Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font RSS RSS

Studying Abroad

Singapore

Malaysia

Australia

England

Thailand

Quiz Program

Creative Web Studio မှ ပေးသော CIW (1) ယောက် , PHP (1) ယောက်, Web Essential (1) ယောက် သင်တန်းတက်ရောက်ခွင့်....

SUBSCRIBE

Your Email:


Seminar » Special Talk

Glasgow Caledonian University မှ Dr.Karen Thomson ကိုယ်တိုင် Seminar ပြောကြားမည်

Glasgow Caledonian University ၏ School of Life Sciences မှ Dr.Karen Thomson ကိုယ်တိုင်လာရောက်ပြောကြား မည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ Seminar ကို Regent ပညာရေး ကုမ္ပဏီမှ ကြီးမှုးစီစဉ်ကာ မတ်လ ၂၃ ရက်နေ့ ညနေ ၅း၃ဝ နာရီ တွင် Traders ဟိုတယ်တောင်ငူခန်းမတွင် }
လာရောက်ဆွေးနွေးတင်ပြမည်ဖြစ်ကြောင်းသိရသည်။
The School of the Science တွင် BSc (Hons) Biologrical Sciences, BSc (Hons) Microbiology, BSc (Hons) Pharmacology, BSc (Hons) Food
Bioscience, BSc (Hons) Optometry စသည့်ဘွဲ့များ၊ MSc Biomolecular and Biomedical Sciences, MSc Pharmacology, MSc Clinical Nutrition and
Health, MSc Diabetes Care and Management, MSc Biotechnology စသည်ဘွဲ့များ၊ Master of Research နှင့် PhD ဘွဲ့များကို
တက်ရောက်သင်ယူနိုင်မည်ဖြစ်သည်။ The School of Life Sciences မှ ၂ဝ၁ဝ ခုနှစ်အတွက် မြန်မာကျောင်းသူ၊ ကျောင်းသားများကို ပညာသင်ဆု အဖြစ်
စတာလင်ပေါင်း ၁ဝဝဝ မှ ၂ဝဝဝ အထိ ချီးမြှင့်မည်ဖြစ်ကြောင်းသိရသည်။
Seminar ပွဲတက်ရောက်လိုသော ကျောင်းသား၊ ကျောင်းသူများ ကျောင်းလျှောက်ထားလိုသော သူများအတွက် အသေးစိတ်အချက်အလက် Regent
ပညာရေးကုမ္ပဏီ ဖုန်း - 504369 သို့ ဆက်သွယ်စုံစမ်းနိုင်မည်ဖြစ်သည်။


 

(26-3-2010)
Source : Internet Journal


စင်ကာပူပညာသင်ဆုရရှိနိုင်မည့် ပညာရေးပြပွဲ ၂ဝ၁ဝ ကျင်းပမည် .

နိုင်ငံတကာတွင် ပညာသင်ယူလိုသူများအတွက် RV! Centre Yangon မှ ပညာရေးပြပွဲများကို ၂ဝဝ၅ ခုနှစ်မှ စတင်၍ နှစ်စဉ်ကျင်းပပေးလျက်ရှိရာ
ယခုနှစ်အတွက် ပညာရေးပြပွဲ ၂ဝ၁ဝ ကို ဧပြီလအတွင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါပြပွဲကို ဧပြီလ ၃ ရက်နေ့တွင် ရန်ကုန်မြို့ Park Royal Hotel, Ballroom နှင့် ဧပြီလ ၄ ရက်နေ့တွင် မန္တလေးမြို့နှင့် တောင်ကြီးမြို့များတွင်
ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မိဘများ၊ ကျောင်းသားကျောင်းသူများ၊ ဆရာ ဆရာမများ၊ ကျောင်းအတိုင်ပင်ခံများ၊ နိုင်ငံရပ်ခြားမှ ပညာရေးဆိုင်ရာ
အဖွဲ့အစည်းများနှင့် တိုက်ရိုက်တွေ့ဆုံ၍ မှန်ကန်သော ပညာရေးဆိုင်ရာ ရွေးချယ်မှုများ၊ သတင်းအချက်အလက်များနှင့် ပညာသင်ဆုအခွင့်အလမ်းများရှိကြောင်း
သိရှိစေရန် ရည်ရွယ်ပြုခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါ ပညာရေးပြပွဲနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို RV! Centre Yangon ဖုန်း - 541886 ၊ 551697 များသို့ ဆက်သွယ်မေးမြန်း
နိုင်ကြောင်းသိရသည်။


 

(26-3-2010)
Source : Internet Journal


Mistake 51 Area ၏ တစ်နှစ်ပြည့်အမှတ်တရတွေ့ဆုံပွဲနှင့် နည်းပညာဆွေးနွေးပွဲ ကျင်းပမည် .

Mistake 51 Area ၏ တစ်နှစ်ပြည့်အမှတ်တရတွေ့ဆုံပွဲနှင့် နည်းပညာဆွေးနွေးပွဲကို ဧပြီလ ၂၁ ရက်နံနက် ၉ နာရီအချိန်တွင် အထက (၂)
ဗိုလ်တထောင်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
ထို့အပြင် ဧပြီ ၁ ရက်နေ့တွင် ထွက်ရှိမည့် နည်းပညာနှင့် စာပေ အနုပညာ ရသစုံအွန်လိုင်းမဂ္ဂဇင်းအကြောင်းကို မိတ်ဆက်ရှင်းလင်းတင်ပြမည်ဖြစ်သည်။
စာပေအနုပညာနှင့် ပတ်သက်သည့် ကဗျာရွတ်ဆိုခြင်းနှင့် စာတမ်းဖတ်ကြားခြင်း အနည်းငယ်ကိုပါ ပြုလုပ်မည်ဖြစ်သည်။ တွေ့ဆုံပွဲသို့ မည်သူမဆို
တက်ရောက်နိုင်မည် ဖြစ်ပြီး နည်းပညာစာပေ အနုပညာနှင့် ပတ်သက်၍ ကိုယ်တိုင် ပါဝင်ဆွေးနွေးလိုပါကလည်း ဆွေးနွေးနိုင်မည် ဖြစ်ကြောင်းသိရသည်။
တွေ့ဆုံပွဲတက်ရောက်မည့်သူများအနေဖြင့် ဧပြီလ ၇ ရက်နောက်ဆုံးထားကာ mistake51area@gmail.com , thurathawah.ptk@gmail.com  တို့တွင်
စာရင်းပေးသွင်းနိုင်ပြီး http://mistake51area.ning.com  တို့တွင်လည်းစာရင်းပေးသွင်းနိုင်မည် ဖြစ်ကြောင်းသိရသည်။
ကိုယ်တိုင်ဝင်ရောက်ဆွေးနွေးလိုသူများအနေဖြင့် အထက်ပါ email များသို့ မိမိ၏အမည်နှင့် ဆွေးနွေးလိုသည့် အကြောင်းအရာခေါင်းစဉ်များကို
စာရင်းပေးသွင်းရန်လိုကြောင်းသိရသည်။ အဆိုပါပွဲသို့ sponser ပေးလိုသူများအနေဖြင့်လည်း အထက်ပါ email များသို့ ဆက်သွယ်ပြီးစုံစမ်းနိုင်ကြောင်းသိရသည်။


 

(30-3-2010)
Source : Internet Journal


MDIS Seminar . .

               MDIS မှ Manager များ၊ Professor များမှ Engineering ဆိုင်ရာ၊ ဇီဝဗေဒဆိုင်ရာ အစရှိသော ဘာသာရပ်များ အကြောင်းကို ဟောပြောပွဲများပြုလုပ်ရာတွင် မြန်မာကျောင်းသား၊ ကျောင်းသူများ အထူးစိတ်ပါဝင်စားစွာ လာရောက်တက်ရောက်ကြသည်ကို တွေ့ရှိရသည်။ ထို့ကြောင့် ယခုအခါ MDIS ကျောင်းမှ ဘာသာရပ်များအတွက် ဝင်ခွင့် အကြောင်းကို အဓိကထားပြီး MDISမှ Manager ကိုယ်တိုင်ရှင်းလင်း ပြောပြပါမည်။
ထို့ပြင် Thingyan Promotiion ကိုလည်း MDIS နှင့် SR Education မှ စီစဉ်ထားပါသည်။
ယခု MDIS ကျောင်းတွင် နိုင်ငံတကာ ကျောင်းသားများအတွက် စင်ကာပူဒေါ်လာ 500 မှ 1500 အထိ Cash Rebate များကိုလည်းပေးအပ်သွားပါမည်။ MDIS ကျောင်းတွင် 2010 Intake အတွင်းသွားရောက် ပညာသင်ယူမည့် ကျောင်းသား၊ ကျောင်းသူများသည်သင်္ကြန် မတိုင်ခင် မိမိတို့၏ နာမည်စာရင်း ပေးသွင်းရုံဖြင့် ထို MDIS ကျောင်းမှာ ပေးအပ်သော Cash Rebate နှင့် SR Education မှ Academic English Course ကိုခံစားခွင့် ရရှိနိုင်သည်။
ထို Academic English 4 skills (IELTS) ကို English Native Lecture ကိုယ်တိုင် အထူးကြပ်မတ် သင်ကြားပေးသွားမည်ဖြစ်ပြီး 100% Scholarship လည်း ပေးသွားမှာဖြစ်သည်။
ထိုသင်တန်းများ က ကျောင်းဝင်ခွင့်ရရှိရန် IELTS လိုအပ်သော ကျောင်းသား၊ ကျောင်းသူများအတွက် အထောက်အကူ ပြုစေရန်ရည်ရွယ်ပါသည်။ ထို့အပြင် စင်္ကာပူမှတဆင့် အခြားသော နိုင်ငံကြီးများသို့ Visa ဝင်ရန် IELTS လိုအပ်သောအခါ စင်္ကာပူဒေါ်လာ 2000 ခန့်ကုန်ကျသော သင်တန်းကို တက်နေစရာ မလိုတော့ဘ Self-Study လုပ်ရုံမျှနှင့်သာ ဖြေဆိုနိုင်သည်။
Admission Seminar
ကျောင်းဝင်ခွင့်နှင့် ပတ်သက်ပြီး ဆွေးနွေးပွဲကို ရန်ကုန် အတွက် 28th March 2010 (Sunday), 3:00 PM to 5:00 PM အထိ Park Royal Hotel ၏ Meeting Room – 3 တွင် ၎င်း၊ မန္တလေးအတွက် 29th March 2010 (Monday), 1:00 PM to 4:00 PM အထိ Smart Resources Office တွင်၎င်းပြုလုပ်မည်ဖြစ်ပါသဖြင့် ရန်ကုန်ရုံး 374747, 374748, 096872010 သို့ ၎င်း၊ မန္တလေးရုံး 09 5148848 သို့လည်းကောင်း ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။
အဆိုပ် Admission Seminar (ကျောင်းဝင်ခွင့်နှင့် ပတ်သက်ပြီး အသေးစိတ်ဆွေးနွေးပွဲ) ပြီးနောက် တစ်ပတ်အတွင်း MDIS ကျောင်းမှ မြန်မာကျောင်းသားတစ်ဦးနှင့်လည်း ကျောင်းတက်စဉ် အတွေ့အကြုံများ အကြောင်းကို လွတ်လပ်စွာ မေးမြန်းနိုင်ပါသည်။ Singapore Education Specialist နှင့်လည်းကြိုတင် appointment ယူ၍ ဆွေးနွေးနိုင် ပါသည်။

 

(19-3-2010)
Source : Ko Lin (Myanmar Training)

 
   

    ››Do and Don't      ›› Categories       ›› A to Z listing       ›› International Exam       ›› Questions & Answers       ›› Studying Abroad       ›› Cyber Cafe List
    ›› Scholarship       ›› Seminar       ›› Download       ›› News       ›› Quiz Program       ›› Contact Us       ›› Video program New!

Advertising Programs - Business Solutions - About Myanmartraining

© 2009 MyanmarTraining.com. All rights reserved.

Total Hits :  counter stats