Japan Education Seminar ကျင်းပမည်
သတ္တမအကြိမ်မြောက် Japan Education Seminar ကို UMFCCI တွင် ၁၉ ရက်
နံနက် (၉းဝဝ) နာရီတွင်ကျင်းပမည် ဖြစ်ကြောင်းသိရသည်။ အဆိုပါ Seminar အား
Japanese Student Service Organization (JAS SO), MAJA, Japan Embassy
တို့ပူးပေါင်း ဆောင်ရွက်ကြောင်းသိရသည်။ မြန်မာကျောင်းသားများနှင့်
ပညာသင်ကြားပေးသူများအနေဖြင့် ဂျပန်နိုင်ငံ၏ မျက်မှောက်အဆင်မြင့်
ပညာရေးများအား သိရှိစေရေး၊ ဂျပန်တွင် ပညာဆည်းပူးလိုသူ
ကျောင်းသားများအနေဖြင့် မှန်ကန်သော ကျောင်း/တက္ကသိုလ်များကို
ရွေးချယ်နိုင်ရေး၊ ဂျပန်နိုင်ငံ၏ ကျောင်းစရိတ်နှင့်
စားဝတ်နေရေးစရိတ်တို့ကို ကြိုတင်တွက်ချက်နိုင်အောင်
ရှင်းလင်းပြောပြခြင်းစသည့် အချက်အလက်များကို ဂျပန်နိုင်ငံတွင်သွားရောက်
ပညာသင်ကြားမည့် ကျောင်းသားများအတွက် ရှင်းလင်းပြောပြပေးသွားမည်
ဖြစ်ကြောင်းသိရသည်။ ဂျပန်တက္ကသိုလ်တွင် ပညာသင်ယူခဲ့သူ မြန်မာကျောင်းသား (၂)
ဦးမှလည်း ၎င်းတို့၏ အတွေ့အကြုံများကို ပြောပြပေးမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ
Seminar သို့ အထက်တန်းနှင့် တက္ကသိုလ်အဆင့်
ကျောင်းသားများတက်ရောက်လေ့လာနိုင်ပြီး မိမိသိရှိလိုသော အချက်အလက်များကို
မေးမြန်းနိုင်ကြောင်းသိရသည်။ အဆိုပါ Seminar နှင့် ပတ်သတ်၍
အသေးစိတ်သိရှိလိုပါက MYANMAR ASSOCIATION OF JAPAN ALUMINI (MAJA)ဖုန်း-
၆၃၄ ၃၄၈ သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
(8-3-2011)
Source : Internet Journal
UCSI University INFO Day ကျင်းပမည်
.
.
..
Synergy Education မှ ကြီးမှူးစီစဉ်သော မလေးရှားနိုင်ငံရှိ
ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်သည့် UCSI University ၏ INFO Day ကို မတ်လ (၂၇)
ရက် ၊ မနက် (၁၀) နာရီမှ ညနေ (၄) နာရီ အထိ ခြံအမှတ် (၅၂၀ / ဒီ -၁) ၊
ရွှေဂုံတိုင် ၊ ဗဟန်းမြို့နယ်ရှိ Synergy Education ရုံးခန်းတွင်
ကျင်းပမည်ဖြစ်ကြောင်း သိရသည် ။ INFO Day တွင် အစီအစဉ် (၂)ခုပါဝင်သည် ။
ပထမအစီအစဉ် အဖြစ် မနက် (၁၀) နာရီမှ နေ့လည် (၁) နာရီ အထိ UCSI University
တွင် သင်ကြားနိုင်သော ဘာသာရပ်များအားလုံး အကြောင်းကို Mr. Ng Chwah Tuoh
ကအသေးစိတ် ဆွေးနွေးမည်ဖြစ်သည်။ ဒုတိယအစီအစဉ်အဖြစ် နေ့လည် (၂) နာရီမှ (၄)
နာရီ အတွင်း ကမ္ဘာ့ပထမဆုံး ဆေးပညာမဟာဘွဲ့ဖြစ်သော M.Sc. Anti-Aging ,
Regenerative Medicine and Medical Aesthetic အကြောင်းကို UCSI University
၏ ဆေးပညာဌာနမှ Associate Dean ဖြစ်သူ Dr. Deepali Sharma က
ဆွေးနွေးပေးပါမည်။ UCSI University INFO Day ကိုတက်ရောက်ရန် ဖုန်း - ၅၅၈၄၂၈
၊ ၀၉၅၅၀၄၉၃၁ များသို့ ကြိုတင်စာရင်းသွင်းပြီး တက်ရောက်နိုင်ပါသည် ။
ပထမအစီအစဉ်ဧ။် ဆွေးနွေးမူတွင် Doctor Of Medicine, B.Sc. (Hons)
Biotechnology, B.Pharm. (Hons) Pharmacy, B.N. (Hons) Nursing , Diploma
in Nursing စသော ဆေးပညာဆိုင်ရာဘွဲ့များ ၊ အင်ဂျင်နီယာဘာသာရပ်ကို
စိတ်ဝင်စားသူများတွက် B.Eng (Hons) (Petroleum Engineering /Civil
Engineering /Chemical Engineering /Electrical & Electronic Engineering/
Mechatronic Engineering /Communication & Electronic Engineering) ဆိုင်ရာ
အင်ဂျင်နီယာဘွဲ့များ ၊ ဗိသုကာပိုင်းဆိုင်ရာ B.Sc (Hons ) Architectural
Technology, B.A (Hons) Interior Architecture , Diploma in Interior
Architecture , Diploma in Architectural Studies ဘွဲ့နှင့်ဒီပလိုမာများ ၊
ယနေ့ကမ္ဘာတွင်ခေတ်စားနေသော B.B.A (Hons) Oil & Gas Management, B.Sc (Hons)
Industrial Metallurgy ဘွဲ့များ ၊ စီးပွားရေးဆိုင်ရာ B.A (Hons) Business
Administration, B.A (Hons) Logistics Management, B.A (Hons) Marketing,
Diploma in Management ဘွဲ့နှင့်ဒီပလိုမာများ ၊ စာရင်းအင်း ၊
ဘဏ္ဍရေးနှင့်သက်ဆိုင်သော B.A (Hons) (Accounting / Accounting & Finance)
ဘွဲ့များ၊ ကွန်ပျူတာနှင့်နည်းပညာပိုင်းဆိုင်ရာ B.Sc (Hons) (Computing
/Mobile Computing /Business Information Systems /Actuarial Science),
Diploma in Information Technology စသည့် ဘွဲ့နှင့်ဒီပလိုမာများ ၊
ဟိုတယ်နှင့်ခရီးသွားဆိုင်ရာ B.A (Hons) (Hospitality Management / Event &
Tourism Management), Diploma in Hotel Management ဘွဲ့နှင့်ဒီပလိုမာများ၊
B.A (Hons) Commerce (Retail Management အထူးပြု /International Business
အထူးပြု /Industrial Relations အထူးပြု) ဘွဲ့များ ၊ ဂီတ ၊ ဒီဇိုင်း နှင့်
လူမူသိပ္ပံဆိုင်ရာ B.Mus (Hons) (Classical Music /Contemporary Music), B.A
(Hons) (Fashion Design with Marketing /Mass Communication /Psychology
/English Language & Communication), B.C.A (Hons) 3D Animation Design
ဘွဲ့များ ၊ GCE A-Levels အစရှိသည့် ဘွဲ့များနှင့်ဘာသာရပ်များအတွက်
ဝင်ခွင့်လိုအပ်ချက် ၊ ဘွဲ့ရပြီးနောက် အလုပ်ရရှိမူအခြေအနေ၊
တိုးတက်မူအလားအလာတို့ကို အသေးစိတ်ရှင်းလင်းဆွေးနွေးပေးပါမည်။
အထက်ပါဘွဲ့များအတွက် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသော ကျောင်းသား ၊
ကျောင်းသူများ တက်ရောက်နိုင်ပါသည်။
ထို့အပြင် ဘွဲ့ရများအနေဖြင့် တက်ရောက်နိုင်သော M.Sc (Pharmaceutical
Chemistry / Biotechnology / Biotechnology with Business Management /
Applied Sciences / Electrical Engineering / Logistics Management), MBA
(Oil & Gas Management), MBA ဘွဲ့များအကြောင်းကိုလည်းအကျယ်တ၀င့်
ရှင်းလင်းသွားမည်ဟု Synergy Education မှ တာဝန်ခံက ပြောပါသည်။ နေ့လည်
(၂)နာရီမှ (၄)နာရီအတွင်း မြန်မာနိုင်ငံမှ ဆရာဝန်ဘွဲ့ရထားသူများ
တက်ရောက်နိုင်သော M.Sc. Anti-Aging, Regenerative Medicine and Medical
Aesthetic ဘာသာရပ် တစ်ခုတည်းအကြောင်းကို အသေးစိတ်ဆွေးနွေးပါမည်။ ၎င်းဘွဲ့သည်
Anti-ageing (အိုမင်းရင့်ရော်မှုကိုကာကွယ်ခြင်း)၊Aesthetics
(အားအင်ပြည့်ဖြိုးစေခြင်း)၊နှင့်Regenerative Medicine
(အသစ်ပြန်လည်မွေးဖွားခြင်း) ဟူသောဆေးပညာဘာသာရပ်သုံးမျိုးကို
ပူးပေါင်းလေ့လာသည့် ကမ္ဘာ့ပထမဆုံးဘွဲ့ဖြစ်ပြီး US ရှိ American Academy of
Anti-ageing and Regenerative Medicine နှင့်ပူးပေါင်းဆောင်ရွက်ထားပါသည်။
US ရှိ Academy of Anti-ageing အဖွဲ့အစည်းမှာ ကမ္ဘ့ာအကြီးဆုံး
Anti-ageingဆေးပညာအဖွဲ့အစည်းများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။
ထိုဆွေးနွေးမှုတွင် အရှ့တောင်အာရှနှင့် ကမ္ဘာတစ်ဝှမ်းလုံးအတိုင်း အတာဖြင့်
Anti-Aging ဘာသာရပ်၏ တိုးတက်မှု အနေအထား ၊ ဈေးကွက်တောင်းဆိုမူ
မြင့်မားလာခြင်း ၊ ကြီးမားသောဈေးကွက်နှင့် ဆရာဝန်များအတွက်
အခွင့်အလမ်းများ ၊ မည်သို့ကြိုတင်ပြင်ဆင်ထားမလဲ စသည့် ဘာသာရပ်ပိုင်းနှင့်
ဆေးပညာဈေးကွက်အနေအထား တို့ကို Dr. Deepali Sharma ကပြောကြားပါမည်။ (၂၀၁၁)
ခုနှစ်အတွက် ကမ္ဘာတစ်ဝှမ်းလုံးရှိ Anti-Aging ဈေးကွက်ပမာဏမှာ အမေရိကန်ဒေါ်လာ
(၁၁၅.၅) ဘီလီယံဒေါ်လာ ခန့်ရှိကြောင်းသိရသည်။
(15-3-2011)
Source : Ko Lin (MyanmarTraining)
School of Logistics & Supply Chain Management
.
မှ
ဒုတိယအကြိမ်ကြီးမှူးကျင်းပသော
.
.
.
.
.
.
.
.
.
.
UK နိုင်ငံမှ
စစ်ဆေးသည့် Diploma in Shipping Business (UK) အတွက် လိုအပ်သော
ဘာသာရပ်များသင်ကြားပို့ချရန် အစီအစဉ်ကို မိတ်ဆက်
ရှင်းလင်းတင်ပြမည်ဖြစ်ပါသည်။ အဆိုပါစာမေးပွဲမှ မြန်မာနိုင်ငံတွင်
ဒုတိယအကြိမ်ကျင်းပခြင်းဖြစ်ပါသဖြင့် သတန်းနှင့် ပတ်သတ်၍
လေ့လာဆွေးနွေးနိုင်ပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။
နေ့စွဲ
- 20.3.2011 (တနင်္ဂနွေ)
အချိန်
- ညနေ (6း00) မှ (8း00) ထိ
နေရာ
- Traders Hotel ၃-လွှာ (ကုန်းဘောင်/ တကောင်း) ခန်းမ
ဆက်သွယ်ရန် - တိုက် (၁)၊ အခန်း (38-B) လှည်းတန်းလမ်းဆုံ၊
အင်းစိန်လမ်းမ၊ ကမာရွတ်
Email: logistics.scm.team2010@gmail.com Ph: 01-527243, 09-5038431
(15-3-2011)
Source : Ko Lin (Myanmar Training)
BCA Academy မှ October Intake အတွက် ဝင်ခွင့်စာမေးပွဲလာရောက်စစ်ဆေးမည်
..
..
.
.
.
.
.
.
.
စင်ကာပူနိုင်ငံရှိ BCA Academy မှ October Intake အတွက်
ဝင်ခွင့်စာမေးပွဲကို လာရောက်စစ်ဆေးမည်ဖြစ်ရာ အင်ဂျင်နီယာဘာသာရပ်ကို
တက်ရောက်မည့် ကျောင်းသား ကျောင်းသူများအတွက် ၂၀၁၁ ခုနှစ်၊ ဧပြီလ ၃
ရက်တွင် BCA Academy မှ Examiner များကိုယ်တိုင်လာရောက် စစ်ဆေးသွားမည်
ဖြစ်ကြောင်း Care Forever မှ သိရသည်။ BCA Academy နှင့် ပတ်သက်၍
ဟောပြောပွဲတစ်ခုကိုလည်း ဧပြီလ ၂ ရက်တွင် Summit Parkview Hotel တွင်
ပြုလုပ်သွားမည်ဖြစ်ပြီး BCA Academy နှင့် Care Forever မှ
တာဝန်ရှိသူများက ဆွေးနွေးဟောပြောသွားမည်ဖြစ်ရာ
တက်ရောက်လိုသူများအနေဖြင့် စာရင်းပေးသွင်းနိုင်ကြောင်းသိရသည်။ ၂၀၁၁
ခုနှစ်၊ October Intake အတွက် BCA Academy ဝင်ခွင့်စာမေးပွဲကို IELTS/
TOEFL အမှတ်များမလိုအပ်ဘဲ မည်သူမဆို ဝင်ရောက်ဖြေဆိုနိုင်မည်ဖြစ်ပြီး
Diploma in Design တစ်ခုသာလျှင် English နှင့် Drawing ဘာသာရပ်ကို
ဖြေဆိုရမည်ဖြစ်သည်။ ဆက်လက်၍ ကျန်ရှိသည့်ဘာသာရပ် ၅ ခုထဲမှ
တစ်ခုကိုရွေးချယ်မည်ဆိုပါက English နှင့် Maths ကို တစ်ဘာသာလျှင်
အချိန်တစ်နာရီခွဲ ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။ ယခုအခါ BCA Academy
ဝင်ခွင့်စာမေးပွဲအတွက် အနီးကပ်သင်တန်းများကိုလည်း
ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်းသိရသည်။ အသေးစိတ် အချက်အလက်
သိရှိလိုသူများ၊ ဟောပြောပွဲတက်ရောက်လိုသူများနှင့်
ဝင်ခွင့်စာမေးပွဲဖြေဆို လိုသူများအနေဖြင့် Care Forever Service
Co.,Ltd အမှတ် (၁၇၇/ ၁၇၉)၊ ၇ လွှာ၊ ၃၄ လမ်း (အပေါ်ဘလောက်)၊
ကျောက်တံတားမြို့နယ်၊ ဖုန်း - ၀၉-၇၃၁၁ ၃၀၉၂၊ ၀၉-၅၁၆ ၆၂၄၀ နှင့်
Mandalay Swam Hotel ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့၊ ဖုန်း -
၀၉-၈၆၂၅၄၄၃ တို့တွင် ဆက်သွယ်စုံစမ်း စာရင်းပေးသွင်းနိုင်မည်ဖြစ်သည်။
(15-3-2011)
Source :
Internet
Journal
တက္ကသိုလ်ဝင်တန်းဖြေဆိုပြီးသော ကျောင်းသားများအတွက်
ပညာရေးအကြံပေးဆွေးနွေးပွဲ ကျင်းပမည်
.
.
.
.
.
.
.
.
..
.
.
.
.
.
.
တက္ကသိုလ်ဝင်တန်းဖြေဆိုပြီး ကျောင်းသားကျောင်းသူများအတွက်
ပညာရေးအကြံပေးဆွေးနွေးပွဲကို ၂၀၁၁ ခုနှစ်၊ မတ်လ ၁၉ ရက်၊ မွန်းလွဲ ၁းဝဝ
နာရီမှ ၂းဝဝ နာရီ ထိ Nexus English Language Learning Centre တွင်
ကျင်းပမည်ဖြစ်ကြောင်းသိရသည်။ ပညာရေးဆွေးနွေးပွဲကို
နိုင်ငံတကာပညာရေးဆွေးနွေးပွဲများ၊ ညီလာခံများတွင် တက်ရောက်ခဲ့သော
ပညာရေးအကြံပေးအရာရှိ အင်္ဂလိပ်စာ ပါမောက္ခ ဒေါ်ရှယ်လီ (ငြိမ်း) မှ
ဟောပြောဆွေးနွေးမည်ဖြစ်ပြီး တက္ကသိုလ်ဝင်တန်း ဖြေဆိုပြီးသော
ကျောင်းသားကျောင်းသူများနှင့် ဘွဲ့ရကျောင်းသား ကျောင်းသူများအနေဖြင့်
မိမိတို့၏ Further study အတွက် ဘာသာရပ် ရွေးချယ်ခြင်းဆိုင်ရာများ၊
ကျောင်းသားမိဘများအနေဖြင့် မိမိတို့၏ သားသမီးပညာရေးလမ်းကြောင်းအတွက်
စဉ်းစားရွေးချယ်ခြင်းဆိုင်ရာများ၊ နိုင်ငံခြားပညာသင် လွှတ်ခြင်းဆိုင်ရာ
သိသင့်စရာများကို အဓိကထားဆွေးနွေးမည်ဖြစ်သည်။ အဆိုပါဆွေးနွေးပွဲကို
မည်သူမဆို အခမဲ့တက်ရောက်နိုင်မည်ဖြစ်ပြီး စိတ်ပါဝင်စားသူများအနေဖြင့်
ဖုန်း - ၅၃၉ ၅၈၁၊ ၅၀၁ ၂၃၉ တို့သို့ ဆက်သွယ်စာရင်းပေးသွင်း
တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
(15-3-2011)
Source :Internet Journal