မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ
"Global Economic Trends and Investment Implications for Myanmar"
ဟောပြောပွဲကျင်းပမည်
မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်
(MCF) မှကြီးမှူး၍ ၂၀၁၁ ခုနှစ်၊ မေလ (၂) ရက် ( တနင်္လာနေ့) တွင် နေ့လည်
(၂း၀၀) မှ (၄း၀၀) နာရီအထိ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ မြန်မာအင်ဖိုတက်ခ်၊
အခန်း (၂၀၅) တွင် Singapore နိုင်ငံမှ ဝါရင့်စီးပွားရေးပညာရှင် Dr. WONG,
YIT FAN ၏ နိုင်ငံတကာလုပ်ငန်း အတွေ့အကြုံများကို အခြေခံ၍ "Global Economic
Trends and Investment Implications for Myanmar" ခေါင်းစဉ်ဖြင့်
ဟောပြောဆွေးနွေးမည်ဖြစ်ပါသည်။ အဆိုပါဟောပြောပွဲသို့
စီးပွားရေးလုပ်ငန်းရှင်များ၊ ဘဏ်လုပ်ငန်းနှင့်သက်ဆိုင်သူများ၊
ငွေကြေးရင်းနှီးမြှပ်နှံခြင်းဆိုင်ရာ အခွင့်အလမ်းများကို
စိတ်ဝင်စားသူများနှင့် စိတ်ဝင်စားသူမည်သူမဆို အခမဲ့တက်ရောက်နိုင်ပါသည်။
အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်ရုံးခန်း (MCF)၊
အဆောင် (၁)၊ အခန်း (၁)၊ မြန်မာအင်ဖိုတက်ခ်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်းနံပါတ် ၆၅၂၃၀၇ သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
(29-4-2011)
Source :
Ko Lin
(Myanmar Training)
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း
.
“Advances and Future Prospects in Visualizations and Simulations: A
career-oriented perspective”
ဟောပြောပွဲ ကျင်းပမည်
.
.
.
သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်စေရေးအတွက်
မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်း (MCPA) မှ ကြီးမှုး၍ Myanmar World
Distribution မှပံပိုးကူညီ၍ ၂၀၁၁ ပြည့်နှစ်၊ မေလ (၆) ရက် (သောကြာနေ့)
နေ့လည် (၃း၀၀ မှ ၅း၀၀) နာရီအထိ ရန်ကုန်မျြိ့၊ လှိုင်မြို့နယ်၊
မြန်မာအင်ဖိုတက်ခ်၊ အခန်း (၂၀၅) တွင် Dr. Azlan မှ “Advances and Future
Prospects in Visualizations and Simulations: A career-oriented
perspective” ဟူသောခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးမည် ဖြစ်ပါသည်။ အဆိုပါ
ဟောပြောပွဲသို့ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဝင်များ၊ computer
လုပ်ငန်းရှင်များ၊ Computer ပညာလေ့လာသူ လူငယ်များ နှင့် စိတ်ပါဝင်စားသူ
မည်သူမဆို (အခမဲ့) တက်ရောက်ဆွေးနွေးနိုင်ပါသည်။ အသေးစိတ် သိလိုပါက
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊
မြန်မာအင်ဖိုတက်ခ်၊ ဖုန်း-၆၅၂၂၇၆၊ ၀၉-၇၃၀၈၈၃၀၀
သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။
(6-5-2011)
Source : Ko Lin (Myanmar Training)
ACCA နှင့် CAT ပညာရေးဆွေးနွေးပွဲ
.
.
.
.
.
.
.
.
.
.
.
.
.
.
ACCA နှင့် CAT (FIA) စာရင်းကိုင်ပညာရပ်များကို စင်ကာပူနိုင်ငံရှိ
Kaplan Learning Institute တွင် တက်ရောက်သင်ကြားနိုင်မည့် ပညာရေး
ဆွေးနွေးပွဲကို ၂၀၁၁ ခုနှစ်၊ မေလ ၁၃ ရက်၊ နံနက် ၉ နာရီခွဲမှ ၁၁
နာရီခွဲအထိ MAS စာရင်းကိုင်သင်တန်းကျောင်း၊ ၄၅လမ်း၊
ဗိုလ်တထောင်မြို့နယ် တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပညာရေးဆွေးနွေးပွဲတွင် Kaplan Learning Institute မှ တာဝန်ရှိသူ
Mr.Andy Tran နှင့် MAS မှ ဦးသူရရှိန်တို့မှ
ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်သည်။ ၂၀၁၁ ခုနှစ်၊
ဇူလိုင်လတွင်ဖွင့်လှစ်မည့် သင်တန်းများအတွက် မေလအတွင်း စတင်အပ်နှံ
နိုင်ကြောင်းနှင့် မေလအတွင်း အပ်နှံသူများကို Registration Fees S$150,
Course Fees 10% နှင့် Revision Fees 20% Discount
အသီးသီးပေးသွားမည်ဖြစ်သည်။ ဆွေးနွေးပွဲကို ဖုန်း - ၃၉၈၇၁၅ သို့
ကြိုတင်စာရင်းပေးသွင်းရမည်။
(10-5-2011)
Source : Internet Journal
မေလ ၁၃ ရက်၊ နံနက် ၉ နာရီခွဲမှ ၁၁ နာရီခွဲအထိ ယဉ်ကျေးမှုနှင့်
ယနေ့ကမ္ဘာအကြောင်းဟောပြောပွဲ
.
.
..
..
.
.
.
.
.
.
.
မေလ ၂၀ ရက်တွင်ကျရောက်သော World Day for Cultural Diversity for
Dialogue and Development အထိမ်းအမှတ်ဟောပြောပွဲကို ၂၀၁၁ ခုနှစ်၊ မေလ
၂၀ ရက်၊ ညနေ ၅ နာရီတွင် ဗြိတိသျှကောင်စီ
စာကြည့်တိုက်တွင်ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါဟောပြောပွဲတွင် အသက်မွေးမှု အတတ်ပညာသင်တန်းကျောင်း (CVT) မှ
လူမှုဆက်ဆံရေးအရာရှိ ဦးညီညီ (ခ) ဦးစိုးမင်းထွန်းမှ “ယဉ်ကျေးမှုနှင့်
ယနေ့ကမ္ဘာ” ခေါင်းစဉ်ဖြင့် ဟောပြော ဆွေးနွေးသွားမည်ဖြစ်သည်။
ဟောပြောပွဲကို မတူကွဲပြားသောယဉ်ကျေးမှုများကို
နားလည်တန်ဖိုးထားတတ်စေရန်နှင့် ငြိမ်းချမ်းစွာအတူ
ယှဉ်တွဲနေထိုင်တတ်စေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်းသိရသည်။ မေလ ၁၉
ရက် နောက်ဆုံးထားကာ ဗြိတိသျှကောင်စီ စာကြည့်တိုက် ဖုန်း - ၂၅၄၆၅၈
လိုင်းခွဲအမှတ်- ၃၃၁၆ သို့ စာရင်းပေးသွင်းနိုင်သည်။
(10-5-2011)
Source :Internet Journal
Education for All ဟောပြောပွဲ
. . ..
.
.
.
.
.
..
.
.
.
.
.
.
နဝရတ်ပညာရေး၏ Education for All
နိုင်ငံရပ်ခြားပညာသင်သိကောင်းစရာဟောပြောပွဲကို ၂၀၁၁ ခုနှစ်၊ မေလ ၁၄
ရက်၊ ညနေ ၃ နာရီမှ ၅ နာရီအထိ ရန်ကုန်မြို့၊ Traders Hotel
(ကုန်းဘောင်-တကောင်း) ခန်းမ၌လည်းကောင်း၊ မေလ ၁၅ ရက်၊ မွန်းလွဲ ၂ နာရီမှ
ညနေ ၄ နာရီ အထိတောင်ကြီးမြို့၊ ရှမ်းစာပေနှင့်
ယဉ်ကျေးမှုခန်းမ၌လည်းကောင်းကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါ
ဟောပြောပွဲတွင် ဗြိတိန်နိုင်ငံ Worldwide Education Management ၏
ဒါရိုက်တာ ဒေါက်တာနေ Ph.D (UK) က “နိုင်ငံရပ်ခြား
ပညာသင်ကြားရေးအလားအလာနှင့် အားသာချက်၊ အားနည်းချက်များ” ခေါင်းစဉ်ဖြင့်
ဟောပြောသွားမည်ဖြစ်သည်။ စိတ်ပါဝင်စားသူများအနေဖြင့် နဝရတ်ပညာရေး၊ ဖုန်း
- ၂၅၀၂၂၅၊ ၂၅၀၁၅၀၊ ၂၂၀၄၇၆ ကြိုတင် စာရင်းပေးသွင်းနိုင်သည်။
(10-5-2011)
Source :Internet Journal
စင်ကာပူပညာရေးအကြောင်းဟောပြောပွဲ
.
.. . ..
.
.
.
.
.
..
.
.
.
.
.
.
စင်ကာပူနိုင်ငံတွင် အင်ဂျင်နီယာ၊ ကွန်ပျူတာနှင့်
စီးပွားရေးဘာသာရပ်များကို တက်ရောက်လိုသူများအတွက် ပညာရေးဆွေးနွေးပွဲကို
၂၀၁၁ ခုနှစ်၊ မေလ ၁၅ ရက်၊ နံနက် ၁၀ နာရီမှ နေ့လည် ၁၂ နာရီအထိ OESC
Seminar Room တွင် ပြုလုပ်သွားမည်ဖြစ်သည်။ ဆွေးနွေးပွဲတွင်
အင်ဂျင်နီယာဘာသာရပ်၊ ကွန်ပျူတာဘာသာရပ်နှင့် စီးပွားရေးဘာသာရပ်များနှင့်
ဆက်လက်သင်ယူနိုင်မည့် Pathway များ ကျောင်းပြီးလျှင် ရရှိနိုင်မည့်
အလုပ်အကိုင်အခွင့်အလမ်းများ၊ Bachelor Degree နှင့် Post Graduate
Diploma, Master Program များပြီးပါက စင်ကာပူတွင် Long Stay Visa ဖြင့်
နေထိုင်နိုင်သည့် EPEC Visa အကြောင်း၊ ဆွေးနွေးသွားမည်ဖြစ်သည်။
ဆွေးနွေးပွဲ တက်ရောက်လိုသူများအနေဖြင့် OESC ဖုန်း - ၅၁၉၀၉၂၊
၀၉၇၃၀၉၄၀၆၀၊ ၀၉၅၀၈၆၈၁၉ သို့ကြိုတင်စာရင်းပေးသွင်း ရမည်ဖြစ်သည်။
(10-5-2011)
Source :Internet Journal