STI မှ Effective Communication in Today’s Business World”
အလုပ်ရုံဆွေးနွေးပွဲကျင်းပမည်
လူ့အဖွဲ့အစည်းနှင့် စီးပွားရေးအဖွဲ့အစည်းများအကြား
ပြောဆိုဆက်သွယ်ခြင်းသည် လူတစ်ဦးချင်းစီ၏ အရေးပါသော အခန်းကဏ္ဍတစ်ရပ်
ဖြစ်ပါသည်။ သို့ရာတွင် ပြောဆိုဆက်သွယ်မှုပညာကို လူနည်းစုသာ ကျွမ်းကျင်၍
အများစုမှာ ကျွမ်းကျင်မှုအားနည်း၍ လုပ်ဆောင်ချက်များအောင်မြင်မှု မရရှိကြပေ။
အောင်မြင်မှုရရှိရေးအတွက် ယင်းပညာရပ်သည် သင်ယူလေ့ကျင့်နိုင်သည့်
ပညာရပ်တစ်ခုဖြစ်ပေသည်။ ယနေ့နည်းပညာများတိုးတက် ပြောင်းလဲလျှက်ရှိရာ
အဖွဲ့အစည်းများ ကိုယ်စားပြုသည့် ညှိုနှိုင်းပြောဆို ဆက်သွယ်ရေးသည်
ပို၍ပင်အရေးပါလျှက်ရှိကြောင်း သက်သေထူလျှက်ရှိပါသည်။ ပြောဆိုဆက်ဆံသူများ
အနေနှင့် ထိရောက်စွာ အပြုသဘောဆောင်၍ ဆက်ဆံနိုင်ရန် အရေးကြီးပါသည်။
ယင်းသို့ဆက်သွယ်ရာတွင် အခြေအနေအမျိုးမျိုးအပေါ်မူတည်၍ မဟာဗျူဟာများ
ကွာခြားလျှက်ရှိရာ ကြိုတင်၍ အစီအစဉ်ရေးဆွဲ လေ့ကျင့်မှသာ
အောင်မြင်နိုင်ပေသည်။ STI မှ ပြည်တွင်း၊ ပြည်ပ ပညာရှင်များမှ ဦးစီး၍
“ထိရောက်မှန်ကန် ဆက်ဆံရာ ယနေ့စီးပွားရေးကမ္ဘာ” “Effective Communication in
Today’s Business World” အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို (၁၈/၁၉-၁၂-၂၀၁၀)
စနေ၊ တနင်္ဂနွေနေ့များ တွင် STI Education ရှိရာ အဆောင်(၄)၊ အခန်း(၇)၊
Myanmar Info-Tech ၊ လှိုင်မြို့နယ်၌ ကျင်းပမည် ဖြစ်ကြောင်း သိရှိရသည်။
ယင်းအလုပ်ရုံဆွေးနွေးပွဲ၌ စီးပွားရေးဆိုင်ရာ ဆက်သွယ်ပြောဆိုမှုတွင်
နည်းပညာရပ် ၏ အခန်းကဏ္ဍ၊ ဆက်သွယ်ပြောဆိုမှုဆိုင်ရာ ဥပဒေသများနှင့်
ဖြစ်စဉ်များ၊ ထိရောက်မှုမရှိသည့် ဆက်သွယ်ပြောဆိုမှု၏ အကြောင်းအရင်းများ၊
စီးပွားရေးဆိုင်ရာ ရေးသားမှုများနှင့် ရေးသားရမည့် ၀ါကျတည်ဆောက်ပုံ
နည်းစနစ်များ၊ စီးပွားရေးရာရေးသားမှုတွင် ပါဝင်တတ်သည့်အမှားများ၊
အဖွဲ့အစည်းအတွင်း ထိရောက်စွာ Presentation လုပ်ဆောင်ရေး၊ နည်းစနစ်တို့ကို
ဆွေးနွေးမည်ဖြစ်ကြောင်း သိရှိရသည်။ ယင်းအလုပ်ရုံဆွေးနွေးပွဲ
တက်ရောက်ခြင်းဖြင့် Presentation နှင့် Meeting များတွင် ထိရောက်စွာ
ပြောဆို နားထောင်ခြင်း ဆိုင်ရာ နည်းနာနိသျှည်းများ၊ စီးပွားရေးရာ
ရေးသားမှုများနှင့် စေ့စပ်ဆွေးနွေးခြင်း၊ စည်းရုံးသိမ်းသွင်းခြင်းများ
အောင်မြင်စွာလုပ်ဆောင်နိုင်ပုံ နည်းစနစ်များ၊ E-mail အသုံးပြုရာတွင်
သတိပြုရမည့်အချက်များ၊ ကြိုတင်ပြင်ဆင်ရန်လိုအပ်ချက်များ၊
မိမိတို့၏ဆက်သွယ်ရေး စာတို၊စာရှည် စာတမ်းများအား ရှင်းလင်း ပြေပြစ်
ထိရောက်စွာ ရေးသားနည်းတို့ တတ်မြောက်မည်ဖြစ်ကြောင်း သိရှိရသည်။ သို့ဖြစ်ပါ၍
စိတ်ပါဝင်စားသူ မည်သူမဆို STI Education တည်ရှိရာ အဆောင် (၄)၊ အခန်း(၇)၊
Myanmar Info-Tech, Hlaing Campus လှိုင်မြို့နယ်သို့လည်းကောင်း၊ အမှတ်
(၃၇၇) ရွှေဘုံသာ(အထက်)လမ်း ပန်းဘဲတန်းမြို့နယ် သို့လည်းကောင်း၊
တယ်လီဖုန်း-၂၅၀၀၅၆၊ ၇၀၀၂၇၃၊ ၅၀၇၁၅၂၊ ၅၀၇၀၄၈၊ ၅၀၇၁၅၁ များ၌ ဆက်သွယ်စုံစမ်း၍
လက်မှတ်ဝယ်ယူနိုင်ကြောင်းသိရသည်။
(14-12-2010)
Source : Ko Lin (Myanmar Training)
STI မှ “ Fundamentals of Business Presentation Sills”
အလုပ်ရုံဆွေးနွေးပွဲကျင်းပမည်
.
လူ့အဖွဲ့အစည်းနှင့် စီးပွားရေးအဖွဲ့အစည်းများအကြား
ပြောဆိုဆက်သွယ်ခြင်းသည် လူတစ်ဦး၏ အရေးပါသော အခန်းကဏ္ဍတစ်ရပ် ဖြစ်ပါတယ်။
သို့ရာတွင် ပြောဆိုဆက်သွယ်မှုပညာကို လူနည်းစုသာ ကျွမ်းကျင်၍ အများစုမှာ
ကျွမ်းကျင်မှုအားနည်း၍ လုပ်ဆောင်ချက်များအောင်မြင်မှု မရှိကြပေ။
အောင်မြင်မှုရှိရေးအတွက် ယင်းပညာရပ်သည် သင်ယူလေ့ကျင့်နိုင်သည့်
ပညာရပ်တစ်ခုဖြစ်ပေသည်။ ယနေ့နည်းပညာများတိုးတက် ပြောင်းလဲလျှက်ရှိရာ
အဖွဲ့အစည်းများ ကိုယ်စားပြုသည့် ညှိနှိုင်းပြောဆိုဆက်သွယ်ရေးသည်
ပို၍ပင်အရေးပါလျှက်ရှိကြောင်း သက်သေထူလျှက်ရှိပါသည်။ ပြောဆို ဆက်ဆံသူများ
အနေနှင့် ထိရောက်စွာ အပြုသဘောဆောင်၍ ဆက်ဆံနိုင်ရန် အရေးကြီးပါသည်။
ယင်းသို့ဆက်သွယ်ရာတွင် အခြေအနေအမျိုးမျိုးပေါ်မူတည်၍ မဟာဗျူဟာများ
ကွာခြားလျှက်ရှိရာ ကြိုတင်၍ အစီအစဉ်ရေးဆွဲလေ့ကျင့်မှသာ
အောင်မြင်နိုင်ပေသည်။ STI မှ ပြည်တွင်းပြည်ပပညာရှင်များမှ ဦးစီး၍
စီးပွားရေးရာ စေ့စပ် ဆက်သွယ် ပြောဆိုမှုစွမ်းရည်များ
အရည်အသွေးမြင့်မားစေနိုင်မည့် နည်းလမ်းကောင်းများပါဝင်သည့် “Fundamentals
of Business Presentation Skills” အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို
(၁၈/၁၉-၁၂-၂ဝ၁ဝ) စနေ၊ တနင်္ဂနွေနေ့များ တွင် STI Education တည်ရှိရာ အဆောင်
(၄) ၊ အခန်း (၇) ၊ Myanmar Info-Tech ၊ လှိုင်မြို့နယ်၌
ကျင်းပမည်ဖြစ်ကြောင်းသိရှိရသည်။ ယင်းအလုပ်ရုံဆွေးနွေးပွဲ၌
စီးပွားရေးဆိုင်ရာ ဆက်သွယ်ပြောဆိုမှုတွင် နည်းပညာရပ်၏ အခန်းကဏ္ဍ ၊
ဆက်သွယ်ပြောဆိုမှုဆိုင်ရာ ဥပဒေသများနှင့် ဖြစ်စဉ်များ ၊ ထိရောက်မှုမရှိသည့်
ဆက်သွယ်ပြောဆိုမှု၏ အကြောင်းအရင်းများ ၊ စီးပွားရေးဆိုင်ရာ
ရေးသားမှုများနှင့် ရေးသားရမည့် ဝါကျတည်ဆောက်ပုံနည်းစနစ်များ ၊
စီးပွားရေးရာရေးသားမှုတွင် ပါဝင်တတ်သည့်အမှားများ ၊ အဖွဲ့အစည်းအတွင်း
ထိရောက်စွာ Presentation လုပ်ဆောင်ရေး၊ နည်းစနစ်တို့ကို
ဆွေးနွေးမည်ဖြစ်ကြောင်းသိရှိရသည်။
ယင်းအလုပ်ရုံဆွေးနွေးပွဲတက်ရောက်ခြင်းဖြင့် Presentation နှင့် Meeting
များတွင် ထိရောက်စွာ ပြောဆိုနားထောင်ခြင်းဆိုင်ရာ နည်းနာနိသျှည်းများ ၊
စီးပွားရေးရာ ရေးသားမှုများနှင့် စေ့စပ်ဆွေးနွေးခြင်း ၊
စည်းရုံးသိမ်းသွင်းခြင်းများ အောင်မြင်စွာလုပ်ဆောင်နိုင်ပုံ နည်းစနစ်များ၊
E-mail အသုံးပြုရာတွင် သတိပြုရမည့်အချက်များ၊
ကြိုတင်ပြင်ဆင်ရန်လိုအပ်ချက်များ၊ မိမိတို့၏ ဆက်သွယ်ရေး စာတို၊ စာရှည်
စာတမ်းများအား ရှင်းလင်းပြေပြစ်ထိရောက်စွာ ရေးသားနည်းတို့
တတ်မြောက်မည်ဖြစ်ကြောင်း သိရှိရသည်။ သို့ဖြစ်ပါ၍ စိတ်ပါဝင်စားသူ မည်သူမဆို
STI Education တည်ရှိရာ အဆောင် (၄) ၊ အခန်း (၇) ၊ Myanmar Info-Tech,
Hlaing Campus လှိုင်မြို့နယ်သို့လည်းကောင်း ၊ အမှတ် (၃၇၇) ၊ ရွှေဘုံသာ
(အထက်) လမ်း ၊ ပန်းဘဲတန်းမြို့နယ် သို့လည်းကောင်း ၊ တယ်လီဖုန်း - ၂၅ဝဝ၅၆ ၊
၇ဝဝ၂၇၃ ၊ ၅ဝ၇ဝ၄၈ ၊ ၅ဝ၇၁၅၁ များ၌ ဆက်သွယ်စုံစမ်း၍
လက်မှတ်ဝယ်ယူနိုင်ကြောင်းသိရသည်။
(14-12-2010)
Source : Ko Lin (Myanmar Training)
AUSTRALIAN EDUCATION WEEK@YIUS
.
.
.
.
.
.
.
.
.
.
.
.
.
.
.
Date : 20th to 24 th December
Time : 10 am
- 3 pm
Place :
Bldg 7, Rm 4, Myanmar Info-Tech, Hlaing University Campus, Hlaing
Tsp, Yangon.
အခြေခံပညာအထက်တန်း (သို့) အောင်မြင်ပြီးသူတိုင်း
သြစတြေးလျနိုင်ငံအသိအမှတ်ပြု တက္ကသိုလ်ဝင်ခွင့်သင်တန်း Australian
Foundation Course & Pre-University English Courses ကို
မြန်မာနိုင်ငံရှိ YIUS ကျောင်းတွင် January 2011 မှစ၍
တက်ရောက်နိုင်ပြီဟု သိရပါသည်။ ဤသင်တန်းသည် Australia နိုင်ငံ၏ ၁၂ တန်း
(သို့) GCE “A” Level နှင့် ညီမျှသောသင်တန်းဖြစ်သည့်အပြင် Australia
နိုင်ငံတကာအသိအမှတ်ပြု တက္ကသိုလ်ဝင်ခွင့်သင်တန်းဖြစ်ပြီး Interactive
Course Management System ဖြင့် Local & English Native Teacher များမှ
သင်ကြားပေးသောကြောင့် Critical Thinking Skill ကို
ပိုမိုတိုးတက်စေပါသည်။ မိမိနှစ်သက်ရာ Business, Engineering & IT
အစရှိသည့် ဘာသာရပ်များကို အချိန်တိုတို ကုန်ကျစရိတ် သက်သာစွာဖြင့်
တက်ရောက် အောင်မြင်ပြီးပါက နိုင်ငံတကာတက္ကသိုလ်များရှိ Diploma (သို့)
ပထမနှစ်သို့တိုက်ရိုက် တက်ရောက်နိုင်ပါသည်။ Australian Foundation
Course သို့တက်ရောက်ခွင့်ရရှိရန် Free English Placement Test
ကိုဖြေဆိုရမှာဖြစ်ပြီး အင်္ဂလိပ်စာ အရည်အချင်းပြည့်မှီပါက
တိုက်ရိုက်တက်ရောက်နိုင်၍ အင်္ဂလိပ်စာ အားနည်းနေသူများနှင့်
အင်္ဂလိပ်စာအရည်အသွေး ပိုမိုတိုးတက်လိုသူများ အတွက် Pre- University
English Course (Grammar & Vocabulary Development, Speaking,
Listening, Writing) Skills ကိုပါဖွင့်လှစ်သင်ကြားပေးလျှက်ရှိပါသည်။
အသေးစိတ်သိရှိလိုသူကျောင်းသားကျောင်းသူများ YIUS – Building 7, Room 4,
Myanmar Info-Tech, Hlaing University Campus, Yangon. Ph: 652 311,
652 297 (သို့) www.yiusmyanmar.org သို့ဆက်သွယ်စုံစမ်း
မေးမြန်းနိုင်ပါသည်။
(16-12-2010)
Source : Ko Lin (Myanmar Training)
မလေးရှားနိုင်ငံရှိ KDU University College ၏ ပညာရေးဆွေးနွေးပွဲ
. ..
.
.
.
.
.
.
.
Synergy Education မှ ကြီးမှူးကျင်းပသော မလေးရှားနိုင်ငံရှိ KDU
University College ၏ ပညာရေးဆွေးနွေးပွဲကို လာမည့် ဒီဇင်ဘာလ (၂၁) ရက်
(အင်္ဂါနေ့)၊ မနက် (၁၀)နာရီတွင် အမှတ်(၅၂၀/ D-1)၊ ရွှေဂုံတိုင်ရှိ Synergy
Education ရုံခန်းတွင်ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။
ထိုပညာရေးဆွေးနွေးပွဲတွင် KDU University College မှ မန်နေဂျာ Ms. Lin
Chooi Nee က အသေးစိတ် ရှင်းလင်းဆွေးနွေးပေးမည်ဖြစ်သည်။ KDU University
College မှ (၂၀၁၁) ခုနှစ် ဇန်နဝါရီတန်းခွဲတွင် တက်ရောက်မည့်
ကျောင်းသား၊ ကျောင်းသူများထဲမှ IGCSE နှင့် GCE 'A' Level တွင်
ထူးချွန်စွာ အောင်မြင်ထားသူများအား ပညာသင်ဆုများ
ချီးမြှင့်မည်ဖြစ်ပြီး အခြေခံပညာအထက်တန်း အောင်မြင်ထားသူများမှာလည်း
KDU ၏ Foundation ကို (၁)နှစ်တက်ပြီးပါက ရမှတ်များပေါ် မူတည်၍ Semester
တစ်ခု (သို့မဟုတ်) တစ်နှစ်စာကျောင်းလခ ကင်းလွတ်ခွင့်ပေးမည်ဖြစ်ကြောင်း
Synergy Education မှ သိရသည်။
KDU တက္ကသိုလ်ကောလိပ်တွင် သင်ကြားပေးလျက်ရှိသော Programme များမှာ
Engineering (Electrical & Electronic အထူးပြု/ Telecommunication &
Electronic အထူးပြု/ Communication & Electronic အထူးပြု), Business
(Business Management အထူးပြု/ Accounting အထူးပြု/ Finance အထူးပြု/
Economics အထူးပြု/ Marketing အထူးပြု/ Human Resource Management
အထူးပြု), Design, Hospitality, Tourism and Culinary Arts,
Information Technology, Law, Mass Communication, CAT & ACCA , GCE
‘A’ Level, Foundation, American Degree Transfer Program
စသည်တို့ဖြစ်ပါသည်။ အခြေခံပညာအထက်တန်း (သို့မဟုတ်) IGCSE
အောင်မြင်ထားသော ကျောင်းသား၊ ကျောင်းသူများ မှာ IELTS နှင့် TOEFL
အမှတ်များရှိရန်မလိုဘဲ Diploma နှင့် Foundation Programme များကို
တိုက်ရိုက်တက်ရောက်နိုင်ပါသည်။ Diploma Programme မှာ (၂) နှစ်ကြာမြင့်
ပါမည်။ Degree ဘွဲ့ကို တက်ရောက်လိုသူများ မှာ Foundation (၁)နှစ်ကို
ဦးစွာတက်ရောက်ပြီးမှ Degree ဘွဲ့ကို (၃)နှစ်ကြာ
ဆက်လက်သင်ကြားနိုင်ပါသည်။ KDU တက္ကသိုလ်ကောလိပ်သည် မလေးရှားနိုင်ငံရှိ
သက်တမ်းအရင့်ဆုံးနှင့် အကောင်းဆုံး တက္ကသိုလ်ကောလိပ် များထဲတွင်
တစ်ခုအပါအဝင်ဖြစ်ပါသည်။ KDU တက္ကသိုလ်ကောလိပ် သည် UK ရှိ University of
London, The University of Manchester, Keele University, Oxford
Brookes University, Northumbria University, Australia ရှိ The
University of New South Wales, UTAS, Murdoch University, Switzerland
ရှိ IMI University Center နှင့် US ရှိ Southwest Minnesota State
University များဖြင့် ချိတ်ဆက်ထားပြီး Certificate, Diploma, Degree
နှင့် Master Level များတွင် Program များစွာကို
သင်ကြားပို့ချပေးလျက်ရှိသည်။
KDU တက္ကသိုလ်ကောလိပ်တွင် Hospitality & Tourism သင်ကြားနေသော
ကျောင်းသား၊ ကျောင်းသူများအား အဆင့်မြင့်ဟိုတယ်ကြီးများ၎င်း၊ Mass
Communication သင်ကြားနေသူများအတွက် TV နှင့် Radio Station
ကြီးများတွင်၎င်း၊ IT တက်ရောက်နေသူများအား IT ကုမ္ပဏီကြီးများတွင်၎င်း၊
လက်တွေ့လုပ်ဆောင်ရသော (၆)လကြာ On Job Training ပါရှိခြင်းကြောင့်
လုပ်ငန်းခွင် အတွေ့အကြုံကောင်းများ ရရှိစေပါသည်။ နိုင်ငံတကာမှ
ကျောင်းသား၊ ကျောင်းသူများ နေရေးထိုင်ရေး အဆင်ပြေစေရန် KDU
တက္ကသိုလ်ကောလိပ်အနီးတွင် ကျောင်းဆောင်များ၊ ကွန်ဒိုများ
စီစဉ်ထားရှိသည့်အပြင် နေထိုင်ရာနေရာမှ တက္ကသိုလ်သို့
အခမဲ့ကြိုပို့ပေးသော Shuttle Bus များလဲ ရှိသဖြင့် သွားရေး၊ လာရေးတွင်
များစွာလွယ်ကူချောမွေ့စေပါသည်။ KDU တက္ကသိုလ်ကောလိပ် အကြောင်းကို
အသေးစိတ်သိရှိလိုသူများနှင့် ကျောင်းဝင်ခွင့်လျှောက်ထားလိုသူများ
အနေဖြင့် Synergy Education၊ ခြံအမှတ် (၅၂၀/ D-1)၊ ကမ္ဘာအေးဘုရားလမ်း၊
ရွှေဂုံတိုင် (Excel Tower အနောက်ဖက်)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း - ၅၅၈၄၂၈၊ ၅၅၈၃၀၇ (လိုင်းခွဲ - ၃၀၄)၊ ၀၉၅၅၀၄၉၃၁၊ E-mail:
synergyeducationgroup@gmail.com သို့ ဆက်သွယ်စုံစမ်း
ကျောင်းလျှောက်နိုင်ပါသည်။
(17-12-2010)
Source : Ko Lin (Myanmar Training)
Taylor's
University ၏ ပညာရေးဆွေးနွေးပွဲ
.
..
.
.
.
.
.
.
မလေးရှားနိုင်ငံရှိ Taylor's University ၏ ပညာရေးဆွေးနွေးပွဲကို လာမည့်
ဒီဇင်ဘာလ (၁၉) ရက်၊ တနင်္ဂနွေနေ့၊ မနက်(၁၀) နာရီ တွင် အမှတ်(၅၂၀/D-1)၊
ရွှေဂုံတိုင် ၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ရှိ
Synergy Education ရုံးခန်းတွင် ကျင်းပမည်ဖြစ်ပြီး Taylor's University
မှ မန်နေဂျာ Tan Yih Tang နှင့် Ms. Theresa Soh Peck Boon တို့က
အသေးစိတ် ရှင်းလင်းဆွေးနွေးပေးမည် ဖြစ်ကြောင်း သိရသည်။ Taylor's
University သည် မလေးရှားနိုင်ငံရှိ ထိပ်တန်းတက္ကသိုလ်ကောလိပ်များအနက်
တစ်ခု ဖြစ်ပြီး မလေးရှားနိုင်ငံရှိ MQA အဖွဲ့အစည်းမှ သတ်မှတ်ထားသည့်
Tier-5 အဆင့်ရှိ အကောင်းဆုံး တက္ကသိုလ်ကောလိပ် (၁၈)
ကျောင်းတွင်ပါဝင်သည်။ MQA (Malaysian Qualifications Agency) သည်
မလေးရှားနိုင်ငံ၏ အဆင့်မြင့်ပညာရေးကို မြှင့်တင်ရန်အတွက်
အစိုးရနှင့်ပုဂ္ဂလိကကောလိပ်၊တက္ကသိုလ်များ၏ အရည်အသွေးနှင့် အဆင့်အတန်းကို
မျက်ခြေမပြတ် သုံးသပ်နေသော ပညာရေးအဖွဲ့အစည်း ဖြစ်သည်။
Taylor's University တွင် ဘာသာရပ်များစွာအတွက် ဒီပလိုမာနှင့်
ဒီဂရီဘွဲ့များ သင်ကြားပေး လျက်ရှိသည်။ သင်ကြားပေးလျက်ရှိသော Course
များမှာ Medicine, Biomedical Science, Biotechnology, Engineering
(Mechanical အထူးပြု/ Electrical & Electronic အထူးပြု/ Chemical
အထူးပြု/), Architecture, Quantity Surveying, Business (Management
အထူးပြု/ Administration အထူးပြု/ International Business အထူးပြု/
Marketing အထူးပြု/ Accounting & Finance အထူးပြု/ Human Resource
Management အထူးပြု), Computer Science, Information Technology,
Communication (Media Management အထူးပြု/ Journalism အထူးပြု/ Media
Arts အထူးပြု), Hospitality & Tourism (Management အထူးပြု/ Culinary
Arts & Foodservice Management အထူးပြု/ Patisserie & Gastronomic
Cuisine အထူးပြု/ Events Management အထူးပြု/ Travel & Recreation
Management အထူးပြု), Design (Interior Design အထူးပြု/ Multimedia
Design အထူးပြု/ Graphic Communication Design အထူးပြု),
Pre-University (Cambridge A Levels/ Canadian Pre-University/
International Baccalaureate/ South Australian Matriculation/
Foundation) စသည်တို့ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ အခြေခံပညာ အထက်တန်း (သို့မဟုတ်) IGCSE / GCE 'O' Level
အောင်မြင်ထားသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဒီပလိုမာကို
တိုက်ရိုက်တက်ရောက်နိုင်သည်။ ဒီဂရီဘွဲ့ရယူလိုသော တက္ကသိုလ်ဝင်တန်း
အောင်ကျောင်းသားများမှာ မည်သည့်ဘာသာရပ်အတွက်မဆို Foundation (၁)
နှစ်ကို ဦးစွာ တက်ရောက်ရန် လိုသည်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်
ပျမ်းမျှအမှတ် (၈၀) ရာခိုင်နှုန်းနှင့်အထက်ရရှိသူများ၊ IGCSE / GCE 'O'
Level ၏ ဘာသာရပ်(၆) ခုလုံးတွင် Grade 'A' ရရှိထားသူများမှာ (၂၀၁၁)
ခုနှစ်၊ ဇန်နဝါရီ Intake အတွက် ချီးမြှင့်မည့် ပညာသင်ဆုများကို
လျှောက်ထားနိုင်သည်။ ထို့အပြင် Bristol MBA ၊ Master in Finance နှင့်
Master in Management စသည့်ဘွဲ့လွန်ဘာသာရပ်များအတွက်လည်း ပညာသင်ဆု(၂၀)
ရာခိုင်နှုန်း ချီးမြှင့်မည်ဖြစ်သည်။ Taylor's University ၏
ပညာရေးဆွေးနွေးပွဲသို့ တက်ရောက်လိုသူများ နှင့် ပညာသင်ဆုလျှောက်ထား
လိုသူများ အနေဖြင့် Synergy Education ဖုန်း - ၅၅၈ ၄၂၈၊ ၅၅၈ ၃၀၇
(လိုင်းခွဲ -၃၀၄) ၊ ၀၉၅၅၀ ၄၉၃၁များသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
(17-12-2010)
Source : Ko Lin (Myanmar Training)