|
Scholarship
Main
"Asia Pacific Scholarship Consortium"
အာရှ-ပစိဖိတ်စကောလားရှစ်အဖွဲ့သည် ထိုင်း၊
ဟောင်ကောင်နှင့် ဖိလစ်ပိုင်တို့မှ
တက္ကသိုလ်များနှင့် ချိတ်ဆက်ထားသော အဖွဲ့ဖြစ်ပြီး၊
မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံများမှ
အရည်အချင်းရှိ ကျောင်းသားများကို မဟာဘွဲ့နှင့်
အလားတူများ
ဘွဲ့များရယူနိုင်ရန် စကောလားရှစ်ထောက်ပံ့နေရာ
စိတ်ဝင်စားသော မြန်မာလူငယ်များ လျှောက်ထား
နိုင်ကြသည်။
စကောလားရှစ်ရခဲ့ပါက မိမိတို့ရွေးချယ်သင်ယူရာ
ဘာသာရပ်အလိုက် ဖွင့်လှစ်သော ကျောင်းများရှိရာ
ထိုင်း၊ ဟောင်ကောင်နှင့် ဖိလစ်ပိုင်ရှိ
တက္ကသိုလ်များတွင်
တက်ရောက်သင်ကြားခွင့်ရမည်ဖြစ်သည်။
မိမိတို့ရွေးချယ်သင်ယူရာ ဘွဲ့ဒီဂရီအလိုက်
တစ်နှစ်မှ နှစ်နှစ်အတွင်း
အချိန်ပြည့်သင်ယူရမည်ဖြစ်သည်။
ထူးချွန်သောကျောင်းသားများအား
အရှေ့တောင်အာရှအတွင်းရှိ
သက်ဆိုင်ရာအဖွဲ့အစည်းများ၊ တက္ကသိုလ်များ၌ လက်တွေ့
၃ လသင်တန်း ကို လာရောက် လျှောက်ထားနိုင်သည်။
လျှောက်ထားရမည့် ဘာသာရပ်များ
- Education
- Social work
- Community development
- Media
- International development
- Environment
- Public policy and management
- Community health
Scholarship မှရရှိမည့် အခြားအခွင့်အရေးများ
-
စာသင်နှစ်အတွင်း စာမေးပွဲကြေး၊ thesis
အတွက်ကုန်ကျစရိတ်၊
- နေထိုင်စားသောက်မှု
ခရီးစရိတ်အစရှိသည့်တို့ကိုထောက်ပံ့မည်ဖြစ်သည်။
(သက်ဆိုင်ရာကျောင်းသား၏ မိသားစုဝင်များအား
ထောက်ပံ့မည်မဟုတ်။)
- မတော်တဆထိခိုက်မှု၊
ကျန်းမာရေးအာမခံများထားရှိမည်ဖြစ်သည်။
- လေယာဉ်အသွားအပြန် စရိတ်။
- စာသင်နှစ်အတွင်း နေထိုင်ခွင့်၊
လုံခြုံရေးအစရှိသည်တို့စရိတ်။
- ပညာရေးနှင့်ဆိုင်သောအခြားထောက်ပံကြေးများ၊
- Thesis ကိုမိမိနိုင်ငံတွင်
သုတေသနပြုလုပ်ချင်သူများအား Research
ရန်ပုံငွေကိုလည်း ရရှိနိုင်မည်ဖြစ်သည်။
လိုအပ်သောအရည်အချင်း
- ဘွဲ့မရသေးသူ ဖြစ်ရမည်။
- Myanmar, Cambodia or Lao PDR
နိုင်ငံမှဖြစ်ရမည်။
- သင်ကြားရမည့် ဘာသာရပ် ၈မျိုးနှင့်သက်ဆိုင်သည့်
လုပ်ငန်းအတွေ့အကြုံ (၁) နှစ်ရှိရမည်။
- အင်္ဂလိပ်စာကောင်းမွန်ရမည် ဖြစ်သည်။
- ကျောင်းတက်ပြီးပါက မိခင်နိုင်ငံသို့ပြန်ပြီး
မိမိမူရင်းနယ်ပယ်တွင် ပြန်လည်တာဝန်ထမ်းဆောင်ရမည်။
လျှောက်လွှာစနစ်
လျှောက်ထားလိုသူများသည် APSC Scholarship
Application နှင့် APSC Reference Forms
တို့ကိုဖြည့်ပြီး info@scholarshipasia.org
သို့ပေးပို့ရမည်ဖြစ်သည်။
1) APSC Scholarship Application
2) APSC Reference Form ပေါ်တွင်
ပညာရေးထောက်ခံချက်။
3) APSC Reference Form ပေါ်တွင် အလုပ်ထောက်ခံစာ။
4) ယခင်ကျောင်း၏ ထောက်ခံစာ (ဘာကြောင့်
ဒီကျောင်းဟာမလိုအပ်ကြောင်း)
5) Scan ဖတ်ထားသော Passport စာရွက်စာတမ်း။
6) အင်္ဂလိပ်ဘာသာနှင့်ပတ်သက်၍ TOFEL, IELTS
အစရှိသည့်တို့၏ အောက်လက်မှတ်မိတ္တူ။
လျှောက်ထားသူ အနည်းငယ်ကိုသာ ရွေးချယ်မည်ဖြစ်သည်။
ပဏာမ ရွေးချယ်ခံထားရသူများကို Interview နှင့်
exam များဖြေဆိုရမည်ဖြစ်သည်။
လျှောက်ထားသူ၏စိတ်ဝင်စားမှု့ပေါ်မူတည်၍ APSC မှ
University များခွဲပေးမည် ဖြစ်သည်။လျှောက်ထားသူသည်
APSC မှရွေးချယ်ပေးသော University
သည်မိမိနှင့်ကိုက်ညီမူ ရှိစေရန်
မိမိစိတ်ဝင်စားသည့်ဘာသာရပ် ကိုသေချာရှင်းပြရန်
လိုအပ်သည်။ လျှောက်ထားသူသည် မိမိတက်ရောက်လိုသော
University ကိုတိုက်ရိုက်ဆက်သွယ်ရန်မလိုအပ်ပါ။
လျှောက်လွှာပိတ်ရက်-14,Dec/2008.
ဆက်သွယ်ရန်နှင့်လျှောက်လွှာတင်ရန်
Po Box 196,Ching Mai University Post
Office, Office, Office, Office,
Chiang Mai, 50202,Thailand
apsconsortium@gmail.com
လျှောက်လွှာပုံစံ :
Download Here
|