Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font RSS RSS

Studying Abroad

Singapore

Malaysia

Australia

England

Thailand

Quiz Program

CREATiVE Web Studio မှ သင်တန်း တက်ရောက်ခွင့်
- Web Essential (1) ဦး
- Web Advanced (1) ဦး
- PHP Course (1) ဦး

SUBSCRIBE

Your Email:


• Studying in Bangkok

Bangkok မှာ ကျောင်းတက်မယ် .

အချိန်ပြည့်၊ (သို့) Bangkok မှာ ကျောင်းတက်မယ့် ကျောင်းသားတွေဟာ Bangkok မြို့ရဲ့ တိုးတက်နေတဲ့ အလှနဲ့ ရှေးဆန်တဲ့ ယဉ်ကျေးမှုတွေကို အံ့ဩဘွယ်ရာ တွေ့ကြုံရမှာ ဖြစ်ပါတယ်။ Bangkok မြို့မှာ Mahidol, Chulalongkorn, Thammasat, Silpakorn, Kasetsart နှင့် the Asian Institute of Technology စသည့် တက္ကသိုလ် အများအပြားရှိ ပါတယ်။ ထို့အပြင် အခြားသော private universities နှင့် Technical Institute များလဲ အခြေစိုက်ရာနေရာဖြစ်ပါတယ်။

အိမ်ငှားရန်နှင့် နေထိုင်ဖို့  .

Bangkok မြို့ရဲ့ကျောင်းတော်တော်များများအနီးတွင် International Student များအတွက် တစ်လလျှင် Thai Baht 2500 မှ 6000 ထိရှိသော အိမ်ခန်း အမြောက်အများကို အလွယ်တကူရှာဖွေနိုင်ပါလိမ့်မည်။ ထိုအိမ်ခန်း များ၏ အနီးတွင် ဆေးခန်း၊ အ၀တ်လျှော်ရန် နေရာ၊ ဆံသဆိုင်၊ စတိုးဆိုင်၊ Internet Cafe နှင့် စားသောက်ဆိုင် များကို အလွယ်တကူရှာဖွေ တွေ့ရှိနိုင်ပါသည်။

အခုမှ Bangkok တွင် ကျောင်းတက်မည့်သူများအတွက်ကတော့ အိမ်ခန်းကောင်းကောင်းနှင့် ဈေးပေါပေါ ရရှိစေရန် ပထမဦးစွာ ကျောင်းနားတွင်ရှိသော Hotel များတွင် ရက်အနည်းငယ်ခန့် နေသင့်ပါသည်။ ထို Hotel များသည် တစ်ညကို Baht 500 ခန့်နှင့် ရရှိနိုင်ပြီး မနက်စာပါ ပါဝင်ပါသည်။ ကျောင်းစတက်သော အချိန်ရောက်မှ ကျောင်းရှိသူငယ်ချင်းများ၏ အကူအညီကိုယူပြီး အိမ်ခန်းများစွာထဲမှ ဈေးသင့်တော်ပြီး မိမိနှင့် အဆင်ပြေမည့် အိမ်ခန်းကို သေချာစွာရွေးချယ်သင့်ပါသည်။

အိမ်ခန်းများကို ငှားရမ်းရာတွင် အခန်းခကိုလည်း ပေးချေနိုင်ပါသည်။ သို့သော ဖုန်းခ၊ မီတာခနှင့် ရေသုံးစွဲခတို့မှာ အိမ်ခန်းငှားခတွင် မပါဝင်ပဲ မိမိသုံးစွဲသည့် ပမာဏ ပေါ်မူတည်၍ ပေးချေရမည်ဖြစ်ပါသည်။ Apartment Complex တစ်ခုတွင် အိမ်ခန်းပေါင်း ရာနှင့်ချီ၍ ရှိနိုင်ပါသည်။ အိမ်ခန်းတစ်ခုတွင် အိပ်ခန်း၊ ရေချိုးခန်း နှင့် ၀ရန်တာ တို့ပါရှိပါသည်။ အိမ်ခန်းများတွင် ဖုန်းကို လိုင်းခွဲဖြင့် အသုံးပြုရသဖြင့် dial up ဖြင့် Internet သုံးမယ်ဆိုရင်တော့ အဆင်မပြေနိုင်ပါ။ ADSL လိုင်းရှိပြီးသား အိမ်ခန်းများကို ရွေးချယ်ရန် အကြံပြုပါရစေ။ ADSL အသုံးပြုခမှာ တစ်လလျှင် Baht 650 မှ 700 ထိရှိနိုင်ပါသည်။

နေထိုင်မှုအတွက် ကုန်ကျစရိတ်  .

နေထိုင်မှုအတွက် ကုန်ကျစရိတ်များမှာ တစ်ဦးချင်းစီ၏ နေထိုင်မှုပေါ်တွင် မူတည်ပြီး များစွာပြောင်းလဲနိုင်ပါသည်။ နေထိုင်မှုနှင့် စားသောက်စရိတ်အတွက်ကိုတော့ ပြည်တွင်း ကျောင်းသားများထံမှ မေးမြန်းသင့်ပါသည်။ ကျောင်းသား အများစုသည် အကြံဥာဏ်ပေးဖို့ ၀န်မလေးတတ်ကြပါ။ အောက်ပါဇယားသည် Bangkok တွင် ကျောင်းတက်မည့် ကျောင်းသားများ အတွက် ခန့်မှန်းချေ ကုန်ကျစရိတ်ဖြစ်ပါသည်။
 

နေထိုင်စရိတ်

150,000 THB / Year

အိမ်ခန်းငှားရမ်းခ (ကျောင်းပြင်)

180,000 THB / Year

ကားခနှင့် သွားလာစရိတ်

18,000 THB / Year

သွားလာစရိတ်

15,000 THB / Year

အထက်ပါ ကုန်ကျစရိတ်ဖြင့် Bangkok တွင်အေးဆေးလွယ်ကူစွာ နေထိုင်နိုင်ပြီး ကျောင်းပိတ်ရက်များတွင် နေရာ တော်တော် များများကို သွားရောက်လည်ပတ်နိုင်ပါသေးတယ်။

သောက်သုံးရေ  .

မြို့တော်ရေပေးစနစ်မှ ရေများကို မသောက်သုံးရပါ။ ဘေးကင်းရန် ထိုင်းလူမျိုးများ ကျင့်သုံးလေ့ ရှိသည့်အတိုင်း ဈေးဆိုင်တိုင်းတွင် ရောင်းသော ရေပုလင်းများ ကိုဝယ်ပါ။ Bangkok တွင် သောက်သုံးရေများကို ၀ယ်ရာတွင် အလွန်လွယ်ကူပြီး ဈေးနှုန်းလည်း သက်သာပါသည်။

အစားအစာ .

ထိုင်းအစားအစာများကို စားဖူးထားလျှင် Bangkok သို့ရောက်သောအခါ တကယ့် ထိုင်းအရသာစစ်စစ်များကို ခံစားရတော့မည်။ အဓိကအစားအစာမှာ ဆန်ဖြစ်ပြီး အစားအစာ မျိုးစုံနှင့် တွဲဖက်စားသုံးကြသည်။ အဓိကအရသာ ၄ မျိုးမှာ အပူ၊ အချဉ်၊ အချို နှင့် အငံ ဖြစ်သည်။ ထိုအရသာများကို ပေါင်းစပ်လိုက်ခြင်းဖြင့် ထိုင်း အစား အစာများကို ပို၍အရသာ ရှိသွားစေသည်။ တက္ကသိုလ် ပရ၀ုဏ်အတွင်းတွင် အစားအသောက်များသည် ဈေးနှုန်း သက်သာပြီး ဟင်းတစ်ပွဲလျှင် 15 Baht ခန့်ရှိသည်။
 

Studying in bangkok tips

Bangkok မှာ ကျောင်းတက်မယ်
အိမ်ငှားရန်နှင့် နေထိုင်ရန်
နေထိုင်မှုအတွက် ကုန်ကျစရိတ်
သောက်သုံးရေ
အစားအစာ
စားသောက်ဆိုင်များနှင့် ဈေးများ
ကုန်စုံဆိုင်များ
လမ်းဘေး ဈေးဆိုင်များ
ကျန်းမာရေး
သွားလာရေး

International Agency

Nilai International College Malaysia No. 196,GF, Boyoke Aung San Rd, Botahtaung,Yangon, Myanmar.
Tel : 245 663 , 246 776 , 294 200

More »

Mentor International Office
B-96/98 Pansodan Street, Kyauktada, Yangon, Myanmar.
Tel : 372 835 , 240 116 , 245 000

More »

International College Sigapore
No. 196,GF, Boyoke Aung San Rd, Botathaung,Yangon, Myanmar.
Tel : 245 663 , 246 776 , 294 200

More »

    ››Do and Don't      ›› Categories       ›› A to Z listing       ›› International Exam       ›› Questions & Answers       ›› Studying Abroad       ›› Cyber Cafe List
    ›› Scholarship       ›› Seminar       ›› Download       ›› News       ›› Quiz Program       ›› Contact Us       ›› Video program New!

Advertising Programs - Business Solutions - About Myanmartraining

© 2009 MyanmarTraining.com. All rights reserved.

Total Hits :  counter stats