|
• Studying in Singapore
. စင်ကာပူတွင်နေထိုင်ရေးအတွက်
စဉ်းစားစရာ အချက်များ (page 2)
.
လိပ်စာတည်နေရာ
လိပ်စာပေးသောအခါ အကောင်းဆုံးကတော့
အိမ်ပိုင်ရှင်တွေအား သူတို့အိမ်တွေကို
သွားနိုင်မယ့်လမ်းကြောင်းကို မေးမြန်း
ထားဖို့ပါပဲ။ အနီးဆုံး MRT(Mass Rapid
Transit) ဘူတာရုံများ (သို့) ဘတ်စ်ကားများဖြင့် သင်သွားချင်သော နေရာကို ရောက်နိုင်မည့် အနီးဆုံး ကားမှတ်တိုင်ကို
ရှာဖွေပါ။ MRT ဘူတာရုံအားလုံးကို ဘတ်စ်ကားမှတ်တိုင်များနှင့် ချိတ်ဆက်ပေးထား
ပါသည်။ ဘူတာရုံအများစုကိုလည်း
ဘတ်စ်ကားပြောင်းစီး၍
ရသောနေရာများနှင့်လည်း ဆက်သွယ်
ပေးထားပါသည်။
စင်ကာပူနိုင်ငံတွင် HDB ရပ်ကွက်တိုင်းကို
ထင်ရှားပေါ်လွင်စွာ နံပါတ်ပေးထားပါသည်။
လိပ်စာတစ်ခုက “Block 370, Clementi Avenue
2,#09-128, Singapore 120370”
ပြောထားလျှင် ဆိုလိုသည်မှာ ဒီ တိုက်ခန်း
လိပ်စာသည် (၃၇၀)ရပ်ကွက်၊ အမှတ်(၂)
Clementi လမ်းမကြီးပေါ်ရှိ ၉ ထပ်တိုက်
ယူနစ်နံပါတ်-၁၂၈ တွင် တည်ရှိပြီး စာပို့
သင်္ကေတမှာ ၁၂၀၃၇၀ ဖြစ်သည်။ စာပို့ရာတွင်
အဆင်ပြေကိုက်ညီမှု ရှိစေရန် ဒီစာပို့
သင်္ကေတကို ရေးမှတ်ထား ဖို့လိုအပ်သည်။
Facilities အသုံးပြုမှုနှင့်ပတ်သက်၍
ညှိနှိုင်းဆွေးနွေးရမည့်အချက်များ
မိသားစုရှိသော အခန်းတစ်ခုကို
ငှားရမ်းသောအခါ အောက်ပါမေးခွန်းများကို
စဉ်းစားတွေးထားနိုင်ပါသည်
- သင်ပေးထားသော အိမ်ငှားခတွင် အများသုံးပစ္စည်းများသုံးစွဲခွင့်ပါဝင်ပါသလား၊
- အိမ်ရှင်၏အ၀တ်လျှော်စက်ကို သုံးနိုင်ရဲ့လား၊ ရတယ်ဆိုရင် တစ်ပတ်လျှင်
ဘယ်နှစ်ကြိမ်သုံးခွင့် ရှိမလဲ၊
- ရေပူစက်ကို သုံးလို့ရပါသလား၊
- အစားအစာ ချက်ပြုတ်ပြင်ဆင်ဖို့အတွက် မီးဖိုချောင်သုံးစွဲခွင့်ရှိပါသလား၊
(ရှိတယ်ဆိုရင် ချက်ပြုတ်ဖို့ သတ်မှတ်ထားသော အချိန်နာရီ
ရှိပါသလား)
- တိုက်ခန်းအတွင်းသို့ ယူဆောင်လာခွင့် မပြုသော အစားအစာများ ရှိပါသလား၊
- ရေခဲသေတ္တာ အသုံးပြုလို့ ရပါသလား၊
- မြို့တွင်း/ နယ်ဝေး တယ်လီဖုန်းသုံးစွဲခွင့် ရှိပါသလား၊
- တယ်လီဖုန်းသုံးစွဲခွင့်အတွက် သတ်မှတ်ထားသော အကြိမ်အရေအတွက် ရှိပါသလား၊
- တယ်လီဖုန်းပြောခွင့်ရသော အချိန်အတိုင်းအတာ ဘယ်လောက်လဲ၊
- ရုပ်မြင်သံကြားစက် သုံးစွဲခွင့် ရှိပါသလား၊
- အိမ်သန့်ရှင်းရေးအတွက် သင်၏တာဝန်တွေက ဘာတွေ ဖြစ်နိုင်မလဲ၊
- အပြင်မထွက်ရ အချိန်ရှိပါသလား၊
- သင့်ရဲ့မိတ်ဆွေသူငယ်ချင်းများသင့်ထံသို့လာလည်နိုင်ရဲ့လား၊
- တစ်ကြိမ်တွင် သူငယ်ချင်းမည် မျှလာ လည်ခွင့် ရှိသည်ဆိုသော
ကန့်သတ်ချက်ရှိပါသလား၊
- တစ်ညအိပ် ဧည့်သည်၊ ပိတ်ရက်လာသော ဧည့်သည်များကို ခွင့်ပြုပါသလား၊
အိမ်ငှားကောင်းတစ်ယောက် အတွက်
သတိထားရမည့်အချက်များ
အိမ်ပိုင်ရှင်မိသားစုနှင့် တစ်မိုးအောက်တွင် အတူတူနေသောအခါ ညှိနှိုင်းစရာများ၊
ထိခိုက်ခံစားလွယ်သော ကိစ္စရပ်များ၊
နားလည်ပေးမှုများနှင့် အပေးအယူမျှတသော
သဘောထားများ လိုအပ်မည်ဖြစ်သည်။
သင်၏ အိမ်ပိုင်ရှင်နှင့် ကောင်းမွန်သော
ဆက်ဆံရေးရရှိစေဖို့ အောက်ပါ အချက်များကို
မှတ်သားထားရန် လိုအပ်ပါသည်
- အိမ်ရှင်မိသားစု၏ ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များ၌ ၀င်ပါခြင်းမှ
ရှောင်ကြဉ်ပါ၊
- အိမ်ရှင်မိသားစုများအခါအားလျော်စွာ ကျင်းပသော ပွဲများကိုလည်း
ပါဝင်ဖို့ ဖိတ်ခေါ်မှသာလျှင်
ဝင်ရောက်ဆင်နွှဲပါ၊
- သင်၏အခန်းကို သန့်ရှင်းအောင်ထားပါ၊
- အိမ်ရှင်မိသားစု၏ ပိုင်ဆိုင်မှုများကိုလည်း ဂရုတစိုက်
ကိုင်တွယ်စောင့်ရှောက်ပါ၊
- ပေးထားသော အခွင့်အရေးများနှင့် စပ်လျဉ်း၍ လိုအပ်ချက်များကို
လိုက်နာပါ၊
(အိမ်ငှားအဖြစ်ပြောင်းရွှေ့မလာခင် ဤအချက်များကို
ညှိနှိုင်းပြီးသင့်သည်။)
- တယ်လီဖုန်းအသုံးပြုမှုနှင့်ပတ်သက်သော ကန့်သတ်ချက်များကို
လေးစားလိုက်နာပါ၊
- ညဥ့်နက်ချိန်များ၌ မိသားစုများအား အနှောက်အယှက်ဖြစ်စေနိုင်သော
တယ်လီဖုန်းအ၀င် Call များကို
ခွင့်မပြုပါနှင့်၊
- ရေနှင့် လျှပ်စစ်ကို အလဟဿ မဖြုန်းတီးပါနှင့်၊
- ဆူညံမှုများကို တတ်နိုင်သမျှ လျှော့ချပါ၊
- ယဉ်ကျေးပြူငှာ ထောက်ထားညှာတာတတ်ပါစေ၊
- ဆေးလိပ်သောက်ခြင်းနှင့်လောင်းကစား မပြုလုပ်ရ၊
- အိမ်မှုကိစ္စများတွင် လက်ခံလိုက်နာရမည့် အပြုအမူများနှင့်
လက်မခံနိုင်သော အပြုအမူများကို လေ့လာ
သင်ယူပါ၊
ညအိပ်ညဥ့်နေ နေရာထိုင်ခင်းအတွက်
ယာယီနေစရာ တစ်နေရာ လိုအပ်သည်ဆိုလျှင်
အောက်ပါတည်းခိုခန်းများနှင့် ဆက်သွယ်ပါ။
YMCA of Singapore1 Orchard Road
Singapore 238824
Tel: (65) 6337-3444
Fax: (65) 63373140 |
Novena Hall
International Students Hostel
78 Gilstead Road/ Newton Road
Singapore 309116
Tel: (65) 63520580,
Fax: (65)63520596 |
|
|
Studying
in
singapore
tips |
|
စင်ကာပူနိုင်ငံသို့ ရောက်ရှိခြင်း
သယ်ယူပို့ဆောင်ရေး
စင်ကာပူတွင် နေထိုင်ခြင်း
နေရာထိုင်ခင်း
နေထိုင်မူစရိတ်
နေရာထိုင်ခင်းအမျိုးအစားများ
နေထိုင်ရေးအတွက် စဉ်းစားစရာများ -
1
နေထိုင်ရေးအတွက် စဉ်းစားစရာများ -
2
စုံစမ်းမေးမြန်းရန်
Health Insurance
အလုပ်ခန့်အပ်ခြင်း
ရာသီဥတု အနေအထား
ဘဏ်နှင့် ပတ်သက်သော ၀န်ဆောင်မှု |
|
International
Agency |
|
Nilai
International College Malaysia
No. 196,GF, Boyoke Aung San Rd,
Botathaung,Yangon, Myanmar. Tel : 245
663 , 246 776 , 294 200 |
|
More
» |
|
Mentor
International Office
B-96/98 Pansodan Street,
Kyauktada, Yangon, Myanmar.
Tel : 372 835 , 240 116 , 245 000 |
|
More
» |
|
International
College Sigapore
No. 196,GF, Boyoke Aung San Rd,
Botathaung,Yangon, Myanmar.
Tel : 245 663 , 246 776 , 294 200 |
|
More
» |
|