Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font RSS RSS

Studying Abroad

Singapore

Malaysia

Australia

England

Thailand

Quiz Program

CREATiVE Web Studio မှ သင်တန်း တက်ရောက်ခွင့်
- Web Essential (1) ဦး
- Web Advanced (1) ဦး
- PHP Course (1) ဦး

SUBSCRIBE

Your Email:


Seminar » Special Talk

ဘာသာရပ်ဆိုင်ရာပညာရှင်များဟောပြောပွဲ 

 


                         








 

(27-5-2011)
Source : Ko Lin (Myanmar Training)


ဘာသာရပ်ဆိုင်ရာ ပညာရှင်များ၏ ဟောပြောပွဲဖိတ်ကြားခြင်း . . 
.
 
. .   

               







 

(27-5-2011)
Source : Ko Liin (Myanmar Traiining)


STI မှ တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် ကျောင်းသားမိဘများအား Parent Conference ကျင်းပမည် . . . .
. . .  .   . . . .    . . 

   ကျောင်းသားများ၏ အသက်မွေးဝမ်းကျောင်းပညာရပ်နှင့် မိမိတို့ ရွေးချယ်သင်ကြားမည့် ဘွဲ့ကြိုဘာသာရပ်များသည် အလွန်အရေးပါစွာ ဆက်စပ်လျှက်ရှိပါသည်။ STI Education သည် ပြည်တွင်းရှိ ကျောင်းသားများအတွက် နိုင်ငံတကာ အဆင့်မီပညာရေးကို သင့်တင့်သော အချိန်အတွင်း အကျိုးရှိစွာ ဆည်းပူးနိုင်ရန် အစဉ်တစိုက်ကြိုးပမ်းပံ့ပိုးလျှက်ရှိသည်။ ယခုအခါတက္ကသိုလ်ဝင်တန်းဖြေဆို/ အောင်မြင်ပြီးသူများအတွက် အင်္ဂလန်တက္ကသိုလ်ကြီးများမှ ဂုဏ်ထူးတန်းဘွဲ့များကို စရိတ်သက်သာစွာဖြင့် သင်ယူနိုင်မည့် အစီအစဉ်များကို ကျောင်းသားနှင့် မိဘများအားရှင်းလင်းဆွေးနွေးမည့် Parent Conference ကို ကျင်းပမည်ဖြစ်သည်။ Parent Conference တွင် အဓိကထားဆွေးနွေးမည့် အကြောင်းအရာများမှာ STI Diploma နှင့် Advanced Diploma များမှ တစ်ဆင့် အင်္ဂလန် တက္ကသိုလ်ကြီးများဖြစ်သည့် University of Sunderland, University of Wales , University of East London, Teeside University, Institute of Business and Management (IBAM) များမှ ဘွဲ့များကို ရယူနိုင်မည့် ဘာသာရပ်များနှင့် သင်ကြားရမည့် ပုံသဏ္ဍာန်အမျိုးမျိုးကို ကျောင်းသားတစ်ဦးစီအလိုက် မိမိတို့နှစ်သက်ရာ ဘာသာရပ်အလိုက် အကျယ်တဝင့်အသေးစိတ် တစ်ဦးချင်း ဆွေးနွေးပေးမည်ဖြစ်သည်။ ဆွေးနွေးပေးမည့် ပုဂ္ဂိုလ်များမှာ IBAM မှ Academic Director, Simon De-Lay နှင့် RDI Management Learning မှ Regional Director , Linda De-Lay တို့အပြင် ဝါရင့်အတွေ့အကြုံရှိ ပြည်တွင်းပြည်ပဘွဲ့ရထားသော ဆရာ/ ဆရာမကြီးများ ပါဝင်မည်ဖြစ်သည်။ ဆွေးနွေးပွဲကို Traders Hotel (ကုန်းဘောင် တကောင်းခန်းမ) ၌ ၁၈-၆-၂၀၁၁ (စနေနေ့) တွင် နေ့လည် ၁းဝဝ နာရီမှ ၃းဝဝ နာရီထိကျင်းပမည်ဖြစ်သည်။ ဆွေးနွေးပွဲသို့ စိတ်ပါဝင်စားသူမည်သူမဆို အခမဲ့တက်ရောက်နိုင်ပြီး STI Education တည်ရှိရာ-အဆောင်(၄)၊ အခန်း(၇)၊ Myanmar Info-Tech, Hlaing Campus ၊ လှိုင်မြို့နယ် နှင့် အမှတ် (၃၇၇) ၊ ရွှေဘုံသာလမ်း (အထက်)၊ ပန်းဘဲတန်း မြို့နယ်၊ ရန်ကုန်မြို့ ဖုန်း - ၅၀၇၁၅၁/၅၂ ၊ ၅၀၇၀၄၈ ၊ ၂၅၀၀၅၆ ၊ ၇၀၀၂၇၃ တို့တွင် ကြိုတင်စာရင်းပေးဆက်သွယ်နိုင်ကြောင်းသိရသည်။




 

(4-6-2011)
Source : Ko Lin (Myanmar Training)


အင်္ဂလန် ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များသို့  ၀င်ခွင့်ပြင်ဆင်လျောက်ထားခြင်း နှင့် ပညာသင်ယူခြင်းဆိုင်ရာ သတင်း . အချက်အလက်များအကြောင်းရှင်းလင်းပြောကြားမည်”.
 

သြစတြေလျနှင့် နယူးဇီလန်အခြေစိုက် Study Group နှင့် CROWN Education တို့ပူးပေါင်းစီစဉ်ဆောင်ရွက်မှု့ဖြင့် အင်္ဂလန် ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်များသို့ ၀င်ခွင့်ပြင်ဆင်ခြင်း၊ လျောက်ထားခြင်း နှင့် ပညာသင်ယူခြင်းဆိုင်ရာ သတင်း အချက်အလက်များ ကို Study Group မှ Mr Chris Kelso, Manager, International Study Centres South East and North Asia မှ June 22, 2011 (Wednesday) နံနက် (၁၀)နာရီမှာ (၁၂) နာရီအထိ၊ ParkRoyal Hotel တွင်ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူတိုင်းမည်သူမဆို အခမဲ့ တက်ရောက်နိုင်ကြောင်းသိရပါသည်၊၊ Study Group သည် သြစတြေလျနှင့် နယူးဇီလန်အပါအ၀င်၊ အင်္ဂလန်၊ အမေရိကန် နိုင်ငံများတွင်၊ ရုံးချုပ်များထားရှိပြီး၊ ကမ္ဘာတစ်ဝှမ်းရှိတက္ကသိုလ်ပေါင်း (၂၀၀) ကျော်တွင် တွင် နိုင်ငံတကာ ကျောင်းသူ ကျောင်းသားများ အဆင်ပြေ ချောမွေ့စွာ ပညာသင်ကြားနိုင်ရန်၊ Foundation Program များဖွင့်လှစ်ထားရှိလျှက်၊ ကျောင်းဝင်ခွင့်နှင့် နေရေး ထိုင်ရေးများစီစဉ် ဆောင်ရွက်ပေးလျက်ရှိသော အဖွဲ့အစည်းဖြစ်ပါသည်၊၊

June 22 တွင်ပြုလုပ်မည့် ဟောပြောပွဲနေ့တွင်၊ မြန်မာနိုင်ငံမှကျောင်းသူကျောင်းသူများအတွက် အင်္ဂလန်နိုင်ငံတွင်ပညာ သင်ကြားခြင်းဆိုင်ရာ သတင်းအချက်အလက်များ၊ ကမ္ဘာထိပ်တန်း တက္ကသိုလ်များသို့ လျောက်ထားရာတွင် ကြိုတင် ပြင်ဆင်ထားရမည့်အချက်များနှင့် ပညာရေး လမ်းကြောင်းများနှင့် ကို ရှင်းလင်းပြောကြားမည့်အပြင်၊ Royal Holloway, University of London, University of Stirling, University of Huddersfieled စသည့် တက္ကသိုလ်များ အကြောင်း၊ ဘာသာရပ်များ၊ ၀င်ခွင့်အချက်အလက်များနှင့် ပညာရေးလမ်းကြောင်းများကို ရှင်းလင်းပြောကြားမည်ဖြစ်ပါသည်၊၊ ထို့အပြင် အင်္ဂလန်နိုင်ငံတွင် ပညာသင်ကုန်ကျ စားရိတ်များနှင့် Study Group Partner Universities များမှချီးမြှင့်မည့် ပညာသင်ထောက်ပံကြေးများ အကြောင်းရှင်းလင်းပြောကြား မည်ဖြစ်ပါ သဖြင့် ဆွးနွေးပွဲတက်ရောက်ရန် နှင့် အသေးစိတ်စုံ စမ်းမေးမြန်းနိုင်ရန်၊ CROWN Education, Summit Parkview Hotel, အခန်း (၂၂၈။၂၂၉), ဖုံးနံပါတ် 211 888 လိုင်းခွဲ 228 နှင့် 09 5085 185 တို့ တွင် ဆက်သွယ်စုံစမ်းစာရင်ပေးနိုင်ပါသည်၊၊



 

(13-6-2011)
Source :Ko Lin (Myanmar Training)

 


စင်္ကာပူ Nanyang Institute of Management (NIM) Seminar ဇွန် ၂၅ ကျင်းပမည် . . .  . .. . .  . .
 
. ..   . .  .  .    . . 

စင်ကာပူနိုင်ငံရှိ Nanyang Institute of Management (NIM) မှ ယခုလာမည့် June လ 25th ရက်နေ့ နေ့လည် (၂)နာရီမှ ညနေ (၅)နာရီအထိ OSM Education Centre နှင့် ပူးပေါင်း၍ ၄င်း OSM စင်တာတွင် ပညာရေးဆွေးနွေးပွဲ ပြုလုပ်မည်ဟု သိရှိရသည်။ အဆိုပါ ပညာရေးဆွေးနွေးပွဲတွင် တက်ရောက်သော ကျောင်းသားများအနေနှင့် ပညာရေး ဆွေးနွေးပွဲအပြီးတွင် Register ပြုလုပ်၍ August နှင့် September Intake အတွက် ကျောင်းလျောက်ထားမည်ဆိုပါက ကင်းလွှတ်ခွင့် Singapore $ 350 သက်သာနိုင်မည် ဖြစ်သည်။ NIM ၏ ကျောင်းဝင်ခွင့်လိုအပ်ချက် တစ်ခုဖြစ်သော Oral Test ကိုကျောင်းမှ တာဝန်ရှိသူနှင့် တစ်ချိန်တည်း ဖြေဆိုနိုင်မည်ဖြစ်သည်။ ထို့အပြင် August, September တွင် ကျောင်းလျောက်မည့် ကျောင်းသားများအတွက် Escrow Fees 50% discount ကိုရရှိစေနိုင်ပြီး ကျောင်းသားများအတွက် S$175 သက်သာစေနိုင်မည့် အခွင့်ကောင်း တစ်ရပ် ကိုလည်း မြန်မာ ကျောင်းသားများ ရယူနိုင်မည်ဖြစ်သည်။ ၄င်း NIM ကျောင်းနှင့်ပက်သက်၍ OSM Education Centre မှပြောကြားရာတွင် NIM ကျောင်းကို စင်ကာပူနိုင်ငံတွင် ၂၀၀၁ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး နိုင်ငံတကာမှ ကျောင်းသား များအတွက် School of Engineering, School of Language, School of Business နှင့် School of Hospitality များကို ဖွင့်လှစ်ခဲ့သော ကျောင်းဖြစ်သည်။

ယခုလောလောဆယ် NIM ရှိ ကျောင်းသား များအကြား ရေပန်းအစားဆုံး ဘာသာရပ်နှင့် ပက်သက်သက်၍ OSM မှ ပြောကြား ရာတွင် မြန်မာ ကျောင်းသားများ စိတ်ဝင်စားလာသော ဘာသာရပ်မှာ Construction Engineering ဘာသာရပ် ဖြစ်ကြောင်း၊ ယခုလောလောဆယ်တွင် ဆောက်လုပ်ရေးနှင့် နှီးနှော ဆက်နွယ် လျက်ရှိသော လုပ်ငန်းများ အရှိန် အဟုန်မြင့် တိုးတက်ပြောင်းလဲလာခြင်း၊ ကာတာ၊ ဒူဘိုင်းနှင့် UAE နိုင်ငံများနှင့် အာရှ တလွှားတွင် ဆောက်လုပ် ရေးလုပ်ငန်း များနှင့် ပက်သက်၍ မယုံကြည် နိုင်လောက်ဖွယ် ကောင်းလောက်အောင် တိုးတက်လာခြင်း၊ Nanyang ကျောင်း၏ Diploma in Construction Engineering Diploma ပြီးမြောက် အောင်မြင် သူများသည် စင်ကာပူ အစိုးရ အသိအမှတ်ပြု အင်ဂျင်နီယာ အဖွဲ့အစည်း Singapore Institute of Engineering Technoligist (SITE) မှစစ်ဆေးသော နိုင်ငံတကာ အသိအမှတ်ပြု Professional Certificate Exam Level 3 ကို တိုက်ရိုက် ၀င်ရောက်ဖြေဆိုနိုင်ခြင်း၊ SIET Level 2 မှာ Poly Graduate နှင့် ညီမျှပြီး ၊ Nanyang Diploma in Construction မှပြီးမြောက်အောင်မြင်သူများ ကိုလည်း ပိုလီကျောင်းပြီးများ နည်းတူ Level 2 အဆင့်အဖြစ် အသိအမှတ်ပြုခြင်း၊ SIET Level 3 စာမေးပွဲပါ ဆက်လက်အောင်မြင်ခဲ့ပါက PEng(UK) (Professional Engineering UK) တွင်မှတ်ပုံတင်ခွင့် ရရှိခြင်းကြောင့် Professional Engineering အဖြစ် အသက်မွေးလိုသူ မြန်မာကျောင်းသားများအတွက် အခွင့်အရေးကောင်း တစ်ခုအနေနှင့် လက်မလွှတ် သင့်ကြောင်း OSM Education Centre မှ သုံးသပ်ခဲ့သည်။  အဆိုပါ ပညာရေး ဆွေးနွေးပွဲအား အသေးစိတ် သိရှိလိုပါက အသေးစိတ်သိရှိလိုပါက OSM Education Centre , မြေနီကုန်း ပလာဇာ၊ ဒုတိယထပ်၊ ဗားကရာလမ်း၊ စမ်းချောင်း၊ ရန်ကုန်၊ ဖုန်းနံပါတ် 09 731 47379, 01 525 971 သို့ဆက်သွယ်စုံစမ်းနိုင်ပါသည်။ On Line မှ ဆက်သွယ်လိုသူ များအတွက် osm@united-engineering.net.mm နှင့် osm.education@gmail.com သို့ဆက်သွယ်နိုင်ပါသည်။




       
 

(13-6-2011)
Source :Ko Lin (Myanmar Training)

 


Analytical Focus on Myanmar Economic Development ဟောပြောပွဲ .
 
. ..   . .  .  .    . . 

Knowledge Bridge Magazine မှ စီစဉ်ပြုလုပ်သည့် ဟောပြောပွဲကို ၂၀၁၁ ခုနှစ်၊ ဇွန်လ ၁၉ ရက်တွင် ရန်ကုန်မြို့၊ Traders Hotel ရှိ ကုန်းဘောင်-တကောင်းခန်းမတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ ယခုဟောပြောပွဲမှာ Knowledge Bridge Magazine မှ ဒုတိယအကြိမ်မြောက် စီစဉ်သည့်ပွဲဖြစ်ပြီး ဟောပြောပွဲတွင် ခင်မောင်ညို (ဘောဂဗေဒ)မှ Analytical Focus on Myanmar Economic Development ခေါင်းစဉ်ဖြင့် ဟောပြောသွားမည်ဖြစ်သည်။ ဟောပြောပွဲသို့ စိတ်ပါဝင်စားသူ မည်သူမဆိုအခမဲ့ တက်ရောက်နိုင်ကာ စိတ်ပါဝင်စားသူများအနေဖြင့် ဖုန်း - ၀၉-၇၃၀၅ ၁၁၉၀ တွင် ကြိုတင်စာရင်းပေးသွင်း ရမည်ဖြစ်သည်။



       
 

(18-6-2011)
Source : Internet Journal

 
   

    ››Do and Don't      ›› Categories       ›› A to Z listing       ›› International Exam       ›› Questions & Answers       ›› Studying Abroad       ›› Cyber Cafe List
    ›› Scholarship       ›› Seminar       ›› Download       ›› News       ›› Quiz Program       ›› Contact Us       ›› Video program New!

Advertising Programs - Business Solutions - About Myanmartraining

© 2009 MyanmarTraining.com. All rights reserved.

Total Hits :  counter stats