|
• Studying in Australia
သြစတြေးလျမှာကျောင်းတက်မယ်ဆိုရင်.
အခုအခါနိုင်ငံရပ်ခြားကိုသွားရောက်ကျောင်းတက်သူဦးရေတစ်နေ့တခြားများပြားလာတယ်။သည်လိုနိုင်ငံရပ်ခြား
ကိုကျောင်းသွားတက်တဲ့အခါ
အဆင်ပြေသူတွေရှိပေမဲ့တော်တော်များများကကိုယ်တက်မယ့်
ကျောင်းရှိတဲ့ နိုင်ငံရဲ့ ပညာရေးစနစ်၊
လူမှုရေး၊ နေထိုင်မှုပုံစံ၊ ယဉ်ကျေးမှုစတဲ့
အချက်တွေကိုမသိကြလို့အဆင်မပြေတာတွေ
ရှိခဲ့တယ် လို့သိရပါတယ်။ သည်လိုမဖြစ်ဖို့
လည်းကျောင်းသွားတက်သူ
အများဆုံးနိုင်ငံတွေထဲမှာ ပါဝင်တဲ့
သြစတြေးလျ နိုင်ငံရဲ့ ဆောင်ရန်၊
ရှောင်ရန်တွေကို ကျောင်းသားတွေ သိထားဖို့
ဖော်ပြလိုက်ပါတယ်။
သြစတြေးလျမှာ
ဘွဲ့ရပြီးပါကကျောင်းသားဗီဇာနဲ့
အလိုအလျောက်နေထိုင်ခွင့်၊
အလုပ်လုပ်ကိုင်ခွင့်ရရှိမှာ မဟုတ် ပါဘူး။
ကျောင်းသားဗီဇာကို လက်ခံရရှိတာဟာ
သက်ဆိုင်ရာအစိုးရက ပညာသင်ကြားဖို့အတွက်သာ
ယာယီ နေထိုင်ဖို့ ခွင့်ပြုထားတာပါ။
ဗီဇာသက်တမ်းမကုန်ခင်
သင်ကြားရေးကာလပြီးဆုံးသွားရင်
နေထိုင်ခွင့်ကာလ ပြီးဆုံးသွားပြီ
ဖြစ်ပါတယ်။ ဒါပေမဲ့ သြစတြေးလျက
နိုင်ငံရပ်ခြားက အလုပ်လုပ်ချင်တဲ့သူတွေနဲ့
ဘွဲ့လက်မှတ် ကိုင်ဆောင်ထားတဲ့
ကျောင်းသားတွေအတွက်အလုပ်အကိုင်ပါ
ဖန်တီးပေးနိုင်တဲ့ ဗီဇာပုံစံမျိုးတွေကို
ဆက်လက်ပြီး
ဆောင်ရွက်ပေးနေတယ်လို့သိရပါတယ်။
ဘွဲ့ရပြီးအလုပ်လုပ်ကိုင်ခွင့်ရော
နေထိုင်ခွင့်ပါရရှိလိုပါကအလုပ်လုပ်ခွင့်
ရရှိတဲ့ ဗီဇာကိုပါ
လျှောက်ထားရမှာဖြစ်ပါတယ်။ သြစတြေးလျမှာ
နေထိုင်ခွင့် ဗီဇာ ခြောက်မျိုးရှိပါတယ်။
ယာယီနေထိုင်ခွင့်ဗီဇာ.
၎င်းဗီဇာက သြစတြေးလျမှာ
အနည်းဆုံးနှစ်နှစ်ပညာသင်ကြားပြီးပါက
လုပ်ငန်းအတွေ့အကြုံရရှိဖို့
နောက်ထပ် ၁၈ လ
နေထိုင်ခွင့်ရှိတဲ့ဗီဇာဖြစ်ပါတယ်။
သည်ဗီဇာအမျိုးအစားကို ၄၈၅
အရည်အချင်းပြည့်မီတဲ့ဘွဲ့ရတွေ
အတွက် ယာယီနေထိုင်ခွင့်ဗီဇာ (485
skilled graduate temporary visa)
လို့ခေါ်ပါတယ်။
သင်တန်းပေးခြင်းဆိုင်ရာဗီဇာ.
အလုပ်အကိုင်နဲ့ ပတ်သက်တဲ့
သင်တန်းပေးခြင်းဆိုင်ရာဗီဇာ (442
occupational trainee visa) ကကိုယ့်ရဲ့
လုပ်ငန်းကျွမ်းကျင်မှုအတွက်
အလုပ်ရှင်တစ်ဦးဦးက ထောက်ခံပေးပါက
နောက်ထပ်နှစ်နှစ်ဆက်နေနိုင်တဲ့ ဗီဇာ
ဖြစ်ပါတယ်။
ဒေသဆိုင်ရာထောက်ခံမှုဗီဇာ.
ဒေသဆိုင်ရာထောက်ခံမှုဗီဇာ (487 regional
sponsored visa) ကအမြဲတမ်းနေထိုင်သူ
တစ်ဦးကထောက်ခံ ပေးပါက အထူးသတ်မှတ်ထားတဲ့
ဒေသတွေကို အလုပ်လုပ်ကိုင်ခွင့်
သုံးနှစ်ရရှိမှာ ဖြစ်ပါတယ်။
ဒေသဆိုင်ရာအမြဲတမ်းနေထိုင်ခွင့်ဗီဇာ.
သြစတြေးလျမှာ
နှစ်နှစ်နေထိုင်ပြီးသူဖြစ်ပြီုးလုပ်သက်အနည်းဆုံးတစ်နှစ်ရှိထားရင်
သတ်မှတ်ထားတဲ့ အဆင့် တွေနဲ့
လည်းပြည့်စုံရင် အမြဲတမ်းနေထိုင်ခွင့်ဗီဇာ
(887 skilled regional residence visa)
ရရှိမှာ ဖြစ်ပါတယ်။
အမြဲတမ်းနေထိုင်ခွင့်.
အမြဲတမ်းနေထိုင်ခွင့်ဗီဇာ
(885 skilled independent residence visa)
ကထောက်ခံမယ့်သူမရှိဘဲ မိမိကို
အမြဲတမ်းနေထိုင်ခွင့်ရောအလုပ်လုပ်ခွင့်ပါပေးမှာဖြစ်ပါတယ်။
အမြဲတမ်းနေထိုင်ခွင့်ဗီဇာနောက်တစ်မျိုး
(886 Skilled Sponsor Residence Visa) က
အလုပ်ရှင် တစ်ဦးဦးက ထောက်ခံမှုရှိပါက
အမြဲတမ်းနေထိုင်ခွင့် ဗီဇာရရှိ
မှာဖြစ်ပါတယ်။ ဗီဇာရဖို့ သတ်မှတ်ထားတဲ့
အဆင့်တွေက အင်္ဂလိပ်စာစွမ်းရည်၊ အလုပ်အကိုင်
အခွင့်အလမ်း၊ အသက်ကန့်သတ်ချက် (အသက် ၁၉
နှစ်ကနေ ၄၄ နှစ်ကြား)၊
လုပ်ငန်းအတွေ့အကြုံ၊ ကျောင်းတက်တဲ့ကာလ
သြစတြေးလျ အသိအမှတ်ပြုအရည်အချင်း၊
ထောက်ခံမယ့်သူစတဲ့အဆင့်တွေပါ။
အဲသည်အဆင့်တွေနဲ့ ပြည့်စုံမှ သာ
လျှောက်ထားသူက ဗီဇာရရှိမှာ ဖြစ်ပါတယ်။
သင့်တော်တာကိုရွေးဖို့လို.
သြစတြေးလျပညာရေးစနစ်က
နိုင်ငံတကာကျောင်းသားတွေအတွက်
အင်္ဂလိပ်စာသင်ကြားရေးအစီအစဉ်က ဘွဲ့ရ
တစ်ယောက်ဖြစ်လာဖို့တက်ရောက်မယ့်အစီအစဉ်ထိ
ကိုယ်နဲ့သင့်တော်မယ့်အစီအစဉ်တွေကို
ရွေးချယ် နိုင်အောင် ဆောင်ရွက်ထားပါတယ်။
သြစတြေးလျက အသက်မွေးမှုနဲ့နည်းပညာဆိုင်ရာ
ကျောင်းတွေ အခိုင်အမာရှိတဲ့နိုင်ငံ
တစ်နိုင်ငံဖြစ်ပါတယ်။
မဖြစ်မနေတက်ရမယ့်အင်္ဂလိပ်စာ.
သြစတြေးလျက
တက္ကသိုလ်တစ်ခုခုမှာ ကျောင်းလျှောက်ထားပါက
၎င်းတက္ကသိုလ်က အရင်ဆုံး အင်္ဂလိပ်စာ
အရည်အချင်းစစ် စာမေးပွဲကို
ဖြေဆိုခိုင်းပါတယ်။
စာမေးပွဲဖြေဆိုအောင်မြင်ပြီးရင်
တက္ကသိုလ်ကိုတက်ရောက် နိုင်မယ်၊ တကယ်လို့
မအောင်ခဲ့ရင် တက္ကသိုလ်ကအရင်ဆုံး
အင်္ဂလိပ်ဘာသာစကားဆိုင်ရာ သင်တန်း
ကျောင်းကို တက်ခိုင်းပါတယ်။
အဲဒါကသြစတြေးလျမှာရှိတဲ့တက္ကသိုလ်က
ပြဌာန်းထားတဲ့ အင်္ဂလိပ်ဘာသာ စကားနဲ့
ပတ်သက်တဲ့မူဝါဒပါ။ သြစတြေးလျမှာ
ကျောင်းတက်မယ့် ကျောင်းသား ၂ဝ
ရာခိုင်နှုန်းက သူတို့ရဲ့ အင်္ဂလိပ်စာ
တိုးတက်ဖို့အတွက် အင်္ဂလိပ်စာ
အတတ်သင်ကျောင်း (သြစတြေးလျမှာ ELICOS
လို့လူသိများ) ကို မဖြစ်မနေ တက်ကြရပါတယ်။
သြစတြေးလျမှာ လက်ရှိ အင်္ဂလိပ်စာသင်ကြားရေး
အစီအစဉ်တွေ ထည့်သွင်းသင်ကြားနေတဲ့
တက္ကသိုလ်ပေါင်း ရာချီရှိပြီး
အဲသည်အစီအစဉ်က တစ်နေရာကနေ
တစ်နေရာပြောင်းလဲနေပါတယ်။ ဒါ့ပြင် TOEFL
နဲ့ IELTS စာမေးပွဲတွေကိုလည်း
ဖြေဆိုကြရပါတယ်။ သြစတြေးလျတက္ကသိုလ်တွေက
IELTS ဖြေဆိုအောင်မြင်ထားသူ တွေကို
ပိုသဘောကျကြတယ်။ သြစတြေးလျမှာ
ဘွဲ့ကြိုနဲ့ဘွဲ့သင်တန်းတွေအတွက်
စာရင်းပေးသွင်းနိုင်တဲ့ တက္ကသိုလ်ပေါင်း ၃၉
ခုရှိပါတယ်။
အသက်မွေးဝမ်းကျောင်းဆိုင်ရာဘွဲ့သင်တန်းများ.
TAFE(Technical
Further Education)
ကသြစတြေးလျရဲ့အသက်မွေးဝမ်းကျောင်းဆိုင်ရာပညာ
သင်ကြားရေး စနစ်ဖြင့် လက်တွေ့ကျွမ်းကျင်
တတ်မြောက်မှုနဲ့အသက်မွေးမှု
နှစ်မျိုးလုံးအတွက် ဦးတည်
ဖွင့်လှစ်ထားတာပါ။ သင်တန်းတစ်ခုခုက
ဘွဲ့လက်မှတ်ရရှိထားတဲ့
သူကဆိုင်ရာဘာသာရပ်ရဲ့ သဘောတရားက
လက်တွေ့ပိုင်း ကျွမ်းကျင် ထားတာကြောင့်
လုပ်ငန်းခွင်ကိုအလွယ်တကူဝင်ရောက်နိုင်မယ်။
‘မကြာမီက
သြစတြေးလျမှာ ရာသက်ပန်နေထိုင်ခွင့်ရဖို့
အဲဒီအသက်မွေးဝမ်းကျောင်းဆိုင်ရာဘွဲ့သင်တန်းတွေကို
အခွင့်အလမ်းတစ်ခုဖြစ်နေလို့
အဲဒီဘွဲ့သင်တန်းတွေကို လျှောက်တဲ့သူ
တော်တော်တိုးလာတာ တွေ့ရတယ်’ လို့
နိုင်ငံတကာ ပညာရေးအတိုင်ပင်ခံ
တစ်ဦးပြောပါတယ်။
ပုဂ္ဂလိကကောလိပ်များ.
သြစတြေးလျမှာ
ဒီပလိုမာတွေ၊ အောင်လက်မှတ်တွေပေးတဲ့
ပုဂ္ဂလိကကောလိပ်တွေ အများအပြားရှိပါတယ်။
အဲသည်ကောလိပ်တွေရဲ့ ကျောင်းစရိတ်က
တစ်ကျောင်းချင်းပေါ်မူတည်ပြီး
ပြောင်းလဲမှုရှိပေမဲ့ အခြေခံအားဖြင့်
သင်ရိုးတစ်ခုကို သုံးလကနေ
သုံးနှစ်အထိထားပါတယ်။ အဲသည် သင်တန်းတွေက
ဂုဏ်ထူးတွေရှိထားရင် တက္ကသိုလ်တွေကို
ပြောင်းရွှေ့တက်ရောက်နိုင်ပါတယ်။
ဒါပေမယ့် သက်ဆိုင်ရာသင်တန်း (သို့)
ကောလိပ်နဲ့ဆက်တက်မယ့် တက္ကသိုလ်တွေရဲ့
ဆက်ဆံရေးအပေါ်မှာ မူတည်ပါတယ်။
အရည်အသွေးမြင့်ပညာရေး.
သြစတြေးလျမှာ
အဆင့်မြင့်ပညာသင်ကြားရေးဆိုင်ရာ
တက္ကသိုလ်တွေ များစွာရှိတယ်။ မည်သည့်
တက္ကသိုလ်က အရည်အသွေးမြင့်တယ်ဆိုတာ
ဆုံးဖြတ်ဖို့ မလွယ်ကူလှပါဘူး။ ပညာသင်
စရိတ်အများဆုံး တက္ကသိုလ်တွေကို
အရည်အသွေးမြင့် တက္ကသိုလ်တွေလို့
တရားသေသတ်မှတ်လို့မရဘူးလို့ ဆိုပါတယ်။
တက္ကသိုလ်တွေ မှတ်တမ်းမှာ ကိုယ်ရှာဖွေ
တွေ့ရှိထားတဲ့
တက္ကသိုလ်တစ်ခုရဲ့ကောင်းမွန်တဲ့ဌာနတစ်ခုက
လုပ်ဆောင်ချက် အမြင့်ဆုံးတွေ မရှိပေမဲ့
အဲသည်တက္ကသိုလ်က
အရည်အသွေးမြင့်တက္ကသိုလ်တစ်ခု
ဖြစ်နိုင်တယ်လို့ သိရပါတယ်။ သက်ဆိုင်ရာ
တက္ကသိုလ်ရဲ့ ပါမောက္ခဆီက အကြံပြုချက်တွေကို
ရယူနိုင်ပါတယ်။
အရည်အသွေးမြင့် ပညာရေးမှာ
သတ်မှတ်ထားနိုင်တဲ့အချက်တွေက
စာသင်ခန်းအားလုံးဟာ သင်ကြားပို့ချချက်
တွေ၊ ဆွေးနွေးပွဲတွေ ပြုလုပ်နိုင်တဲ့အထိ
ကျယ်ဝန်းရမယ်။ ဘွဲ့ကြိုကျောင်းသားတွေ
အတွက် ဆွေးနွေးပွဲ ကဏ္ဍတွေ
ပြုလုပ်နိုင်ရမယ်။
သုတေသနပြုလုပ်ဖို့အခွင့်အလမ်းတွေရှိရပါမယ်။
ဘွဲ့ကြိုတစ်ယောက်က သုတေသန လေ့လာနိုင်ဖို့
ကိုယ်တက်မယ့်ကျောင်းမှာ
စာကြည့်တိုက်ရှိရမယ်။ အဲသည့်ကမှ
စာအုပ်ငှားနိုင်တဲ့ အရေအတွက်၊ ပါဝင်မယ့်
အစီအစဉ်တွေကို စုံစမ်းထားသင့်ပါတယ်။
ဒါ့ပြင် လက်တွေ့စမ်းသပ်ခန်းတွေ၊
စည်းကမ်းချက်တွေနဲ့
အခြားခံစားခွင့်တွေကိုပါ ရှာဖွေထားရပါမယ်။
ပညာသင်စရိတ်.
ပညာသင်စရိတ်က
တစ်နှစ်နဲ့တစ်နှစ် ပြောင်းလဲမှုရှိပြီး
တစ်နှစ်အတွက် ပျမ်းမျှပညာသင်စရိတ်က ဒေါ်လာ
၂ဝဝဝ ကနေ ၂၈,ဝဝဝ ထိရှိပါတယ်။
ပညာတော်သင်နဲ့ငွေကြေးထောက်ပံ့မယ့်
အစီအစဉ်တွေရှိသလိုအစိုးရ (သို့) ပုဂ္ဂလိက
အဖွဲ့အစည်းတွေက ထောက်ပံ့ပေးနိုင်မယ့်
အစီအစဉ်တွေရှိပါတယ်။ ငွေကြေးထောက်ပံ့မှု
ဆိုတာ ပညာသင်စရိတ် (သို့) ငွေသား (သို့)
ချေးငွေ (သို့) သင်ကြားရေးထောက်ပံ့မှု
(သို့) သုတေသနထောက်ပံ့မှု (သို့်)
နည်းပြကြေးကင်းလွတ်ခွင့် စသဖြင့်
ဖြစ်နိုင်ပါတယ်။
ကျန်းမာရေးစောင့်ရှောက်ခွင့်.
သြစတြေးလျတက္ကသိုလ်ကကျန်းမာရေးစောင့်ရှောက်မှုဗဟိုတွေထားပေးတယ်။ပုံမှန်ကျန်းမာရေးစောင့်ရှောက်ခွင့်
ရယူချင်ရင်ကျန်းမာရေးစောင့်ရှောက်ခွင့်ရယူချင်ရင်ကျန်းမာရေးစောင့်ရှောက်မှုရှိတဲ့တက္ကသိုလ်(သို့)ကျန်းမာရေး
စောင့်ရှောက်မှုဗဟိုတွေနဲ့
နီးနီးကပ်ကပ်ရှိတဲ့တက္ကသိုလ်တွေမှာ
ကျောင်းလျှောက်ဖို့လိုပါတယ်။
နေရေးထိုင်ရေး.
သြစတြေးလျမှာ နေရေးထိုင်ရေးက
အရေးကြီးပါတယ်။ အထူးသဖြင့်
လက်ထပ်ထားသူတစ်ဦးဖြစ်ပြီး မိသားစုနဲ့
ကျောင်းအတွင်း အတူနေထိုင်ဖို့
ခေါ်ယူချင်တဲ့သူတစ်ဦး
ဖြစ်ပါကပိုအရေးကြီးပါတယ်။
တချို့တက္ကသိုလ်တွေက လက်ထပ်ထားသူ
ကျောင်းသားတွေအတွက် တက္ကသိုလ်နယ်မြေအတွင်း
နေထိုင်ဖို့စီစဉ်ပေးပါတယ်။ လူလွတ် ဖြစ်ရင်
ကျောင်းနယ်မြေအတွင်းက အဆောင်တွေမှာ
အခြားအခန်းဖော်တွေနဲ့ အတူနေနိုင်ပါတယ်။
မြို့ထဲက တက္ကသိုလ်တချို့က
ကျောင်းသားတွေအတွက်
နေရာထိုင်ခင်းစီစဉ်ပေးမှာ မဟုတ်ဘူးလို့
သိရပါတယ်။
Soruce: Modern Journal |