Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font RSS RSS

Studying Abroad

Singapore

Malaysia

Australia

England

Thailand

Quiz Program

CREATiVE Web Studio မှ သင်တန်း တက်ရောက်ခွင့်
- Web Essential (1) ဦး
- Web Advanced (1) ဦး
- PHP Course (1) ဦး

SUBSCRIBE

Your Email:


• Studying in Singapore

စုံစမ်းမေးမြန်းရန် .

အကူအညီရနိုင်သော နေရာ အချို့မှာ -
The Department of Student & Alumni Affairs (SAA)
ဤဌာနသည် Student Affairs နှင့် Alumni Centre တွင် တည်ရှိပြီး စင်ကာပူ Polytechnic ၏ အနီးဝန်းကျင်တွင် ရနိုင်သော ငှားရမ်းနိုင်မည့် အခန်းများစာရင်းကို ပြုစုပေးထားပါသည်။

Personal Contacts
သင်၏ဆွေမျိုးများနှင့် သူငယ်ချင်းမိတ်ဆွေများကလည်း နေထိုင်စရာနေရာရှာဖွေရေးတွင်အကူအညီပေးနိုင်ပါသည်။

Health Insurance .

Singapore Polytechnic တွင် ဒီပလိုမာ သင်တန်းများတက်ရောက် ပညာဆည်းပူးနေသော နိုင်ငံတကာမှ အချိန် ပြည့်ပညာသင် ကျောင်းသားကျောင်းသူများ အားလုံးသည် Department of Student & Alumni Affairs မှ စီစဉ်ပေး ထားသော ဆေးရုံတွင် ကုသမှုခံယူခြင်း နှင့် ခွဲစိတ်မှုဆိုင်ရာ အဖွဲ့လိုက် အာမခံကြေး ၀ယ်ယူထားရန်လိုအပ်သည်။ ဤ အစီအစဉ်တွင် အာမခံနှစ်တစ်နှစ်လျှင် စုစုပေါင်း အကျိုးအမြတ်မှာ အများဆုံး စင်ကာပူဒေါ်လာ ၁၅၀၀၀ နှင့် ၂၄ နာရီ ပတ်လုံး ကမ္ဘာအနှံ့သတင်းရယူခြင်းပါဝင်သည်။

အကျိုးအမြတ်ရရှိမှုနှင့် ပတ်သက်သော သတင်းအချက်အလက်များကို ကျောင်းဝင်ခွင့် လမ်းညွှန်၊ (သို့) Department of Student & Alumni Affairs မှရရှိနိုင်ပါသည်။ Singapore Polytechnic ကျောင်းသားတစ်ယောက်အ နေဖြင့် Singapore Polytechnic Homepage ပေါ်တွင် e-learning ဆိုင်ရာ ကြော်ငြာသင်ပုန်းပေါ်တွင်လည်း သတင်း အချက်အလက်များ ရယူနိုင်သည်။

အလုပ်ခန့်အပ်ခြင်း .

အချိန်ပြည့်တက်သော အပြည်ပြည်ဆိုင်ရာမှ ကျောင်းသားများသည် ၄င်းတို့၏ နှစ်ဝက်လေ့လာ သင်ယူမှုပြီးဆုံး သည့် နောက်တွင် စာသင်နှစ်အတောအတွင်း အချိန်ပိုင်း အလုပ်လုပ်နိုင်ရန် Singapore Polytechnic မှ ခွင့်ပြုချက် လျှောက်ထားနိုင်ပါသည်။ အကျိုးဆက်အားဖြင့် ဒုတိယနှစ်သင်တန်းတွင် ငွေကြေးအခက်အခဲ ပြဿနာများနှင့် ရင်ဆိုင်ရလျှင် အချိန်ပြည့် အလုပ်လုပ်ရန်အတွက်လည်း လျှောက်ထားနိုင်သည်။ အထက်မှ ပေးအပ်ထားသော မည်သည့် သဘောတူညီမှုမျိုး မဆိုသည် လျှောက်လွှာပုံစံတွင် စီစဉ်ဖော်ပြထားသော အခြေအနေများပေါ်တွင် မူတည်သည်။ လျှောက်လွှာများကို အသက်မွေးဝမ်းကျောင်း တက္ကသိုလ်တစ်ခု၏ Website၊ ကျောင်းသားရေးရာရုံးခန်း၊ Department of Student & Alumni Affairs နှင့် ပညာသင်တက္ကသိုလ်များတွင် ရရှိနိုင်သည်။ အချိန်ပြည့်ကျောင်းသားများသည် အားလပ်ရက် အတောအတွင်း အလုပ်လုပ်ခွင့်လျှောက်ထားစရာ မလိုပဲ အလုပ်လုပ်နိုင်သည်။ အားလပ်ရက် အလုပ်ခန့် အပ်ခြင်း နှင့် သက်ဆိုင်သော သတင်းများကို Department of Student & Alumni Affairs တွင်ရှိသော Courses and Careers Guidance Centre (CCGC) မှ ရရှိနိုင်ပါသည်။

ရာသီဥတု အနေအထား .

စင်ကာပူနိုင်ငံ၏ ရာသီဥတုမှာ ပူနွေးပြီး အနည်းငယ် စိုစွတ်ပါသည်။ ပျမ်းမျှအပူချိန်မှာ အနိမ့်ဆုံး ၂၃ ဒီဂရီ မှ အမြင့်ဆုံး ၃၁ ဒီဂရီ Celsius ထိရှိပါသည်။ နေရောင်ခံခြင်း၊ ရေကူးခြင်း၊ ရွက်လွှင့်ခြင်း နှင့် တခြားသော ရေ နှင့် ပတ် သက်သည့် အားကစားများကိုလည်း ကစားနိုင်ပါသည်။ အပူပိုင်းရာသီဥတုကို မနှစ်သက်သောသူများ အတွက် ဈေးဆိုင် များ၊ ဟိုတယ်များ၊ အစိုးရရုံးစိုက်ရာ အဆောက်အဦးများ နှင့် စားသောက်ဆိုင်များ စသည့်နေရာ အများစုတွင် စင်ကာပူ နိုင်ငံ၏ အပူပြင်းဆုံး အခြေအနေများမှ ကင်းဝေးအောင် Air con များကိုလည်း တပ်ဆင်ပေးထားပါသည်။

နိုဝင်ဘာလ မှ ဇန်န၀ါရီလ အထိ မိုးရာသီ တစ်လျှောက်လုံး မိုးများအဆက်မပြတ် ရွာသွန်းနိုင်မှုကိုလည်း ကြိုတင် မျှော်လင့်ထားနိုင်သည်။ကျောင်းသားများကိုတော့ နေ့စဉ်သက်တောင့်သက်သာ ဖြစ်စေရန် သဘာဝချည်ထည်များဖြင့် ပြုလုပ်ထားသော ပေါ့ပါးသည့် အ၀တ်အစားများကိုသာ ၀တ်ဆင်ရန် အကြံပြုပါသည်။ တက္ကသိုလ်ဝင်းအတွင်းရှိ အတန်းများကိုတက် ရောက်သော အခါတွင်လည်း သိုးမွှေးကုတ်အကျŠများက fully air con တပ်ဆင်ထားသော Lecture theatres များနှင့် စာသင်ခန်းများတွင် နွေးထွေးမှုရှိအောင် ကူညီပေးပါလိမ့်မည်။

.ဘဏ်နှင့်ပတ်သက်သည့် ၀န်ဆောင်မှု .

ဘဏ်အမျိုးမျိုးတွင် လိုအပ်ချက်မျိုးစုံရှိသကဲ့သို့ ငွေစုဆောင်းမှုနှင့် စစ်ဆေးမှုပုံစံများလည်း မတူညီကြပါ။ များသောအားဖြင့် စင်ကာပူနိုင်ငံတွင် ဘဏ်စာရင်းတစ်ခု ဖွင့်လှစ်ရန်အတွက် အောက်ပါ စာရွက်စာတမ်းများကို လိုအပ်ပါ လိမ့်မည်။
- ပတ်စ်ပို့ (မူရင်း နှင့် မိတ္တူ)
- သင်၏အသက်မွေးဝမ်းကျောင်းတစ်ခုခုမှ ကျောင်းသား၏အောင်မြင်မှုမှတ်တမ်း (သို့) လက်ခံကြောင်း ထောက်ခံစာ
- ကျောင်းသားကဒ် (ရှိလျှင်)
- ငွေကြေးပမာဏ။

Studying in singapore tips

စင်ကာပူနိုင်ငံသို့ ရောက်ရှိခြင်း
သယ်ယူပို့ဆောင်ရေး
စင်ကာပူတွင် နေထိုင်ခြင်း
နေရာထိုင်ခင်း
နေထိုင်မူစရိတ်
နေရာထိုင်ခင်းအမျိုးအစားများ
နေထိုင်ရေးအတွက် စဉ်းစားစရာများ - 1
နေထိုင်ရေးအတွက် စဉ်းစားစရာများ - 2
စုံစမ်းမေးမြန်းရန်
Health Insurance
အလုပ်ခန့်အပ်ခြင်း
ရာသီဥတု အနေအထား
ဘဏ်နှင့် ပတ်သက်သော ၀န်ဆောင်မှု

International Agency

Nilai International College Malaysia No. 196,GF, Boyoke Aung San Rd, Botathaung,Yangon, Myanmar.
Tel : 245 663 , 246 776 , 294 200

More »

Mentor International Office
B-96/98 Pansodan Street, Kyauktada, Yangon, Myanmar.
Tel : 372 835 , 240 116 , 245 000

More »

International College Sigapore
No. 196,GF, Boyoke Aung San Rd, Botathaung,Yangon, Myanmar.
Tel : 245 663 , 246 776 , 294 200

More »

 

    ››Do and Don't      ›› Categories       ›› A to Z listing       ›› International Exam       ›› Questions & Answers       ›› Studying Abroad       ›› Cyber Cafe List
    ›› Scholarship       ›› Seminar       ›› Download       ›› News       ›› Quiz Program       ›› Contact Us       ›› Video program New!

Advertising Programs - Business Solutions - About Myanmartraining

© 2009 MyanmarTraining.com. All rights reserved.

Total Hits :  counter stats