Taylor’s University Open Day ပြုလုပ်မည်
Brand
Excellent Award 2008 နှင့် Tier 5 Excellent Award (SETARA 2009)
ရရှိထားသော Taylor’s University ၏ Taylor’s University Open Day ကို
Myanmar Search International မှ ဦးစီး၍ မေလ ၂၁ ရက်နေ့၊ မနက် ၁၁းဝဝ နာရီမှ
ညနေ ၄းဝဝ နာရီထိ Park Royal Hotel Ballroom 3 တွင်
ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။ အဆိုပါနေ့တွင် Scholarship
အစီအစဉ်များရှိပြီး Taylor’s ရှိ Program များအကြောင်းကို ဘာသာရပ်ဆိုင်ရာ
တာဝန်ခံများမှ ရှင်းပြပေးမည်ဖြစ်သည်။ အင်္ဂလိပ်စာအရည်အချင်းစစ် စာမေးပွဲ (EPT)
ကို ကြိုတင်စာရင်းပေးသွင်းပြီးအခမဲ့ ဖြေဆိုနိုင်မည်ဖြစ်သည်။ လူဦးရေ
ကန့်သတ်ထားသဖြင့် တက်ရောက်လိုသူများ အနေဖြင့် ဖုန်း - ၂၅၀၉၂၉၊ ၃၈၉၉၁၅ နှင့်
myanmarsearchinternational@gmail.com သို့ ဆက်သွယ်မေးမြန်း
ကြိုတင်စာရင်းပေးသွင်းနိုင်သည်။
(18-5-2011)
Source :
Internet
Journal
မလေးရှားပညာရေးပြပွဲကျင်းပမည်
.
.
.
.
Ministry of Higher Education Malaysia မှ ဦးစီး၍ Education Malaysia
Exhibition & Student Enrichment Workshop 2011 ကို ကျင်းပမည်ဖြစ်ကြောင်း
Jenko မလေးရှားပညာဝန်ဆောင်မှုမှသိရသည်။ အဆိုပါပွဲကို မေလ ၂၈ ရက်နေ့နှင့် ၂၉
ရက်နေ့များတွင် Park Royal Hotel, Ballroom ၌ နံနက် ၁၁းဝဝ နာရီ မှ ညနေ ၄းဝဝ
နာရီထိကျင်းပပြုလုပ်မည်ဖြစ်သည်။ ၎င်းပညာရေးပွဲတော်တွင် Free Workshop
များပါဝင်မည်ဖြစ်သည်။ ကျောင်းပေါင်း ၁၅ ကျောင်းခန့်ပါဝင်မည်ဖြစ်ပြီး Online
English Placement Test, English Placement Test များပါဝင်မည်ဖြစ်ကာ
Register ကြိုတင်ပြုလုပ်ရမည်ဖြစ်သည်။ အဆိုပါပွဲအတွက် Register များကို
www.yes2malaysia.com တွင် ပြုလုပ်နိုင်ပြီးပွဲနှင့် ပတ်သက်တာများကို
လေ့လာနိုင်သည်။ ၎င်းပွဲနှင့် ပတ်သက်၍ အသေးစိတ်သိလိုပါက ဖုန်း - ၀၉၅၀၆၂၈၉၁ သို့
ဆက်သွယ်မေးမြန်းနိုင်သည်။
(18-5-2011)
Source : Internet Journal
PSB မှ အင်္ဂလိပ်စာအရည်အချင်းစစ်စာမေးပွဲ
.
.
.
.
.
.
.
.
.
.
.
.
.
.
PSB Academy မှ ၂၀၁၁ ခုနှစ်အတွက် ဒုတိယအကြိမ်အဖြစ် GCE “O” Level/
IGCSE ကျောင်းသားများအတွက် အင်္ဂလိပ်စာအရည်အချင်းစစ် စာမေးပွဲကို
ရန်ကုန်နှင့် မန္တလေးမြို့များတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။
အဆိုပါစာမေးပွဲကို GCE “O” Level/ IGCSE ဘာသာရပ်များတွင် အနိမ့်ဆုံး
Grade C မရှိသော ကျောင်းသားများအတွက် Foundation Diploma ကိုတ
က်ရောက်နိုင်ရန်အတွက် ဒုတိယအကြိမ်စစ်ဆေးခြင်းဖြစ်သည်။ အင်္ဂလိပ်စာ
အရည်အချင်းစစ် စာမေးပွဲများကို ရန်ကုန်မြို့၌ မေလ ၂၀ ရက်နေ့တွင် မနက်
၁၁းဝဝ နာရီမှ ၁၁းဝဝ နာရီထိ နှင့် မေလ ၂၂ ရက်နေ့တွင် မနက် ၁၁းဝဝ နာရီမှ
၁၂းဝဝ နာရီထိ မန္တလေးမြို့တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။
စိတ်ပါဝင်စားသော ကျောင်းသားကျောင်းသူများအနေဖြင့် MSI ရုံး၊ ဖုန်း
-၂၅၀၉၂၉ ၊ ၃၈၉၉၁၅ သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်သည်။
(18-5-2011)
Source : Internet Journal
ကျန်းမာရေးဆိုင်ရာ စီမံခန့်ခွဲမှုဘာသာရပ်အကြောင်းဆွေးနွေးပွဲ
.
.
.
..
..
.
.
.
.
.
.
.
CROWN Education နှင့် စင်ကာပူနိုင်ငံ Management Development
Institute of Singapore (MDIS) တို့ ပူးပေါင်းစီစဉ်မှုဖြင့်
ကျန်းမာရေးဆိုင်ရာ စီမံခန့်ခွဲမှုဘွဲ့လွန်ဘာသာရပ်နှင့် မြန်မာနိုင်ငံမှ
ကျောင်းသားကျောင်းသူများအတွက် ၂၀၁၁ ခုနှစ်၊ သြဂုတ်လတွင်
ပထမဆုံးသင်ကြားပို့ချမည့် BSc (Hons) Bio Technology ဘာသာရပ်များ
အကြောင်းနှင့် ဆက်စပ်အလုပ်အကိုင်အခွင့်အလမ်းများအကြောင်း
ရှင်းလင်းဆွေးနွေးမည့် ပညာရေးဟောပြောပွဲကို ၂၀၁၁ ခုနှစ်၊ မေလ ၂၀ ရက်
ညနေ ၃ နာရီမှ ၅ နာရီအထိ ရန်ကုန်မြို့ Park Royal Hotel တွင်
ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါဆွေးနွေးပွဲတွင် MSc in Health
Care Management နှင့် BSc (Hons) Bio Technology
ဘာသာရပ်များအကြောင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို
အသေးစိတ်ရှင်းလင်းဆွေးနွေး သွားမည်ဖြစ်သည်။
(18-5-2011)
Source :Internet Journal
YES 2 Malaysia မလေးရှားပညာရေးပြပွဲကြီး ပြုလုပ်မည်
.
.
. . ..
.
.
.
.
.
..
.
.
.
.
.
.
YES 2 Malaysia ဟုနာမည်ပေးထားသော (၆)
ကြိမ်မြောက်မလေးရှားပညာရေးပြပွဲကြီးကို ၂၀၁၁ ခုနှစ် မေလ ၂၈၊ ၂၉
ရက်နေ့များတွင် နှစ်ရက်တိုင်တိုင် မနက် ၁၁ နာရီမှ ညနေ ၄ နာရီအထိ Park
Royal Hotel တွင်ကျင်းပသွားမည်ဖြစ်ကြောင်း အဆိုပါပွဲကိုစီစဉ်သည့် Jenko
Education Group မှ သိရပါသည်။ အဆိုပါပြပွဲကြီးကို Education Malaysia
အဖွဲ့အစည်းနှင့် Jenko Education Group တို့
ပူးပေါင်းကျင်းပခြင်းဖြစ်သည်။ လာရောက်လေ့လာမည့်
စိတ်ဝင်စားသူများအနေဖြင့်အရင်ဆုံး www.yes2malaysia.com ၀က်ဘ်ဆိုက်တွင်
ကြိုတင်စာရင်းသွင်းပြီး ဟိုတယ်ရှိ သက်ဆိုင်ရာပြပွဲကျင်းပရေးကော်မတီတွင်
မိမိတို့၏ သတ်မှတ်ကတ်ပြားများကို ထုထ်ယူရမည်ဖြစ်သည်။
ပြပွဲကျင်းပမည့်နေ့ရက်နှင့် အချိန်အသေးစိတ်မှာ အောက်ပါအတိုင်းဖြစ်သည်။
နေ့ရက်: မေလ ၂၈၊ ၂၉ ရက်
အချိန်: နံနက် ၁၁ နာရီမှ ညနေ ၄ နာရီအထိ
နေရာ: Park Royal Hotel (Ball Room) Yangon
ပြပွဲနှင့်ပတ်သက်ပြီး အသေးစိတ်သိလိုပါက Jenko Educare Services ဖုန်း
၀၉-၅၀၆၂၈၉၁ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။
(24-5-2011)
Source :Ko Lin (Myanmar Training)
နိုင်ငံတကာ စီပွားရေးနှင့် စီမံခန့် ခွဲ မှု့ ဘာသာရပ်များ နှင့်
အဆိုပါဘာသာရပ်များသင်ယူရာတွင် သတိပြုရမည့်အချက်များကို
.
ဆွေးနွေးပြောကြားမည်
.
..
.
.
.
.
.
.
နိုင်ငံတကာတွင် ပညာဆက်လက်သင်ယူမည့်
ကျောင်းသား၊ ကျောင်းသူများအတွက် အထူးပြုဘာသာရပ်များကို
ရွေးချယ်သင်ယူရာတွင် အဆင်ပြေ လွယ်ကူမှု့ရှိစေရန် နှင့် အထောက်အကူ
ပြုစေရန်၊ Kaplan Higher Education Academy နှင့် CROWN Education
တို့ပူးပေါင်းစီစဉ်မှု့ဖြင့်၊ စီမံခန့်ခွဲမှုနှင့် စားရင်းအင်း၊
စီးပွားရေးဘာသာရပ်များအကြောင်း ရှင်းလင်းဆွေးနွေးခြင်း အစီအစဉ်ကို၊
ရန်ကုန်မြို့ PARKROYAL Hotel တွင်၊ ဇွန်လ (၁၁) ရက်နေ့ (စနေနေ့) နံနက်
(၁၀)နာရီမှ၊ (၁၂) နာရီအထိ ရှင်းလင်းပြောကြားပေးမှာဖြစ်ပါတယ်၊၊ Kaplan
သည် အမေရိကန်နိုင်၏ အကြီးဆုံး ဘဏ္ဍာရေးနှင့် လေ့ကျင့်သင်ကြားရေး
အဖွဲ့အစည်းများတွင် တစ်ခုအပါအ၀င်ဖြစ်ပြီး၊ ကမ္ဘာကျော် The Washington
Post သတင်းစာနှင့် News Week မဂ္ဂဇင်းကိုပိုင်ဆိုင်သော အဖွဲ့အစည်းဖြစ်ကာ
ယခုရှင်းလင်းပြောကြားမည့် အစီအစဉ်ကို Kaplan မှ Deputy Manager, Mr
James Kong မှ ဘာသာရပ်ဆိုင်ရာ သတင်းအချက်အလက်များ၊ တက္ကသိုလ်များ
အကြောင်းနှင့် နှင့် CROWN Education မှ ဦးအောင်ကျော်ဆန်းမှ
မြန်မာနိုင်ငံ ကျောင်းသူ၊ ကျောင်းသားများအတွက် စီးပွားရေးနှင့်
စီမံခန့်ခွဲမှု့ဘာသာရပ် သင်ယူရာတွင် ထည့်သွင်းစဉ်းစားရမည့်
အချက်များကို ရှင်းလင်းပြောကြားမည်ဖြစ်ကြောင်း သိရပါသည်၊၊
အဆိုပါဆွေးနွေးပွဲတွင်
စာရင်းအင်းနှင့် စီမံခန့်ခွဲမှု့ဘာသာရပ်များ၏ သဘောသဘာဝများ၊
မိမိတို့သင်ယူရရရှိထားသည့် ပညာရေးလမ်းကြောင်းအလိုက် လေ့လာသင်ယူသင့်သော
အထူးပြုဘာသာရပ်များကိုပါ ရှင်းလင်းပြောကြားသွားမှာဖြစ်ပြီး၊
(၁၀)တန်းအောင်မြင်ပြီး စီးပွားရေးနဲ့ စီမံခန့်ခွဲမှု့ဘာသာရပ်တွေကို
လေ့လာသင်ယူလိုတဲ့ ကျောင်းသူ၊ ကျောင်းသားများအတွက်
ပညာရေးလမ်းကြောင်းများအပြင်၊ မြန်မာနိုင်ငံမှ LCCI Level 3 ဖြေဆိုအောင်
မြင်ပြီးသူများအတွက်၊ ပညာရေးလမ်းကြောင်းသစ်များ၊ ABE
ဖြေဆိုအောင်မြင်ပြီးသူများနှင့်၊ အခြားနိုင်ငံတကာ အသိအမှတ်ပြု
စီပွားရေးဒီပလိုများ ရရှိထားသူများ၊ မြန်မာနိုင်ငံမှ စီးပွားရေးဘွဲ့
ရရှိထားသူများအတွက်၊ သင့်တော်တဲ့ ပညာရေးလမ်းကြောင်းတွေကိုပါ
ရှင်းလင်းဆွေးနွေးပေးသွားမှာဖြစ်ပါတယ်၊၊ “ကျွန်တော်တို့ ပြည်တွင်းမှာ
စီးပွားရေး၊ စီမံခန့်ခွဲမှု့နဲ့ပတ်သက်တဲ့ သင်တန်းတွေ တော်တော်များများ
ရှိတဲ့အတွက် ကျောင်းသူ၊ ကျောင်းသားတွေ ဒီလိုဘာသာရပ်တွေနဲ့
သိပ်မစိမ်းကြပါဘူး၊ တော်တော်များများလည်း အထောက် အကူပြုပါတယ်၊၊ ဒါပေမဲ့
အသက်မွေးဝမ်းကြောင်းမှု့အတွက် ရွေးချယ်တဲ့အခါပိုပြီး၊ တိကျပြတ်သားဖို့
လိုလာပါတယ်၊၊ ဥပမာ၊ စီမံခန့်ခွဲမှု့ဘာသာရပ်ကို လေ့လာမယ့် ကျောင်းသူ၊
ကျောင်းသား တစ်ယောက်ဟာ၊ ဘာကိုစီမံခန့် ခွဲမှာလဲ၊ လူတွေကိုလား၊
ဝန်ဆောင်မှု့တွေကိုလား၊ Product တွေကိုလားဆိုပြီး၊ မြင်ထားနိုင်ရင်၊
ဘာသာရပ်ရွေးချယ်တဲ့ နေရာမှာရော သူတို့အလုပ်အကိုင်ရှာဖွေတဲ့နေရာမှာ
ရောပိုပြီးအထောက်အကူ ဖြစ်လာနိုင်ပါတယ်” ဟု CROWN Education မှပညာရေး
အတိုင်ပင်ခံဦးအောင်ကျော်ဆန်းက အကြံပြုပါတယ်၊၊
ဆွေးနွေးပွဲတက်ရောက်ရန်နှင့် အသေးစိတ်အချက်အလက်တွေကိုသိရှိဖို့  CROWN
Education ရုံးခန်း၊ Summit Parkview Hotel, အခန်း (၂၂၈-၂၂၉), ဖုန်း
211 888 (လိုင်းခွဲ ၂၂၈) နှင့် ၀၉ ၅၀၈၅ ၁၈၅ ၊ ၀၉ ၇၃၂ ၇၃၂ ၇၇ တို
့တွင်ဆက်သွယ်စုံစမ်းစာရင်းပေးနိုင်ပါသည်၊၊
(27-5-2011)
Source : Ko Lin (Myanmar Training)