"The Passport to
Your Academic and Career Opportunities” ခေါင်းစဉ်ဖြင့်
ဆွေးနွေးပွဲကျင်းပပြုလုပ်မည်
နိုင်ငံတကာတွင် သွားရောက်ပညာသင်ယူလိုသူ ကျောင်းသားများအတွက်
လိုအပ်ချက်တစ်ခုဖြစ်သော အင်္ဂလိပ်စာအရည်အချင်းစစ်စာမေးပွဲ IELTS ကို
လေ့လာသင်ယူလိုသူများ များပြားလာတာကို တွေ့ရပါသည်။ IELTS
ကိုဖြေဆိုသူကျောင်းသားအများစုသည် နိုင်ငံတကာတွင် သွားရောက်
ပညာသင်ကြားရန်ဖြစ်ပြီး ကျန်ဖြေဆိုသူများကတော့ နိုင်ငံတကာလုပ်ငန်းခွင်၏
လိုအပ်ချက်အရ ဖြေဆိုကြောင်း သိရှိရပါသည်။ ကျောင်းသားတစ်ယောက်အနေဖြင့် IELTS
စာမေးပွဲကိုဖြေဆိုခြင်းဖြင့် မိမိ၏ အင်္ဂလိပ်စာ အရည်အချင်းကို
ဆန်းစစ်နိုင်သလို IELTS Band ကောင်းကောင်းရလျှင်လည်း Scholarship များ
လျှောက်ထားနိုင်ကြောင်းသိရှိရပါသည်။ တက္ကသိုလ်ဝင်တန်းဖြေဆိုထားသူများနှင့်
နိုင်ငံတကာတွင်သွားရောက် ပညာသင်ယူလိုသူ ကျောင်းသားများအတွက် ရည်ရွယ်ကာ
IELTS သင်ကြားမှု အတွေ့အကြုံ (၁၀) နှစ်ကျော်ရှိသော ဆရာဦးထင်အောင်ကျော်
(မဟာဝဇာ-နိုင်ငံခြားဘာသာတက္ကသိုလ်) ကိုယ်တိုင် “The Passport to Your
Academic and Career Opportunities” ခေါင်းစဉ်ဖြင့် ၂၀၁၁ မတ်လ ၂၄ ရက်
(ကြာသပတေးနေ့) တွင် (နံနက် ၁၀ နာရီမှ ၁ နာရီအတွင်း) မြေနီကုန်းပလာဇာ
(ဒုတိယထပ်)၊ ဂမုန်းပွင့် နှင့် ဒဂုံစင်တာကြား၊ ဘားဂရာလမ်း၊
စမ်းချောင်းမြို့နယ်တွင် ဆွေးနွေးဟောပြောပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။
၎င်းဟောပြောပွဲတွင် IELTS စာမေးပွဲအကြောင်း၊ မေးခွန်းများ၏ သဘောသဘာဝများနှင့်
Exam Strategies အတွက် ကြိုတင်ပြင်ဆင်ရန် အစီအစဉ်များနှင့် Exam Tips
များပါဝင်မည်ဖြစ်ကြောင်း သိရှိရပါသည်။ စိတ်ပါဝင်စားသူများအနေဖြင့် လူဦးရေ
အကန့်အသတ်ရှိပါသောကြောင့် ဖုန်းနံပါတ် ၀၉၇၃၁ ၄၇ ၃၇၉ ၊ ၅၂၅၉၇၁ ၊ ၅၀၁၄၅၀ သို့
ကြိုတင် စာရင်းပေးသွင်းနိုင်ကြောင်း သိရှိရပါသည်။
(18-3-2011)
Source :
Ko Lin
(Myanmar Training)
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း
.
Developer Conference 2011 ကျင်းပရေးအကြိုညှိနှိုင်းဆွေးနွေးပွဲ
.
.
..
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း
(MCPA) မှ ကြီးမှူးပြီး Developer Conference 2011 ကို
ကွန်ပျူတာပညာရှင်များအတွင်း IT အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်မှုနှင့်
အသိညာများကိုဖလှယ်ရန်၊ IT အသုံးချ Software ကောင်းများတီထွင်နိုင်သည့်
Developer များပေါ်ထွက်လာစေရန်၊ ICT Developer ဖြစ်လိုသူများအတွက်
နည်းလမ်းကောင်းများ ချမှတ်ပေးနိုင်ရေးတို့ကို
ရည်ရွယ်၍ကျင်းပခြင်းဖြစ်ပါသည်။ အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲကို ၂၀၁၁ ၊
မတ်လ(၂၅) ရက် သောကြာနေ့၊ ညနေ (၄) နာရီမှ (၆) နာရီအထိ မြန်မာအင်ဖိုတက် အခန်း
(၂၀၅) တွင် ပြုလုပ်မည်ြဖစ်သည်။ Developer Conference 2011 ကို အောင်မြင်စွာ
ကျင်းပနိုင်ရေးအတွက် IT ပညာရှင်များ၊ MCPA အသင်းဝင်များနှင့် IT
စိတ်ဝင်စားသူများနှင့် ပူးပေါင်းဆောင်ရွက်လိုပါသဖြင့် အကြိုညှိနှိုင်း
ဆွေးနွေးပွဲသို့ တက်ရောက်နိုင်ပါကြောင်း လေးစားစွာဖိတ်ကြားအပ်ပါသည်။
အသေးစိတ်အချက်အလက်များကို သိရှိလိုပါကမြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း
ရုံးခန်း ဖုန်း - ၆၅၂၂၇၆၊ ၇၃၀၈၈၃၀၀ သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။
နေ့ရက်း ၂၅.၃.၂၀၁၁ (သောကြာနေ့)
အချိန်း နေ့လည် (၄းဝဝ - ၆းဝဝ) နာရီ
နေရား အခန်း (၂၀၅)၊ မြန်မာအင်ဖိုတက်ခါ၊ လှိုင်တက္ကသိုလ်နယ်မြေ။
(18-3-2011)
Source : Ko Lin (Myanmar Training)
ဘာသာရပ်ဆိုင်ရာပညာရှင်များဟောပြောပွဲ
.
.
.
.
.
.
.
.
.
.
.
.
.
မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်နှင့်
မြန်မာနိုင်ငံပုစွန်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းကျင်းပသည့်
ဟောပြောပွဲများကို ၂၀၀၆ ခုနှစ်၊ ဇန်နဝါရီလ၊ (၇) ရက်နေ့မှစ၍ (၂)
ပတ်လျှင် တစ်ကြိမ်ကျင်းပလျှက်ရှိပါသည်။ ၂၀၁၁ ခုနှစ်တွင်လည်း
(၂)ပတ်လျှင်တစ်ကြိမ် ဆက်လက်ကျင်းပမည်ဖြစ်ပါသည်။
ယခုကျင်းပမည့် ဟောပြောပွဲအမှတ်စဉ် (၆/၂၀၁၁) တွင်
ဒေါက်တာထွန်းလွင် (မိုး/ဇလ)(ငြိမ်း) မှ -
“ THE IMPACTS OF CLIMATE CHANGE IN MYANMAR”
“ရာသီဥတုပြောင်းလဲခြင်းကြောင့် မြန်မာနိုင်ငံတွင် ကြုံတွေ့လာနိုင်သော
အကျိုးဆက်များ”
ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးမည်ဖြစ်ပါသည်။
ကျင်းပမည့်နေ့ရက် - ၂၀၁၁ ခုနှစ်၊ မတ်လ(၂၆) ရက် (စနေနေ့)
ကျင်းပမည်အချိန် - နေ့လည် (၂းဝဝ) နာရီ
ကျင်းပမည့်နေရာ - မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်
(သီရိအဏ္ဏဝါခန်းမ)၊
ဘုရင့်နောင်လမ်းမကြီးနှင့် စက်မှုဆေးဝါးလမ်းထောင့်၊
အနောက်ကြို့ကုန်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
(29-3-2011)
Source : Ko Lin (Myanmar Training)
“နိုင်ငံရပ်ခြားပညာသင် အခွင့်အလမ်းသစ်များ ဟောပြောပွဲ”
.
..
..
.
.
.
.
.
.
.
မြန်မာ့နှစ်သစ်အကြို Education for All အထူးအစီအစဉ်တစ်ရပ်အဖြစ်
“နိုင်ငံရပ်ခြားပညာသင်ယူရေး အခွင့်အလမ်းသစ်များ” ဟောပြောပွဲကို ၂၀၁၁
ဧပြီ (၇) ရက်နေ့ နေ့လည် (၁) နာရီတွင် ရန်ကုန်မြို့၊ Trader Hotel
(ကုန်းဘောင်-တကောင်း)ခန်းမတွင် ကျင်းပမည်ဖြစ်သည်။ ယင်းဟောပြောပွဲတွင်
ဗြိတိန် Worldwide Education Management ၏ ဒါရိုက်တာဖြစ်သူ ဒေါက်တာနေ
Ph.D (UK) က မြန်မာနိုင်ငံပညာရေးအဆင့်ကို နိုင်ငံတကာအသိအမှတ်ပြုမှုအရ
၈-တန်း (အလယ်တန်းအောင်) ကျောင်းသား၊ ကျောင်းသူများ ဗြိတိန်၊ အမေရိက၊
ကနေဒါ၊ သြစတြေးလျ တက္ကသိုလ်များသို့ GCSE/ IELTS/ TOEFL ဖြေဆိုရန်မလိုဘဲ
တိုက်ရိုက်သင်ယူခွင့်ရမည့် UK Skin Form (၂) နှစ်သင်တန်းအကြောင်းနှင့်
(၁၀) တန်းဖြေဆိုထားသူများ၊ (၁၀) တန်း အောင်မြင်ပြီးသူများနှင့်
ဘွဲ့ရပြီးသူများ သင်ယူခွင့်ရမည့် HND/ SQA HND နှင့် Degree (Hons)
တန်းများအကြောင်းကို ဟောပြောမည်ဖြစ်သည်။ ကမ္ဘာ့ရာသီဥတု
ဖောက်ပြန်ပြောင်းလဲမှုများကြောင့် ဖြစ်ပေါ်နေသော သဘာဝအန္တရာယ်များကို
ကာကွယ်တားဆီးရန်အတွက် ပေါ်ထွန်းလာသော ဘာသာရပ်အသစ်များ၊ စီးပွားရေး၊
ဥပဒေ၊ ကွန်ပျူတာ၊ ဆေးဘာသာရပ်ဆိုင်ရာ နည်းပညာအသစ်များအကြောင်းကိုပါ
မိတ်ဆက်ဟောပြောမည်ဖြစ်ရာ စိတ်ပါဝင်စားသူတိုင်း (အခမဲ့)
တက်ရောက်နိုင်ကြောင်းနှင့် ဖုန်း - ၂၂၀၄၇၆၊ ၂၅၀၂၂၅၊ ၂၅၀၁၅၀၊
၀၉၇၃၁၆၃၉၇၅၊ ၀၉၇၃၀၄၉၃၉၉ သို့ ကြိုတင်စာရင်းပေးသွင်းနိုင်ပြီဖြစ်သည်။
(29-3-2011)
Source :
Ko Lin
(Myanmar Training)
Knowledge Bank ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့် Seminar ပြုလုပ်မည်
.
.
.
.
.
.
.
.
..
.
.
.
.
.
.
Knowledge Bank Library & Education Services ဖွင့်လှစ်ခြင်း၊
တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် Seminar တစ်ခုကို ၂၀၁၁ ခုနှစ်၊ ဧပြီလ ၃
ရက် မွန်းလွဲ ၁ နာရီတွင် UMFCCI၊ အမှတ် (၂၉)၊ မင်းရဲကျော်စွာလမ်း၊
လမ်းမတော်မြို့နယ်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ
Seminar တွင် ဒေါက်တာနေဇင်လတ်မှ Better Governance is New
Democratization (ဒီမိုကရေစီဖြစ်စဉ်သစ်မှ သာလွန်ကောင်းမွန်သော
အုပ်ချုပ်မှု) ခေါင်းစဉ်ဖြင့် ဟောပြောသွားမည်ဖြစ်ရာ
စိတ်ပါဝင်စားသူမည်သူမဆို တက်ရောက်နိုင်ကြောင်းသိရသည်။
(29-3-2011)
Source :Internet Journal