|
• Studying Abroad Tips
အဘယ်ကြောင့် နိုင်ငံရပ်ခြားတွင်
ပညာဆည်းပူးသင့်ပါသလဲ
.
Academic Credit
ကျောင်းသားများ အဘယ့်ကြောင့်
နိုင်ငံရပ်ခြားတွင်
ပညာဆည်းပူးသင့်သည်ဟူသော မေးခွန်း၏
သိသာ ထင်ရှားသည့် အကြောင်းပြချက် တစ်ခုမှာ
ပညာရေးဆိုင်ရာ credit ရရှိရန်ဖြစ်သည်။
နိုင်ငံရပ်ခြားပညာ သင်ကြားရေးနှင့်ပတ်သက်၍ သင်ရရှိနိုင်မည့် credit
အမျိုးအစားများကို စဉ်းစားသင့်ပါသည်။
သင်၏ အထူးပြုဘာသာရပ်ပေါ်တွင် မူတည်၍ credit
ရနိုင်သလား? (သို့) ရွေးချယ်ခြင်းဖြင့်
credit ရနိုင် သလား? Grades များ (သို့)
အောင်/ရှုံး credit များသာလျှင်
ရနိုင်ပါသလား ?
ဘာသာစကား
.
ကမ္ဘာ့ဈေးကွက်နေရာသည် လျှင်မြန်စွာ
ကျဉ်းမြောင်းလာလေလေ၊ ကုမ္ပဏီများကလည်း
မိခင်ဘာသာ စကားအပြင် ဒုတိယ အသုံးပြုရမည့်
ဘာသာစကား တစ်ခုကို လိုအပ်လာ လေလေ ဖြစ်သည်။
နိုင်ငံခြား ဘာသာ စကား သည် လုပ်ငန်းခွင်
အတွင်းသာ တန်ဖိုးရှိသည် မဟုတ်ပါ၊
နေ့စဉ်လှုပ်ရှုား သွားလာနေရ သော Daily Life
အတွက်ပါ အလွန် အသုံးဝင်ပါသည်။
တစ်သက်မှာ တစ်ခါရနိုင်သည့်
ကြုံတောင့်ကြုံခဲ အတွေ့အကြုံ
.
၂ နှစ်လောက်အကြာတွင် သင်တက်ခဲ့သော
ကျောင်းရှိ စာပေဆိုင်ရာ ပါမောက္ခ၏ အမည်ကို
မေ့ကောင်း မေ့နေပါလိမ့်မည်။ သို့ပေမယ့်
သင်မိတ်ဆွေဖွဲ့ခဲ့သော သူငယ်ချင်းများ
(သို့) သင့်တို့ အတူတူ မျှဝေ ခံစား ခဲ့ကြသော
အမှတ်ရစရာ အတွေ့အကြုံများ ကိုတော့
သင်ဘယ်သော အခါမှ မေ့လိမ့်မည်မဟုတ်ပါ။
လက်တွေ့အတွေ့အကြုံ
.
နိုင်ငံတကာနှင့် ချိတ်ဆက်ထားသော
နိုင်ငံခြားပညာသင်ကြားရေးသည် လက်တွေ့အတွေ့အကြုံရစေ နိုင်သော
မယုံကြည်နိုင် လောက်သည့် နည်းလမ်း ဖြစ်သည်။ ထို့အပြင် သင်၏ပညာရေးတွင် အလို ရှိသော
စစ်မှန်သည့် ကျွမ်းကျင်မှုမျိုးကို
International Programs များမှသာလျှင်ရှာဖွေ တွေ့ရှိနိုင်ပါသည်။
သြစတြေးလျနိုင်ငံသည် Marine Biology
ပညာရေး အစီအစဉ်များရှာဖွေရန်
နေရာကောင်းတစ်ခုဖြစ်သည်။
ဆွီဒင်နိုင်ငံတွင်ရှိသော
အင်ဂျင်နီယာများဆိုင်ရာ
လက်တွေ့ စမ်းသပ် ခန်းများသည် သင့်နိုင်ငံရှိ
အသက်မွေး ၀မ်းကျောင်း တက္ကသိုလ်တွင်ရှိသော
facilities များထက် သာ လွန်သည်။
နိုင်ငံရပ်ခြား မသွားခင်
မည်သူနှင့် တွေ့ဆုံသင့်ပါသလဲ
.
Study abroad အကြံပေး
အကြံပေးသူသည် သင်ဘာတွေ
သိဖို့လိုအပ်သည် ဆိုတာနှင့် ဘယ်သူနှင့်
တွေ့ဖို့လိုအပ်သည်ဆိုတာကို
ပြောပြပေးနိုင်ပါသည်။ သူတို့၏ အလုပ်သည်
သင့်၏ အတွေ့အကြုံအတွက်
ပြင်ဆင်ပြီးမှုများနှင့် နိုင်ငံခြား ပညာသင်ကြားရေး အစီအစဉ်မှ သင့်ရရှိနိုင်မည့်
အတွေ့အကြုံများကို ပိုမိုသေချာစေမည့်
အလုပ်ဖြစ် သည်။ သူတို့သည် သင့်ကို
ဘယ်နေရာကိုသွားပါ ဆိုပြီး အတိအကျပြောမည်
မဟုတ်ပါ။ လေ့လာစူးစမ်းမှု
ပြုဖို့သည်သာလျှင်သင်၏ တာဝန် ဖြစ်သည်။
သင့်အ တွက် သင် ၏နိုင်ငံကူးလက်မှတ်
ရရှိအောင်လည်း လျှောက်ထားပေးလိမ့်မည်
မဟုတ်ပါ။ သို့သော်လည်း နိုင်ငံကူးလက်မှတ်မည်သို့ရရှိအောင် လုပ်ရမည် ဆိုတာ
သင်မသိသေးဘူး ဆိုလျှင်တော့ဘယ်နည်း နဲ့မဆို
အိမ်ကနေမခွာသင့် သေးပါဘူး။
ပညာရေးဆိုင်ရာ အကြံပေး
တက္ကသိုလ်များသည်
နိုင်ငံရပ်ခြားမှ သင်လက်ခံရရှိမည့်
credit နှင့်ပတ်သက်သည့် အာမခံပေးသော
စာချုပ်များ ကိုလည်း ပံ့ပိုးပေးထားပါသည်။
သင်၏ ပညာရေးဆိုင်ရာအကြံပေးမှ မည်သည့်
credit အမျိုးအစားများ သင်ရရှိနိုင်သလဲ၊
degree ရရှိနိုင်ရန် မည်သို့အံဝင်ခွင်ကျ
ဖြစ်မည်လဲ စသည်တို့ကို ပြောပြပေးနိုင်ပါသည်။
ငွေကြေးဆိုင်ရာ အကြံပေး
သင့်မိဘများက
သင်နှင့်အတူလိုက်ပြီး စီစဉ်ပေးဖို့
မအားဘူးဆိုလျှင်တော့
စီမံခန့်ခွဲသူများနှင့် ရင်းရင်း နှီးနှီး
အလုပ်လုပ်ဖို့ လိုပါလိမ့်မည်။ Study
abroad တွင် ပါဝင်ဆောင်ရွက်ပေးသူအများစုက
ငွေကြေး ပေးရလေ့ရှိ ပါတယ်။ Study abroad
အတွက် အသုံးအများဆုံးသော
ကူညီထောက်ပံ့ကတော့ Student Loans
ဖြစ်ပါတယ်။ ရုံးအချို့မှာကတော့ သင်ရဲ့
အတွေ့အကြုံအတွက် အမှန်တကယ် ရနိုင်မည့်
credit သေချာစေဖို့ များပြားသော
ငွေကြေးပမာဏ လိုအပ်တယ်။ |
|
Studying
in
united
kingdom
tips |
|
အဘယ်ကြောင့် နိုင်ငံရပ်ခြားတွင်
ပညာ ဆည်းပူးသင့်လဲ
ဘာသာစကား
ကြုံတောင့်ကြုံခဲ အတွေ့အကြုံ
လက်တွေ့ အတွေ့အကြုံ
မသွားခင်
မည်သူနှင့်တွေ့ဆုံသင့်ပါသလဲ
ပညာသင်ကြားရေးနှင့် ပတ်သက်သော
အစီအစဉ် များကို ဘယ်လိုရှာဖွေမလဲ
တခြားဆောင်ရွက်ရန် ကိစ္စများ page
- 1
တခြားဆောင်ရွက်ရန် ကိစ္စများ page
- 2 |
|
International
Agency |
|
Nilai
International College Malaysia
No. 196,GF, Boyoke Aung San Rd,
Botathaung,Yangon, Myanmar. Tel : 245
663 , 246 776 , 294 200 |
|
More
» |
|
Mentor
International Office
B-96/98 Pansodan Street,
Kyauktada, Yangon, Myanmar.
Tel : 372 835 , 240 116 , 245 000 |
|
More
» |
|
International
College Sigapore
No. 196,GF, Boyoke Aung San Rd,
Botathaung,Yangon, Myanmar.
Tel : 245 663 , 246 776 , 294 200 |
|
More
» |
|