SAA Global Education မှ ရာနှုန်းပြည့်ပညာသင်ဆုနှင့် UK Diploma
ရရှိနိုင်မည့် ဘာသာရပ် အသစ်အကြောင်းဆွေးနွေးပွဲ ပြုလုပ်မည်
စင်ကာပူနိုင်ငံရှိ SAA Global Education မှ
ရာနှုန်းပြည့်ပညာသင်ဆုလျှောက်ထားနိုင်သော စာရင်းကိုင်ဘာသာရပ်နှင့် တစ်နှစ်
အတွင်း UK Diploma ရရှိနိုင်မည့် ဘာသာရပ်အသစ်အကြောင်းဆွေးနွေးပေးမည့်
ပညာရေးဆွေးနွေးပွဲကို ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်၊ နံနက် ၉ နာရီခွဲမှ ၁၁
နာရီခွဲ အထိ ရန်ကုန်မြို့၊ Traders Hotel, Bagan Room တွင်
ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါပညာရေးဆွေးနွေးပွဲတွင် SAA Global
Education မှ ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ကျောင်းဖွင့်ချိန်အတွက်
ရာနှုန်းပြည့်ပညသင်ဆုလျှောက်ထားခြင်းနှင့် ပတ်သက်သည့်
အသေးစိတ်အချက်အလက်များကို ရှင်းလင်းဆွေးနွေး သွားမည်ဖြစ်ကြောင်းသိရသည်။
၎င်းပညာသင်ဆုကို ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လ အတွင်း
လျှောက်ထားနိုင်မည်ဖြစ်သည်။ ဆက်လက်၍ တစ်နှစ်အတွင်း UK Diploma
ရရှိနိုင်မည့် ဘာသာရပ်အသစ်ဖြစ်သော Diploma in Accounting & Business (under
ACCA) Course နှင့် ပတ်သက်သည့် အချက်အလက်များကိုလည်း
ရှင်းလင်းပြောကြားသွားမည် ဖြစ်ကြောင်းသိရသည်။ အဆိုပါ ဘာသာရပ်၏ အားသာချက်မှာ
LCCI Level II ပြီးထားသူများ ၎င်း ဒီပလိုမာကိုတက်ရောက်ပါက ၂ ဘာသာ
ကင်းလွတ်ခွင့်ရမည်ဖြစ်ပြီး LCCI Level III ပြီးပါက ၎
ဘာသာကင်းလွတ်ခွင့်ရခြင်းဖြစ်ကြောင်း သိရသည်။
ဆွေးနွေးပွဲတက်ရောက်သူများအနေဖြင့် မိမိတို့၏ ပညာရေးဆိုင်ရာ
စာရွက်စာတမ်းများကို ပူးတွဲ ယူဆောင်လာပြီးလျှင် SAA Global Education မှ
Country Manager ထံတွင် တစ်ဦးချင်းဆွေးနွေး မေးမြန်း နိုင်ကြောင်းလည်း
သိရသည်။ ဆွေးနွေးပွဲတက်ရောက်လိုသူများ အနေဖြင့် ဇန်နဝါရီလ ၂ဝ ရက်
နောက်ဆုံးထားကာ OESC ဖုန်း - ၅၁၉ ၀၉၂ ၊ ၇၃၀၉ ၄၀၆၀ ၊ ၀၉-၅၀၈ ၆၈၁၉ သို့
အမည်စာရင်းကြိုတင် ပေးသွင်းရမည်ဖြစ်ကြောင်းသိရသည်။
(21-1-2011)
Source : Internet Journal
“မူလတန်းနှင့်အလယ်တန်းအဆင့် (Primary/Secondary)
စင်္ကာပူအစိုးရကျောင်းဝင်ခွင့် ပြင်ဆင်ခြင်းနှင့် AEIS
.
ဝင်ခွင့် စာမေးပွဲများဖြေဆိုခြင်း အကြောင်းသိကောင်းစရာများကိုဟောပြောမည်"
..
“မူလတန်းနှင့်အလယ်တန်းအဆင့် (Primary/Secondary)
စင်္ကာပူအစိုးရကျောင်းဝင်ခွင့် ပြင်ဆင်ခြင်းနှင့် AEIS
ဝင်ခွင့်စာမေးပွဲများဖြေဆိုခြင်း အကြောင်းသိကောင်းစရာများကို Singapore
Education Road Show 2011 တွင် လေ့လာနိုင်မည်” စင်္ကာပူအစိုးရမူလတန်းနှင့်
အလယ်တန်းကျောင်းများသို့ ၀င်ခွင့်လျှောက်ထားလိုသော မိဘများအတွက် AEIS
(Admission Exercise for International Students), QT (Qualifying Test)
ဝင်ခွင့်စာမေးပွဲများ အတွက် ပြင်ဆင်ခြင်းနှင့် မိမိတို့ ခလေး၏
အင်္ဂလိပ်စာနဲ့သင်္ချာစွမ်းရည်၊ အသက်အလိုက် ပြင်ဆင်ဖြေဆိုသင့်သော
အတန်းများအကြောင်းကို အဆိုပါ Singapore Education Road Show 2011 နေ့တွင်
စင်္ကာပူမှ တာဝန်ရှိသူကိုယ်တိုင်၊ ရှင်းလင်း ပြောကြားမည်ဖြစ်ပါသည်၊၊
Admission Exercise for International Students (AEIS) ကို နှစ်စဉ်
စက်တင်ဘာနှင့် အောက်တိုဘာ လများတွင်ကျင်ပလေ့ရှိပြီး၊ စာမေးပွဲအောင်မြင်ပါက
ဇန်န၀ါရီလတွင် အစိုးရကျောင်းများသို့ တက်ရောက်ရမည်ဖြစ်သည်၊၊ AEIS Test တွင်
English နှင့် Mathematics ကိုဖြေဆိုရမည်ဖြစ်ပြီး၊
အောင်မြင်သောကျောင်းသားများကို သင့်လျှော်သော ကျောင်းအား တစ်ခါတည်းရွေးချယ်
နေရာချထားပေးသော စနစ်ဖြစ်သည်ဟုသိရသည်၊၊ မြန်မာနိုင်ငံမှကျောင်းသူ
ကျောင်းသားခလေးများအတွက် အသက်ကန့်သတ်ချက် စည်းကမ်းများအကြောင်း၊
ကျောင်းရွေးချယ်လျောက်ထားနိုင်သော Qualifying Test အကြောင်းကို
အဆိုပါနေ့တွင် ရှင်းလင်းပြောကြားမည် ဖြစ်ပါသည်၊၊ Ascensia Academy သည်
စင်္ကာပူအစိုးရမှချီးမြှင့်ထားသော Best Enrichment Programme
ဆုကိုရရှိထားပြီး၊ နိင်ငံတကာကျောင်းသားများအတွက် အစိုးရကျောင်းဝင်ခွင့်
ပြင်ဆင်ပေးသော ပရိုဂရမ်များကို သင်ကြားပေးသောစင်္ကာပူနိုင်ငံ၏ ပထမဆုံး
သောကျောင်းဖြစ်ကာ စင်္ကာပူအစိုးရကျောင်းဝင်ခွင့် (Primary 1 မှ Primary 5)
အထိ၊(Secondary 1 မှ Secondary 3) တန်း များအထိ ၀င်ခွင့်ပြင်ဆင်ပေးပြီး၊
စင်္ကာပူပညာ ရေးဝန်ကြီးဌာနတွင် မှတ်ပုံတင်ထားသော သင်တန်းများဖြစ်သည်
ဟုသိရသည်၊၊ ၀င်ခွင့်လိုအပ်ချက်နဲ့ အသေးစိတ် အချက်အလက်တွေကို ဖေဖေါ်ဝါရီလ
(၁၁) ရက် (သောကြာနေ့) တွင်၊ အလုံလမ်းရှိ Summit Parkview ဟိုတယ်
တွင်ပြုလုပ်မည့်၊ Singapore Education Road Show 2011 တွင်
ဆွေးနွေးနိုင်ပြီး၊ CROWN Education ဖုန်းနံပါတ်၊ ၂၁၁ ၈၈၈ (လိုင်းခွဲ
၂၂၈-၂၂၉)၊ ၀၉ ၅၀၈၅ ၁၈၅ နဲ့  ၇၃၀ ၄၀ ၆၈၈
မှာကြိုတင်စာရင်းပေးနိုင်တယ်လို့သိရပါတယ်၊၊
(27-1-2011)
Source : Ko Lin (Myanmar Training)
Assumption University of Thailand
ပညာရေးဟောပြောပွဲ
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
Assumption University ပညာရေးဟောပြောပွဲကို မြန်မာနိုင်ငံ
တစ်ဦးတည်းကိုယ်စားလှယ်ဖြစ်သော KMD Computer Centre မှ အောက်ပါ အစီအစဉ်
အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
Seminar Date : 29 January 2011 (seminar)
Time
: 2:00 – 4:00 Pm
Venue :
KMD Myaynigone Centre (Lecture Room 1)
Topic
: Studying Abroad to Assumption University (Thailand)
(27-1-2011)
Source : Ko Lin (Myanmar Training)
MCPA မှ လက်တွေ့စမ်းသပ်မှုတစ်ခုပြုလုပ်မည်
.
.
.
.
..
.
.
.
.
.
.
.
မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းမှ Demonstration of Cisco devices
password hacking and Cisco IOS Backup Restore ခေါင်းစဉ်ဖြင့်
လက်တွေ့စမ်းသပ်ပြုလုပ်ခြင်းကို ဇန်နဝါရီလ (၂၉) ရက် နေ့လည် (၁) နာရီမှ
(၅) နာရီအထိ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါလက်တွေ့စမ်းသပ်မှု
ပြုလုပ်ခြင်းကို Net-Info မှ (Lecturer) Complete ICT Solution
Provider ဦးအောင်ထွန်းလင်းမှ Enterprise Level Networking Devices
များဖြစ်သော Cisco Router, Cisco Switch များ၏ Password Crack,
Password Hack ခြင်းများကို Simulator and Real devices များဖြင့်
လက်တွေ့သရုပ်ပြသွားမည်ဖြစ်သည်။ Cisco Router, Cisco Switch တို့၏ Inter
network Operating System (IOS) များကို Backup, Restore
လုပ်ခြင်းများကိုလည်း Simulator and Real devices များဖြင့်လည်း
ရှင်းလင်းပြသသွားမည် ဖြစ်ကြောင်းသိရသည်။
လက်တွေ့သရုပ်ပြရှင်းလင်းပွဲသို့ တက်ရောက်လိုသူများအနေဖြင့် ဇန်နဝါရီလ
(၂၈) ရက်နေ့ ညနေ(၃) နာရီ နောက်ဆုံးထားကာ စာရင်းပေးသွင်းရမည်ဖြစသည်။
လက်တွေ့စမ်းသပ်သူ (၂၄) ဦး လက်ခံပေးသွားမည်ဖြစ်ပြီး
အသေးစိတ်အချက်အလက်များကို MCPA ရုံးခန်း ဖုန်း - ၆၅၂၂၇၆ ၊ ၇၃၀ ၈၈၃၀၀
သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
(27-1-2011)
Source : Internet Journal
“ Effective
Learning for Science and Engineering ” အလုပ်ရုံဆွေးနွေးပွဲ
..
.
.
.
..
.
.
.
.
.
.
Noble Management Academy မှ ကြီးမှူး၍ ကျင်းပသော တက္ကသိုလ်ဝင်တန်း
ဖြေဆိုမည့်သူများ၊ အောင်မြင်ပြီးသူများ၊ GTC ပထမနှစ်သင်တန်း တက်ရောက်
နေသူများ၊ GCE (O) (A) တက်ရောက်နေသူများ၊ အောင်မြင်ပြီးသူများအတွက်
Workshop on “Effective Learning for Science and Engineering”
အလုပ်ရုံဆွေးနွေးပွဲသို့ ပါဝင်ဆွေးနွေးတက်ရောက်ရန် ဖိတ်ကြားအပ်ပါသည်။
အစီအစဉ်
နေရာ ။ Noble Management Academy, No.220-222, SILA 3rd Floor,
Botahtaung Pagoda Rd. Pazundaung Tsp, Yangon.
နေ့စွဲ ။ ၁၃.၂.၂၀၁၁ (တနင်္ဂနွေနေ့)
အချိန် ။ နံနက် ၈ နာရီ မှ ညနေ ၅ နာရီထိ
စာရင်းစတင်ပေးသွင်းနိုင်မည့်ရက် ။ ၂၀၁၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁) ရက်။
Noble Management Academy Co.,Ltd
No.220-225, SILTA 3rd Floor, Botahtaung Pagoda Road, Pazundaung
Township, Yangon.
Ph: (01) 294397 , (09) 5160809 , (09) 5038502
NOBLE MANAGEMENT ACADEMY
Workshop on “Effective
Learning for Science & Engineeriing”
Tentative Program (001/2011)

(27-1-2011)
Source : Ko Lin (Myanmar Training)