Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font RSS RSS

Studying Abroad

Singapore

Malaysia

Australia

England

Thailand

Quiz Program

CREATiVE Web Studio မှ သင်တန်း တက်ရောက်ခွင့်
- Web Essential (1) ဦး
- Web Advanced (1) ဦး
- PHP Course (1) ဦး

SUBSCRIBE

Your Email:


Seminar » Special Talk

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း
"Essential Knowledge of Language Processing For IT professionals ဟောပြောပွဲ ကျင်းပမည်

 

သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်း (MCPA) မှ ကြီးမှုး၍ ICT နည်းပညာပြန့်ပွားရန်၊ ခေတ်မီနည်းပညာရပ်များ လေ့လာမှု နည်းလမ်းများဖော် ဆောင်ရန်ရည်ရွယ်၍ ၂၀၁၁ပြည့်နှစ်၊ ဇွန်လ (၁၈) ရက် (စနေနေ့) ညနေ (၁း၀၀ မှ ၃း၀၀) နာရီအထိ ရန်ကုန်မျြိ့၊ လှိုင်မြို့နယ်၊ မြန်မာအင်ဖိုတက်ခ်၊ အခန်း(၂၀၅) တွင် Myanmar Natural Language Processing Lab မှ Team Leader Ms. Thin Zar Phyo မှ "Essential Knowledge of Language Processing For IT professionals" ဟူသော ခေါင်းစဉ်ဖြင့် ဟောပြော ဆွေးနွေးမည် ဖြစ်ပါသည်။ Natural Language Processing (NLP) သည် Artificial Intelligence ၏ ဘာသာခွဲတစ်ခုဖြစ်ပြီး နိုင်ငံ တစ်နိုင်ငံ ချင်းစီရှိ မိခင်ဘာသာစကားအသီးသီးကို အီလက်ထရောနစ် ပစ္စည်းများပေါ်တွင် အလုပ်လုပ်စေရန် ကြိုးပမ်းအားထုတ်သော နည်းပညာဖြစ်သည်။ တိုးတက်လာသော သတင်းအချက်အလက်နှင့် နည်းပညာခေတ်တွင် မိခင်ဘာသာစကားကို အသုံးပြုသောလုပ်ငန်းများနှင့် နည်းပညာများ ပိုမိုကျယ်ပြန့်လာသည်ဖြစ်ရာ နယ်ပယ်အသီးသီးမှ နည်းပညာသမားများအတွက် မသိမဖြစ်သော ပညာရပ်တစ်ခုဖြစ်ကြောင်းနှင့် မိမိတို့ဘာသာစကားသုံး နည်းပညာလုပ်ငန်းများ တိုးတက်စေရန်အတွက် မည်သို့အထောက်အပံ့ ပေးနိုင်ကြောင်းကို အခြေခံဗဟုသုတများအနေဖြင့် ဟောပြောသွားမည်ဖြစ်သည်။ အဆိုပါ ဟောပြောပွဲသို့ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဝင်များ၊ Computer လုပ်ငန်းရှင်များ၊ Computer ပညာလေ့လာသူလူငယ်များ၊ IT Developer များ နှင့် စိတ်ပါဝင်စားသူ မည်သူမဆို (အခမဲ့) တက်ရောက် ဆွေးနွေး နိုင်ပါသည်။ အသေးစိတ် သိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ မြန်မာအင်ဖို တက်ခ်၊ ဖုန်း-၆၅၂၂၇၆၊ ၀၉-၇၃၀၈၈၃၀၀ သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။

                         








 

(18-6-2011)
Source : Ko Lin (Myanmar Training)


STUDY ABROAD မှကြီးမှူးကျင်းပမည့် England နှင့် Ireland နိုင်ငံကျောင်းများ၏ ပညာရေး ဆွေးနွေးပွဲ . . . 
.
 
. .   

အင်္ဂလန်နှင့်အိုင်ယာလန်နိုင်ငံတွင် သွားရောက်ပညာဆည်းပူးရန် စိတ်ဝင်စားသည့်ကျောင်းသား လူငယ်များအတွက် အင်္ဂလန်-အိုင်ယာလန်နိုင်ငံ ပညာရေး ဆွေးနွေးပွဲကို STUDY ABROAD မှကြီးမှူး စီစဉ်၍ လာမည့် (23) ရက် ၊ဇွန်လ ကြာသပတေးနေ့တွင် PARK ROYAL HOTEL, MEETING ROOM (3) တွင်ညနေ (4)နာရီမှ (6) နာရီထိ ပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။ အဆိုပါ ပညာရေးဆွေးနွေးပွဲကို ကျောင်းတာဝန်ခံ Mr. CHRIST KELSO ကိုယ်တိုင်လာရောက်၍ England အထင်ကရတက္ကသိုလ်များဖြစ်သော UNIVERSITY of LINCOLN, KINGSTON UNIVERSITY, UNIVERSITY OF SURREY, KEELE UNIVERSITY တို့နှင့် အိုင်ယာလန်မှ University College Dublin International Study Centre နှင့် Trinity College Dublin International Study Centre တွင်တက်ရောက်နိုင်သည့် ဘာသာရပ်များ၊ အလုပ်အကိုင်အခွင့် အလမ်းများ၊ ၀င်ခွင့်ဆိုင်ရာများကို အသေးစိတ်ဆွေးနွေးတင်ပြပေးသွားမည် ဖြစ်သည်။ အင်္ဂလန်နိုင်ငံ၏အလှပဆုံး Campus တစ်ခုဖြစ်သည့် KEELE UNIVERSITY တွင် BUSINESS MANAGEMENT, INFORMATION SYSTEM, MEDIA, FINANCE အစရှိသည့် ဘာသာရပ်ပေါင်း များစွာကို Undergraduate Program မှ တက်ရောက်နိုင်သကဲ့သို့ Pre-master Program များကို လည်းရွေးချယ် တက်ရောက်နိုင်ပါသည်။

KINGSTON UNIVERSITY သည် LONDON မြို့တွင်တည်ရှိပြီး Undergraduate Program မှ Master Program အထိတက်ရောက်နိုင်ပါသည်။ BUSINESS, AEROSPACE ENGINEERING, AUTOMOTIVE ENGINEERING, MECHANICAL ENGINEERING, CIVIL ENGINEERING, SOFTWARE ENGINEERING, COMPUTING, SPORTS AND EXERCISE SCIENCES, BIOMEDICAL SCIENCES, PHARMACEUTICAL SCIENCE စသည့်ဘာသာရပ်များ တက်ရောက် နိုင်ပြီး WORK PLACEMENT များကိုပါစီစဉ်ထားပေးသဖြင့် နိုင်ငံတကာကျောင်းသားအများစုရွေးချယ် တက်ရောက်ကြပါသည်။ UNIVERSITY OF LINCOLN သည် မန်ချက်စတာမြို့အနီးတွင် တည်ရှိပြီး MODERN CAMPUS ဖြစ်သဖြင့် INTERNATIONAL ကျောင်းသားများ ရွေးချယ်တက်ရောက်ကြပါသည်။ MEDIA, COMPUTER, JOURNALISM, ENGINEERING, BUSINESS အစရှိသည့် ဘာသာရပ်များကို တက်ရောက်နိုင်ပြီး WORK PLACEMENT များစီစဉ်ပေးထားသည့်အတွက် ကျောင်းတက်ရင်း ၀င်ငွေရရှိမည်ဖြစ်သည်။ UNIVERSITY OF SURREY တွင် AEROSPACE ENGINEERING, MEDIA ENGINEERING, BIOTECHNOLOGY, CIVIL ENGINEERING, COMPUTER, DIGITAL MEDIA ENGINEERING, ELECTRONIC ENGINEERING, NUTRITION AND FOOD SCIENCE, TELECOMMUNICATION SYSTEMS, TOURISM, BUSINESS အစရှိသည့်ဘာသာရပ်များကိုရွေးချယ်တက်ရောက်နိုင်သည်။

အဆိုပါတက္ကသိုလ်များအကြောင်းနှင့်ဘာသာရပ်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးပေးမည်ဖြစ် သည့်အပြင် IRELAND ၏ UNIVERSITY များဖြစ်ကြသော UNIVERSITY COLLEGE DUBLIN INTERNATIONAL STUDY CENTRE ရှိ ENGINEERING, BIOMEDCAL SCIENCES, BUSINESS & COMPUTER SCIENCES နှင့် TRINITY COLLEGE DUBLIN INTERNATIONAL STUDY CENTRE ရှိ HUMAN GENETICS, NANOSCIENCE, PHARMACY, BUSINESS & ECONOMIC ဘာသာရပ်များအကြောင်းကိုလည်း စိတ်ပါဝင်စားသူများအနေဖြင့်ဆွေးနွေးနိုင်မည်ဖြစ်ပါသည်။ ပညာရေးမိတ်ဆက်ပွဲသို့ တက်ရောက် လိုသူများသည် ကြိုတင်စာရင်းပေးသွင်းရန်လိုအပ်ပြီး STUDY ABROAD Information Centre အမှတ်(၂၉၀) အေ၊ ပထမထပ်၊ ပြည်လမ်း (ဒဂုံစင်တာနှင့်မဟာမြီုင် ဆေးခန်းကြား)၊ မြေနီကုန်း။ ဖုန်း-(၀၁) ၅၂၄၁၂၆၊ ၀၉ ၅၁၅၁၀၀၈ သို့ဆက်သွယ်စာရင်း ပေးသွင်းနိုင် ပြီဖြစ်ပါသည်။








 

(18-6-2011)
Source : Ko Liin (Myanmar Training)


လေယာဉ်ပြုပြင် ထိန်းသိမ်းခြင်း အင်ဂျင်နီယာ ပညာရပ်ကို မလေးရှားနိုင်ငံတွင် လေ့လာသင်ယူနိုင်ပြီ .  

   အခြေခံလိုအပ်ချက်များ

- အသက် ၁၈ နှစ်နှင့်အထက်ဖြစ်ရမည်။
- ကိုယ်ခန္ဓာကျန်းမာသန်စွမ်းမှုရှိပြီး အမြင်အာရုံကြည်လင်မှုရှိရမည်။
 

အနည်းဆုံး

- B.Sc (Maths or Physics) (သို့မဟုတ်)
- B.E (Engineering Subjects) မှ ဘွဲ့ တစ်ခုခုရပြီး
- အင်္ဂလိပ်စာသင်တန်းများကိုလည်း လိုအပ်ချက်လျှင် သင်ကြားပေးမည်။

ကျွန်ုပ်တို့၏ Presentation မှ လှိုက်လှဲစွာကြိုဆိုပါ၏

နေရား Park Royal Hotel
နေ့ရက်း ဇွန်လ ၂၄ နှင့် ၂၅ ရက်၊ ၂၀၁၁
အချိန်း နံနက် ၉ နာရီ မှ ၁၀ နာရီ (Registration အချိန်) ကြိုတင်စာရင်းပေးသွင်းရန်နှင့် အသေးစိတ်စုံစမ်းသိရှိနိုင်ရန်
ဖုန်း - ၀၉ ၇၃ ၁၅၁ ၆၉၉၊ ၀၉ ၇၃ ၁၈၁ ၂၁၆
Email: trainee.ac.engineers@gmail.com





 

(21-6-2011)
Source : Ko Lin (Myanmar Training)


KMD (Overseas Studies Counseling Services) .
 

နိုင်ငံတကာတက္ကသိုလ်များသို့ သွားရောက် ပညာသင်ကြားလိုသော ကျောင်းသား ကျောင်းသူများအတွက် KMD(OSCS) မှ တစ်ဦးချင်း အခမဲ့တွေ့ဆုံ ဆွေးနွေးပေးမည်ဖြစ်ပြီး ထိုနေ့တွင် ကျောင်းအပ်နှံသောကျောင်းသား/ သူများကို Application Fee ကင်းလွတ်ခွင့်အပါအဝင်၊ Apple Ipod နှင့် အခြားလက်ဆောင် များကို ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပါသည်။
Date : 1 July 2011 (Friday)
Time : 10 am to 12 noon
Venue : KMD(Overseas Studies Counseling Services)
174-182 Pansodan Road, Kyauktada Tsp,. Tel: 381776, 381129, 381035
 



 

(24-6-2011)
Source :Ko Lin (Myanmar Training)

 


MSI Office တွင် ပညာရေးဆွေးနွေးဟောပြောပွဲကျင်းပမည် .  . .  . .. . .  . .
 
. ..   . .  .  .    . . 

၁၉၆၅ ခုနှစ်တွင် The University of Newcastle သည် သြစတြေးလျနိုင်ငံတွင် ကိုယ်ပိုင်နာမည် ကိုယ်ပိုင်အုပ်ချုပ်မှုဖြင့် စတင်တည်ထောင်နိုင်ခဲ့သည့် တက္ကသိုလ်ဖြစ်ပြီး ၊ ဘာသာရပ်ပေါင်း (၃၀) ကျော် နှင့် ကျောင်းသားပေါင်း (၁၇၀၀) ကျော်ဖြင့် စတင်ခဲ့သည် ယခုအခါကျောင်းသားဦးရေ (၂၃၀၀၀) ကျော် ရှိပြီး (၃၅၀၀) ကျော်မှာ နိုင်ငံတကာကျောင်းသားများဖြစ်ပြီး နိုင်ငံပေါင်း (၈၀) ကျော်မှ လာရောက်သင်ကြားလျက်ရှိသည်။ ထိုတက္ကသိုလ်သည် Engineering, Biological, Biomedical, Science နှင့် ကျန်းမာရေးဆိုင်ရာနယ်ပယ်များတွင် သုတေသနလုပ်ဆောင်ချက် အားကောင်းသောကြောင့် Australia နိုင်ငံတွင် “Top 10” ဝင် University အဖြစ်သတ်မှတ်ခြင်းခံရပြီး သင်ကြားမှုပိုင်းဆိုင်ရာနှင့် သုတေသနလုပ်ငန်းများတွင် အာရှပစိဖိတ်ဒေသ၊ ဥရောပ၊ မြောက်အမေရိကနှင့် အာဖရိကနိုင်ငံများဖြင့် အကျိုးတူပူးပေါင်းလက်တွဲလုပ်ဆောင်လျက်ရှိသည်။
Problem-based-learning ကို လွန်ခဲ့သော (၂၅) နှစ်ခန့်မှ Medicine, Engineering, Architecture, Construction, Management, Nursing, Law အစရှိသည့် ဘာသာရပ်နယ်ပယ်တို့တွင် စတင်အသုံးပြုဦးဆောင်ဦးရွက်ပြုခဲ့သည်။ University of Newcastle သည် အဓိက Campus နှစ်ခုဖြစ်သော Callaghan နှင့် Central Coast ရှိ Ourimbah တို့တွင် Undergraduate နှင့် Postgraduate ဘာသာရပ်စုစုပေါင်း (၃၀၀) ကျော်နှင့် အထက်သင်ကြားပို့ချလျက်ရှိရာ အဓိကအားဖြင့်ဘာသာရပ်ပေါင်း (၃၉) ဘာသာကို နိုင်ငံတကာနှင့် ပြည်တွင်းမှ ကျောင်းသားများက သင်ယူလျက်ရှိသည်။

University of Newcastle ၏ ဂုဏ်ဒြပ်အဆင့်အတန်းများ

၁) အများပြည်သူ၏ သုတေသနစစ်တမ်းအရ သြစတြေးလျနိုင်ငံတွင် အဆင့်သတ်မှတ်ချက် “၉” ရှိသည်။ www.newcastle.edu.au/about/at-a-glance.html
၂) နိုင်ငံတကာထိပ်တန်းတက္ကသိုလ်အဆင့် သတ်မှတ်ချက် “၂၂၆” ရှိသည်။
    Times Higher Education World University Rankings 2009
၃) အာရှပစိဖိတ်ဒေသတွင် အဆင့်သတ်မှတ်ချက် “၅၉” ရှိသည်။
    Shanghai Jiao Tong University Academic Ranking

Australia Graduates ၏ စစ်တမ်းကောက်ယူမှုအရ

၁) ဘွဲ့ရပညာတတ်တဦး၏ ပထမဦးဆုံးနှစ်စဉ်ခံစားခွင့်လစာမှာ
    Australia $ 43,500 ရရှိခြင်း။
၂) Electrical Engineering, Computer Engineering, Mechanical Engineering, Surveying, Physics, Geology ဘာသာရပ်ဖြင့် အောင်မြင်ပြီးဆုံးသော      
    ဘွဲ့ရပညာတတ်များသည် ကျောင်းပြီးကာစမှစ၍ (၄)လအတွင်း အလုပ်အကိုင် အခွင့်အလမ်း အပြည့်အဝရရှိခြင်း။
၃) အသက် ၂၅ နှစ်အောက် University of Newcastle ၏ Bachelor ဘွဲ့ရ ကျောင်းသား၏ (၈၃) ရာခိုင်နှုန်းမှာ ကျောင်းပြီးချိန်မှစ၍ (၄) လအတွင်း
    အလုပ်အကိုင်အခွင့်အလမ်းအပြည့်အဝရရှိခြင်း။

Australia နိုင်ငံရှိ University of Newcastle ၏ အဓိက Offshore Campus တခုဖြစ်သော စင်္ကာပူနိုင်ငံရှိ PSB Academy တွင် တက်ရောက်နေသော မြန်မာကျောင်းသားများသည် Main Campus ဖြစ်သော University of Newcastle သို့ တိုက်ရိုက်ပြောင်းရွှေ့သင်ကြားလျက်ရှိကြောင်း၊မြန်မာကျောင်းသားများသည် Engineering, IT, Business နှင့် Commerce ဘာသာရပ်များအား စိတ်ဝင်စားလျက်ရှိကြောင်း MSI မှ မန်နေးဂျင်းဒါရိုက်တာ ဒေါ်စုစုလှိုင်ထံမှ သိရှိရသည်။ University of Newcastle သည် အဓိက Campus နှစ်ခုအပြင် Campus အခွဲတခုဖြစ်သည့် Sydney မြို့တော်တွင် အရည်အသွေးမြင့် Postgraduate ဘွဲ့များနှင့် ELICOS Program များကို နိုင်ငံတကာကျောင်းသားများအတွက် သင်ကြားပို့ချပေးသည်။ ကျောင်းဖွင့်ချိန်ကာလများနှင့် ကျောင်းဝင်ခွင့်သတ်မှတ်ချက် အရည်အချင်းများ၊ ကျောင်းလခများ၊ သြစတြေးလျနိုင်ငံတွင် စာသင်ကြားစဉ်ကာလတွင် နေထိုင်ကုန်ကျစရိတ်များ စသော သတင်းအချက်အလက်များကို ဇူလိုင်လ (၄) ရက်၊ ၂၀၁၁ ခုနှစ်၊ နေ့လည် (၁) နာရီမှ (၃)နာရီအထိ ထိုကျောင်းမှ သက်ဆိုင်ရာတာဝန်ရှိသူ Ms.Hope Tancinco (Regional Market Coordinator, International Office Academic and Global Relations, Division) ကိုယ်တိုင်လာရောက်ပြီး MSI ရုံးခန်း၌ ၎င်းကျောင်းအကြောင်းအား တဦးချင်းအသေးစိတ် ရှင်းလင်းဟောပြောမည်ဖြစ်ရာ စိတ်ဝင်စားသော ကျောင်းသား/ကျောင်းသူများသည် Myanmar Search International (MSI) Office, Phone 01-250929, 01-389915, 09-5103915 သို့ ဆက်သွယ်စုံစမ်း၍ ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။





       
 

(28-6-2011)
Source :Ko Lin (Myanmar Training)

 


INTI UC နှင့် OSM ပညာရေး အတိုင်ပင်ခံ စင်တာတို့ ပူးပေါင်းကျင်းပသော ပညာရေးဟောပြောပွဲ ..
 
. ..   . .  .  .    . . 

မလေးရှားအခြေစိုက် INTI University College မှ ယခုလာမည့် July လ (7) ရက်နေ့တွင် မြေနီကုန်းပလာဇာ ဒုတိယထပ်ရှိ OSM Education Centre နှင့်ပူးပေါင်း၍ ပညာရေးဆွေးနွေးပွဲကို ကျင်းပမည်ဖြစ်သည်။ အဆိုပါ ပညာရေးဆွေးနွေးပွဲကို OSM Centre ရှိ မြေနီကုန်းပလာဇာ ဒုတိယထပ်တွင် ညနေ (၃)နာရီမှ (၅)နာရီထိ ကျင်းပမည်ဖြစ်သည်။ အဆိုပါ ပညာရေးဆွေးနွေးပွဲတွင် မြန်မာနိုင်ငံမှ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများ လေ့လာသင်ယူနိုင်မည့် Art, Business, Culinary Arts, Arts & Designs, Education, Engineering, Health Science, Hospitality, Computing & IT, Law & Medicine နှင့် မြန်မာကျောင်းသား အများစု စိတ်ဝင်စားသော UK, USA, AUS Degree Transfer Program များအကြောင်းကို အသေးစိတ်သိရှိနိုင်မည်ဖြစ်သည်။ ထို့အပြင် ကျောင်းသားများ ကျောင်းဆက်လက် တက်ရောက်နိုင်ရန် ပညာရေးလမ်းကြောင်းများ၊ အလုပ်အကိုင် အခွင့်အလမ်းများအကြောင်းကိုပါ အသေးစိတ်မေးမြန်း သိရှိနိုင်မည်ဖြစ်သည်။ INTI University တွင် Campus ပေါင်း(၆)ခု ဖြင့် နိုင်ငံတကာ အဆင့်မြင့်ပညာရပ်များကို undergraduate မှစ၍ Doctoral Degree တန်းများအထိ တက်ရောက်နိုင်ရန် နိုင်ငံတကာမှ ကျောင်းသားများအား ကမ်းလှမ်းခဲ့သည်မှာ ယခုဆိုလျှင် နှစ်ပေါင်း (၂၅)နှစ်ခန့်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ အဆိုပါ Campus များထဲက တစ်ခုမှာ Indonesia နိုင်ငံတွင်ပါ ဖွင့်လှစ်ထားနိုင်ခဲ့သည်။ INTI University (Malaysia) တွင် ယခုလက်ရှိအချိန်၌ နိုင်ငံတကာမှ ကျောင်းသားပေါင်း (၂၅၀၀) ကျော်မှာ မိမိတို့စိတ်ပါဝင်စားသော ဘာသာရပ်များကို သင်ကြားလျက်ရှိနေကြသည်။ အသေးစိတ်ဆွေးနွေးလိုပါက 07.07.2011 ရက်နေ့ ညနေ 3:00 နာရီမှ 5:00 နာရီအထိ INTI မှတာဝန်ရှိသူ ကိုယ်တိုင် OSM Education Centre ၊ မြေနီကုန်းပလာဇာ ဒုတိယထပ်၊ ဗားကရာလမ်း၊ စမ်းချောင်း၊ ရန်ကုန် တွင်လာရောက် ဆွေးနွေးပေးမည်ဖြစ်သည်။ ဖုန်းနံပါတ် 0973147379 နှင့် 01525971 တို့ကို ကြိုတင်စာရင်း ပေးသွင်းနိုင်ပြီး online မှစုံစမ်းချင်သူများအတွက် osm@united-engineering.net နှင့် osm.education@gmail.com တို့ကို ဆက်သွယ်နိုင်ပါသည်။




       
 

(5-7-2011)
Source : Ko Lin (Myanmar Training)

 
   

    ››Do and Don't      ›› Categories       ›› A to Z listing       ›› International Exam       ›› Questions & Answers       ›› Studying Abroad       ›› Cyber Cafe List
    ›› Scholarship       ›› Seminar       ›› Download       ›› News       ›› Quiz Program       ›› Contact Us       ›› Video program New!

Advertising Programs - Business Solutions - About Myanmartraining

© 2009 MyanmarTraining.com. All rights reserved.

Total Hits :  counter stats