|
• Studying Abroad Trips
တခြားဆောင်ရွက်ရန် လိုအပ်သော
ကိစ္စရပ်များ (page 2)
.
ကျောင်းသားမှတ်ပုံတင်
အပြည်ပြည်ဆိုင်ရာ
ကျောင်းသားမှတ်ပုံတင်သည် ပြတိုက်များတွင်
discount များရခြင်း၊ လူငယ်များ အတွက်
ဝင်ကြေး၊ သွားလာရေးအတွက် လက်မှတ် ခများ၊
နှင့်အခြားသော များပြားသည့် discount
များရရှိရန် အထောက်အပံ့ပေးသည်။
သင့်ကျောင်းမှ ပေးထားသော ကျောင်းသားကဒ်သည်
တစ်ချို့သော ကိစ္စရပ်
အတော်တော်များများတွင် လုံလောက်အောင်
ဆောင်ရွက်ပေးနိုင်ပါသည်။
အပြည်ပြည်ဆိုင်ရာ ကျောင်းသား မှတ်ပုံတင်၏
နောက်ထပ်ရနိုင်သော အကျိုးကျေး ဇူး မှာ
ခရီးသွား အာမခံကြေးဖြစ်ပြီး အသေးစား
ထိခိုက်မှု၊ ကျန်းမာရေး၊
အမိနိုင်ငံသို့ပြန်ပို့ခံရခြင်းနှင့်
ဆေးဝါးအာမခံကြေးစသည်တို့ ပါဝင်သည်။
Phone Card များ
သင့်အိမ်မှ
မိသားစုများနှင့် သင်မည်သို့
ဆက်သွယ်မှုပြုရမည်ဆိုသည်ကို
လေ့လာစူးစမ်းပါ။ ဖုန်းကဒ် များက
ကောင်းပေမယ့် အမြဲတမ်းတော့ အလုပ်မဖြစ်
ပါဘူး။ ဈေးနှုန်း အသက်သာဆုံးဖြင့်
စကားပြော နိုင်သော phone card၊ e-mail
နှင့် voice mail တို့ စုပေါင်းသုံးထားသော
e-kit ကို အသုံးပြုရန် အကြံ ပြုပါ သည်။
အာမခံ
ISIC card မှ
ပေးသော အခြေခံအချက်အလက်များအပြင်၊
နောက်ထပ် ခရီးသွား အာမခံများလည်း ရှိသင့်
သည်။ ဆေးပညာဆိုင်ရာ အာမခံကြေးနှင့်
အမိနိုင်ငံသို့ ပြန်ပို့ခံရခြင်း စသည့်
အာမခံများပါဝင်သင့်သည်။
ကြိုတင်ရာထားငွေ
သင်မသွားခင်
ကုန်ကျစရိတ်များကို စဉ်းစားပါ။ budget
တစ်ခုသတ်မှတ်ထားပြီး ၎င်း အတွင်းတွင်ပဲ
နေထိုင်သုံးစွဲသင့်ပါသည်။
လေ့လာရေးခရီးစဉ်များ၊ လက်ဆောင်ပစ္စည်းများ၊
ကျောင်းအတွက် လိုအပ်သော ပစ္စည်းများ၊
အင်တာနက် အသုံးပြုမှု၊ နိုင်ငံတွင်း
ခရီးသွား စရိတ်နှင့် တခြားသော
အထွေထွေနေထိုင် စရိတ်များကိုလည်း
တွေးထားသင့်ပါသည်။ ကျောင်းသား
အတော်များများသည် Athens နှင့် Bangkok
တွင်ရှိသော night clubများတွင်သာ
စိတ်ပျော်မွေ့နေကြပြီး သူတို့၏
စာသင်နှစ်အတွက် လျာထားငွေများကို
ပထမဦးဆုံး ရက်သတ္တပတ်တွင်ပင်
သုံးစွဲပြီးကြသည်။
သင့်ပန်းတိုင်အတွက် လေ့လာသင်ယူမှု
ယဉ်ကျေးမှုဓလေ့ကွာဟမှုများကို
သင်ကြုံတွေ့ရတော့မည်ဖြစ်သည်။
သင်ဘယ်လောက်ပဲ အေးဆေးအေးဆေး၊
သင်အခြားသူများနဲ့
မည်သို့ကွဲပြားခြားနားနေပါစေ၊
သင်၏ဘာသာစကား အရည်အသွေး
မည်မျှကောင်းစေကာမူ ယဉ်ကျေးမှု
ဓလေ့ကွာဟမှုများ ရှိလာပါလိမ့်မည်။
ထိုကွာဟမှုများကို
ကောင်းမွန်စွာဖြတ်သန်းရန်
နည်းလမ်းတစ်ခုမှာ အရှိကို အရှိတိုင်း
လက်ခံမျှော်လင့်ထားရန်ဖြစ်သည်။ အနာဂတ်တွင်
နေထိုင်ရမည့် သင့်အိမ်အကြောင်း ပတ်သက်သမျှ
အရာအားလုံးကို ဖတ်မှတ်လေ့လာထားပါ။
ပေါ့ပေါ့ပါးပါး ထုပ်ပိုးပြင်ဆင်ပါ
Nepal
နိုင်ငံတွင် မိတ်ကပ်ခြယ်သ
အလှပြင်စရာမလိုပါ။ Madrid တွင်လည်း
အခြောက်ခံ လေမှုတ်စက်က အလုပ်မဖြစ်ပါ။
Botswanaတွင်လည်း Baseball လက်အိတ်
ဘယ်တော့မှ သုံးရလိမ့်မည် မဟုတ်ပါ။
Ecuadorတွင် ဈေးချိုသော ဆွယ်တာများလည်း
ဝယ်နိုင်သည်။ ပေါ့ပေါ့ပါးပါးပဲ
သယ်ဆောင်ပါ။ သင်သွားမည့် နေရာကို
ကြိုတင်စူးစမ်း လေ့လာပါ။ သယ်သွားရမည့်
ပစ္စည်းအမျိုးအစားတွေက ဘာတွေလဲဆိုတာ
ရှာဖွေပါ။ (ဥပမာ - ခြင်ထောင် သို့
အမျိုးသမီးသုံးပစ္စည်းများ) ထိုနေရာတွင်
ဈေးချိုသာစွာ ၀ယ်၍ရနိုင်မည့်
ပစ္စည်းများကို စဉ်းစားရှာဖွေပါ။ |
|
Studying
abroad
tips |
|
အဘယ်ကြောင့် နိုင်ငံရပ်ခြားတွင်
ပညာ ဆည်းပူးသင့်လဲ
ဘာသာစကား
ကြုံတောင့်ကြုံခဲ အတွေ့အကြုံ
လက်တွေ့ အတွေ့အကြုံ
မသွားခင်
မည်သူနှင့်တွေ့ဆုံသင့်ပါသလဲ
ပညာသင်ကြားရေးနှင့် ပတ်သက်သော
အစီအစဉ် များကို ဘယ်လိုရှာဖွေမလဲ
တခြားဆောင်ရွက်ရန် ကိစ္စများ page
- 1
တခြားဆောင်ရွက်ရန် ကိစ္စများ page
- 2 |
|
International
Agency |
|
Nilai
International College Malaysia
No. 196,GF, Boyoke Aung San Rd,
Botathaung,Yangon, Myanmar. Tel : 245
663 , 246 776 , 294 200 |
|
More
» |
|
Mentor
International Office
B-96/98 Pansodan Street,
Kyauktada, Yangon, Myanmar.
Tel : 372 835 , 240 116 , 245 000 |
|
More
» |
|
International
College Sigapore
No. 196,GF, Boyoke Aung San Rd,
Botathaung,Yangon, Myanmar.
Tel : 245 663 , 246 776 , 294 200 |
|
More
» |
|