Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font RSS RSS

Studying Abroad

Singapore

Malaysia

Australia

England

Thailand

Quiz Program

CREATiVE Web Studio မှ သင်တန်း တက်ရောက်ခွင့်
- Web Essential (1) ဦး
- Web Advanced (1) ဦး
- PHP Course (1) ဦး

SUBSCRIBE

Your Email:


• Studying in United Kingdom

Immigration .

အင်္ဂလန်နိုင်ငံကို ကျောင်းသားအဖြစ်ဝင်ခွင့်ရရန် အဓိကအချက်တွေကဘာတွေလဲ?
♦ Course
အသိအမှတ်ပြုထားသော course အတွက် သင့်ကိုလက်ခံပြီးဖြစ်ကြောင်း ပြရန်လိုအပ်သည်။ သင်ရွေးချယ်ထားသော course သည် ကျောင်းတစ် ကျောင်းတွင် တစ်ပတ်လျှင် အနည်းဆုံး ၁၅နာရီစာပါရမည်။ အင်္ဂလန်သို့ ၀င်ရောက်လျှင် (သို့) မှ ထွက်ခွာလျှင် ကျောင်းတွင် ကျောင်းအပ်နှံမှု၊ ကျောင်းခေါ်ချိန်၊ ပညာရည်တိုးတက်မှုမှတ်တမ်း တို့ကို ယူသွားသင့်သည်။ ကျောင်းကိုလည်း course dates ပါဝင်သည့်စာ တောင်းပါ။ Immigration authorities ကသင်၏ ကျောင်းအပ်နှံမှု နှင့် အတန်းတက်ရောက်မှုများကို စစ်ဆေးရန် သင့်ကျောင်းသို့ဆက်သွယ်ပါမည်။

♦ Finance
ကျောင်းလခကုန်ကျစရိတ်များနှင့် နေထိုင်စရိတ်များ ပေးနိုင်ကြောင်းပြရမည်။ သင့်ဘဏ်တွင် ငွေမည်မျှရှိကြောင်းပြနိုင်ရန် ဘဏ်မှ အင်္ဂလိပ်လို ရေးထား သော bank statement မျာယူသွားနိုင်ပါသည်။ course အတွက် ငွေသွင်းပြီးပြီဆိုလျှင် ဘယ်လောက် သွင်းထားကြောင်းပြရန် statement တစ်ခုယူ သွားနိုင် သည်။
အင်္ဂလန်နိုင်ငံတွင် အလုပ်လုပ်ဖို့မရည်ရွယ်ကြောင်း ရှင်းရှင်းလင်းလင်းဖြစ်ရန်လိုသည်။ (ကျောင်းသားများကို အချိန်ပိုင်းအလုပ်၊ ပိတ်ရက်အလုပ်များ (သို့) သင့် course နှင့် ပတ်သက်သည့် အလုပ်များတွင်ပါဝင်ခြင်း တို့ကိုခွင့်ပြုထားသော်လည်း)

♦ Ticket
စာသင်ကြားမှုပြီးဆုံးသည့်နောက်တွင် အင်္ဂလန်နိုင်ငံမှပြန်ရန် စီစဉ်ထားရမည်။

Passport .

သင့် passport အတွက် ရက်ကျော်နေသလားဆိုတာ စစ်ဆေးပါ။ သင် အင်္ဂလန်သို့ရောက်နေစဉ် passport ရက်ကျော် နေလျှင် သင်မသွားခင် အသစ်ပြန်လုပ်နိုင်သလားဆိုတာကို သင့်နိုင်ငံတွင်မေးပါ။ သင်၏ passport ကို (ပျောက်သွားလျှင် အစားထိုး၍ အလွယ်တကူ ပြန်လုပ်နိုင်ရန်) မိတ္တူကူးထားပါ။

ကျောင်းနှင့်ပတ်သက်သော စာရွက်စာတမ်းများ .

သင်၏ကျောင်း (သို့) course organizer နှင့် ဆက်သွယ်ပါ။ သင့်အတွက် course စမည့်နေ့၊ ငွေမည်မျှသွင်းပြီးကြောင်း နှင့် တစ်ပတ်လျှင် စာသင်ချိန် အရေအတွက် စသည် တို့ကိုဖော်ပြထားသော acceptance letter ပေးပို့ခိုင်းပါ။

- ဓာတ်ပုံ
သင်နှင့်အတူ passport အရွယ် ဓာတ်ပုံများကိုယူသွားလျှင် အသုံးဝင်နိုင်ပါသည်။ အင်္ဂလန်တွင် စံအဖြစ်သတ်မှတ်ထားသော ဓာတ်ပုံအရွယ်မှာ 4cm x 5cm ဖြစ်သည်။

- ကိုယ်ရေးအချက်အလက်
ဖြစ်နိုင်လျှင် သင်၏အလုပ်ရှင် (သို့) ဆရာထံမှ ကိုယ်ရေးအချက်အလက်များကို အင်္ဂလိပ်လိုယူသွားပါ။ အင်္ဂလန် နိုင်ငံတွင် အချိန်ပိုင်းအလုပ်လျှောက်လျှင် အသုံးဝင်နိုင်ပါ သည်။ သင်၏အရည်အချင်းကို အသိအမှတ်ပြုသော Certificates များသည်လည်း အသုံးဝင်ပါသည်။

သင်သည် သင့်နိုင်ငံတွင် ကျောင်းသားတစ်ယောက်ဖြစ်ပြီး အင်္ဂလန်နိုင်ငံကိုလည်း ကျောင်းသားအဖြစ် သွားမည် ဆိုလျှင် မသွားခင် International Student Identification Card (ISIC) ရနိုင်ပါသည်။ သင်သည် အချိန်ပြည့်ကျောင်းသား မဟုတ်ပေမယ့် အသက် ၂၅နှစ် (သို့) ထို့ထက်ငယ်လျှင်လည်း International Youth Travel Card ရနိုင်ပါသည်။ ထို card များကိုအသုံးပြုခြင်းအားဖြင့် Discounts မျိုးစုံကိုလည်းရနိုင်ပါသေးသည်။ အသေးစိတ်သိရှိလိုပါက http://www.isiccard.com တွင် ၀င်ရောက်လေ့လာနိုင်ပါသည်။

ခရီးသွားလျှင် .

အင်္ဂလန်သို့ လေယာဉ်လက်မှတ်
လူငယ်များနှင့် ကျောင်းသားများအတွက် ဈေးသက်သာသော လက်မှတ်များ ၀ယ်နိုင်သလားဆိုတာ စဉ်းစားပါ။

အင်္ဂလန်သို့ ရောက်သောအခါ
သင်နေထိုင်မည့်နေရာသို့ ဘယ်လိုသွားရမလဲဆိုတာကို စဉ်းစားပါ။ ယုံကြည်မှုမရှိဘူး ဆိုလျှင်လည်း airport collection service ကို အသုံးပြုနိုင်ပါသည်။

Tourist authorities
British Government’s tourist organizations နှင့်ဆက်သွယ်ပါ။ နေထိုင်စရာ၊ ကြည့်ရှုလေ့လာစရာများနှင့် ခရီးသွားကိစ္စ ရပ်များ စသည့် သတင်း အချက်အလက်များ ပေးနိုင်ပါသည်။

မိတ်ဆွေများနှင့် မိသားစုကို ဆက်သွယ်ခြင်း .

သြစတြေးလျလူမျိုးများသည် ဈေးဝယ်ထွက်ခြင်းကို နှစ်သက်ကြသည်။ Brunswick St, Fitzroy (Melbourne), Oxford St, Paddington (Sydney), Ann & Brunswick Sts intersection, Fortitude Valley (Brisbane) and Oxford St, Leederville (Perth) အစရှိသော နေရာများကို သေချာစွာ လေ့လာကြည့်ပါ။ဈေးများသည် ဈေးဝယ်ထွက်ရန် (အထူးသဖြင့် ဈေးဆစ်ရန်အတွက်) အကောင်းဆုံးသော နေရာများဖြစ်သည်။ မြို့များတွင် Hobart's Salamanca Market ကဲ့ သို့သော ဈေးတစ်ခု အနည်းဆုံး ရှိသည်။ Melbourne တွင် Queen Victoria Market နှင့် Sydney တွင် Paddington Market များရှိသည်။

Studying in united kingdom tips

အင်္ဂလန်နိုင်ငံတွင် ပညာသင်ကြားခြင်း
အင်္ဂလိပ်စာ လေ့လာခြင်း
ငွေကြေးကဏ္ဍ
နေရာထိုင်ခင်း
အာမခံကြေး
ကျန်းမာရေး
Immigration
Passport
ကျောင်းနှင့်ပတ်သက်သည့်
         စာရွက်စာတမ်းများ
ခရီးသွားလျှင်
မိတ်ဆွေများနှင့်မိသားစုကို
        ဆက်သွယ်ခြင်း

International Agency

Nilai International College Malaysia No. 196,GF, Boyoke Aung San Rd, Botathaung,Yangon, Myanmar.
Tel : 245 663 , 246 776 , 294 200

More »

Mentor International Office
B-96/98 Pansodan Street, Kyauktada, Yangon, Myanmar.
Tel : 372 835 , 240 116 , 245 000

More »

International College Sigapore
No. 196,GF, Boyoke Aung San Rd, Botathaung,Yangon, Myanmar.
Tel : 245 663 , 246 776 , 294 200

More »

 

    ››Do and Don't      ›› Categories       ›› A to Z listing       ›› International Exam       ›› Questions & Answers       ›› Studying Abroad       ›› Cyber Cafe List
    ›› Scholarship       ›› Seminar       ›› Download       ›› News       ›› Quiz Program       ›› Contact Us       ›› Video program New!

Advertising Programs - Business Solutions - About Myanmartraining

© 2009 MyanmarTraining.com. All rights reserved.

Total Hits :  counter stats