All Training in Myanmar: The Best Outlooks For Your Future  

Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font 

                 
 

  Educational News

Local News

International News

Seminar News

Articles

Activities

Quiz Program



CREATiVE
Web Studio မှ Web Essential  (100,000) သင်တန်းသို့ ၂ ဦး Flash(75,000) သင် တန်းသို့ ၃ ဦး အခမဲ့တက် ရောက်ခွင့် ပေးပါမည်။

           

Question and Answer?

Please drop a testimonial for myanmartrainng.com!

Q and A Cyber Cafe' Testimonial
SUBSCRIBE
Your Email:

           Scholarships News

KAIST Scholarship
Monash Research Graduate
AYF Scholarship
NUS Graduate Scholarship
နိုင်ငံတကာငြိမ်းချမ်းရေးပညာသင်ဆု
Foundation Studies Scholarship Exp
EF Brittin Collage မှ Scholarship Exp
CAMBRIDGE | Dictionary Online
The web's Favorite learner dictionaries
Cambridge Dictionary via MyanmarTraining.com

The first and last world in dictionaries

Online Discount Training Lists!

ဒီဇိုင်းပညာများ သင်ယူခြင်းဖြင့် ၀င်ငွေကောင်းသော လုပ်ငန်းခွင်သို့ ၀င်ရောက်နိုင်.

နိုင်ငံခြားကျောင်းများတွင် ဒီဇိုင်းဘာသာသင်ယူ၍ ၀င်ငွေကောင်းသော လုပ်ငန်းခွင်များ ၀င်ရောက်နိုင်မည် ဖြစ်ကြောင်း ဒီဇိုင်းပညာသင်ကြားရေး လောကအတွင်းမှ သိရသည်။

မြန်မာကျောင်းသားများသည် မိမိတို့၏၀ါသနာအလျှောက် စင်ကာပူ၊ မလေးရှား၊ ထိုင်းစသည့် နိုင်ငံများသို့ ဒီဇိုင်းဘာသာရပ် များအား သွားရောက်သင်ယူခဲ့ကြပြီး အဆိုပါနိုင်ငံများတွင် လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ခြင်းအားဖြင့် ၀င်ငွေ ကောင်းကောင်းရရှိလျက်ရှိကြောင်း သိရသည်။

ဒီဇိုင်းဘာသာရပ်များတွင် ကြော်ငြာဒီဇိုင်း ၊ အဆောက်အအုံဒီဇိုင်း ၊ ရုပ်ရှင်ကာတွန်းဒီဇိုင်း ၊ ၀က်ဘ်ဒီဇိုင်း ၊ အ၀တ်အထည် ဖက်ရှင်ဒီဇိုင်းဟူ၍ အမျိုးပေါင်း စုံလင်စွာရှိပြီး မိမိတို့ စိတ်ဝင်စားရာ ဘာသာရပ်ကို ရွေးချယ် တက်ရောက် ကြောင်း သိရသည်။

ထို့ပြင် စင်ကာပူနိုင်ငံရှိ ပထမဆုံး စင်ကာပူနိုင်ငံသားပိုင် ပုဂ္ဂလိက တက္ကသိုလ် တစ်ခုဖြစ်သော Raffles Education Crop မှ နယူးဇီလန် ၊ သြစတြေးလျ ၊ ထိုင်း ၊ စင်ကာပူ ၊ မလေးရှား ၊ မွန်ဂိုလီးယား ၊ ဟောင်ကောင် ၊ တရုတ် ၊ ဗီယက်နမ်၊ အိန္ဒိယစသည့် နိုင်ငံများတွင် ကျောင်းခွဲများ ဖွင့်လှစ်သင်ကြားလျက်ရှိရာ နိုင်ငံတကာမှ ကျောင်းသားများ စိတ်ဝင်စားစွာ တက်ရောက်လေ့လာကြပြီးလျှင် ၀င်ငွေကောင်းကောင်းဖြင့် အခိုင်အမာ ရပ်တည်နေကြောင်း သိရသည်။

Raffles IAO မှ Supervisor မမေမျိုးဟန်က ဒီဇိုင်းပညာရပ်တွေက တန်ဖိုးရှိတယ်။ နိုင်ငံတကာမှာဆိုရင် ၀င်ငွေတွေ တအားကောင်းတယ်။ သူ့ဘာသာရပ်အလိုက် သူ့နည်းသူ့ဟန်နဲ့ ၀င်ငွေကတော့ အမျိုးမျိုးရှိတယ်။ အ၀တ်အထည် ဖက်ရှင်ဒီဇိုင်းဆိုရင် ကိုယ့်ရဲ့ တီထွင်နိုင်စွမ်းအားပေါ် မူတည်ပြီး လက်ခအများကြီး ရတာမျိုး ၊ တချို့ကုန်ပစ္စည်း ဒီဇိုင်းဆိုရင်လည်း ကုမ္ပဏီက လခပေးထားပေမယ့်လို့ တခြားတစ်ဦးဦးက ထပ်ဝယ်မယ်ဆိုရင် ဒီဇိုင်းဆွဲတဲ့သူကို ခွင့်တောင်းရတယ်။ မူပိုင်အရ ဒီဇိုင်းဆွဲတဲ့သူတွေက လစာအပြင် အကြောင်း ညီညွှတ်တိုင်း ၀င်ငွေထပ်ပြီးရတယ်။ ထပ်မပေးချင်လည်း ဒီဇိုင်းဆွဲတဲ့ လူဆီကနေ အပြတ်ဝယ်ရတယ်။ ဒီဇိုင်းသမား တစ်ယောက်ရဲ့ ၀င်ငွေကတော့ ခန့်မှန်းလို့ မရဘူး ။ သူ့ရဲ့စိတ်ကူးကောင်းရင် ကောင်းသလို ၀င်ငွေကအမြဲပဲကောင်းနေမှာ ဟုပြောကြားသည်။

        အဆိုပါ Raffles ဒီဇိုင်းသင်တန်းကျောင်းများတွင် ကျောင်းသားများအား ဒီဇိုင်းပညာ သင်ကြားပေးရုံမျှမက လုပ်ငန်းအတွေ့အကြုံများ ရရှိစေရန် ဆောင်ရွက်ပေးခြင်း ၊ သင်တန်းကျောင်းပြီးပါကလည်း အလုပ်ရှာဖွေပေးခြင်း ၊ လုပ်ငန်းခွင်ရောက်သည့်တိုင်အောင် လိုအပ်သော နည်းပညာများအား ထပ်မံမွမ်းမံ ပံ့ပိုးပေးခြင်းနှင့် နိုင်ငံတကာရှိ ဒီဇိုင်းပြိုင်ပွဲများသို့ပါ ၀င်ရောက်ယှဉ်ပြိုင်နိုင်ရန် အတွက် သတင်းအချက်အလက်များအား အဆက်မပြတ်ပေးခြင်းကို ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

မြန်မာကျောင်းသား အများစုမှာ စင်ကာပူ၊ ထိုင်း၊ မလေးရှားနိုင်ငံများသို့ သွားရောက်လေ့လာလျက်ရှိပြီး စင်ကာပူတွင် မြန်မာငွေ သိန်း ၆၀၀ ၊ မလေးရှားနှင့် ထိုင်းတွင် သိန်း ၄၀၀ ၀န်းကျင်ကုန်ကျကြောင်း ၊ သုံးနှစ်သင်တန်းတက်ရောက်ပြီးပါက ဒီဇိုင်းဘွဲ့များ ရရှိမည်ဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံရုံးခွဲဖြစ်သော Raffles IAO မှ တစ်နှစ်လျှင် လေးကြိမ်ခေါ်ဆိုပြီး ပညာအရည်အချင်း အထက်တန်းအောင်မြင်ပြီး TOEFL 550 ၊ IELTS 6.5 ရမှတ်ရှိလျှင် သင်တန်းတက်ရောက်နိုင်သည်ဟု သိရသည်။

Source          :        The Flower News

    » GO TO TOP  
 
ONE WEEK ARTICLES
ACHIEVE ARTICLES
 

Avaliable  

» Do and Don't » Categories    

» A to Z listing 

» International Exam » Questions & Answers » Studying Abroad    » Cyber Cafe List
  » Scholarship » Seminar » Download » News » Quiz Program » Contact Us  

Home | Contact Us | Site Map
© 2007 MyanmarTraining.com. All rights reserved.  

myanmartraining.com

Total Hits: counter stats