Beta


 

Home / Contact us / Site Map
Create my Yangonmedia Account or Login

 

Home » Most Popular Articles » စက်ဘီးပြန်နင်းကြပါစို့

 

Make Yangon Media Your Home page

Local news
လာမည့်နှစ်မိုးရာတွင် ရေလျှံမှုမရှိစေရန် အင်းလျားကန်ကြီး ပြန်ဆယ်မည်

World & Asia
ပါကစ္စတန်တွင်အရေးပေါ်အခြေအနေထုတ် ပြန်

Entertainment
အနက်ရှိုင်းဆုံး တစ်နေရာ

Life Style
ကိုရီးယားရုပ်ရှင်သရုပ်ဆောင် ဟာဂျီ ၀မ်အား

Health
ကင်ဆာရောဂါကုသရန် အလားအလာ ကောင်းသော ကုထုံးသစ်တွေ့ရ

Culture & Society

Politics & OP/View
ဒေါ် အောင်ဆန်းစုကြည်က တရားဝင်ပြော ကြား

Perspective

စက်ဘီးပြန်နင်းကြပါစို့်

သတင်းစာ စောစောဖတ်ချင်သောကြောင့် နံနက်ဈေးသွားသော အိမ်ကကလေးမလေးများကို ဈေးအပြန်သတင်းစာ လက်ပွေ့စုရပ်မှာ သတင်းစာဝင်ယူဖို့ ကျွန်တော်က အမြဲပြောရသည်။ ငယ်ငယ်တုန်းကတော့ နံနက်မိုးလင်းလျှင် စက်ဘီး ကို အနင်းမပျက်ဘဲ အိမ်ပြ တင်းပေါက်ထဲတန်းဝင်အောင် သတင်းစာပစ်ပေးသွားတတ်သည့် သတင်းစာပို့သူများရှိသည်။ သူတို့သည် ထိုအလုပ်ကို အလွန်ကျွမ်း ကျင်ကြလေသည်။ “စက်ဘီးစီးလို့မရတော့ တစ်လမ်းဝင်တစ်လမ်းထွက် လမ်း လျှောက်ပို့ရတာ။ အဲဒါကြောင့်ပါ” ဟု ယခုသတင်းစာပို့ သမားတွေက ဆင်ခြေပေးတတ်ကြသည်။ ဟုတ်တော့လည်း ဟုတ်နေလေသည်။

ဂျာနယ်ကိုလပေးဖတ်သူများအတွက် ကျွန်တော်တို့က အိမ်တိုင်ရာရောက်ဒိုးတူဒိုးဝန်ဆောင်မှုပေးသော ကုမ္ပဏီတစ်ခုနှင့် ချိတ်ဆက် ကာ တိုက်ထုတ်ဂျာနယ်များအား ပို့ပေးရသည်။ အိမ်ရှင်များထံမှ မကြာခဏကြားရသော တိုင်ကြားမှုများမှာ ဂျာနယ်အပို့နောက်ကျခြင်း ပဲ ဖြစ်ပါသည်။ ကျွန်တော်တို့က ဒိုးတူဒိုးကုမ္ပဏီကို လှမ်းမေးရသည်။ သူတို့ဆီမှ အမြဲလိုလို ပြန်ပေးတတ်သော ဆင်ခြေမှာလည်း “ဟိုအရင်တုန်း ကလို စက်ဘီးနဲ့ပို့လို့မရတော့ ဘတ်စ်ကားပြောင်းပြောင်းစီးရတယ်။ တချို့နေရာ လမ်းလျှောက်ပို့ရတယ်။ အဲဒါကြောင့် ပါ” ဟူလေသည်။

ဟိုတုန်းကတော့ ရန်ကုန်မြို့မှာ စက်ဘီးကို လွတ်လပ်စွာစီးနင်းခွင့်ပြုခဲ့သည်။ နောက်ပိုင်းမှာ စက်ဘီးစီးသူများ စည်းကမ်းဖောက်ဖျက်မှု များလာခြင်း၊ စက်ဘီးကြောင့်မလိုလားအပ်သောယာဉ်အန္တရာယ်ဖြစ်လာခြင်း စသည်တို့ကြောင့် စက်ဘီးစီးနင်းမှုများကို ကန့်သတ်ခဲ့ရ သည်ဟု ကျွန်တော်သိခဲ့သည်။ မှန်သင့်သလောက်လည်း မှန်ပါသည်။ လမ်းလယ် ကောင်မှာ ခပ်အေးအေးစီးနင်းသွားလာနေသော စက်ဘီးများ၊ ၀န်မတန် တဆတင်နင်းနေသောစက်ဘီးများကြောင့် ယာဉ်မောင်းများ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရသည်များရှိခဲ့ပါသည်။

ထိုကာလများကတော့ လောင်စာဆီရှားပါးမှု ယခုလောက်မဆိုးရွားသေး။ စက်ဘီးမစီးရဘာဖြစ်လဲ၊ အငှားကားစီးနိုင်သည်။မျက်မှောက် အခြေအနေကိုကြည့်ပါက ရုပ်ကြွင်းလောင်စာရှားပါးမှုသည် မြန်မာနိုင်ငံသာမက တစ်ကမ္ဘာလုံးကို ခြိမ်းခြောက် နေသည်။ ဟို တစ် လောကဆိုလျှင် ရေနံစိမ်းတစ်စည်ကို ဒေါ်လာ ၁၀၀ အထိတက်သွားရာ အားလုံး မျက်လုံးပြူး ကုန်ကြသည်။ ထို့ကြောင့်ပင် ကမ္ဘာကြီး သည်ရေနံကိုလုံးလုံးလျားလျား မှီခိုနေရခြင်းမှလျော့ပါးအောင် အားထုတ် လာကြသည်။ တချို့က Green Technology ဟုခေါ်သော ပတ်ဝန်း ကျင်ထိန်းသိမ်းမှု အထောက်အကူ ပြုနည်းပညာ သစ်များကို ကြံဆလာကြသည်။


တချို့နိုင်ငံများကတော့ လောင်စာအသုံးလျှော့ချနိုင်အောင် ခရီးသွားလာမှုပုံစံများကို ပြောင်းဖို့ကြိုးစားလာသည်။ ကိုယ်ပိုင် ကားအစား အများသုံးယာဉ်စီးရေး၊ လောင်စာမသုံးသောယာဉ်များ ပြောင်းလဲသုံးရေးများကို ပြည်သူများအား တိုက်တွန်း အားပေးလာသည်။ အလွယ်ဆုံးဖြေရှင်းနိုင်သည့်နည်းလမ်းမှာ စက်ဘီးအသုံးပြုမှုတိုးမြှင့်ရေးပဲဖြစ်ပါသည်။

ပြီးခဲ့သည့်နှစ်က ဆင်ဟွာသတင်းဌာန၏ကောင်းမှုကြောင့် တရုတ်နိုင်ငံသို့ ၁၀ရက်အလည်အပတ်ခရီးရောက်ခဲ့သည်။ မြို့တော်ပေကျင်း တွင် တရုတ်၏ထွန်းသစ်နေသောစီးပွားရေး ၏သင်္ကေတတစ်ခုအဖြစ် သစ်လွင်သောကားများနှင့်အတူ စက်ဘီးစီးသူတွေကိုလည်း အများအပြား တွေ့ရသည်။ ပေကျင်းသည် စက်ဘီးမြို့တော်ဟုပင် တင်စားခံရလောက်အောင် စက်ဘီးတွေက မြို့တော်လမ်းအနှံ့ဖွေးဖွေးလှုပ်နေသည်။ စက်ဘီးသည် ပေကျင်း၏ခရီးသည်ပို့ဆောင်ရေးအတွက် အစိတ်အပိုင်းတစ်ခုအဖြစ် အထောက်အကူပြုနေသည်။

ထို့ကြောင့်ပင် ရန်ကုန်မြို့တွင် ခရီးသည်ပို့ဆောင်ရေးလည်း အထောက်အကူပြု၊ လောင်စာဆီချွေတာရေးလည်းရောက်၊ ပတ်ဝန်း ကျင်ညစ်ညမ်းမှုကိုလည်း ထိန်းသိမ်းမှုပေးနိုင်သည့် စက်ဘီးစီးနင်းခြင်းများကို ပြန်လည်ခွင့်ပြုက ကောင်းလေစွဟု ကျွန်တော်က စိတ်ကူးရလိုက်ခြင်း ဖြစ်ပါသည်။ သို့သော် ခွင့်ပြုခြင်းနှင့်အတူ လိုက်နာခြင်းများပါရှိဖို့တော့လည်း တစ်ဖက်က လိုပါဦးမည်။ ကားကလည်း ကားစည်းကမ်း၊ ခြေကျင်သမားကလည်း ခြေကျင်စည်းကမ်း၊ စက်ဘီးကလည်း စက်ဘီးစည်းကမ်းတော့ရှိကြရပါမည်။

ကျွန်တော်သည် အင်တာနက်ပေါ်တက်ကာ စက်ဘီးနှင့်ပတ်သက်သည့်အကြောင်းအချက်အချို့ ရှာကြည့်သည်။ နိုင်ငံတချို့တွင် စက်ဘီး ကို ကားကဲ့သို့ပင် ယာဉ်တစ်မျိုးအဖြစ် သတ်မှတ်ကာ လိုင်စင်ရယူပြီးမှ စီးနင်းခွင့်ပြုသည်ကို လေ့လာမိလေသည်။ ရန်ကုန်တွင်လည်း စက်ဘီးတော့ စီးကြ၊ သို့ သော် လိုင်စင်နှင့်မှတ်ပုံတင်စီးဟုဆိုပါက စည်းကမ်း တကျလည်း ထိန်းပြီးဖြစ်မည်။ ပြီးတော့ သွားလာရေးလွယ်ကူမှုလည်းအထောက် အကူဖြစ်လာမည်ဟု ကျွန်တော်က ဆက်တွေးနေမိပါသည်။ ပေကျင်းတစ်မြို့တည်းတွင်ပင် စက်ဘီးကိုးသန်းခန့်ရှိသည်ဟုသိရရာ ရန်ကုန်အတွက် အဲသည် လောက်ပင်လိုအပ်မည်မဟုတ်ပါ။

နိုင်ငံတကာမှာတော့ စက်ဘီးပေးစီးသည်။ သို့သော် စက်ဘီးအတွက် စက်ဘီးလမ်းကြော (Bicycle Lane) သီးသန့် ဆွဲပေးသည်။ ဂျပန်လိုနေရာမျိုးမှာတော့ ပလက်ဖောင်းအပြင်စွန်းကို စက်ဘီးကြောသတ်မှတ်ပေးသည်။ သို့သော် သူတို့ ဆီမှာက ရန်ကုန်လို ပလက်ဖောင်းမှာလမ်းဘေးဆိုင်တွေမရှိတော့ အဆင်ပြေသည်။ ရန်ကုန်မှာကတော့ ခက်ခဲ ကောင်း ခက်ခဲနိုင် သည်။ သို့သော် လိုလျှင်ကြံဆနည်းလမ်းရဆိုသောမြန်မာ့ဆိုရိုး ရှိပါသည်။ လိုလားဖို့ပဲလိုအပ်ပါသည်။ လိုလား လျှင် ကြံဆချင်လာပါလိမ့်မည်။ ကြံဆကြည့်လျှင်တော့ နည်းလမ်းတစ်ခုမ ဟုတ်တစ် ခုရမည်သေချာပါသည်။

နံနက်အိပ်ရာနိုးသည်နှင့် စက်ဘီးနင်းရင်း ပစ်ပေးသွားသော ပြတင်းတံခါးမှတစ်ဆင့်ဝင်လာသည့် နေ့စဉ်ထုတ်သတင်းစာ တစ်စောင်သို့မဟုတ်ဂျာနယ်တစ်စောင်စောင်ကို ပြန်လည်ဖတ် ခွင့်ကြုံချင်ပါသည်။ ကျွန်တော်တို့ စက်ဘီးပြန်နင်း ကြပါစို့လား။
 

Source: Flower News
Category: Most Popular Articles
Action:  Printable Version  |  Mail This  |    Add favorite

 

 
     

About Yangon Media  • Contact Us  • Privacy  • Advertisement with us  • Help  • Site Map
Copyright © Yangon Media 2007.

yangonmedia.com

Total Hits:

Powered By: CREATIVE Web Studio