|
• Studying Abroad Trips
နိုင်ငံခြားပညာသင်ကြားရေးနှင့်
ပတ်သက်သော အစီအစဉ်များကို
ဘယ်လိုရှာဖွေရမလဲ
.
Study abroad Services များပေးသော
ရုံခန်းများသို့ သွားရောက်လေ့လာပါ။ သင်၏
ပထမဦးဆုံး တိုင်ပင်ဆွေးနွေးမှုသည်
သင့်တက်ရောက်လိုသော တက္ကသိုလ်၏ study
abroad ကိုယ်စားလှယ်နှင့်သာ ဖြစ်သင့်သည်။တစ်ချို့သော ကောလိပ် များတွင် Study
abroad ဆောင်ရွက်ပေးနိုင်သည့် သတ်မှတ်ထားသော ဌာနများ (သို့) အုပ်ချုပ်
သူများကို သက်ဆိုင်ရာ ဒေသများအလိုက်
ထားရှိပေးထားပါသည်။ ရနိုင်သော အခွင့်အလမ်းများကတော့ သင့်တက္ကသိုလ်မှ
သင့်အတွက်ပေးနိုင်မည့် အကောင်းဆုံးသော
အစီအစဉ်များ ဖြစ်သည်။ သင်၏ကျောင်းတွင်
ဖွံ့ဖြိုးစည်ပင်နေသော study abroad
အစီအစဉ်များကို ဆက်လက်
လုပ်ဆောင်ခြင်းဖြင့် သင်၏ငွေကြေး အကူအညီများနှင့် ပတ်သက်ပြီး
ပိုမိုအသုံးချတတ်လာနိုင်ပြီး credit
များလည်းရရှိနိုင်ပါသည်။ သင်၏ study
abroad အကြံပေးသည်
သင့်လိုအပ်ချက်များအတွက်
အတွေ့အကြုံရှိဆုံးသော အပြည်ပြည်ဆိုင်ရာ
ပညာရေး အကြံပေး ဖြစ်သည်။
သင်၏သဘောဆန္ဒများကို ၎င်းတို့က ဆုံးဖြတ်ပေးနိုင်ပြီး သင့်ကောလိပ်၏
ကန့်သတ်ချက် (သို့) စည်းမျဉ်း စည်းကမ်းများကိုလည်း သိနိုင်သည်။
သင်၏ တက္ကသိုလ်ဝင်းအတွင်း
မှန်ကန်သင့်လျော်သော အစီအစဉ်များကို
ရှာမတွေ့ဘူး ဆိုလျှင် (သို့) သင်၏ကျောင်းက
ပြင်ပအစီအစဉ်တစ်ခုတွင် ပါဝင်နိုင်ရန်
ခွင့်ပြုလျှင် အင်တာနက်တွင်
ရှာဖွေမှုများပြုသင့်သည်။ စတင်ရှာဖွေရမည့်
အကောင်း ဆုံးသော နေရာမှာ
www.studyabroaddirectory.com
ဖြစ်သည်။ ရှာဖွေရာတွင် နိုင်ငံအလိုက်
(သို့) ဘာသာရပ် နယ်ပယ် အလိုက်
ရှာဖွေနို်င်သည်။ အရေးကြီးသော
သတင်းအချက်အလက် များ ဖြစ်သည့်
ကုန်ကျစရိတ်၊ အကြောင်းအရာများနှင့် study
abroad အစီအစဉ်များအား အလေးပေးဖော်ပြ ထား
မှု များပါဝင်သည်။ ထပ်မံသိလိုသော
အချက်အလက်များအတွက် e-mail များလည်း
တိုက်ရိုက်ပေးပို့နိုင်သည်။
တခြားဆောင်ရွက်ရန် လိုအပ်သော
ကိစ္စရပ်များ (page 1)
.
Passport လျှောက်ရန်
နိုင်ငံခြားတွင်ကျောင်းတက်ရန်
စတင်စဉ်းစားကတည်းက Passport
ကိုကြိုတင်လျောက်ထားသင့်ပါတယ် ။
နိုင်ငံခြား သံရုံးများမှ visas ကို
သင်မထွက် ခွာခင် လအနည်းငယ် အတွင်
လျှောက်ထားပါ။ သင်၏ passport
ရတော့မည်ဆိုလျှင် (သို့) သင့် passport
အဟောင်းပျောက်လျှင် (သို့) အခိုးခံရလျှင်
(သို့) သင်၏ passport သည် သက်တမ်း
ကုန်လွန်ခဲ့လျှင် သော်လည်းကောင်း
လူကိုယ်တိုင်သွားရောက် လျှောက်ထားရမည်။
လျှောက်လွှာတင်သောအခါ မွေးစာရင်းလက်မှတ်၊
ယခင် ကိုင်ဆောင်ထားသော passport (သို့)
နိုင်ငံသား လက် မှတ် အစရှိသည်တို့ကို
ယူဆောင် သွားပါ။ ယာဉ်မောင်း လိုင်စင်၊
လက်ရှိ ကျောင်းသား မှတ်ပုံတင် (သို့)
အလုပ်သမားမှတ်ပုံတင် (သို့)passport
အဟောင်းစသည့် မှတ်ပုံ တင်များကိုလည်း ယူ
ဆောင်သွားရမည်။
Passport ရလျှင်ရခြင်း သင်၏ကိုယ်ရေး
အချက်အလက်အားလုံး ပါဝင်သော
ရှေ့စာမျက်နှာအား မိတ္တူ ကူးယူပါ။ သင့်
passport နှင့် သီးခြားဖြစ်သော နေရာတွင်
သိမ်းဆည်းထားပါ။သင့် passport
ပျောက်ခဲ့လျှင် (သို့) အခိုးခံရလျှင်
၎င်းမိတ္တူသည် အသစ်ပြန်လုပ်ရန် အတွက်
အကူအညီပေးပါလိမ့်မည်။
Visa ရရန်
သင်သွားမည့်
နိုင်ငံသည် visa လိုအပ်သည်၊ မလိုအပ်သည်ကို
သိနိုင်ရန် စုံစမ်းပါ။ လိုအပ်သည် ဆိုလျှင်
မည်သည့် visa အမျိုးအစားလိုအပ်ပါသလဲ။
ကမ္ဘာ့ နိုင်ငံများ၏ ၆၀%သည် မည်သည့်
နေထိုင်ခွင့် သက်တမ်း အတွက် မဆို visa
လိုအပ်သည်။ သင်ခရီးသွားလျှင်
အခြားနိုင်ငံများအတွက် visa တော့ လို
အပ်နိုင် ပါသည်။ visa ကို စောစော
လျှောက်ထားပါ။ ဆောင်ရွက်ချိန်သည်
အမျိုးမျိုးကွဲပြားမှုရှိသည်။
သံရုံးလိပ်စာများနှင့် ဖုန်းနံပါတ်
များကို
www.embassiesabroad.com
တွင်တွေ့ရှိနိုင်ပါသည်။
ကာကွယ်ဆေး
ရောဂါထိန်းချုပ်ရေးဌာနသည် ကျောက်ဆေးနှင့်
ကာကွယ်ဆေးထိုးခြင်း စသော နောက်ဆုံးပေါ်
သတင်း အချက် အလက်များကို ပေးပါသည်။ သင်၏
ဆရာဝန်နှင့် တိုင်ပင်မှုပြုသင့်သည်။
|
|
Studying
abroad
tips |
|
အဘယ်ကြောင့် နိုင်ငံရပ်ခြားတွင်
ပညာ ဆည်းပူးသင့်လဲ
ဘာသာစကား
ကြုံတောင့်ကြုံခဲ အတွေ့အကြုံ
လက်တွေ့ အတွေ့အကြုံ
မသွားခင်
မည်သူနှင့်တွေ့ဆုံသင့်ပါသလဲ
ပညာသင်ကြားရေးနှင့် ပတ်သက်သော
အစီအစဉ် များကို ဘယ်လိုရှာဖွေမလဲ
တခြားဆောင်ရွက်ရန် ကိစ္စများ page
- 1
တခြားဆောင်ရွက်ရန် ကိစ္စများ page
- 2 |
|
International
Agency |
|
Nilai
International College Malaysia
No. 196,GF, Boyoke Aung San Rd,
Botathaung,Yangon, Myanmar. Tel : 245
663 , 246 776 , 294 200 |
|
More
» |
|
Mentor
International Office
B-96/98 Pansodan Street,
Kyauktada, Yangon, Myanmar.
Tel : 372 835 , 240 116 , 245 000 |
|
More
» |
|
International
College Sigapore
No. 196,GF, Boyoke Aung San Rd,
Botathaung,Yangon, Myanmar.
Tel : 245 663 , 246 776 , 294 200 |
|
More
» |
|