Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font RSS RSS

Studying Abroad

Singapore

Malaysia

Australia

England

Thailand

Quiz Program

CREATiVE Web Studio မှ သင်တန်း တက်ရောက်ခွင့်
- Web Essential (1) ဦး
- Web Advanced (1) ဦး
- PHP Course (1) ဦး

SUBSCRIBE

Your Email:


• Studying in Bangkok

စားသောက်ဆိုင်များနှင့် ဈေးများ  .

ထိုင်းနိုင်ငံတွင် စားသောက်ဆိုင်ခန်းလေးများ၊ အအေးခန်းရေခဲမုန့်ဆိုင်များ၊ လှေပေါ်စားသောက်ဆိုင်များ စသည့် စားကောင်း သောက်ဖွယ်များ ရနိုင်မည့် နေရာ များစွာရှိသည်။ စားသောက်ဆိုင်ကြီးများသည် လူစည်ကားပြီး အစားအစာကောင်းရုံမျှမက လတ်ဆတ်သန့်ရှင်းသည်။ သို့သော် သက်သက်လွတ်ဆိုင်များ သိပ်မရှိပါ။ ကျွန်တော် သက်သက်လွတ်ပဲ စားပါတယ် ဆိုတာမျိုးကို ထိုင်းဘာသာစကားနဲ့ kin jeh or kin mang-sa-wi-rat လို့ပြောနိုင်ပြီး mai sai neua (အသားမထည့်နဲ့)၊ mai mee muu (၀က်သားမစားပါ)၊ mai sai gai (ကြက်သားမစားပါ)၊ mai sai goong (ပုစွန်မစားပါ) လို့ ထိုင်းလိုပြောနိုင်ပါသည်။

Ramkhamhaeng University တွင် အစားအသောက်များရနိုင်သော canteens နှင့် cafeterias များရှိသည်။ အသင့်စားသုံးနိုင်သော အစားအစာများရသည့် McDonalds ကဲ့သို့ စားသောက်ဆိုင်များသည် ကျော်ကြားသည်။ ထိုင်းနိုင်ငံတွင် အစားအသောက်နှင့် ပတ်သက်သည့် အကောင်းဆုံးသော အချက်တစ်ခုမှာ နေ့ရောညပါ ဖွင့်လှစ်ထားသော လတ်ဆတ်သန့်ရှင်းသည့် အစားအစာများ ရနိုင်သည့် Open Markets များရှိသည်။ အစားအသောက်များကို မှန်ဗီရိုထဲတွင် ထည့်ထားပြီး စားချင်သောအရာကို လက်ညှိုးထိုး မှာယူရုံသာဖြစ်သည်။

ကုန်စုံဆိုင်များ  .

Bangkok ကဲ့သို့သော မြို့ကြီးများတွင် ဈေးများကို နံနက်၊ နေ့လည်၊ ညနေ များတွင် ဖွင့်လှစ်ထားသည်။ အလတ်ဆတ် ဆုံးသော အစားအစာများအတွက် နံနက်ပိုင်းတွင်ဖွင့်သော ဈေးသို့သွားနိုင်ပါသည်။ Ramkhamhaeng University အနီးတွင် ရှိပြီး အစားအစာ မျိုးစုံ ရနိုင်သော Big C ကဲ့သို့သော Supermarkets များတွင် ဈေးဝယ်နိုင်ပါသည်။

လမ်းဘေးဈေးဆိုင်များ  .

လမ်းဘေးအစားအစာများသည် အန္တရာယ်မပေးပါ။ သို့သော် ကြိုတင်သတိပေးချက် များကို လိုက်နာရမည်။ ရေခဲ သေတ္တာဖြင့်အအေးပေးထားသော (သို့) မီးဖိုဖြင့် အပူပေးထားခြင်း မရှိသောအစားအစာများကို ရှောင်ကြဉ်ပါ။ မိမိရှေ့တွင် ချက်တာမတွေ့သော အစားအစာများကို မစားပါနဲ့။

ကျန်းမာရေး  .

University Health and Medical Centre သည် ကျောင်းဝင်းထဲတွင်ရှိပြီး ကျောင်းသားများ၏ ကျန်းမာရေးကို တာဝန်ယူထားသည့် ဆရာဝန်နှင့် သူနာပြုများ ရှိသည်။ လူနာနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကိုလည်း လူနာရှင်ခွင့်ပြုချက်ရမှသာ လျှင် ထုတ်ပြောသည်။
 

Bangkok Adventist Mission Hospital
430 Phitsanulok Road
(02) 281-1422

Siam Dental Clinic
412/11-2 Soi 6, Siam Square
(02) 251-6315
(recommended by Lonely Planet

Bangkok Christian Hospital
124 Silom Road
(02) 233-6981-9
 

Samitivej Hospital
133 Soi 49, Sukhumvit Road
(02) 392-0010-9

Bumrungrad Hospital
33 Soi 3, Sukhumvit Road
(02) 253-0250

 

 

သွားလာရေး  .

Bangkok သို့မရောက်ခင် IIS office သို့ဆက်သွယ်သင့်သည်။ နေထိုင်ရန် တိုက်ခန်း (သို့) ဟိုတယ်သို့ လေဆိပ်မှ metered taxi ဖြင့်သွားနိုင်သည်။ ယာဉ်မောင်းများသည် အင်္ဂလိပ်စကား အနည်းငယ်သာပြောနိုင်ပြီး ဖော်ရွေကြသည်။

Bangkok တွင် သွားလာရေးအတွက် ပုံစံမျိုးစုံရှိသည်။ ခရီးတိုသွားလိုလျှင် 5 baht ပေးရသော motorbike taxi စီးနိုင်သည်။ meter taxis များသည် ဈေးနှုန်း 35 baht မှစပြီး သွားလိုသော ခရီးနှင့် အချိန် ပေါ်မူတည်၍ ကားခများကို သတ်မှတ်သည်။ မြို့ထဲသို့သွားရန် အမြန်ဆုံးသော နည်းလမ်းမှာ sky-train ဖြင့်သွားနိုင်သည်။ အမြန်လိုလျှင်တော့ motorbike taxis များသည်အဆင်မပြေပါ။ အပြောင်းအလဲအနေနဲ့ Bangkok’s system of canals မှတဆင့် သွားသော water bussesများကို စီးပါ။ စိတ်ကျေနပ်မှုရရှိစေပါလိမ့်မည်။

Studying in bangkok tips

Bangkok မှာ ကျောင်းတက်မယ်
အိမ်ငှားရန်နှင့် နေထိုင်ရန်
နေထိုင်မှုအတွက် ကုန်ကျစရိတ်
သောက်သုံးရေ
အစားအစာ
စားသောက်ဆိုင်များနှင့် ဈေးများ
ကုန်စုံဆိုင်များ
လမ်းဘေး ဈေးဆိုင်များ
ကျန်းမာရေး
သွားလာရေး

International Agency

Nilai International College Malaysia No. 196,GF, Boyoke Aung San Rd, Botathaung,Yangon, Myanmar.
Tel : 245 663 , 246 776 , 294 200

More »

Mentor International Office
B-96/98 Pansodan Street, Kyauktada, Yangon, Myanmar.
Tel : 372 835 , 240 116 , 245 000

More »

International College Sigapore
No. 196,GF, Boyoke Aung San Rd, Botathaung,Yangon, Myanmar.
Tel : 245 663 , 246 776 , 294 200

More »

 

    ››Do and Don't      ›› Categories       ›› A to Z listing       ›› International Exam       ›› Questions & Answers       ›› Studying Abroad       ›› Cyber Cafe List
    ›› Scholarship       ›› Seminar       ›› Download       ›› News       ›› Quiz Program       ›› Contact Us       ›› Video program New!

Advertising Programs - Business Solutions - About Myanmartraining

© 2009 MyanmarTraining.com. All rights reserved.

Total Hits :  counter stats