Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font RSS RSS

Studying Abroad

Singapore

Malaysia

Australia

England

Thailand

Quiz Program

CREATiVE Web Studio မှ သင်တန်း တက်ရောက်ခွင့်
- Web Essential (1) ဦး
- Web Advanced (1) ဦး
- PHP Course (1) ဦး

SUBSCRIBE

Your Email:


• Studying in Singapore

.စင်ကာပူတွင်နေထိုင်ရေးအတွက် စဉ်းစားစရာ အချက်များ (page 1) .

ငှားရမ်းခြင်း
ငှားရမ်းခ စရိတ်များကတော့ တည်နေရာ၊ နေရာမျှတစွာ စုပေါင်းနေထိုင်ကြမယ့် လူဦးရေ၊ ပရိဘောဂ၊ နေရာ ထိုင်ခင်းနှင့် အတူတူတွဲပါလာမည့် အထောက်အကူ ပစ္စည်းစသော အချက်များပေါ်တွင် မူတည်ပါသည်။ ငှားရမ်းခသက် သာသော နေရာမျိုးကို ရှာမည်ဆိုလျှင် Polytechnic နဲ့ ဝေးကွာသော အခန်းတွေကိုပဲ စဉ်းစားရပါ လိမ့် မည်။ အောက်ပါအ ချက်တွေကတော့ အိမ်ခန်း နဲ့ တိုက်ခန်းတွေအတွက် ပျမ်းမျှ ငှားရမ်းခနှုန်းထားများ ဖြစ်ပါသည်။

အခန်းအတွက် တစ်လပျမ်းမျှငှားရမ်းက

     အခန်းအမျိုအစား   အငှားရမ်းခ (တစ်ယောက်လျှင်)
     တစ်ယောက်ခန်း   စင်ကာပူဒေါ်လာ ၃၅၀ မှ ၅၀၀ အထိ
     နှစ်ယောက်ခန်း   စင်ကာပူဒေါ်လာ ၂၂၀ မှ၃၀၀ အထိ
     သုံးယောက်ခန်း   စင်ကာပူဒေါ်လာ ၁၅၀ မှ ၂၅၀ အထိ

တိုက်ခန်းတစ်ခန်းအတွက် တစ်လပျမ်းမျှငှားရမ်းက

     အခန်းအမျိုအစား   အငှားရမ်းခ (တစ်ယောက်လျှင်)
     အိပ်ခန်း ၂ ခန်း   စင်ကာပူဒေါ်လာ ၁၁၀၀ မှ ၁၂၀၀ အထိ
     အိပ်ခန်း ၃ ခန်း   စင်ကာပူဒေါ်လာ ၁၄၀၀ မှ ၁၅၀၀ အထိ
     အိပ်ခန်း ၄ ခန်း   စင်ကာပူဒေါ်လာ ၁၆၀၀ မှ ၁၇၀၀ အထိ

အဆင်ပြေသင့် လျှော်ခြင်း
အဆင်ပြေစေတဲ့ အချက်များကတော့ ကျောင်းနှင့်နီးခြင်း၊ သယ်ယူပို့ဆောင်ရေး၊ ပေးထားသော facilities များ၊ အိမ်ရှင် နှင့် သူ၏မိသားစုများ၏ နေထိုင်မှုပုံစံ(အိမ်ရှင်နေသော တိုက်ခန်းများရှိ အခန်းများအတွက်) နှင့် စာပေလေ့လာစရာ ပတ်ဝန်းကျင် အနေအထားတို့ပဲဖြစ်ပါသည်။ ကျောင်းသားတွေ အနေနဲ့ အခန်းငှားဖို့ သဘောတူညီမှု မယူခင်တွင် အထက်ပါ အချက်အလက်များကို သွားရောက်လေ့လာ စုံစမ်းပြီး ဆွေးနွေး ညှိနှိုင်းသင့်ပါသည်။

ပရိဘောဂများ

ပရိဘောဂများပါရှိသော အခန်းတစ်ခန်းတွင် အိပ်ရာ၊ အ၀တ်ဗီရို၊ စာကြည့်စားပွဲ နှင့် ကုလားထိုင် စသော အခြေခံ ပါဝင်ရမည့် ပရိဘောဂပစ္စည်းများ ပါဝင်သင့်သည်။


အိမ်ငှားရမ်းစာချုပ်များ

အိမ်ငှားရမ်းစာချုပ်ကို အဆောက်အဦး ပိုင်ရှင်နှင့်အတူ ရေးသားရန် ကျောင်းသားများကို တိုက်တွန်းပါသည်။ စာချုပ်တွင် ငှားရမ်းခ နှုန်းထားများ၊ အိမ်ငှားသက်တမ်း၊ အဆောက်အဦးပိုင်ရှင်နှင့် ငှားရမ်းသူတို့ရဲ့ အခွင့်အရေးများနှင့် တာဝန် ၀တ္တရားများ စသည်တို့နှင့် သက်ဆိုင်သော အချက်များကို ပြဋ္ဌာန်းသတ်မှတ်ထားပါသည်။ နမူနာ စာချုပ်မိတ္တူများကို Department of Student & Alumni Affairs (SAA) မှ ရနိုင်ပါသည်။ စုပေါင်းငှားရမ်းနေသော တိုက်ခန်းများတွင် ငှားရမ်းစာချုပ်၌ သင်သည် တစ်ဦးတည်းသော သဘောတူ လက်မှတ်ရေးထိုးသူ ဖြစ်နေသည်ဆိုလျှင် နေထိုင်ငှားရမ်းသူ အားလုံး၏ လုပ်ဆောင်ချက်များအတွက် သင်သည် တရားဥပဒေအရ တာဝန်ရှိသူ တစ်ယောက် ဖြစ်သွားပါသည်။ ဥပမာ- အတူငှားရမ်းနေထိုင်သူများက ငှားရမ်းခမပေးချေပဲ ထွက်ခွာသွားမည် ဆိုပါက ငှားရမ်းခ အကြွေးများအတွက် သင့်တွင် တာဝန် ရှိပါသည်။ ထို့ကြောင့် အတူတူ မျှနေသူအားလုံး တာဝန်ရှိသည် ဆိုသည်ကို သေချာစေဖို့ ငှားရမ်းစာချုပ်တွင် ပူးပေါင်းငှားရမ်းသူတွေရဲ့ နာမည်အားလုံး ပါဝင်ရေးသားရပါ မည်။
မှတ်ချက်။ ။ငှားရမ်းစာချုပ်အတွက် ကျသင့်သော အခွန်အခများကိုတော့ ငှားရမ်းသူများက ပေးရပါ မည်။ လစဉ်ငှားရမ်း မပေါ်တွင် မူတည်၍ တစ်နှစ်လျှင် စင်ကာပူဒေါ်လာ ၁၇ မှ ၃၀ အထိ ရှိပါသည်။

စရံငွေ(စပေါ်ငွေ)

အဆောက်အဦး ပိုင်ရှင် ကို စပေါ်ငွေ နဲ့ပတ်သက်ပြီး မေးမြန်းဖို့ကတော့ ပုံမှန်လုပ်နေကျ ကိစ္စတစ်ခု ဖြစ်ပါသည်။ စပေါ်ငွေ ပမာဏကတော့ တစ်လ (သို့) နှစ်လ ငှားရမ်းခနှင့် ညီမျှပါသည်။ စပေါ်ငွေများကို သင်တို့ ပြောင်းရွှေ့သော အခါတွင် ပြန်အမ်းပါသည်။ စပေါ်ငွေ မပေးခင် ပြန်အမ်းငွေ နှင့် ပတ်သက်သော အခြေအနေကို ပိုင်ရှင်နှင့်စီစစ် မေးမြန်းပါ။


အခြားစရိတ်များ
ရေ နှင့် လျှပ်စစ် သုံးစွဲခအတွက် ကုန်ကျစရိတ်များကို ထပ်လောင်း၍ ပေးဆောင်ရပါမည်။

Studying in singapore tips

စင်ကာပူနိုင်ငံသို့ ရောက်ရှိခြင်း
သယ်ယူပို့ဆောင်ရေး
စင်ကာပူတွင် နေထိုင်ခြင်း
နေရာထိုင်ခင်း
နေထိုင်မူစရိတ်
နေရာထိုင်ခင်းအမျိုးအစားများ
နေထိုင်ရေးအတွက် စဉ်းစားစရာများ - 1
နေထိုင်ရေးအတွက် စဉ်းစားစရာများ - 2
စုံစမ်းမေးမြန်းရန်
Health Insurance
အလုပ်ခန့်အပ်ခြင်း
ရာသီဥတု အနေအထား
ဘဏ်နှင့် ပတ်သက်သော ၀န်ဆောင်မှု

International Agency

Nilai International College Malaysia No. 196,GF, Boyoke Aung San Rd, Botathaung,Yangon, Myanmar.
Tel : 245 663 , 246 776 , 294 200

More »

Mentor International Office
B-96/98 Pansodan Street, Kyauktada, Yangon, Myanmar.
Tel : 372 835 , 240 116 , 245 000

More »

International College Sigapore
No. 196,GF, Boyoke Aung San Rd, Botathaung,Yangon, Myanmar.
Tel : 245 663 , 246 776 , 294 200

More »

 

    ››Do and Don't      ›› Categories       ›› A to Z listing       ›› International Exam       ›› Questions & Answers       ›› Studying Abroad       ›› Cyber Cafe List
    ›› Scholarship       ›› Seminar       ›› Download       ›› News       ›› Quiz Program       ›› Contact Us       ›› Video program New!

Advertising Programs - Business Solutions - About Myanmartraining

© 2009 MyanmarTraining.com. All rights reserved.

Total Hits :  counter stats