|
နိုင်ငံခြားကျောင်းများတွင် ဒီဇိုင်းဘာသာသင်ယူ၍
ဝင်ငွေကောင်းသော လုပ်ငန်းခွင်များ
ဝင်ရောက်နိုင်မည် ဖြစ်ကြောင်း ဒီဇိုင်းပညာသင်ကြားရေး
လောကအတွင်းမှ သိရသည်။
မြန်မာကျောင်းသားများသည် မိမိတို့၏၀ါသနာအလျှောက်
စင်ကာပူ၊ မလေးရှား၊ ထိုင်းစသည့် နိုင်ငံများသို့
ဒီဇိုင်းဘာသာရပ် များအား သွားရောက်သင်ယူခဲ့ကြပြီး
အဆိုပါနိုင်ငံများတွင်
လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ခြင်းအားဖြင့်
ဝင်ငွေ ကောင်း ကောင်းရရှိလျက်ရှိကြောင်း သိရသည်။
ဒီဇိုင်းဘာသာရပ်များတွင် ကြော်ငြာဒီဇိုင်း ၊
အဆောက်အအုံဒီဇိုင်း ၊ ရုပ်ရှင်ကာတွန်းဒီဇိုင်း ၊
ဝက်ဘ်ဒီဇိုင်း ၊ အ၀တ်အထည် ဖက်ရှင်ဒီဇိုင်းဟူ၍
အမျိုးပေါင်း စုံလင်စွာရှိပြီး မိမိတို့ စိတ်ဝင်စားရာ
ဘာသာရပ်ကို ရွေးချယ် တက်ရောက် ကြောင်း သိရသည်။
ထို့ပြင် စင်ကာပူနိုင်ငံရှိ ပထမဆုံး
စင်ကာပူနိုင်ငံသားပိုင် ပုဂ္ဂလိက တက္ကသိုလ် တစ်ခုဖြစ်သော
Raffles Education Crop မှ နယူးဇီလန် ၊ သြစတြေးလျ ၊
ထိုင်း ၊ စင်ကာပူ ၊ မလေးရှား ၊ မွန်ဂိုလီးယား ၊
ဟောင်ကောင် ၊ တရုတ် ၊ ဗီယက်နမ်၊ အိန္ဒိယစသည့်
နိုင်ငံများတွင် ကျောင်းခွဲများ
ဖွင့်လှစ်သင်ကြားလျက်ရှိရာ နိုင်ငံတကာမှ
ကျောင်းသားများ စိတ်ဝင်စားစွာ
တက်ရောက်လေ့လာကြပြီးလျှင် ၀င်ငွေကောင်းကောင်းဖြင့်
အခိုင်အမာ ရပ်တည်နေကြောင်း သိရသည်။
Raffles IAO မှ Supervisor မမေမျိုးဟန်က
ဒီဇိုင်းပညာရပ်တွေက တန်ဖိုးရှိတယ်။
နိုင်ငံတကာမှာဆိုရင် ၀င်ငွေတွေ တအားကောင်းတယ်။
သူ့ဘာသာရပ်အလိုက် သူ့နည်းသူ့ဟန်နဲ့ ၀င်ငွေကတော့
အမျိုးမျိုးရှိတယ်။ အ၀တ်အထည် ဖက်ရှင်ဒီဇိုင်းဆိုရင်
ကိုယ့်ရဲ့ တီထွင်နိုင်စွမ်းအားပေါ် မူတည်ပြီး
လက်ခအများကြီး ရတာမျိုး ၊ တချို့ကုန်ပစ္စည်း
ဒီဇိုင်းဆိုရင်လည်း ကုမ္ပဏီက လခပေးထားပေမယ့်လို့
တခြားတစ်ဦးဦးက ထပ်ဝယ်မယ်ဆိုရင် ဒီဇိုင်းဆွဲတဲ့သူကို
ခွင့်တောင်းရတယ်။ မူပိုင်အရ ဒီဇိုင်းဆွဲတဲ့သူတွေက
လစာအပြင် အကြောင်း ညီညွှတ်တိုင်း ၀င်ငွေထပ်ပြီးရတယ်။
ထပ်မပေးချင်လည်း ဒီဇိုင်းဆွဲတဲ့ လူဆီကနေ
အပြတ်ဝယ်ရတယ်။ ဒီဇိုင်းသမား တစ်ယောက်ရဲ့ ၀င်ငွေကတော့
ခန့်မှန်းလို့ မရဘူး ။ သူ့ရဲ့စိတ်ကူးကောင်းရင်
ကောင်းသလို ၀င်ငွေကအမြဲပဲကောင်းနေမှာ ဟုပြောကြားသည်။
» More |