရန်ကုန်မြို့ လှိုင်မြို့နယ် Myanmar- Info Tech ၌ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိဖွင့်လှစ်သင်ကြားမည်ဖြစ်သည်။ အဆိုပါသင်တန်းတွင် ပါမောက္ခ ဆရာကြီးဒေါက်တာအောင်ထွန်းသက် နှင့် Device Business Management Academy မှ Managing Director ဆရာဦးတင်ဇံကျော်တို့က Case Study များ၊ Work Shop များ၊ Group Presentation များဖြင့် စနစ်တကျသင်ကြားပို့ချပေးမည်ဖြစ်ပြီး Member အဖြစ်ပါဝင်ထားသော ကုမ္ပဏီများမှလည်း ၎င်း တို့၏ ကုန်ပစ္စည်းများအားခင်းကျင်းပြသ ရောင်းချပေးမည် ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူများ၊ မိမိတို့၏ ကုမ္ပဏီနှင့် မိမိကုမ္ပဏီဝန်ထမ်းများ၏ အရည်အသွေးကိုမြှင့်တင်လိုသူများ၊ Device နှင့်ပူးပေါင်းပါဝင်လိုသူများအနေဖြင့် ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပန်းဆိုးတန်းလမ်း၊ မြန်မာ့ဂုဏ်ရည်အိမ်ယာရှိ Device Business Management Academy ဖုန်းနံပါတ် 01-393318၊ 01-393068ယ 01-4412598၊ 09-9925827၊ 09-5140916၊ 09-5170473 များသို့ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်းသတင်းရရှိပါသည်။





 

(2-11-2010)
Source : Ko Lin (Myanmar Training)


နိုင်ငံတကာ ကျောင်းပေါင်းစုံ ပညာရေး ပြပွဲကြီး . .  .  .    . . 

 

STUDY ABROAD မှ ကြီးမှုးစီစဉ်၍ UK, USA, CANADA, SINGAPORE နိုင်ငံကြီးများရှိ NAVITAS Education ၏ နာမည်ကြီး တက္ကသိုလ်များမှ လာရောက်ပြသမည့် နိုင်ငံတကာ ပညာရေးပြပွဲကြီးကို ယခုလာမည့် အောက်တိုဘာ (၃၁) ရက်၊ တနင်္ဂနွေနေ့၊ TRADERS HOTEL, Level 3 ကုန်းဘောင်-တကောင်း ခန်းမတွင် နံနက် (၁ဝ) နာရီမှ ညနေ (၄) နာရီထိ ပြသပေးသွားမည်ဖြစ်သည်။ NAVITAS Education Network သည် UK ရှိ Anglia Ruskin University, University of Hertfordshire, University of Portsmouth, Swansea University, Brunel University, University of Plymouth စသည့် တက္ကသိုလ်ကြီး (၆) ခု တို့နှင့် ချိတ်ဆက်ထားပြီး၊ Australia တွင် University of Adelaide, Macquarie University, Curtin University အစရှိသည့် ထိပ်တန်းတက္ကသိုလ်များအပါအဝင် တက္ကသိုလ်ကြီး (၆) ခု၊ USA ရှိ တက္ကသိုလ်ကြီး (၄) ခု၊ CANADA ရှိ တက္ကသိုလ်ကြီး (၂) ခုတို့နှင့် ချိတ်ဆက်ထားပြီး ၎င်းတက္ကသိုလ်ကြီးများသို့ ကျောင်းသူ၊ ကျောင်းသားများဝင်ခွင့်ရရှိအောင် ပေါင်းကူးတံတားသဖွယ် ဆောင်ရွက်ပေးသော နိုင်ငံတကာ ပညာရေးကွန်ယက်ကြီးတစ်ခုဖြစ်သည်။ Engineering, Computing, Life Sciences အစရှိသည့် မေဂျာပေါင်း (၅ဝ) ကျော် ထဲမှ မိမိနှစ်သက်ရာ ဘာသာရပ်ကို ရွေးချယ်တက်ရောက်နိုင်သဖြင့် ကျောင်းသူ၊ ကျောင်းသားများအတွက် ရွေးချယ်စရာ Pathway မှစုံလင်လှပါသည်။ ပြပွဲနေ့တွင် သက်ဆိုင်ရာ ကျောင်းများမှ တာဝန်ခံများကိုယ်တိုင် ပညာရေးနှင့် Career လမ်းကြောင်းများကို အကြံပြုဆွေးနွေးပေးမည်ဖြစ်သည်။ UK, USA, Australia, Canada, Singapore နိုင်ငံရှိ တက္ကသိုလ်ကြီးများတွင် ဘွဲ့ကြိုနှင့် ဘွဲ့လွန်ဒီဂရီ တက်ရောက်လိုသော မြန်မာကျောင်းသူ၊ ကျောင်းသားများအတွက် Exception ကင်းလွတ်ခွင့် အစီအစဉ်များလည်းရှိ၍ ကျောင်းဝင်ကြေး ကင်းလွတ်ခွင့်များကိုလည်း ပေးသွားမည်ဖြစ်သည်။ စိတ်ဝင်စားသော ကျောင်းသူ၊ ကျောင်းသားများသည် ပညာရေးဆိုင်ရာ အထောက်အထား စာရွက် မူရင်းနှင့် မိတ္တူများကို တစ်ပါတည်းယူဆောင်လာရမည်ဖြစ်သည်။ ထို့ပြင် ပြပွဲနေ့တွင် Popular Book Store နှင့် Asia အချိုရည် တို့မှ Corporate Sponsor အဖြစ် ပါဝင်မည်ဖြစ်ပြီး STUDY ABROAD မှ Free Door Gift များလည်း ပေးအပ်သွားမည်ဖြစ်သည်။ စိတ်ဝင်စားသူများ အသေးစိတ်သိလိုသည်များရှိပါက STUDY ABROAD - အမှတ် (၂၉၀-အေ)၊ ပထမထပ်၊ ပြည်လမ်း (ဒဂုံစင်တာနှင့် မဟာမြိုင် ဆေးခန်းကြား)၊ မြေနီကုန်း။ ဖုန်း - 524 126 ၊ 701 331 ၊ 0980 22184 သို့ဆက်သွယ်စုံစမ်း၍ ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။

 

 

 

 


 

(22-10-2010)
Source : Ko Lin (Myanmar Training)

 
   

    ››Do and Don't      ›› Categories       ›› A to Z listing       ›› International Exam       ›› Questions & Answers       ›› Studying Abroad       ›› Cyber Cafe List
    ›› Scholarship       ›› Seminar       ›› Download       ›› News       ›› Quiz Program       ›› Contact Us       ›› Video program New!

Advertising Programs - Business Solutions - About Myanmartraining

© 2009 MyanmarTraining.com. All rights reserved.

Total Hits :  counter stats