ပညာရေး ကျန်းမာရေးနှင့် နေထိုင်မှုဆိုင်ရာပြပွဲ စာနယ်ဇင်းပွဲကျင်းပ
ပညာရေး၊ ကျန်းမာရေးနှင့် နေထိုင်မှုဆိုင်ရာ ကုမ္ပဏီများနှင့်
ဝန်ဆောင်မှုလုပ်ငန်းများ ပါဝင်ပြသမည့် ပြပွဲကြီးတစ်ခုဖြစ်သော Education
Living & Health Care Exhibition ပြပွဲကြီးအား Jade Crown Organizing Group
မှ ကြီးမှုး၍ Shine Construction ၏ အဓိကကူညီပံ့ပိုးမှုဖြင့် Feb ၂၅ ရက်မှ ၂၈
ရက်နေ့အထိ ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမ၌ ကျင်းပမည်ဖြစ်ပြီး
နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ရောင်းချမည်ဖြစ်သည်။ အဆိုပါ
ပြပွဲကြီး၏ စာနယ်ဇင်းရှင်းလင်းပွဲကို Feb 8 ရက်နေ့က Central Hotel တွင်
ကျင်းပခဲ့ပါသည်။
အဆိုပါပြပွဲကြီးတွင် ယနေ့နာမည်ကျော်ကုမ္ပဏီများနှင့်
ဝန်ဆောင်မှုလုပ်ငန်းများ ဖြစ်သော Shine Construction, ILBC, KMD, HORIZON
INTERNATIONAL , TOTAL, NELC, SR EDUCATION, Nexus English Language
Centre, STI Education. Global Enchanting Education, ပညာရွှေအိုး၊ Ever
Clevel Education, MST Computer Centre, MPEC, Global Net, Strategy First,
OESC, Study Abroad, GETC, ရွှေလမ်းသစ် Education, Sky Ward Education, SUIC
University ,(Thailand) , ACA ပညာ့ရိပ်ငြိမ်ဘော်ဒါ, DSP ဘော်ဒါ,
ဒေါ်ယုယုမြင့် LCCI သင်တန်း, APT Education , Techno Point Engineering
Training Centrem Green Light Pre-School, Smart Electronic Dictionary,
Kaung Myat Zaw Co.ltd, Home Distribution Group, Hitachi Electronic, Ever
Seiko, AC Make Up, EMP (Haineal ခေါင်းလျှော်ရည်), Columbus Health Care
Services, Samitivej ဆေးရုံ (Bangkok) Pararam 9 ဆေးရုံ (Bangkok) , Keen
Cie Health Care Services, Apollo Hospital Group, Raffles Hopital
(Singapore), SML (Medical & Diagnostics Centre), Right Lab (Laboratory),
United Pharma, Model Pharma, Ranbaxy, Dr. Rebby, Fair Deal, Zaburi
ကုမ္ပဏီတို့မှ နိုင်ငံခြားဆေးများ မှ ဆေးရုံသုံး ကိရိယာများ၊ Thist Aids
Myanmar ,မှန်ချို, တောင်ကြီးမောက်မယ် လွင်မြင့်အောင် ရွှေမြန်မာ သဘာဝသုခ
တို့မှ တိုင်းရင်းဆေးများ Latest Fashion Shop, Book For You
စာအုပ်ဆိုင်တို့မှ ပါဝင်ပြသမည်ဖြစ်သည်။
အဆိုပါပြပွဲကြီးနှင့် ပတ်သက်ပြီး အသေးစိတ်သိလိုပါက Jade Crown Organizing
Group တည်ရှိရာ အမှတ် (၂၀၄) ပထမထပ် ၃၉ လမ်း အလယ်ဘလောက်
ကျောက်တံတားမြို့နယ် ရန်ကုန်မြို့ ဖုန်း-၀၁ ၇၃၀၉၈၅၉၃၊ ၀၁ ၇၃၁၃၈၅၉၃၊ ၀၁
၇၃၁၄၈၅၉၃ ၊ ၀၉ ၈၆၃၀၄၄၀ သို့ဆက်သွယ်နိုင်ကြောင်းသိရသည်။
(22-2-2011)
Source : Ko Lin (Myanmar Training)
UK နှင့် USA ထိပ်တန်းအစိုးရတက္ကသိုလ်များတွင် Bachelor ဘွဲ့နှင့် Master
ဘွဲ့များ တက်ရောက်သင်ယူနိုင်သည့်
.
အထူးလမ်းကြောင်းများဆွေးနွေးတင်ပြပွဲ
.
..
Regent ပညာရေးကုမ္ပဏီမှ ကြီးမှူးစီစဉ်တဲ့ UK နဲ့ USA ရှိ
နာမည်ကြီးတက္ကသိုလ်များတွင် တက်ရောက်နိုင်တဲ့ ပညာရေးလမ်းကြောင်းများကို UK
နှင့် USA တက္ကသိုလ်များမှ တာဝန်ရှိပုဂ္ဂိုလ်များမှ လာရောက်ပြီး မတ်လ(၅)
ရက်နေ့ ၊ စနေနေ့ ညနေ (၃) နာရီ မှ စတင်၍ Regent ပညာရေးကုမ္ပဏီတွင်
ရှင်းလင်းတင်ပြမည်ဖြစ်ကြောင်းသိရပါသည်။ Scholarship Interview ကိုလည်း
မတ်လ(၆) ရက်နေ့၊ တနင်္ဂနွေနေ့ နံနက် (၁၀) နာရီတွင်
ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရပါတယ်။ Regent ပညာရေးကုမ္ပဏီမှ တာဝန်ခံ၏
ပြောပြချက်အရ UK ၏ အထင်ကရတက္ကသိုလ်များဖြစ်သည့် Queen’s University, Belfast
နှင့် Glasgow Calendonian University တို့နှင့် USA ရှိ Oregon State
University နှင့် University of South Florida တို့မှာ တက်ရောက်နိုင်မယ့်
ပညာရေးလမ်းကြောင်းများကို ရှင်းလင်းတင်ပြမှာ ဖြစ်ကြောင်းသိရှိရပါတယ်။
အထက်ပါ တက္ကသိုလ်များကို တက်ရောက်ရန် အသေးစိတ်သိရှိလိုပါက မတ်လ (၅) ရက်နေ့
Seminar ကိုတက်ရောက်ဖို့ Regent ပညာရေးကုမ္ပဏီ အမှတ် (ဘီ-၁၃+၂၃)၊ ရွှေကိန္နရီ
အဆင့်မြင့်အိမ်ရာ၊ (ရွှေကောင်းဟော့ပေါ့အရှေ့) နာနတ်တောလမ်း၊
ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း - ၀၁-၅၀၀၀၅၄၊ ၅၀၀၉၅၂၊ ၇၂၆၈၂၆၊
၀၉-၅၀-၁၉၈၇၀ များကို ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါတယ်။ IELTS
တက်ဖို့လိုသူများကိုလည်း Regent Business Academy မှာ စနစ်တကျ
အချိန်တိုအတွင်းမှာ ထိရောက် တိုးတက်အောင် သင်ကြားပေးနေကြောင်းသိရပါတယ်။
(25-2-2011)
Source : Opportunity Journal
“ဘာသာရပ်ဆိုင်ရာ ပညာရှင်များ၏ ဟောပြောပွဲဖိတ်ကြားခြင်း"
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
(25-2-2011)
Source : Ko Lin (Myanmar Training)
ICT-Laboratory
“Service Oriented Architecture Implementing With Windows
Communication Framework”
.
ခေါင်းစဉ်ဖြင့် လက်တွေ့စမ်းသပ်ပြုလုပ်မည်
.
..
.
.
.
.
.
.
.
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း(MCPA) သည် အသင်းသားများ၏ ICT
ပညာရပ်ဆိုင်ရာ လက်တွေ့လေ့လာမှုများအား အထောက်အကူ ပြုနိုင်ရန်အတွက် လစဉ်
LAB Schedule များရေးဆွဲ၍ လက်တွေ့လုပ်ဆောင်မှုများကို
ဆောင်ရွက်ပေးလျက်ရှိပါသည်။ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း
အလုပ်အမှုဆောင် တစ်ဦးဖြစ်သော ဦးဇော်မိုးသန့် (ACE Data Systems) မှ
မတ်လ (၁၂) ရက်တွင် နေ့လည် ၁း၀၀ နာရီ မှ ၅း၀၀ နာရီအထိ “Service Oriented
Architecture Implementing With Windows Communication Framework”
ခေါင်းစဉ်ဖြင့် လက်တွေ့သရုပ်ပြသွားမည်ဖြစ်သည်။ ယနေ့ခေတ် Software
Development လုပ်ငန်းတွင် မရှိမဖြစ်လိုအပ်သော Service Oriented
Architecture အား Microsoft Windows Communication Framework အား
အသုံးပြု၍ Implementing လုပ်ပုံအား လက်တွေ့ပြုလုပ်မည်ဖြစ်သည်။
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဝင်များ၊ MCPA
စာမေးပွဲအောင်မြင်ထားသူများ နှင့် စိတ်ပါဝင်စားသူမည်သူမဆို
တက်ရောက်လေ့လာနိုင်ပြီး မတ်လ (၁၁)ရက် ညနေ (၃း၀၀) နာရီ နောက်ဆုံးထား၍
စာရင်းပေးသွင်းနိုင်သည်။ လက်တွေ့ စမ်းသပ်သူ (၂၄) ဦး လက်ခံမည်ဖြစ်ပြီး
အသေးစိတ်သိရှိလိုပါက မြန်မာအင်ဖိုတက်ခ်ရှိ
မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊
ဖုန်း-၆၅၂၂၇၆၊ ၇၃၀၈၈၃၀၀ သို့ဆက်သွယ်စုံစမ်းနိုင်သည်။
(8-3-2011)
Source : Ko Lin (Myanmar Training)
နိုင်ငံတကာအသိအမှတ်ပြု ဘာသာရပ်များအကြောင်း စိတ်ဝင်စားသူများအတွက်
ပညာရေးဆွေးနွေးပွဲ
.
.
.
.
.
.
.
..
.
.
.
.
.
.
Date : 11.3.2011 (Friday)
Time : 10:00
am – 12:00 noon
Place : OESC
Seminar Hall
Speaker : Mr.
Gobee (AEC)
Available Courses
ACCA
Interactive Media
Retail
Management
MBA
Business
GCE ‘O’
Levels
Foundation Diploma in English
ပညာရေးဆွေးနွေးပွဲမှာ ဘယ်လိုအကြောင်းအရာတွေဟောပြောမှာလဲ
- ACCA (စာရင်းကိုင်ဘာသာရပ်)၏ အားသာချက်များ၊
- ACCA ဘာသာရပ်အတွက် ဝင်ခွင့်သတ်မှတ်ချက်နှင့် ကုန်ကျစရိတ်များ
- စင်ကာပူမှာရေပန်းအစားဆုံး နှင့် နိုင်ငံပေါင်း (၁၀၀) ကျော်မှ
အသိအမှတ်ပြု (Interactive Media) မီဒီယာပိုင်းဆိုင်ရာဘာသာရပ်၏
အားသာချက်များ
- DIM ဘာသာရပ်၏ ဝင်ခွင့်သတ်မှတ်ချက်နှင့် ကုန်ကျစရိတ်များ
- ကျောင်းပြီးပါက ရရှိနိုင်မည့် အလုပ်အကိုင်အခွင့်အလမ်းများ၊
- ဘာကြောင့် AEC ကျောင်းကို ရွေးချယ်သင့်တာလဲ၊
- မြန်မာကျောင်းသားအများစု ရွေးချယ်တက်ရောက်ကြသည့် ဘာသာရပ်များနှင့်
အလုပ်အကိုင်များရရှိကြပုံ… စသည်တို့ကို Presentation များဖြင့်
ရှင်းလင်းပေးမှာဖြစ်ပါတယ်။
(8-3-2011)
Source :Internet Journal