Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font RSS RSS

Studying Abroad

Singapore

Malaysia

Australia

England

Thailand

Quiz Program

CREATiVE Web Studio မှ သင်တန်း တက်ရောက်ခွင့်
- Web Essential (1) ဦး
- Web Advanced (1) ဦး
- PHP Course (1) ဦး

SUBSCRIBE

Your Email:


Seminar » Special Talk

Coventry University ၏အင်ဂျင်နီယာ (Hons) နှင့် မဟာအင်ဂျင်နီယာဘွဲ့ရယူနိုင်မည့် လမ်းကြောင်းများမိတ်ဆက်ပွဲနှင့် စာရေးဆရာအော်ပီကျယ်၏ “ ဟားဗတ်မှာတွေးမိသမျှ ” ခေါင်းစဉ်ဖြင့်ဟောပြောပွဲကျင်းပမည်


                   Coventry University ၏ အင်ဂျင်နီယာဘွဲ့နှင့် မဟာအင်ဂျင်နီယာဘွဲ့ရယူနိုင်မည့် အစီအစဉ်များကို GALLANT သင်တန်းကျောင်းမှ Programm (3) ခုခွဲ၍ စီစဉ်ပေးမှာဖြစ်ပါသည်။ ဆယ်တန်းအောင်မြင်ပြီးအဆင့်ဖြင့် အင်ဂျင်နီယာဘွဲ့ BA (Hons) ရယူနိုင်မည့် Programm (1) နှင့် BE, AGTI, B.Tech နှင့် City & Guilds ဘွဲ့ ဒီပလိုမာရရှိထားပြီး Coventry University ၏ BE (Hons) ကို အချိန်အတိုဆုံးဖြင့် ဘာသာရပ် ကင်းလွတ်ခွင့်များ တက်ရောက်မည့် (Exemption Case) အတွက် Programm (2) ဖြစ်ပြီး၊ အင်ဂျင်နီယာပညာရပ်ကို Technical Skills အပြင် Management Skills များဖြင့် ပေါင်းစပ်ပြီး သိမြင်လိုသူများ၊ Engineering Management Roles မျှော်မှန်းသူများအတွက် Post Graduate Diploma နှင့် Master of Business Administration in Engineering (MBA) အတွက် Program (3) ဖြစ်ပြီး BE, AGTI နှင့် City & Guilds အင်ဂျင်နီယာဘွဲ့၊ ဒီပလိုမာရရှိပြီးသူများမှာ တို့တက်ရောက်နိုင်မည့် လမ်းကြောင်းများကို မိတ်ဆက်တင်ပြ ပေးသွားမှာဖြစ်ပါသည်။ Coventry University ၏ အင်ဂျင်နီယာပညာရပ်များကို စင်္ကာပူနိုင်ငံရှိ Auston Institute တွင်တက်ရောက်မှာဖြစ်ပါသည်။ Auston Institute သို့ကျောင်းတက်ရောက်ရန် ဝန်ဆောင်မှု့ကို GALLANT Training Centre မှ Smart Resources စင်္ကာပူပညာရေးအတိုင်ပင်ခံ အေဂျင်စီမှ တဆင့် ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ Auston Institute ကျောင်း၏ တည်နေရာမှာ စင်္ကာပူနိုင်ငံ၏ သွားလာရေးလွယ်ကူသော နေရာတွင်တည်ရှိခြင်း၊ စင်္ကာပူနိုင်ငံပညာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ပညာရေးအတွက် အာမခံလက်မှတ်များ၊ နိုင်ငံတကာအဆင့်သတ်မှတ် နှုန်းလက်မှတ်များ ရရှိထားသည့် ကျောင်းဖြစ်ပါသည်။ Coventry University ၏ အင်ဂျင်နီယာပညာရပ်များ မိတ်ဆက်ပွဲအခမ်းအနား၌ စာရေးဆရာ အော်ပီကျယ်မှ “ ဟားဗတ်မှာတွေးမိသမျှ” ခေါင်းစဉ်ဖြင့် အနာဂတ်ပညာရေးအတွက် လျှောက်လှမ်းကြမည့် လူငယ်များ အတွက် ဗဟုသုတရရှိစေရန် ဟောပြောပေးမှာဖြစ်ပါတယ်။ ထိုအခမ်းအနားကို (၁၃.၁.၂၀၁၀) ကြာသပတေးနေ့၊ နံနက် (၉း၀၀) နာရီမှ စတင်ပြီး International Business Centre (IBC) ပြည်လမ်း၊ (၆) မိုင်ခွဲ၊ လှိုင်မြို့နယ်တွင် ကျင်းပမည် ဖြစ်ပါသည်။ အခမ်းအနားကို ဆယ်တန်းအောင်မြင်ပြီးအဆင့် ကျောင်းသား/သူများ မြန်မာအင်ဂျင်နီယာလူငယ်များ၊ ကျောင်းသားမိဘများနှင့် စိတ်ပါဝင်စားသူ မည်သူမဆိုတက်ရောက်နိုင်ပြီး ကြိုတင်စာရင်းပေးသွင်းလိုပါက GALLANT Training Centre ဖုန်း - ၇၃၀၃၂၆၇၀ ၊ ၅၃၉၄၀၃ ၊ ၀၉၅၁၂၈၀၂၆ သို့စာရင်းပေးသွင်း နိုင်ပါသည်။





 

(7-1-2011)
Source : Ko Lin (Myanmar Training)


စင်္ကာပူအစိုးရတက္ကသိုလ်တစ်ခုဖြစ်သော Nanyang Technological University မှ မာစတာ ပရိုဂရမ်များ လျှောက်ထားခြင်း နှင့် ၀င်ခွင့်အကြောင်းရှင်းလင်းမည် . ..

         နန်းယန်းတက္ကနော်လောဂျီယူနီဗာစတီဟာ စင်္ကာပူအစိုးရတက္ကသိုလ်တစ်ခုဖြစ်ပြီး ၂၀၁၁ သြဂုတ်လ စာသင်နှစ်အတွက်၊ ဘွဲလွန်သင်တန်းတွေကို စတင်လျှောက်ထားနိုင်ပြီး ၀င်ခွင့်နဲ့ပတ်သက်လို့ အသေးစိတ် အချက်အလက်များကို ဇန်န၀ါရီ (၁၅) ရက် မနက် (၁၀) နာရီက (၁၁)နာရီအထိ CROWN Education ရုံးခန်း မှာရှင်းလင်းပြောကြားမယ်လို့ သိရပါတယ်၊၊ ၂၀၁၁ သြဂုတ်လစာသင်နှစ်အတွက် မာစတာ ပရိုဂရမ်ပေါင်း (၂၆) မျိုး လျောက်ထားနိုင်မှာဖြစ်တယ်လို့ သိရပြီး၊ မြန်မာကျောင်းသားတွေ ၀င်ခွင့်အများဆုံး ရလေ့ရှိတာတော့ အင်ဂျင်နီယာ ပရိုဂရမ်တစ်ချို့နဲ့ Wee Kim Wee School of Communication & Information လက်အောက်မှာရှိတဲ့ ဘာသာရပ်တွေထဲက၊ MSc Information Studies နဲ့ MSc Information System ဘာသာရပ် တွေပဲဖြစ်တယ်လို့ဆိုပါတယ်၊၊

“Wee Kim Wee ဆိုတာ NTU ရဲ့ ကွန်ပြုတာ မဟာဌာနတစ်ခုလို့ပြောရင်ရနိုင်ပါတယ်၊ အဲဒီမှာ စုစုပေါင်း
• Master of Mass Communication
• M.Sc. (Information Studies)
• M.Sc. (Information Systems) နဲ့ 
• M.Sc. (Knowledge Management) ဘာသာရပ်တွေကို
သင်ယူလေ့လာနိုင်ပြီး၊ မြန်မာနိုင်ငံက ကျောင်းသူ ကျောင်းသားတွေအတွက် M.Sc (Information Studies) နဲ့  M.Sc (Information Systems) ဘာသာရပ်နှစ်ခုက ၀င်ခွင့်အများဆုံးရကြပါတယ်၊၊ နောက်ပြီး မြန်မာနိုင်ငံက ကွန်ပြုတာတက္ကသိုလ်က ကျောင်းသူ ကျောင်းသားတွေအပြင်၊ NCC ကချီးမြင့်ထားတဲ့ BCSc ဘွဲ့ရတွေလဲ လျှောက်ထားနိုင်ပါတယ်၊၊ လျှောက်ထားရာမှာ ဒီပရိုဂရမ်နှစ်ခုကိုတော့ Online ကပဲလျှောက်ထားခွင့်ရှိပါတယ်၊၊” ဟု CROWN Education တာဝန်ရှိသူတစ်ဦးက က၀င်ခွင့် လျှောက်ထားခြင်းနှင့်ပတ်သက်ပြီး အကြံပြု ပါတယ်၊၊ အင်ဂျင်နီယာဘွဲ့ရတွေ အတွက်ကတော့၊ MSc Civil Engineering, Power Engineering အပါအ၀င်၊ Electronic, Mechanical စတဲ့မာစတာဘွဲ့တွေကိုလည်း လျှောက်ထားနိုင်တယ်လို့ သိရပါတယ်၊၊ ကျောင်း Intake တွေကို တစ်နှစ်မှာ နှစ်ကြိမ် Jan နဲ့ August တွေမှာ နှစ်ကြိမ်ခေါ်ယူလေ့ရှိပြီး၊ August Intake ကတော့ ဘာသာရပ်မျိုးစုံကို ခေါ်ယူတဲ့လဖြစ်တယ်လို့သိရပါတယ်၊၊ ကျောင်းသူကျောင်းသားတွေ Application နဲ့ ပတ်သက်ပြီးသတိပြုသင့်တဲ့ အချက်တစ်ခုကတော့၊ ကျောင်းကလျှောက်လွှာ လက်ခံတဲ့ ရက်ကို လကုန်လို့ သတ်မှတ်သော်လည်း၊ လကုန်မှကပ်ပြီးလျှောက်က စာရွက်စာတမ်းများ အချိန်မှီ မပို့ပေးနိုင်တဲ့အခက်အခဲများ ကြုံတွေ့ရလေ့ ရှိကြောင်းနဲ့ ၊ Online တင်တဲ့အခါ၊ connection အခက်အခဲနဲ့ ကြုံတာမျိုး မဖြစ်ရအောင် ကြိုတင် လျှောက်ထားသင့်ကြောင်း၊ CROWN Education မှအကြံပြုထားပါတယ်၊၊ ၀င်ခွင့်လျှောက်ထားခြင်းနဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ သိဖို့နဲ့ ဇန်န၀ါရီ (၁၅) ရက် မနက် (၁၀) နာရီမှ (၁၁)နာရီအထိ ရှင်းလင်းပြောကြားမယ့် အစီအစဉ်ကို တက်ရောက်ဖို့  CROWN Education, ဖုန်း ၂၁၁ ၈၈၈ (လိုင်းခွဲ ၂၂၈) နဲ့  ၀၉ ၅၀၈၅ ၁၈၅ မှာ ဆက်သွယ်စုံစမ်း စာရင်းပေးသွင်းနိုင်တယ်လို့သိရပါတယ်၊၊






 

(7-1-2011)
Source : Ko Lin (Myanmar Training)


      ဒီဇိုင်းပညာလက်တွေ့အသုံးချမှုဆွေးနွေးပွဲ မန္တလေးတွင်ပြုလုပ်မည် . .  .   . . . .    . . 

. . . .  .    .  .    .       

မြန်မာနိုင်ငံမှ ဒီဇိုင်းပညာနှင့် ပတ်သက်၍ စိတ်ဝင်စားသူလူငယ်များအတွက် Raffles College of Design & Commerce မှစီစဉ်ပြုလုပ်သော ဒီဇိုင်းပညာလက်တွေ့ အသုံးချမှုဆွေးနွေးပွဲကို ၂ဝ၁၁ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်တွင် မန္တလေးမြို့၊ Hotel Mandalay တွင် နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီအထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ ဆွေးနွေးပွဲမှာ Raffles College of Design & Commerce မှ ဒီဇိုင်းပညာနှင့် ပတ်သက်၍ မန္တလေးမြို့တွင် ပထမဆုံးအကြိမ်ပြုလုပ်သည့် ဆွေးနွေးပွဲဖြစ်ပြီး ဖက်ရှင်ဒီဇိုင်နာ၊ အဆောက်အဦ ဒီဇိုင်းအင်ဂျင်နီယာ၊ လျှပ်စစ်ပစ္စည်းနှင့် သွားလာရေးယာဉ်များ ဒီဇိုင်းထုတ်လုပ်သော အင်ဂျင်နီယာ၊ ရုပ်ရှင်၊ ကာတွန်း၊ ဗီဒီယို၊ ဂိမ်းတီထွင်သည့် ဒီဇိုင်နာ၊ ဂရပ်ဖစ်ဒီဖိုင်နာ၊ ကျောက်မျက်ရတနာဒီဇိုင်နာ စသည့် ပညာရှင်ဖြစ်လိုသူများအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်းသိရသည်။ “ Raffles အနေနဲ့ မန္တလေးမှာ ပထမဆုံးအကြိမ် ဆွေးနွေးပွဲလုပ်တာပါ။ ဒီဇိုင်းပညာကို စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် ရည်ရွယ်ပြီး ပြုလုပ်ဖြစ်တာပါ။ ဆွေးနွေးပွဲကို လူဦးရေ ကန့်သတ်ထားပါတယ်” ဟု Raffles မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ၎င်း ဒီဖိုင်းပညာလက်တွေ့အသုံးချမှု ဆွေးနွေးပွဲတွင် Raffles College of Design & Commerce မှ နိုင်ငံတကာအတွေ့အကြုံရှိ အင်္ဂလန်နိုင်ငံမှ ဒီဇိုင်းပညာရှင် ကိုယ်တိုင် လာရောက် ဆွေးနွေးသွားမည်ဖြစ်ပြီး ဒီဇိုင်းပညာရှင် တစ်ယောက်တွင် မရှိမဖြစ် တတ်မြောက်ထားသင့်သော အရောင်များ၏ ပြောင်းလဲမှုဖြစ်စဉ်နှင့် ဒီဇိုင်းတီထွင်မှုများကို Color Theory & Symbolism ခေါင်းစဉ်ဖြင့် Workshop ပြုလုပ်သွားမည်ဖြစ်ကာ လက်တွေ့ သင်ကြားပြုလုပ်ခွင့်ရမည် ဖြစ်ကြောင်းသိရသည်။ ဒီဇိုင်းပညာလက်တွေ့အသုံးချမှု ဆွေးနွေးပွဲသို့ အသက် ၁၆ နှစ်မှ ၂၈ နှစ်အတွင်းရှိ တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူများ၊ တက္ကသိုလ် တက်ရောက်လျက်ရှိသော ကျောင်းသား ကျောင်းသူများ၊ ဘွဲ့ရရှိပြီးသူများ၊ GCE ‘O’ Level Secondary IV, Year-12 အောင်မြင်ထားသူများ တက်ရောက်နိုင်ပြီး လူဦးရေ ကန့်သတ်ထားကြောင်းသိရသည်။ တက်ရောက်လိုသူများအနေဖြင့် Advanced Technologies & Solutions Overseas Education Consultancy၊ အမှတ်-82 ၊ 72 လမ်းနှင့် 32 လမ်းကြား၊ မန္တလေး၊ ဖုန်း - 09-506 2162 နှင့် Future Link International Education Provider အမှတ် (343)၊ 84x37 လမ်းထောင့်၊ မန္တလေး၊ ဖုန်း - 09-502 6005 ၊ 09-4922 0232 သို့ ဇန်နဝါရီလ ၁ဝ ရက်မှ ၁၃ ရက်အတွင်း လက်မှတ်ထုတ်ယူနိုင်မည်ဖြစ်သည်။






 

(14-1-2011)
Source : Internet Journal


            ERC Institute ၏ Make The Right Choice ပညာရေးဆွေးနွေးပွဲ အခမဲ့တက်ရောက်နိုင် .  .  .. .  . .  .  .    . . 

ERC Institute offers Diploma, Bachelor & Master Programmes in areas of:
• Business Psychology
• Entrepreneurial/ Enterprise Development
• Wealth Management
• Business Management/ Administration
• Tourism & Hospitality Management
• Finance
နေ့ရက် - ၁၅.၁.၂ဝ၁၁ (စနေနေ့)
အချိန် -  နေ့လည် (၂းဝဝ) နာရီမှ (၅းဝဝ) နာရီထိ။
နေရာ -   Rayworld Complex, 4th Floor, Skylink Hall,
            32th x Zawtika St, 77th x 78th, Mandalay.
ဆက်သွယ်ရန် - ဦးကျော်ဇေယျ 09-6806911 (Ext: 213)



 

 

 

 


 

(14-1-2011)
Source : Net Guide Journal

 


“စင်္ကာပူအစိုးရ ပိုလီများနှင့် တက္ကသိုလ်များသို့ ၀င်ခွင့်လျှောက်ထားနိုင်သော Singapore-Cambridge GCE ’O’ နှင့် GCE ’A’ . ပြင်ဆင်ခြင်းအကြောင်းဟောပြောမည်” . .
 
. ..   . .  .  .    . . 

 

အစိုးရကျောင်းများသို့ ၀င်ခွင့်လျှောက်ထားနိုင်သော Singapore-Cambridge GCE ’O’ နှင့် GCE ’A’ ပြင်ဆင်ခြင်းအကြောင်းများကို Shelton College International မှ တာဝန်ရှိသူများက ဖေဖေါ်ဝါရီ (၁၁) ရက် သောကြာနေ့တွင် ရန်ကုန်မြို့ အလုံလမ်းရှိ၊ Summit Parkview Hotel တွင်ကျင်ပမည့် Education Road Show 2011 တွင် လာရောက်ရှင်း လင်းပြောကြားမည်ဖြစ်ကြောင်းသိရပါသည်၊၊ Shelton College International သည် GCE ’O’ နှင့် GCE ‘A’ Level စာမေးပွဲများကျင်းပခွင့်ရှိသော Approved Exam Center ဖြစ်ပြီး၊ မြန်မာနိုင်ငံမှ Primary 2/3 အဆင့်ရှိပြီး စင်္ကာပူအစိုးရကျောင်းဝင်ခွင့်လျှောက်ထားလိုသော သို့မဟုတ် နိုင်ငံတကာကျောင်းများသို့ ကျောင်းလျှောက်ထား လိုသော ကျောင်းသားကျောင်းသူများအတွက် အသင့်တော်ဆုံး လမ်းကြောင်းဖြစ်သော Singapore-Cambridge GCE ’O’ Level စာမေးပွဲအတွက်ပြင်ဆင်ခြင်းကို ရှင်းလည်း ပြောကြား သွားမည်ဖြစ်သည်ဟုသိရသည်၊၊ စင်္ကာပူအစိုးရတက္ကသိုလ်များဖြစ်သည့်၊ National University of Singapore, Nan yang Technology University နှင့် Singapore Management University နှင့် အခြားနိုင်ငံများမှ တက္ကသိုလ်များသို့ တိုက်ရိုက်တက်ရောက်လိုသော ကျောင်းသူကျောင်းသားများအတွင် GCE ’A’ ကိုပြင်ဆင်ခြင်းအကြောင်းရှင်းလင်းပြောကြားမည်ဖြစ်သည်၊၊ ထို့အပြင် Staffordshire University, UK မှ ချီးမြင့်ပေးမည့် လက်တွေ့လုပ်ငန်းခွင့် လုပ်ဆောင်မှု့ (Industrial Attached) ပါဝင်သော၊ Accounting and Finance ဘာသာရပ်များ၊ Mass Communication, Tourism & Hospitality, Business Administration ဘာသာရပ်များကို ချီးမြင့်ပေးမည့်ဘွဲ့ ဘာသာရပ်များကိုပါ ရှင်းလင်းပြောကြားသွားမည်ဟု သိရသည်၊၊ အဆိုပါရှင်းလင်းပြောကြားမည့်နေ့တွင် လာရောက်မည့် ကျောင်းသူ ကျောင်းသားများအတွက်၊ စင်္ကာပူပိုလီလမ်းညွန်စာအုပ်များ အခမဲ့ရရှိနိုင်ပြီး၊ အခြားစင်္ကာပူအစိုးရကျောင်းလျှောက်ထားခြင်းနှင့် ပတ်သက်သည့် သတင်းအချက် အလက်များကိုလည်း၊ ရရှိနိုင်မည်ဖြစ်ကြောင်းသိရသည်၊၊ အသေးစိတ် အချက်အလက်များကို သိရှိလိုပါက အဆိုပါ Education Road Show 2011 တွင် လာရောက်မေးမြန်းနိုင်ပြီး၊ CROWN Education ဖုန်း နံပါတ် ၂၁၁၈၈၈ (လိုင်းခွဲ ၂၂၈) နှင့် ၀၉ ၅၀၈၅ ၁၈၅ တို့တွင်ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရသည်၊၊
 

  

        
 

(18-1-2011)
Source : Ko Lin (Myanmar Training)

 
   

    ››Do and Don't      ›› Categories       ›› A to Z listing       ›› International Exam       ›› Questions & Answers       ›› Studying Abroad       ›› Cyber Cafe List
    ›› Scholarship       ›› Seminar       ›› Download       ›› News       ›› Quiz Program       ›› Contact Us       ›› Video program New!

Advertising Programs - Business Solutions - About Myanmartraining

© 2009 MyanmarTraining.com. All rights reserved.

Total Hits :  counter stats