Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font RSS RSS

Studying Abroad

Singapore

Malaysia

Australia

England

Thailand

Quiz Program

CREATiVE Web Studio မှ သင်တန်း တက်ရောက်ခွင့်
- Web Essential (1) ဦး
- Web Advanced (1) ဦး
- PHP Course (1) ဦး

SUBSCRIBE

Your Email:


Seminar » Special Talk

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း
ICT-Laboratory “Web Hosting” ခေါင်းစဉ်ဖြင့်
လက်တွေ့စမ်းသပ်ပြုလုပ်မည်
 


        မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း(MCPA) သည် အသင်းသားများ၏ ICT ပညာရပ်ဆိုင်ရာ လက်တွေ့လေ့လာမှုများအား အထောက်အကူ ပြုနိုင်ရန်အတွက် လစဉ် LAB Schedule များရေးဆွဲ၍ လက်တွေ့လုပ်ဆောင်မှုများကို ဆောင်ရွက် ပေးလျက်ရှိပါသည်။ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အသင်းဝင် Web Developer များဖြစ်ကြသော ၊ ဦးထူးမြင့်နောင် (iHost Myanmar) ၊ ဦးရင်ခိုင် (eTmSMS) နှင့် ဦးပြည့်ဖြိုး (Creative Web Studio) တို့မှ ဖေဖော်ဝါရီလ (၅) ရက်တွင် နေ့လည် ၁း၀၀ နာရီ မှ ၅း၀၀ နာရီအထိ “Web Hosting” ခေါင်းစဉ်ဖြင့် လက်တွေ့ သရုပ်ပြသွားမည်ဖြစ်သည်။ မိမိဖန်တီးထားသော Website တစ်ခုအား အင်တာနက်ပေါ်တွင်လွှင့်တင်ခြင်း Web Hosting ကို လက်တွေ့စမ်းသပ်ပြုလုပ်ကြ မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင် အသင်းဝင်များ၊ MCPA စာမေးပွဲအောင်မြင်ထားသူများ၊ Website ဖန်တီးခြင်းကို လေ့လာနေသူများ နှင့် စိတ်ပါဝင်စားသူမည်သူမဆို တက်ရောက်လေ့လာနိုင်ပြီး ဖေဖော်ဝါရီလ (၄)ရက် ညနေ (၃း၀၀) နာရီ နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်သည်။ လက်တွေ့စမ်းသပ်သူ (၂၄) ဦး လက်ခံမည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက မြန်မာအင်ဖိုတက်ခ်ရှိ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ ဖုန်း-၆၅၂၂၇၆၊ ၇၃၀၈၈၃၀၀ သို့ဆက်သွယ်စုံစမ်းနိုင်သည်။
 





 

(3-1-2011)
Source : Ko Lin (Myanmar Training)


“ အင်္ဂလန်မှချီးမြင့်မည့်၊ Electronic Engineering ဘာသာရပ်များ၊ Computer Network & Communication Technology . ဘာသာရပ်များအကြောင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများအကြောင်း ရှင်းလင်းပြောကြားမည် ”
 
..

         အင်္ဂလန်မှချီးမြင့်မည့်၊ Electrical and Electronic Engineering ဘာသာရပ်များ၊ Computer Network and Communication Technology ဘာသာရပ်များ၊ အင်ဂျင်နီယာဘွဲ့ ရများအတွက် MBA ဘာသာရပ်နှင့် အလုပ်အကိုင် အခွင့်အလမ်းများအကြောင်း ကိုဖေဖေါ်ဝါရီ (၁၁) ရက် Summit Parkview Hotel တွင်ကျင်းပမည့် Singapore Education Road Show 2011 တွင်ရှင်းလင်းပြောကြားမည်ဖြစ်ပါသည်၊၊ အဆိုပါဆွေးနွေးပွဲကို မြန်မာနိုင်ငံမှ အင်ဂျင်နီယာဘာသာရပ်ကို စိတ်ဝင်စားသူများ၊ ကွန်ပျူတာ ဆက်သွယ်ရေး နည်းပညာရပ်များကို စိတ်ဝင်စားသူများအတွက် ပညာရေးလမ်းကြောင်းများနှင့် အလုပ်အကိုင်အခွင့်လမ်းများ ၊ မြန်မာနိုင်ငံမှ အင်ဂျင်နီယာဘွဲ့ရများအတွက်၊ ဘွဲလွန် အင်ဂျင်နီယာစီမံခန့်ခွဲ မှု့ဘာသာရပ်များအကြောင်းကို ရှင်းလင်းပြောကြား ပေးမည်ဖြစ်ပါသည်၊၊ အဆိုပါဘွဲ့များကို Auston Institute of Management တွင်တက်ရောက်သင် ယူနိုင်ပြီး၊ အင်္ဂလန်နိုင်ငံ Coventry Universityမှ ပေးအပ်ချီး မြင့်မည်ဖြစ်ပါသည်၊၊

Coventry University သည် အင်္ဂလန်ထိပ်တန်း တက္ကသိုလ် (၁၀၀) စာရင်းတွင်ပါဝင်ပြီး၊ ၂၀၀၇ ခုနှစ်တွင် Queens Anniversary Prize, ၂၀၀၈ တွင် Times Award for Entrepreneurial University of the Year, ၂၀၀၉ တွင် “Excellent in Business” by Eduniversal (UK) ဆုနှင့် ၂၀၁၀ တွင် Midlands Enterprising University of the Year ဆုများရရှိထားသော တက္ကသိုလ်ဖြစ်ပါသည်၊၊ မြန်မာနိုင်ငံမှ (၁၀)တန်းအောင်မြင်ပြီးသူများ၊ Diploma မှစတင် တက်ရောက်နိုင်ပြီး၊ City & Guild Electrical and Electronic Diploma လက်မှတ်ရရှိထားပါက Advance Diploma သို တိုက်ရိုက်တက်ရောက်နိုင်ပါသည်၊၊ မြန်မာနိုင်ငံမှ BE (Electronic) ကျောင်းသူကျောင်းသားများ၊ Beng (Hons) in Electrical & Electronic Engineering နောက်ဆုံးနှစ်သို့ တိုက်ရိုက် လျောက်ထားနိုင်ပါသည်၊၊ Coventry University မှ ဒီဂရီကို ထူးချွန်စွာအောင်မြင်ပါက Nanyaung Technological University တို့ကဲ့သို့စင်္ကာပူအစိုးရ ကျောင်းများတွင် Master လျောက်ထားနိုင်သည့် အခွင့်အရေးများရရှိနိုင်ပါသည်၊၊  အထက်ပါအချက်အလက်များနှင့်ပတ်သက်၍ အသေးစိတ်မေးမြန်းနိုင်ရန်နှင့် ဆွေးနွေးပွဲတက်ရောက်ရန်၊ CROWN Education, Summit Parkview Hotel, အခန်း (၂၂၈-၂၂၉)၊ ဖုန်းနံပါတ် (၂၁၁ ၈၈၈) လိုင်းခွဲ (၂၂၈) လိုင်းခွဲ (၂၂၉)နှင့် ၀၉ ၅၀၈၅ ၁၈၅ တို့ တွင်ဆက်သွယ်စုံစမ်းသတင်းပေးနိုင်ပါသည်၊၊








 

(3-1-2011)
Source : Ko Lin (Myanmar Training)


“Double Major ရယူနိုင်သော သြစတြေးလျ ဘွဲ့ များအကြောင်းနှင့် အထူးပြုဘာသာဖြင့် တက်ရောက်နိုင်မည့် MBA .
                  ဘွဲ့ဝင်ခွင့်များအကြောင်း James Cook University မှရှင်းလင်းပြောကြားမည်”   
. .  .   . . . .    . . 

. . . .  .    .  .    .       

နိုင်ငံတကာတွင် အလုပ်အကိုင်ရှာဖွေရာတွင်ပိုမိုအထောက်အကူပြုနိုင်သော အထူးပြုဘာသာရပ်နှစ်မျိုးရယူနိုင်သည့် သြစတြေလျဘွဲ့ များ အကြောင်း နှင့် Finance & Accounting, Marketing, Human Sources Management များကို အထူးပြု ဘာသာရပ်အဖြစ်ရယူနိုင်သော MBA ဘွဲ့များအကြောင်းကို ဖေဖေါ်ဝါရီ (၁၁) ရက်နေ့တွင် ရန်ကုန်မြို့ အလုံလမ်း၊ Summit Parkview Hotel တွင်ကျင်းပပြုလုပ်မည့်၊ Singapore Education Road Show 2011 တွင်ရှင်းလင်း ပြောကြားမည်ဖြစ်ပါသည်၊၊ အဆိုပါရှင်းလင်းပြောကြားမည့်နေ့တွင် MBA ဘွဲ့နှင့်ပတ်သက်၍ စီးပွားရေး၊စီမံခန့်ခွဲမှု့ နယ်ပယ်တွင် ဘက်စုံ သုံးသတ်ရှု့မြင်နိုင်စေရန် လေ့ကျင့်သင်ကြားပေးခြင်း၊ လူ့အရင်းအမြစ်စီမံခန့်ခွဲမှု့တွင်၊ လက်တွေ့ ရင်ဆိုင်နေရသော ပြသနာများကို လေ့လာခြင်း၊ ခေတ်နှင့်လျှော်ညီသော ခေါင်းဆောင်မှု့ စွမ်းရည်များအကြောင်းကို ထည့်သွင်းရှင်းလင်း ပြောကြားသွားမည်ဖြစ်ပါသည်၊၊ ထို့ အပြင် MBA ဘွဲ့များနှင့် ပတ်သက်ပြီး သတိပြုစရာများအကြောင်း အနာဂတ် MBA အလားအလာနှင့် ယူကေ MBA နှင့် သြစတြေးလျ MBA ဘွဲ့တွေရဲ့ ကွဲပြားခြားနားမှုများ ၊ MBA လေ့လာသင်ယူရန် ကျောင်း မှန်ကန်စွာ ရွေးခြယ်နိုင်ရန် MBA တက်ရောက်မည့် တက္ကသိုလ် တစ်ခု၏ အရည်အသွေးများ နှင့် ထည့်သွင်းစဉ်းးစားရမည့် အချက်များ၊ MBA တက်ရောက်လိုသူတွေမှာ ရှိသင့်တဲ့ အရည်အချင်းများ နှင့် ကြိုတင်ပြင်ဆင်ထားရမယ့် အချက်အလက်များကို၊ ဆွေးနွေးမည်ဖြစ်ပြီး သြစတြေးလျ MBA ရရှိထားသူတစ်ဦးမှလည်း MBA သင်ကြားမှု အတွေ့အကြုံကို ရှင်းလင်းပြောကြားမှာ ဖြစ်ပါသည်၊၊

အထက်ပါ ဘာသာရပ်များအပါအပြင်၊ ဇီဝဗေဒ နှင့် သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးဘာသာရပ်ကို စီးပွားရေးပညာနှင့် တွဲဖက်ယူနိုင်သော Bachelor of Business and Environmental Science၊ အိုင်တီ နှင့် ဂိမ်းကို စိတ်ဝင်စားသော ကျောင်းသူ ကျောင်းသား များအတွက် နောက်ဆုံးပေါ် IT ဘာသာရပ် များအကြောင်း၊ MBBS ဘွဲ့ ရများများနှင့် စိတ်ပညာကို စိတ်ဝင်စား သောကျောင်းသူ ကျောင်းသားများအတွက်၊ PhD အထိလေ့လာသင်ယူနိုင်မည့် Psychology ဘာသာရပ်များနှင့် အလုပ်အကိုင်အခွင့်အလမ်းများ အကြောင်းကိုပါရှင်းလင်းပြောကြားမည်ဖြစ်ပါသဖြင့် အသေးစိတ် အချက်အလက်များကို Crown Education ဖုန်း 211888 ext : 228/ 229 သို့ဆက်သွယ် စုံစမ်းနိုင်ပါသည်။ အဆိုပါဆွေးနွေးပွဲတက်ရောက်သည့် ကျောင်းသူကျောင်းသားများစာရင်းကို မှတ်ပုံတင်ထားမည်ဖြစ်ပြီး၊ ကျောင်းအပ်ပါက ကျောင်းလျှောက်လွာကြေး ကင်းလွတ်ခွင့်နှင့်၊ Laptop Computer တစ်လုံးကို တက္ကသိုလ်မှပေးအပ်သွားမည် ဖြစ်ပါသည်၊၊








 

(3-1-2011)
Source : Ko Lin (Myanmar Training)


            “IELTS ပြင်ဆင်ခြင်း၊ ဖြေဆိုခြင်းနှင့် နိုင်ငံတကာတက္ကသိုလ်ဝင်ခွင့်များနှင့် IELTS အကြောင်းသိကောင်းစရာများကို .
                                       ရှင်းလင်းပြောကြားမည်”  
.  .. .  . .  .  .    . . 

IELTS စာမေးပွဲနှင့်ပတ်သက်၍ သိကောင်းစရာများ၊ ကျောင်းသူကျောင်းသားများ၏ ပညာရေးလမ်းကြောင်းအတွက် IELTS ဖြေဆိုရန်ပြင်ဆင်ရာတွင် သတိပြုရမည့်အချက်များ၊ နိုင်ငံတကာတက္ကသိုလ်ဝင်ခွင့်များနှင့် IELTS အကြောင်းသိကောင်းစရာများကို ဗြိတိသျှကောင်စီ Exam Services မှ တာဝန်ရှိသူ ကိုယ်တိုင် ၂၀၁၁၊ ဖေဖေါ်ဝါရီလ (၁၁) ရက် (သောကြာနေ့) တွင်၊ ရန်ကုန်မြို့ အလုံလမ်းရှိ၊ Summit Parkview Hotel တွင်ကျင်း ပပြုလုပ်မည့် Singapore Education Road Show 2011 တွင်ရှင်းလင်းပြောကြားမည်ဖြစ်ပါသည်၊၊  နိုင်ငံတွင်ပညာဆက်လက်သင်ယူမည့် ကျောင်းသူကျောင်းသားများအနေဖြင့် ကျောင်းများ လျှောက်ထားရာတွင်၊ သက်ဆိုင်ရာ တက္ကသိုလ်အသီးသီးမှ၊ အင်္ဂလိပ်စာကျွမ်းကျင်မှု့ အထောက်အထားများ တောင်းခံလေ့ရှိကြပြီး၊ ကမ္ဘာအရပ်ရပ်ရှိ တက္ကသိုလ်များနှင့် ပညာရေးအဖွဲ့ အစည်းအများစုက အသိအမှတ်ပြုသော IELTS (International English Language Testing System) ကို ကျောင်းသားအများစု ဖြေဆိုလျက်ရှိကြပါသည်၊၊

မြန်မာနိုင်ငံတွင်လည်း IELTS Exam ကို လစဉ်ဖြေဆိုနိုင်ခြင်း၊ ဖြေဆိုပြီး ရက်သတ္တပတ်(၂) ပတ်အကြာတွင်၊ အဖြေရရှိခြင်း၊ ၄င်း IELTS ပြင်ဆင်ပေးသော သင်တန်းများကိုလည်း၊ မြန်မာနိုင်ငံတွင် ကျယ်ကျယ်ပြန့် ပြန့်  သင်တန်း တက်ရောက် လေ့ကျင့်သင်ယူနိုင်ခြင်းတို့ကြောင့်၊ ကျောင်းသားအများစုဖြေဆိုကြသော စာမေးပွဲဖြစ်ပါသည်၊၊ အဆိုပါပြပွဲနေ့တွင်၊ IELTS ပြင်ဆင်ခြင်းအတွက် စာအုပ်စာတမ်းများ၊ စာမေးပွဲဖြေဆိုရန် လျှောက်လွှာများ ကိုရယူနိုင် ရန်စီစဉ်ထားပြီး၊ ရှင်းလင်းပြောကြားမည့်အစီအစဉ်ကို မည်သူမဆို တက်ရောက်နိင်ကြောင်းသိရပါသည်၊၊ အထက်ပါအချက်အလက်များနှင့်ပတ်သက်၍ အသေးစိတ်မေးမြန်း နိုင်ရန်နှင့် ဆွေးနွေးပွဲ တက်ရောက်ရန်၊ CROWN Education, Summit Parkview Hotel, အခန်း (၂၂၈-၂၂၉)၊ ဖုန်းနံပါတ် (၂၁၁ ၈၈၈) လိုင်းခွဲ (၂၂၈) လိုင်းခွဲ (၂၂၉)နှင့် ၀၉ ၅၀၈၅ ၁၈၅ တို့ တွင်ဆက်သွယ်စုံစမ်းစာရင်းပေးနိုင်ပါသည်၊၊

 


 

(3-1-2011)
Source : Ko Lin (Myanmar Training)

 


“ မြန်မာနိုင်ငံ၌ လူမှုရေး စီးပွားရေးလုပ်ငန်းများ ပြုစုမြှင့်တင်ရေး ” . . .  . .
 
. ..   . .  .  .    . . 

'' Promoting Social Businesses in Myanmar ''
By
Professor Dr. Aung Tun Thet
Programme


Date            : 5th February (Saturday)
Time           : 02:00 PM
Venue         : Myanmar Fisheries Federation, Bayintnaung Road, West Gyogone, Insein Township, Yangon.

 

  

        
 

(3-1-2011)
Source : Ko Lin (Myanmar Training)

 
   

    ››Do and Don't      ›› Categories       ›› A to Z listing       ›› International Exam       ›› Questions & Answers       ›› Studying Abroad       ›› Cyber Cafe List
    ›› Scholarship       ›› Seminar       ›› Download       ›› News       ›› Quiz Program       ›› Contact Us       ›› Video program New!

Advertising Programs - Business Solutions - About Myanmartraining

© 2009 MyanmarTraining.com. All rights reserved.

Total Hits :  counter stats