International Education Day @ CROWN
နိုင်ငံတကာပညာရေးအကြောင်းရှင်းလင်းဆွေးနွေးပွဲပြုလုပ်မည်
နိုင်ငံတကာပညာရေးကို
စိတ်ဝင်စားသူ ကျောင်းသားကျောင်းသူများအတွက် ရည်ရွယ်၍ CROWN Education Day @
CROWN နိုင်ငံတကာပညာရေး ဆွေးနွေးပွဲကို ၂ဝ၁ဝ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်တွင်
ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါနေ့တွင်
နိုင်ငံတကာပညာရေးကို စိတ်ဝင်စားသူ ကျောင်းသားကျောင်းသူများအတွက် UK,
Australia, Singapore နှင့် Canada အစရှိသည့် နိုင်ငံများရှိ
တက္ကသိုလ်ဝင်ခွင့်များ၊ ဘာသာရပ်ရွေးချယ်ရန် နည်းလမ်းကောင်းများ
အစရှိသည်တို့ကို စုစည်းရှင်းလင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရသည်။
ဆွေးနွေးပွဲတွင် ဘာသာရပ်များအကြောင်း နားလည်သဘောပေါက်စေရန်၊
ဘာသာရပ်တစ်ခုချင်းစီ၏ အားနည်းချက်၊ အားသာချက်များ၊ စီးပွားရေးနှင့်
စာရင်းအင်းပညာရပ်များ၊ အင်ဂျင်နီယာ ဘာသာရပ်များ၊ ဒီဇိုင်းဘာသာရပ်များ၊
ကွန်ပျူတာဘာသာရပ်များ၊ ဆေးပညာနှင့် ဆက်စပ်ဘာသာရပ်များစသည့်
ဘာသာရပ်များအတွက် လေ့လာသင်ယူသင့်သော နာမည်ကြီး တက္ကသိုလ်များနှင့်
ဝင်ခွင့်လိုအပ်ချက်များကိုလည်း ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရသည်။
“နိုင်ငံတကာပညာရေးနဲ့ ပတ်သက်ပြီး နှစ်စဉ်သတင်းအချက်အလက်အသစ်တွေ၊
ဝင်ခွင့်သတ်မှတ်ချက်၊ လိုအပ်ချက်အပြောင်းအလဲတွေက ဖြစ်ပေါ်လေ့ရှိတာကြောင့်
ကျောင်းသားကျောင်းသူတွေအနေနဲ့ လေ့လာသိရှိထားဖို့ လိုအပ်ပါတယ်။ ဒါ့အပြင်
ကျောင်းတွေကို မလျှောက်ထားခင်မှာ မိမိတို့ရဲ့ စွမ်းဆောင်နိုင်မှု၊
စိတ်ပါဝင်စားမှုတွေကိုသိရှိထားပြီး ဘာသာရပ်တွေရဲ့ သဘောသဘာဝတွေကို
သိရှိထားမှသာ မှန်ကန်တဲ့ ဘာသာရပ်၊
ပညာရေးလမ်းကြောင်းတွေကိုရွေးချယ်နိုင်မှာပါ။ အဲဒီအတွက်ကြောင့် တစ်ရက်ထဲမှာ
နိုင်ငံတကာပညာရေးနဲ့ ပတ်သက်လို့ အပြည့်အစုံဆုံးသိရှိသွားအောင်
စီစဉ်ပြုလုပ်လိုက်တာပါ” ဟု CROWN Education မှ ဦးအောင်ကျော်ဆန်းက
ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုပြောသည်။ International Education
Day @ CROWN အစီအစဉ်တွင် နိုင်ငံတကာတွင် သွားရောက်ပညာသင်ကြားလိုသည့်
ကျောင်းသားကျောင်းသူများအတွက် မည်သည့်နိုင်ငံတွင် ပညာသင်ယူပါက
ပိုမိုအဆင်ပြေနိုင်သနည်း၊ မည်သည့်ဘာသာရပ်များက
အလုပ်အကိုင်အခွင့်အလမ်းရှိနိုင်သနည်း၊ ယနေ့ခေတ် နိုင်ငံတကာပညာရေးစနစ်
အစရှိသည်တို့ကို ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်သည်။ ဆွေးနွေးပွဲတွင်
သက်ဆိုင်ရာ ဘာသာရပ်များအလိုက် IT & Engineering ဘာသာရပ်အတွက် နံနက် ၁ဝ
နာရီမှ ညနေ ၆ နာရီအထိ ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်သည်။
ဆွေးနွေးပွဲတက်ရောက်လိုသူများအနေဖြင့် CROWN Education ရုံးခန်း၊ Summit
Parkview Hotel ၊ အခန်းနံပါတ် - 228/229 ၊ ဖုန်း - 211 888
(လိုင်းခွဲ-228)၊ 09-508 5185 တွင်
ဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိုင်မည်ဖြစ်သည်။
(30-11-2010)
Source : Internet Journal
Kaplan Education Info-talk Article
.
.
.
.
.
.
.
.
..
.
.
.
..
.
.
Date : 9 . 12 . 2010
Time : 1:30pm to 2:30pm
Venue : MSI Office
Speaker : Mr. James Kong ( Deputy Manger )
(30-10-2010)
Source : Ko Lin (Myanmar Training)
“ဘာသာရပ်ဆိုင်ရာ ပညာရှင်များ၏ ဟောပြောပွဲဖိတ်ကြားခြင်း”
.
.
.
.
.
.
.
.
.
.
.
.
.
.
ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု
လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၊ ပြန်ကြားရေးနှင့်
သတင်းနည်းပညာမြှင့်တင်ရေး ဆိုင်ရာလုပ်ငန်းကော်မတီမှ ကျင်းပသည့်
ဘာသာရပ်ဆိုင်ရာ ပညာရှင်များဟောပြောပွဲများကို ၂ဝဝ၇ ခုနှစ်၊ သြဂုတ်လ (၅)
ရက်နေ့မှစတင် ကျင်းပခဲ့ပါသည်။ ဆက်လက်၍ ဟောပြောပွဲများကို တစ်လတစ်ကြိမ်
ပထမပတ်၊ စနေနေ့တွင် ကျင်းပပါမည်ဖြစ်ပါသည်။
ယခုကျင်းပမည့် ဟောပြောပွဲအမှတ်စဉ် (၂၉/ ၂ဝဝ၇-၂ဝ၁ဝ) တွင်
ဒေါက်တာတင်စိုးမှ
“မြန်မာနိုင်ငံ၏ လယ်ယာမြေစနစ်နှင့် မြေယာသုံးစွဲခွင့်၊ ယခင် နှင့် ယခု”
“Land system and Land use rights in Myanmar, Past and Present”
ခေါင်းစဉ်ဖြင့်ဟောပြောပါမည်။
ကျင်းပမည့်ရက် - ၂ဝ၁ဝ ခုနှစ်၊ ဒီဇင်ဘာလ (၄) ရက် (စနေနေ့)။
ကျင်းပမည့်အချိန် - ဝ၉း ၃ဝ နာရီ
ကျင်းပမည့်နေရာ - UMFCCI အသင်းချုပ်ရုံး၊ မင်္ဂလာခန်းမ။
အမှတ် (၂၉)၊ မင်းရဲကျော်စွာလမ်း (စိန်ဂျွန်းမှတ်တိုင်)၊
လမ်းမတော်မြို့နယ်။ ဖုန်း - ၂၁၄၃၄၄/၅/၆/၇/၈/၉
အသင်းဝင်များနှင့် စိတ်ပါဝင်စားသူမည်သူမဆို တက်ရောက်နိုင်ပါကြောင်း
ဖိတ်ကြားအပ်ပါသည်။
(3-12-2010)
Source : Ko Lin (Myanmar Training)
Accounting On-Job Training အတွက်ဟောပြောပွဲ ကျင်းပမည်
.
.
.
.
.
.
.
.
စာရင်းကိုင်ပညာနှင့် အသက်မွေးဝမ်းကျောင်းပြုလိုသူများ၊ B.com, LCCI
Level – I and II or Level II or Level III, ACCA Part 1 နှင့်
Business Management အောင်မြင်ပြီး
လုပ်ငန်းအတွေ့အကြုံမရှိသေးသူများအတွက် MBC သင်တန်းကျောင်းမှ
ထပ်မံဖွင့်လှစ်လိုက်သော Accounting On-Job Training သင်တန်းအကြောင်း
ဟောပြောမည်ဖြစ်ပြီး ဟောပြောချိန်မှာ ၂ဝ၁၁ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်၊
တနင်္ဂနွေနေ့ မနက် (၉းဝဝ) မှ (၁ဝးဝဝ) အထိ ကျင်းပမည် ဖြစ်သည်။
လက်တွေ့လုပ်ငန်းခွင်တွင် ကျွမ်းကျင်မှုရှိစေရန် အဓိက ရည်ရွယ်၍
သင်ကြားနေသော Job Training သင်တန်းတွင် သင်ကြားမည့် Course Outline
နှင့် သင်တန်းပြီးဆုံးပါက ရရှိနိုင်သော အကျိုးကျေးဇူးများကို
ရှင်းလင်းပြောကြားမည်ဖြစ်သည်။ ဟောပြောပွဲနှင့် ပတ်သက်၍
စိတ်ဝင်စားသူများ၏ မေးခွန်းများကိုလည်း ပြန်လည်ဖြေကြားပေးမည်ဖြစ်ပြီး
တက်ရောက်လိုသူများအနေဖြင့် အသေးစိတ်သိရှိလိုပါက MBC ဖုန်း - 01-525994
၊01-534773 တွင် ဆက်သွယ်စုံစမ်း နိုင်ပါသည်။
(3-12-2010)
Source : Opportunity Journal
Practical
On Wireless Network Installation, Configuration ခေါင်းစဉ်ဖြင့်
လက်တွေ့စမ်းသပ်မှုပြုလုပ်မည်
.
.
.
.
.
.
.
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ Practical On Wireless Network
Installation, Configuration
ခေါင်းစဉ်ဖြင့်လက်တွေ့စမ်းသပ်မှုပြုလုပ်ခြင်းကို ဒီဇင်ဘာ ၁၂ ရက်နေ့လည် ၁
နာရီမှ ၅ နာရီ အထိပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါလက်တွေ့စမ်းသပ်မှုပြုလုပ်ခြင်းကို မြန်မာနိုင်ငံ ကွန်ပျူတာ
ပညာရှင်အသင်း အလုပ်အမှုဆောင်များဖြစ်သော ဦးအောင်စိုးမိုး၊
ဦးအောင်ဇော်မြင့်၊ ဦးဇော်ဝင်းထွန်း၊ ဦးရဲကျော်သိန်းတို့မှ
ရှင်းလင်းပြသသွားမည်ဖြစ်သည်။
ကွန်ပျူတာကွန်ရက်လက်တွေ့ချိတ်ဆက်ခြင်းများကို
မြန်မာအင်ဖိုတက်ခ်ဝန်းအတွင်း၌ ရှိသော အဆောက်အဦနှစ်ခုကို 8 dbi Outdoor
Wireless Antenna များဖြင့် တပ်ဆင်ကာပြသသွားမည်ဖြစ်သည်။
အဆိုပါလက်တွေ့စမ်းသပ်ပြုလုပ်ရှင်းလင်းပွဲသို့
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဝင်များ၊ MCPA စာမေးပွဲ
အောင်မြင်ထားသူများ၊ Network အခြေခံတတ်မြောက်ထားသူများ၊ Routing နှင့်
Switching စိတ်ပါဝင်စားသူများ မည်သူမဆိုတက်ရောက် လေ့ကျင့်နိုင်ကြောင်း
သိရသည်။ လက်တွေ့စမ်းသပ်သူ ၂၄ ဦးလက်ခံမည်ဖြစ်ပြီး ဒီဇင်ဘာ ၁၁ ရက်ညနေ ၃
နာရီနောက်ဆုံးထားကာ စာရင်းပေးသွင်းရမည်ဖြစ်သည်။ အသေးစိတ်
အချက်အလက်များကို မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ဖုန်း - 652275
သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းသိရသည်။
(10-12-2010)
Source : Internet Journal