Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font RSS RSS

Studying Abroad

Singapore

Malaysia

Australia

England

Thailand

Quiz Program

'Sysnet ! JustClick' တွင် Linux သင်တန်း၊ Memory Stick၊ Internet သုံးခွင့်များ အခမဲ့ ရယူခွင့်....

SUBSCRIBE

Your Email:


• Studying in Singapore

.စင်ကာပူတွင် နေထိုင်ခြင်း

စင်ကာပူနိုင်ငံအား လူငယ်တို့၏ ပညာရေးဆိုင်ရာ လေ့လာဆည်းပူးမှုများအတွက် ဆွဲဆောင်မှုရှိပြီး ကမ္ဘာ့တ၀ှမ်း လုံခြုံ စိတ်ချရဆုံးသော နိုင်ငံတစ်ခုအဖြစ် အလေးထားခဲ့ကြပါသည်။ ရာဇ၀တ်ဖြစ်ပွားမှုနှုန်း နည်းပါးပြီး လမ်းများတွင်လည်း လမ်းမီးအိမ်များ တောက်ပထိန်ညီးစွာ ထွန်းလင်းနေမှုကြောင့် ညဘက် လမ်းလျှောက် ထွက်ရာတွင်လည်း အတော့်ကိုပဲ လုံခြုံစိတ်ချရပါတယ်။

နိုင်ငံတကာမှ လာရောက် ပညာသင်ကြားသော ကျောင်းသားအများစုမှာ Housing & Development Board (HDB) ၏ တိုက်ခန်းများတွင် ရှိသော အခန်းများ၌ ငှားရမ်းနေထိုင်ကြပါသည်။ HDB အိမ်ရာတွင် အဆင်ပြေလွယ်ကူစေမည့် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ် ကိုလည်းထားပေးပါသည်။ လာရောက်နေထိုင်သူတွေ အဆင်ပြေစေဖို့ အနီးအနားပတ်ဝန်းကျင်တွင်လည်း ကုန်စုံဆိုင်များ၊ စတိုးဆိုင်များ၊ စာတိုက်များ၊ ဘဏ်များ၊ ATM စက်များနှင့် စားသောက်ဆိုင်များကိုလည်း ဖွင့်လှစ် ထား ပါသည်။

ကျောင်းသားအများစုက အပြင်မှာပဲ ထွက်စားလေ့ရှိသောကြောင့် အိမ်ရာဝန်းကျင်ရှိ စတိုးဆိုင်များ၊ Hawker centers များနှင့် စားသောက်ရုံများတွင်လည်း တရုတ်၊ မလေးရှား၊ အိန္ဒိယ နှင့် အခြားသော အစားအသောက်များကို လည်း စုံလင်စွာရရှိနိုင်ပါသည်။ ဈေးနှုန်းများမှာလည်း တတ်နိုင်လောက်သော ပမာဏရှိပြီး ဟင်းတစ်မျိုးကို ၂.၀၀ စင်ကာပူဒေါ်လာ မှ ၃.၀၀ စင်ကာပူဒေါ်လာ အထိပဲရှိနိုင်ပါသည်။ စားသောက်ဆိုင် အများစုကိုလည်း နေ့ရောညပါ ဖွင့်လှစ်ပေးထားပါသည်။ ကျောင်းသားများဟာ စင်ကာပူ Polytechnic ရဲ့ Food Courts ၆ ခုမှာပဲ စားကြတာများပါတယ်။ ထိုဆိုင်များက ကျောင်းဝင်းပြင်ပ တွင်ရှိသော ဆိုင်များထက်ပိုမို သက်သာသော ဈေးနှုန်းများဖြင့် စင်ကာပူအစားအစာ မျိုးစုံအောင် ရနိုင်ပါသည်။

စင်ကာပူနိုင်ငံ ရာသီဥတုနဲ့ အံဝင်ခွင်ကျ နေထိုင်နိုင်ဖို့ရာအတွက် နှင့် စင်ကာပူကိုရောက်လာတဲ့အခါ အဆင်ပြေ ပြေအခြေချနိုင်ဖို့ လမ်းညွှန်များကိုလည်း ပြင်ဆင်ပေးထားပါသည်။

.နေရာထိုင်ခင်း

ဒီအချက်ကတော့ အိမ်မှခွဲခွာလာပြီး ရပ်ဝေးမှာ နေထိုင်ရမယ့် သင့်အတွက်တော့ ပထမဆုံး အတွေ့အကြုံ ဖြစ်နိုင်ပါတယ်။ နိုင်ငံရပ်ခြား တိုင်းပြည်တစ်ခုမှာ နေထိုင်ရတဲ့ ပထမဦးဆုံး အတွေ့အကြုံလည်း ဖြစ်နိုင်ပါသေးတယ်။ သင့်လျှော်တဲ့နေရာ တစ်နေရာကို ရွေးချယ်ပြီး နေထိုင်နိုင်ဖို့ ဆိုတာကလည်း အဓိက အခန်းကဏ္ဍ တစ်ခုပါပဲ။ သင်ကိုယ်တိုင်လဲ မြန်နိုင်သမျှ မြန်မြန်လေး အခြေကျချင်ပါလိမ့်မယ်။

Department of Student & Alumni Affairs (SAA) က Polytechnic ရဲ့ အနီးအနားမှာရှိတဲ့ နေရာတွေမှာ နေထိုင်ဖို့ ရှာဖွေနေသော ကျောင်းသားများအတွက် အောက်ပါဝန်ဆောင်မှုများကို စီစဉ်ပေးထားပါသည်။

Singapore Polytechnic ရဲ့အနီးဝန်းကျင်တွင်လတ်တလောရနိုင်သော အငှားအိမ်ခန်းများအား စာရင်းပြု စုဆောင်းပေးထားခြင်း
SP ကျောင်းသားတွေဆိုရင် မည်သည့် ကော်မရှင်ခမှ မယူဘူးလို့ သဘောတူထားတဲ့ အိမ်ခန်းငှား ကိုယ်စားလှယ်(ပွဲစား)တွေနဲ့ ချိတ်ဆက်မိအောင် ကျောင်းသားများ အား အကူအညီပေးခြင်း၊ ဒီထဲကမှ တစ်ချို့ကိုယ်စားလှယ်တွေက တိုက်ခန်း တစ်ခုလုံးမှာ ကျောင်းသား ၆ ယောက်မှ ၈ ယောက် တစ်အုပ်စု နေလို့ရအောင်တောင်မှ စီစဉ်ပေးနိုင် ကြပါတယ်။ 

သင် စင်ကာပူနိုင်ငံသို့ မရောက်ခင် (သို့မဟုတ်) စာသင်နှစ်မစခင် အချိန်မှာပဲ နေလို့ရနိုင်မယ့် နေရာကောင်းကောင်း တစ်ခုကို ကြိုတင် ရှာဖွေထားဖို့ တိုက်တွန်းပါတယ်။ နေရာထိုင်ခင်းရှာဖွေရေး အတွက်ကတော့ အမြဲတမ်းပဲ ပြင်းထန်တဲ့ တောင်းဆိုမှုတွေ ဖြစ်နေတတ်ပါတယ်။ ရနိုင်တဲ့ အရေအတွက်တွေကလည်း မြန်မြန်ဆန်ဆန်ပဲ ကုန်သွားတတ်ပါတယ်။ အိမ်ခန်းရှာဖွေခြင်းကို မြန်မြန်စနိုင်လေလေ၊ သင့်ရဲ့လိုအပ်ချက်၊ ငွေရေးကြေးရေး အနေအထားနဲ့ ကိုက်ညီတဲ့ နေရာတစ်ခုကိုရှာတွေ့နိုင်ဖို့ အခွင့်အရေး လည်း ပိုများလေလေပါပဲ။

ကိုယ်နဲ့အကျွမ်းတ၀င် မရှိလှတဲ့ သတင်းအရင်းအမြစ်ကလာတဲ့ အိမ်ရာကို စာဖြင့်ဖြစ်စေ တယ်လီဖုန်းဖြင့်ဖြစ်စေ ရှာဖွေဖို့တော့ အကြံမပေးချင်ပါဘူး။ ဖြစ်နိုင်မယ်ဆိုရင် အိမ်ပိုင်ရှင်နဲ့ သင်ကိုယ်တိုင် သွားတွေ့သင့်ပါတယ်။ ပြီးတော့ နေရာထိုင်ခင်း အနေအထား နဲ့ ရနိုင်မယ့် အလားအလားကိုလည်း စုံစမ်း လေ့လာထားသင့်ပါတယ်။ စင်ကာပူနိုင်ငံကို ရောက်ပြီးနောက် နေစရာနေရာ ရှာဖွေဖို့ စီစဉ်ပြီဆိုရင်တော့ အိမ်ငှားခနှုန်းထားများနှင့် သင့်ရဲ့အခန်းဖော်နဲ့ အတူတကွ အသုံးပြုရမယ့် Facilities တွေကို စေ့စပ်ညှိနှိုင်းမှု ပြုခြင်းဟာလည်းပဲ အကောင်းဆုံးအချက်တစ်ခုပါပဲ။

Studying in singapore tips

စင်ကာပူနိုင်ငံသို့ ရောက်ရှိခြင်း
သယ်ယူပို့ဆောင်ရေး
စင်ကာပူတွင် နေထိုင်ခြင်း
နေရာထိုင်ခင်း
နေထိုင်မူစရိတ်
နေရာထိုင်ခင်းအမျိုးအစားများ
နေထိုင်ရေးအတွက် စဉ်းစားစရာများ - 1
နေထိုင်ရေးအတွက် စဉ်းစားစရာများ - 2
စုံစမ်းမေးမြန်းရန်
Health Insurance
အလုပ်ခန့်အပ်ခြင်း
ရာသီဥတု အနေအထား
ဘဏ်နှင့် ပတ်သက်သော ၀န်ဆောင်မှု

International Agency

Nilai International College Malaysia No. 196,GF, Boyoke Aung San Rd, Botathaung,Yangon, Myanmar.
Tel : 245 663 , 246 776 , 294 200

More »

Mentor International Office
B-96/98 Pansodan Street, Kyauktada, Yangon, Myanmar.
Tel : 372 835 , 240 116 , 245 000

More »

International College Sigapore
No. 196,GF, Boyoke Aung San Rd, Botathaung,Yangon, Myanmar.
Tel : 245 663 , 246 776 , 294 200

More »

 

    ››Do and Don't      ›› Categories       ›› A to Z listing       ›› International Exam       ›› Questions & Answers       ›› Studying Abroad       ›› Cyber Cafe List
    ›› Scholarship       ›› Seminar       ›› Download       ›› News       ›› Quiz Program       ›› Contact Us       ›› Video program New!

Advertising Programs - Business Solutions - About Myanmartraining

© 2009 MyanmarTraining.com. All rights reserved.

Total Hits :  counter stats