Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font RSS RSS

Studying Abroad

Singapore

Malaysia

Australia

England

Thailand

Quiz Program

CREATiVE Web Studio မှ သင်တန်း တက်ရောက်ခွင့်
- Web Essential (1) ဦး
- Web Advanced (1) ဦး
- PHP Course (1) ဦး

SUBSCRIBE

Your Email:


Seminar » Special Talk

Star Resources မှ ကြီးမှုး၍ ပညာရေးဟောပြောပွဲကျင်းပမည်


                   Star Resources မှ ကြီးမှုး၍ ပညာရေးဆွေးနွေးပွဲ တစ်ရပ်ကို ဇန်နဝါရီ ၁၅ ရက် စနေနေ့တွင် ရန်ကုန်မြို့ ဆူးလေဘုရားလမ်းပေါ်ရှိ Traders Hotel တွင်နံနက် ၁၀ နာရီတွင် လည်းကောင်း၊ ဇန်နဝါရီ ၁၆ ရက်နေ့ တနင်္ဂနွေနေ့တွင် မန္တလေးမြို့ Sedona Hotel တွင်နံနက် ၁၀ နာရီတွင်လည်းကောင်း အသီးသီးကျင်းပသွားမည်ဖြစ်ကြောင်း သိရပါသည်။ နိုင်ငံတကာ ဟိုတယ်လုပ်ငန်းများမှာ ဝင်ရောက်လုပ်ကိုင်ဖို့ စိတ်ဝင်စားသူများ အနေဖြင့် သိရှိထားသင့်သည့် Quality to work Internationality with International Qualifications ခေါင်းစဉ်ဖြင့် ဟောပြောခြင်းကို London Hotel School College မှကျောင်းအုပ်ကြီး Mr. Roderick Hardingham ကိုယ်တိုင်လာရောက် ဆွေးနွေးဟောပြောမည်ဖြစ်သည်။ ဤပညာရေးဆွေးနွေးပွဲကို စိတ်ပါဝင်စား၍ တက်ရောက်လိုသူတိုင်း ရန်ကုန်မြို့ရှိ Star Resources Hospitality Management Academy သင်တန်းရှိ ရာ ဖုန်း- ၅၂၃၂၀၀၊ ၄၄၁၂၂၅၆ နှင့် ၀၉ ၅၀၂၀၃၀၂ သို့ဆက်သွယ် ကြိုတင် စာရင်းပေးသွင်း နိုင်ပြီး ပညာရေးဆွေးနွေးပွဲသို့ (အခမဲ့) တက်ရောက်နိုင်ကြောင်းသိရပါသည်။









 

(22-12-2010)
Source : Opportunity Journal


မိဘ၊ ဆရာ၊ ကျောင်းသားလူငယ်များ ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ ပညာရေးဟောပြောပွဲ ..

         Academy of Medical Science, Engineering & Management Education Service & Training Centre
                   အမှတ်(၂၀၂)၊ A-3၊ ဒု-ထပ် (ညာ)၊ အနော်ရထာလမ်းနှင့် ဘုန်းကြီးလမ်းထောင့် ၊ လမ်းမတော် ၊ ရန်ကုန်။

မိဘ၊ ဆရာ၊ ကျောင်းသား၊ ပညာရေးသုတစုပေါင်း ကျောင်းသား အနာဂတ်ကောင်း “ နိုင်ငံတကာပညာရေးကို ပြည်တွင်းပြည်ပတွင် ထူးချွန်စွာ သင်ယူနိုင်ရန်၊ အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ပိုင်ဆိုင်နိုင်ရန်နှင့် ခိုင်မာသော ဘ၀အာမခံချက် ရရှိနိုင်ရန်အတွက် မိဘ၊ ဆရာ၊ ကျောင်းသားလူငယ်များ ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ ပညာရေးဟောပြောပွဲ”

  •  ပါဝင်မည့်အကြောင်းအရာများ

                - လက်ရှိပြည်ပနိုင်ငံများတွင် Dr Nyan Lin နှင့် မိဘအုပ်ထိန်းသူများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် Advanced Diploma, Bachelor, Master
                  ဘွဲ့များရရှိပြီး နာမည်ကြီး ကုမ်္ပဏီကြီးများတွင် အလုပ်အကိုင်ကောင်းများ ရရှိပိုင်ဆိုင်နေကြသော ကျောင်းသားလူငယ်များ၏ ထူးချွန်အောင်မြင်မှု
                  နည်းလမ်းကောင်းများ။
               -  လက်ရှိ ပြည်ပနိုင်ငံများတွင် ပညာရပ်ဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်း များစွာဖြင့် ထူးချွန် အောင်မြင်နေကြသော ကျောင်းသားလူငယ်များ
                  အပေါ် မိဘအုပ်ထိန်းသူတို့၏ ပူးပေါင်းပံ့ပိုးမှု နည်းလမ်းကောင်းများ။
               -  နိုင်ငံတကာ သင်ကြားရေးနည်းစနစ်များဖြင့် လက်ရှိပြည်ပနိုင်ငံများမှ ကျောင်းသားများ၏ အားသာချက်၊ အားနည်းချက်အပေါ် နှစ်များစွာ
                   ကိုယ်တိုင်သုတေသနပြုနေသည့် Dr Nyan Lin နှင့် ဆရာများ၏ ပူးပေါင်းဆောင်ရွက်လျက်ရှိသော နည်းလမ်းကောင်းများ။
               -  မိမိစိတ်ဝင်စားသည့် ဘာသာရပ်ရွေးချယ်ပုံနှင့် ယင်းနှင့်ကိုက်ညီမည့် အလုပ်အကိုင်ကောင်းများ ပြည်တွင်းပြည်ပတွင် ရရှိနိုင်ရန်
                   နည်းလမ်းကောင်းများ။
               -  ယနေ့လူငယ်၊ လူရွယ်၊ လူကြီးအားလုံး စိတ်ပါဝင်စားသော (International English 4-Skills) နှင့်အပြည်ပြည်ဆိုင်ရာ လူမှုဆက်ဆံရေးများ
                   လေ့လာသိရှိနိုင်ရန် နည်းလမ်းကောင်းများ။

 

  • ဟောပြောမည့်ပုဂ်္ဂိုလ်

                  Dr Nyan Lin PhD.MSc, PGD (Medical Electronics & Physics), London (UK နိုင်ငံတွင် နှစ်များစွာ ပညာသင်ကြားခဲ့ပြီး မြန်မာကျောင်းသား၊
                  နိုင်ငံတကာကျောင်းသားများအား ကိုယ်တိုင်သင်ကြား ပို့ချ၊ စာမေးပွဲများ စစ်ဆေးပေးနေသော အတွေ့အကြုံများစွာရှိသူ၊ သုတေသနပညာရှင်)
     

  • အထူးအစီအစဉ်
     
                UK နိုင်ငံ၊ လန်ဒန်မြို့တွင် နှစ်များစွာပညာဆည်းပူးပြီး GCE ကို လက်ရှိ သင်ယူနေသော ကျောင်းသူ Miss Lin မှ ကိုယ်တွေ့    ...
               ပညာရေးဆည်းပူးပုံ၊ ဘာသာရပ်ဆိုင်ရာဆရာများ, အတိုင်ပင်ခံ ဆရာများ, ကျောင်းအုပ်ဆရာ, ဆရာမကြီးများနှင့် ကျောင်းသားအချင်းချင်း
               ပေါင်းသင်းဆက်ဆံ ပြောဆို နေထိုင်ပုံများ၊ ကျောင်းချိန်ပြင်ပတွင် အင်္ဂလိပ်လူမျိုးအပါအ၀င် နိုင်ငံအသီးသီးမှ လူမျိုးပေါင်းစုံတို့နှင့်
               နေ့စဉ်ပြောဆိုနေထိုင်ပုံ ဗဟုသုတများစွာကို အသေးစိတ် ရှင်းလင်းမျှဝေပေးပါမည်။

    အခမဲ့ပညာရေးဟောပြောပွဲ


    နေ့ရက်း ၂၆-၁၂- ၂၀၁၀ (တနင်္ဂနွေ)
    အချိန်း နေ့လည် ၂နာရီမှ ၄နာရီ အထိ
    နေရား အစည်းအဝေးခန်းမ၊ ဂရင်းမီးရထားဟိုတယ် အမှတ် ၃၂၇၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။

    ကြိုတင်စာရင်းပေးသွင်းရန်
    Tel : 01-73039050, 01-571921





     

(23-12-2010)
Source : Ko Lin (Myanmar Training)


      Interactive Media ဘာသာရပ်အကြောင်းနှင့် စင်ကာပူပညာရေးအကြောင်း ပညာရေးဆွေးနွေးပွဲပြုလုပ်မည် . .   . . . .    . . 

. . . .  .    .  .    .       

UK မှ ပေးအပ်ချီးမြှင့်မည့် UK (BTEC) Higher National Diploma in Interactive Media နှင့် ပတ်သက်သည့် အချက်အလက်အကြောင်းအရာများနှင့် စင်ကာပူ ပညာရေးအကြောင်းရှင်းလင်းဆွေးနွေးမည့် ပညာရေးဆွေးနွေးပွဲကို ၂ဝ၁၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက် နံနက် ၁ဝ နာရီမှ နေ့လယ် ၁၂ နာရီ အထိ OESC Seminar Room တွင်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါပညာရေးဆွေးနွေးပွဲတွင် Diploma in Interactive Media တွင် သင်ကြားရမည့် ဘာသာရပ်များ၊ သင်ကြားပုံသင်ကြားနည်းများ၊ ကျောင်းပြီးလျှင် ရရှိနိုင်မည့် အလုပ်အကိုင် အခွင့်အလမ်းများ၊ ကျောင်းတက်လျှင်ကုန်ကျမည့် ကုန်ကျစရိတ်များနှင့် ပတ်သက်၍ အဓိကရှင်းလင်း ဆွေးနွေးသွားမည် ဖြစ်သည်။ ထို့ပြင် စင်ကာပူနိုင်ငံ၏ လက်ရှိပညာရေးသတင်းအချက်အလက်များအပြင် စင်ကာပူတွင် ကျောင်းပြီးပါက အင်္ဂလန်၊ အမေရိကန်နှင့် သြစတြေးလျနိုင်ငံများတွင် Bachelor Degree ကို တစ်နှစ်သာတက်ရောက်ရမည့် တက္ကသိုလ်များအကြောင်းကိုလည်း တစ်ဆက်တည်းပြောကြားသွားမည်ဖြစ်ကြောင်းသိရသည်။ ဆက်လက်၍ ဆွေးနွေးပွဲတွင် အထူးအစီအစဉ်အနေဖြင့် Discount ပေးမည့် အစီအစဉ်လည်း ပါဝင်မည်ဖြစ်ကာ ကျောင်းသား ကျောင်းသူများနှင့် မိဘများမှ သိရှိလိုသည့်များကိုလည်း ရှင်းလင်းဖြေကြား သွားမည်ဖြစ်ကြောင်းသိရသည်။ ဆွေးနွေးပွဲ တက်ရောက်လိုသူများ အနေဖြင့် OESC ဖုန်း - 519 092 ၊ 7309 4060 ၊ 09-508 6819 တွင် စာရင်းပေးသွင်း တက်ရောက်နိုင်မည်ဖြစ်သည်။






 

(28-12-2010)
Source : Internet Journal


            London Hotel School College မှ ဟော်တယ်လုပ်ငန်းနှင့် ပတ်သက်၍ ပညာရေးဆွေးနွေးပွဲပြုလုပ်မည် .  .. .  . .  .  .    . . 

London Hotel School College မှ ဟော်တယ်လုပ်ငန်းနှင့် ပတ်သက်၍ ပညာရေးဆွေးနွေးပွဲ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း ပူးပေါင်းဆောင်ရွက်သည့် Star Resources မှသိရသည်။ အဆိုပါ ပညာရေးဆွေးနွေးပွဲတွင် London Hotel School College မှ ကျောင်းအုပ် Mr.Roderick Hardingham ကိုယ်တိုင်လာရောက် ဆွေးနွေးမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါပညာရေးဆွေးနွေးပွဲကို ရန်ကုန်မြို့ နှင့် မန္ဆလေးမြို့တို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ပညာရေးဆွေးနွေးပွဲတွင် Qualify to work internationally with international qualifications ခေါင်းစဉ်ဖြင့်ပြုလုပ်မည်ဖြစ်ပြီး နိုင်ငံတကာ ဟော်တယ်လုပ်ငန်းများကို ဝင်ရောက်လုပ်ကိုင်လိုသူများ တက်ရောက်သင့်သည့် ပညာရေးဆွေးနွေးပွဲ တစ်ရပ်ဖြစ်သည်။ အဆိုပါ ပညာရေးဆွေးနွေးပွဲ၌ 5 Star Hotels ကြီးများတွင် ရရှိနိုင်သည့် လုပ်ငန်းအတွေ့အကြုံများ၊ ကျောင်းလခ အရစ်ကျပေးသွင်းခွင့်များ၊ ရရှိနိုင်သည့် ဘွဲ့များ၊ College အတွင်း နေထိုင်ခွင့်များ၊ အခမဲ့ရရှိနိုင်သည့် ဆေးကုသခွင့်အရပ်ရပ်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါပညာရေးဆွေးနွေးပွဲကို ရန်ကုန်မြို့တွင် ဇန်နဝါရီလ ၁၅ ရက်၌ Traders Hotel၊ ၁၆ ရက် တွင် မန္တလေးမြို့ Sedona Hotel ၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။ ပညာရေးဆွေးနွေးပွဲ တက်ရောက်လိုသူများအနေ Star Resources Hospitality Management Academy ဖုန်း - 523 200၊ 4412 256 သို့ဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိုင်မည်ဖြစ်ကြောင်းသိရသည်။



 

 

 

 


 

(28-12-2010)
Source : Internet Journal

 


             ICT-Laboratory “Software Testing Workshop” ခေါင်းစဉ်ဖြင့် လက်တွေ့စမ်းသပ်ပြုလုပ်မည် . . ..   . .  .  .    . . 

 

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA) သည် အသင်းသားများ၏ ICT ပညာရပ်ဆိုင်ရာ လက်တွေ့ လေ့လာ မှုများအား အထောက်အကူပြုနိုင်ရန် အတွက် လစဉ် LAB Schedule များရေးဆွဲ၍ လက်တွေ့လုပ်ဆောင်မှုများကို ဆောင်ရွက် ပေးလျက်ရှိပါသည်။ ဇန်နဝါရီလ (၈) ရက်တွင် နေ့လည် ၁းဝဝ နာရီမှ ၅းဝဝ နာရီအထိ “Software Testing Workshop” ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အလုပ်အမှုဆောင် ဦးအောင်အောင်မှ လက်တွေ့ သရုပ်ပြသွားမည် ဖြစ်သည်။ ဆရာဦးအောင်အောင်သည် Microsoft Co.,Ltd. ၏ Software Testing Field တွင် Software Developer အဖြစ် ၈ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သော ကွန်ပျူတာပညာရှင်တစ်ဦးဖြစ်ပြီး သူ၏ အတွေ့အကြုံများကို အခြေခံ၍ ယခု Workshop ကို လက်တွေ့ စမ်းသပ် ပြုလုပ်သွားမည် ဖြစ်ပါသည်။ Software Testing ကို နားလည်လိုသူများ၊ Software Testing ကို လုပ်ငန်းခွင်တွင် Professional အနေဖြင့် လိုက်စားလိုသူများ၊ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းဝင်များ၊ MCPA စာမေးပွဲ အောင်မြင်ထားသူများနှင့် Computer Program ပညာလေ့လာနေသူများ၊ စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်လေ့ကျင့်နိုင်ပြီး ဇန်နဝါရီလ (၇) ရက်နေ့ ညနေ (၃းဝဝ) နာရီ နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်သည်။ လက်တွေ့စမ်းသပ်သူ (၂၄) ဦး လက်ခံမည် ဖြစ်ပြီး အသေးစိတ်သိရှိ လိုပါက မြန်မာအင်ဖိုတက်ခ်ရှိ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင် (၄)၊ အခန်း(၄)၊ ဖုန်း-၆၅၂၂၇၆၊ ၇၃၀၈၈၃၀၀ သို့ ဆက်သွယ်စုံစမ်းနိုင်သည်။





 

 

           

        
 

(7-1-2011)
Source : Ko Lin (Myanmar Training)

 
   

    ››Do and Don't      ›› Categories       ›› A to Z listing       ›› International Exam       ›› Questions & Answers       ›› Studying Abroad       ›› Cyber Cafe List
    ›› Scholarship       ›› Seminar       ›› Download       ›› News       ›› Quiz Program       ›› Contact Us       ›› Video program New!

Advertising Programs - Business Solutions - About Myanmartraining

© 2009 MyanmarTraining.com. All rights reserved.

Total Hits :  counter stats