Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font RSS RSS

Studying Abroad

Singapore

Malaysia

Australia

England

Thailand

Quiz Program

CREATiVE Web Studio မှ သင်တန်း တက်ရောက်ခွင့်
- Web Essential (1) ဦး
- Web Advanced (1) ဦး
- PHP Course (1) ဦး

SUBSCRIBE

Your Email:


Seminar » Special Talk

 

စကာင်္ပူနိုင်ငံရှိ Engineering, Business Communication ဘာသာရပ်ဆိုင်ရာ ပညာရေး ဆွေးနွေးပွဲ. .
  
 

STUDY ABROAD Information Centre မှ ကြီးမှူး စီစဉ်၍ စကာင်္ပူ နိုင်ငံရှိ PSB Academy မှ Engineering, Business, Communication ဘာသာရပ်ဆိုင်ရာ ပညာရေး ဆွေးနွေးပွဲကို စကာင်္ပူမှ ကျောင်းတာဝန်ခံ ကိုယ်တိုင် လာရောက်၍ လာမည့် နိုဝင်ဘာလ(၁၂)ရက်၊ စနေနေ့၊ TRADERS HOTEL တွင် နံနက် (၁၀)နာရီမှ နေ့လည် (၁၂)ထိ ကျင်းပပြုလုပ် ပေးသွားမည် ဖြစ်သည်။ PSB Academy သို့ ကျောင်းလျှောက်လိုသော ကျောင်းသူ၊ ကျောင်းသားများ အနေဖြင့် Seminar နေ့တွင် မိမိ၏ ပညာရေး စာရွက်၊ စာတမ်းများကို တစ်ပါးတည်း ယူဆောင်လာရမည် ဖြစ်သည်။ Seminar နေ့တွင် ကျောင်းလျှောက်သည့် ကျောင်းသူ၊ ကျောင်းသားတိုင်း Application Fee ကင်းလွတ်ခွင့် ရမည်ဖြစ်သည်။

Singapore နိုင်ငံတွင် ပညာသင်ယူပြီး လုပ်ငန်းခွင့်သို့ ဝင်ရောက် နေသူများအတွက် ယခု ၂၀၁၁ ခုနှစ်တွင် သာမန် နှစ်များထက် လစာများ ပိုမိုမြင့်တက် လာကြောင်း Hay Group ၏ Salaries Level မှတ်တန်းများအရ သိရသည်။ အလုပ်အကိုင်များ ပိုမိုပွင့်လန်းလာမှုကြောင့်လည်း စကာင်္ပူနိုင်ငံတွင် ကျောင်းသွားတက်မည့် ကျောင်းသူ၊ ကျောင်းသားများအတွက် ပိုမို အဆင်ပြေလာစေနိုင်ပါသည်။ PSB Academy သည် စကာင်္ပူနိုင်ငံ၏ အကြီးမားဆုံးနေသော Private Education တစ်ခုဖြစ်ပြီး TUV SUD Group ၏ အဖွဲ့ဝင် တစ်ခုလည်း ဖြစ်သည်။ Singapore Government’s Council မှ ချီးမြှင့်ထားသော Edu Trust (4) နှစ်ကို ရရှိထားပါသည်။ Singapore Experience Awards ဖြစ်သည့် Best Education Experience ဆုကိုလည်း ၂၀၁၀ တွင်ရရှိခဲ့ပါသည်။ အင်ဂျင်နီယာ သိပ္ပံနှင့် ကွန်ပျူတာ ဘာသာရပ်များအတွက် သီးသန့် သုတေသနခန်းများ ထားရှိပေးရုံသာမက Indoor gymnasium, Foodball Court, Book Store အစရှိသည်တို့ကိုပါ အပြည့်အဝ စီစဉ် ပေးထားပါသည်။

PSB သည် Australia နိုင်ငံရှိ နာမည်ကြီး University of Newcastle, University of Wollongong တို့နှင့် တိုက်ရိုက် ချိတ်ဆက်ထားပြီး Newzeland ရှိ Auckland University of Technology (AUT) နှင့် ချိတ်ဆက်ထားသော ကျောင်းတစ်ခု ဖြစ်သည်။ သက်ဆိုင်ရာ တက္ကသိုလ်များအလိုက် Engineering, Business, Communication , IT and Networking ဘာသာရပ်များကို ရွေးချယ် တက်ရောက် နိုင်ပါသည်။ ဝင်ခွင့် လိုအပ်ချက် အနေဖြင့် တက္ကသိုလ် ဝင်တန်းအမှတ် ၆၀% ရရှိရန် လိုအပ်ပြီး GCE O’Level (5) ဘာသာ ဖြေဆို အောင်မြင်ထားရမည် ဖြစ်သည်။ IELTS (5.5) (သို့မဟုတ်) TOFEL 550ရှိရန် လိုအပ်ပါသည်။ မိမိ၏ Education Background ပေါ်မူတည်၍လည်း ဘာသာရပ် ကင်းလွတ်ခွင့်များ လျှောက်ထားနိုင်ပါသည်။ Bachelor သို့ တိုက်ရိုက် တက်ရောက်ရန် မရွေးချယ်ရသေးများအနေဖြင့် Diploma တက်ရောက်နိုင်ပြီး အလုပ်အကိုင် ရှာဖွေလိုသူများအတွက် PSB Academy ၏ Diploma Program ကို တက်ရောက် နိုင်ပါသည်။ တက်ရောက် သင်ကြားရမည့် ဘာသာရပ် အသေးစိတ်များနှင့် ကျောင်းပြီးပါက အလုပ်အကိုင် အခွင့်အလမ်းများကို Seminar နေ့တွင် ဆွေးနွေးပေးမည် ဖြစ်ပါသဖြင့် ကြိုတင် စာရင်းပေးသွင်း နိုင်ပါသည်။ အသေးစိတ် သိလိုသည်များ ရှိပါက STUDY ABROAD Information Centre အမှတ် (၂၉၀-အေ)၊ ပထမထပ်၊ ပြည်လမ်း (ဒဂုံစင်တာနှင့် မဟာမြိုင်ဆေးခန်းကြား)၊ မြေနီကုန်း။ ဖုန်း-၅၂၄ ၁၂၆၊ ၇၀၁ ၃၃၁၊ ၀၉ ၅၁၅၁၀၀၈ သို့ ဆက်သွယ်စုံစမ်း၍ စာရင်းပေးသွင်း နိုင်ပါသည်။



 

(1-11-2011)
Source : Ko Lin(Myanmar Training)


                 အမေရိကန် တက္ကသိုလ်များသို့ တိုက်ရိုက်တက်ရောက်နိုင်မည့် ပညာရေးဆွေးနွေးပွဲ.
.

Navitas မှ အမေရိကန်နိုင်ငံရှိ တက္ကသိုလ်များ သို့ တက်ရောက်နိုင်မည့် ပညာရေး ဆွေးနွေးပွဲ တစ်ရပ်အား ၂၀၁၁ခုနှစ်၊ နိုဝင်ဘာလ ၂ရက်၊ မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီအထိ ရန်ကုန်မြို့၊ ကုန်သည်ကြီးများ ဟိုတယ်၊ တောင်ငူခန်းမတွင် ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ ဆွေးနွေးပွဲတွင် Navitas နှင့်ချိတ်ဆက်ထားသည့် အမေရိကန် တက္ကသိုလ်များဖြစ်သော University of Massachusetts (Boston/Lowell/Dartmouth) University of New Hampshire နှင့် Western Kentucky University များသို့ Navitas Pathway ဖြစ်သည့် UPP Stage I နှင့် UPP Stage II တို့မှ တစ်ဆင့် တိုက်ရိုက် တက်ရောက်နိုင်မည့် အခွင့်အလမ်းများအကြောင်း၊ ရွေးချယ် တက်ရောက်နိုင်သည့် ဘာသာရပ်များ အကြောင်းတို့ကို အသေးစိတ် ရှင်းလင်း ပြောကြား ပေးမည်ဖြစ်သည်။ ဆွေးနွေးပွဲတွင် Navitas မှ တာဝန်ခံ အရာရှိများဖြစ်သော Mr.Dominic Beradi နှင့် Ms.Liz Cardoso တို့မှ စကောလားရှစ် လျှောက်ထားခြင်းများ၊ အလုပ်အကိုင် ရွေးချယ်ခြင်းများ၊ ကျောင်းလျှောက် ထားခြင်းများနှင့် Visa လျှောက်ထားခြင်းဆိုင်ရာ အချက်အလက်များစသည့် ပညာရေးဆိုင်ရာ ဆွေးနွေး အကြံပြုချက်များကိုလည်း ထည့်သွင်း ပြောကြားသွားမည် ဖြစ်သည်။



 

(1-11-2011)
Source : Internet Journal


James Cook University ၏ ပညာရေးဟောပြောပွဲ .. .   

  
Unique Life Education Center မှကြီးမှူးပြုလုပ်သည့် စင်ကာပူနိုင်ငံရှိ James Cook University သို့ ကျောင်း တက်ရောက်လိုသော ကျောင်းသားများအတွက် ပညာရေး ဟောပြော ဆွေးနွေးပွဲကို ၂၀၁၁ခုနှစ်၊ နိုဝင်ဘာလ ၅ရက်၊ နံနက်၁၀နာရီမှ ၁၂နာရီအထိ OESC Seminar Room တွင် ပြုလုပ်သွားမည် ဖြစ်သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ၎င်းတက္ကသိုလ်သို့ မြန်မာကျောင်းသားများ တက်ရောက်နိုင်ရန် ဝင်ခွင့် အချက်အလက်များ၊ ဘာသာရပ်များ၊ ဘွဲ့ရကျောင်းသားများအတွက် စီးပွားရေး မဟာဘွဲ့ MBA နှင့် ဝင်ခွင့် အချက်အလက်များ၊ စီးပွားရေးမဟာဘွဲ့ MBA ပြီးဆုံးပါက အလုပ်အကိုင် ရှာဖွေရန် နေထိုင်ခွင့် (EPEC)(၁) နှစ်အကြောင်းနှင့် ကျောင်းလျှောက် ထားရာတွင် ကျောင်းသားများ သိသင့်သိထိုက်သော အချက်အလက်များကို အဆိုပါက JCU ကျောင်း၏ တာဝန်ရှိသူ ကိုယ်တိုင် ULEC နှင့် ပူးပေါင်း၍ ဆွေးနွေး ပေးသွားမည် ဖြစ်သည်။ အဆိုပါ ပညာရေး ဆွေးနွေးပွဲတွင်ကျောင်းအပ်နှံသော ကျောင်းသားများအတွက်လည်း Application Fees (ကျောင်းဝင်ကြေး) ကင်းလွတ်ခွင့်များ လျှော့ခြင်းစသည့် အစီအစဉ်များလည်း ပါဝင်မည် ဖြစ်သည်။




 

(1-11-2011)
Source :
Internet Journal


အမေရိကန် MBA လျှောက်ထားသင်ယူခြင်းအကြောင်းဆွေးနွေးပွဲ.
000000000000000000000000000000000000000000

အမေရိကန် ပညာရေးစနစ်များ၊ ကျောင်းရွေးချယ် လျှောက်ထားခြင်းများ အကြောင်း ဆွေးနွေးပွဲကို ၂၀၁၁ခုနှစ်၊ နိုဝင်ဘာလ ၃ရက် ၊ ညနေ ၃ နာရီခွဲတွင် Summit Parkview Hotel ရှိ CROWN Education Counsulting Office ၌ ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါရှင်းလင်း ပြောကြားမည့် အစီအစဉ်တွင် Navitas ၏ UMass Lowell မှ Ms Liz Cardoso က မြန်မာနိုင်ငံမှ ကျောင်းသူ ကျောင်းသားများအတွက် အမေရိကန် ပညာရေးစနစ်နှင့် ကိုက်ညီသော အကောင်းဆုံး ပညာရေး လမ်းကြောင်းများ၊ စီးပွားရေးနှင့် စီမံခန့်ခွဲမှု ဘာသာရပ်များ၊ အင်ဂျင်နီယာ ဘာသာရပ်များအတွက် University Preparation Program အကြောင်းနှင့် MBA သင်ယူခြင်းတို့နှင့် ပတ်သက်၍ ဆွေးနွေးသွားမည် ဖြစ်သည်။ ထို့ပြင် One-to-One Interview Section နှင့် ထူးချွန်လို သူများအတွက် ပညာသင်ဆု လျှောက်ထားနိုင်မည့် အစီအစဉ်များကိုပါ ထည့်သွင်းဆွေးနွေး ရှင်းလင်းသွားမည်ဖြစ်သည်။ စိတ်ပါဝင်စား သူများအနေဖြင့် CROWN Education ဖုန်း-၂၁၁၈၈၈ (လိုင်းခွဲ ၂၂၈ နှင့် ၀၉-၇၃၂၇ ၃၂၇၇) တွင် စာရင်းပေး တက်ရောက်နိုင်သည်။



 

(1-11-2011)
Source :Internet Journal

 


 

မန္တလေးမြို့ တွင် ပထမဦးဆုံးအကြိမ် ကျင်းပမည့်သြစတြေးလျှနိုင်ငံ Cutin University ၏ ပညာရေးဆွေးနွေးပွဲ .. .  . .. . .  . .
 
. ..   . .  .  .    . . 

နိုင်ငံတကာ တက္ကသိုလ်များသို့ သွားရောက် သင်ကြားလိုသော ကျောင်းသားများ အတွက် University Foundation Program များကိုဖွင့်လှစ် သင်ကြားပေးလျှက်ရှိသော YIUS ကျောင်းနှင့် Curtin University တို့ပူးပေါင်း ပညာရေး ဟောပြောပွဲကို ပြုလုပ်ရာတွင် Curtin University မှ Ms.Corrinne Li ကိုယ်တိုင် လာရောက် ဆွေးနွေးမည်ဖြစ်ပါသည်။ Curtin University သည် သြစတြေးလျှ နိုင်ငံ အနောက်ပိုင်းရှိ အကြီးဆုံးတက္ကသိုလ် ဖြစ်ပြီး နိုင်ငံပေါင်းစုံမှ ကျောင်းသားများ တက်ရောက် လျှက်ရှိပါသည်။ ကျောင်းသားဦးရေ ( ၄ဝဝဝဝ ) ကျော်သည် Curtin University ၏ Campus အခွဲ ( ၁၆ ) ခုတွင် တက်ရောက်လျှက်ရှိပါသည်။ Curtin University သည် သင်ကြားမှု အတွေ့အကြုံ များစွာရှိပြီး ထိုတက္ကသိုလ်မှ အောင်မြင်သော ကျောင်းသား ကျောင်းသူ တချို့သည် Australia အစိုးရနှင့် နိုင်ငံကျော် ကုပ္မဏီများမှ ချီးမြှင့်သော ဂုဏ်ပြု ဆုများကို ၄င်းတို့ကျက်ခဲ့သော Degree များ၏နယ်ပယ် အသီးသီးတွင် ရရှိလျှက် ရှိပါသည်။

Curtin University ကိုတက်ရောက်ခြင်းဖြင့် ကမ္ဘာကအသိအမှတ်ပြုသော Bachelors, Masters နှင့် PhD ဘွဲ့များကို မိမိကြိုက်နှစ်သက်ရာ Major အလိုက် သင်ယူနိုင်ပါသည်။ Curtin University တွင် Engineering, Computing, Business, Health Sciences, Architecture, Flim and Design, Human Resources, Nursing, Legal Studies အစရှိသော ဘာသာရပ်များကို တက်ရောက်သင်ကြားနိုင်ပါသည်။ ထူးချွန်သောကျောင်းသားများသည် Curtin University မှပေးအပ်သော Scholarship များနှင့် Bursary များ ကိုလည်း ရရှိနိုင်ပါသည်။ အဆိုပါဟောပြောပွဲကို ၂ဝ၁၁ နိုဝင်ဘာလ ၂၇ ရက်နေ့ နေ့လည် ၁ နာရီ မှ ၃ နာရီ တနင်္ဂနွေနေ့ တွင် မန္တလေးမြို့ရှိ Mandalay Hill Resort ဟိုတယ် Ball Room ခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။ အခြေခံပညာ အထက်တန်း အောင်မြင်ပြီးသူများ၊ တက္ကသိုလ်တက်ရောက်ဆဲ နှင့် ဘွဲ့ရပြီးသော ကျောင်းသား ကျောင်းသူများ၊ မိဘများပါ အခမဲ့ တက်ရောက် နိုင်ကြောင်းသိရပါသည်။ အသေးစိတ် သိရှိလိုပါက YIUS ကျောင်းတည်ရှိရာ အဆောင် ( ၇ ) ၊ အခန်း ( ၄ ) ၊ မြန်မာအင်ဖိုတက် ( Myanmar Infor-Tech ) သို့လူကိုယ်တိုင် ( သို့ ) ဖုန်း ၆၅၂၃၁၁၊ ၆၅၂၂၉၇၊ ဝ၉-၇၃၁၄၈၇၃၉ သို့ဆက်သွယ်စုံစမ်းနိုင်ပါသည်။




 

(16-11-2011)
Source :Ko Lin (Myanmar Training)

 


Study in UK ပညာရေးဆွေးနွေးပွဲ .  . .  .  .    . . 

ULEC မှ ကြီးမှူး ကျင်းပ၍ Study in UK ပညာရေး ပွဲတော်ကို ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၁၈ရက်မွန်းလွဲ ၁ နာရီမှ ညနေ ၅ နာရီ အထိ The Traders Hotel ၌ ကျင်းပ ပြုလုပ်သွားမည် ဖြစ်သည်။အဆိုပါ ပညာရေး ဆွေးနွေးပွဲတွင် UK ၌ ပညာ သွားရောက် သင်ကြား လိုသူများအတွက် University of Shiefeld Htullum, University of West London, Cambridge Education Group, University of Worster,Kaplan University အစရှိသည့် UK တက္ကသိုလ်ကြီးများမှ တာဝန်ရှိသူများ ကိုယ်တိုင် လာရောက် ဆွေးနွေး ပေးမည်ဖြစ်ပြီး၊ တက်ရောက် သင့်သော ဘာသာရပ်များနှင့် ဝင်ခွင့် သတ်မှတ်ချက်များ၊ UK, Visa ဝင်ခွင့်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ၊ ABE, NCC< HND (Edexcel), LCCI,CAT ရရှိထား သူများအတွက် Top up Bachelor နောက်ဆုံးနှစ်သို့ တိုက်ရိုက် တက်ရောက် ဝင်ခွင့်များ၊ တက္ကသိုလ် ဘွဲ့ရများအတွက် တက်ရောက်သင့်သော စီးပွားရေး မဟာဘွဲ့ MBA နှင့် Scholarship အခွင့်အရေးများကို အသေးစိတ် ဆွေးနွေး ပေးမည်ဖြစ်သည်။ ထို့ပြင် ပြည်တွင်း တွင်နေထိုင်၍ UK Qualification ကို ရယူလိုသူများ အတွက်လည်း ULEC တွင် တက်ရောက်နိုင်သော Diploma-Higher Diploma-Graduate Diploma အဆင့်ရှိ UK အစိုးရအသိအမှတ်ပြု နိုင်ငံတကာ တက္ကသိုလ်များဖြစ်သော Singapore, Australia, UK သို့သွားရောက် သင်ကြားရာတွင် အထောက်အကူ ပေးနိုင်သော Diploma in Business, Diploma in Marketing, Diploma in Accounting & Finance အစရှိသည့် ဘာသာရပ်များနှင့် ကျောင်းဝင်ခွင့် အခွင့်အလမ်းများ၊ ကျောင်းပြီးပါက အလုပ်အကိုင် အခွင့်အလမ်းနှင့် နိုင်ငံတကာ ပညာရေး လမ်းကြောင်းများကို အသေးစိတ် ဆွေးနွေး ပေးမည် ဖြစ်သည်။ ဆွေးနွေးပွဲ တက်ရောက် လိုသူများအနေဖြင့် ULEC ဖုန်း-၀၉-၅၁၃ ၅၁၁၅၊ ၀၁-၅၂၅ ၁၁၂ တွင် စာရင်းပေး သွင်းနိုင်သည်။








       
 

(21-10-2011)
Source : Internet Journal

 
   

    ››Do and Don't      ›› Categories       ›› A to Z listing       ›› International Exam       ›› Questions & Answers       ›› Studying Abroad       ›› Cyber Cafe List
    ›› Scholarship       ›› Seminar       ›› Download       ›› News       ›› Quiz Program       ›› Contact Us       ›› Video program New!

Advertising Programs - Business Solutions - About Myanmartraining

© 2009 MyanmarTraining.com. All rights reserved.

Total Hits :  counter stats