Home / Contact us / Site Map
Create my Yangonmedia Account or Login

 

Home » Politics & OP » ဒေါ်အောင်ဆန်းစုကြည်က တရားဝင်ပြောကြား

 

Make Yangon Media Your Home page

Local news
လာမည့်နှစ်မိုးရာတွင် ရေလျှံမှုမရှိစေရန် အင်းလျားကန်ကြီး ပြန်ဆယ်မည်

World & Asia
ပါကစ္စတန်တွင်အရေးပေါ်အခြေအနေထုတ် ပြန်

Entertainment
အနက်ရှိုင်းဆုံး တစ်နေရာ

Life Style
ကိုရီးယားရုပ်ရှင်သရုပ်ဆောင် ဟာဂျီ ၀မ်အား

Health
ကင်ဆာရောဂါကုသရန် အလားအလာ ကောင်းသော ကုထုံးသစ်တွေ့ရ

Culture & Society

Politics & OP/View
ဒေါ် အောင်ဆန်းစုကြည်က တရားဝင်ပြော ကြား

Perspective

အစိုးရ၏အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးဆောင်ရွက်မှုအပေါ်နိုင်ငံ့အကျိုးရည်မှန်းကာအစိုးရနှင့် လက် တွဲဆောင်ရွက်သွားရန် အသင့်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က တရားဝင်ပြောကြား

ရန်ကုန်၊ တိုင်းပြည်၏ အကျိုးစီးပွားကို ရှေးရှုကာ မြန်မာနိုင်ငံအစိုးရ နှင့် လက်တွဲဆောင်ရွက်သွားရန် မိမိအသင့်ရှိကြောင်း ဒေါ်အောင် ဆန်းစုကြည်က သူ၏ သဘောထားကြေညာချက် ထုတ်ပြန်လိုက်ခြင်း သည် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးအတွက် အပေါင်း လက္ခဏာဆောင်သော အခြေအနေများသို့ မျှော်လင့်လာနိုင်ကြောင်း ရန်ကုန်မြို့ရှိ နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောဆိုနေကြသည်။

မြန်မာနိုင်ငံအစိုးရ၏ ဖိတ်ကြား ချက်အရ ကုလသမဂ္ဂအထွေထွေအတွင်း ရေးမှူးချုပ်၏ မြန်မာ့ရေးရာ အထူးသံ တမန် မစ္စတာဂမ်ဘာရီသည် ယခုနှစ် အတွင်း ဒုတိယမြောက်ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ နိုဝင် ဘာ ၃ရက်မှ ၈ရက် ထိ ခြောက်ရက်ကြာနေထိုင်ကာ မြန်မာ အစိုးရတာဝန်ရှိသူများ၊ နိုင်ငံရေးပါတီ များ၊ ဒေါ်အောင်ဆန်းစုကြည်၊ သံတ မန်များ၊ ကုလအဖွဲ့အစည်းများ၊ လူထု လူတန်းစားအဖွဲ့အစည်းများ စသည်တို့ နှင့် တွေ့ဆုံဆွေးနွေးမှုအပြီးတွင် ယခုကဲ့ သို့ အပြုသဘောဆောင်သော ရလဒ် များပေါ်ထွန်းလာခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအစိုးရသည် မူဝါဒ လမ်းစဉ်(၇)ရပ်ဖြင့် ဒီမိုကရေစီကို ဆက် လက်ဖော်ဆောင်သွားမည့်အပြင် အမျိုး သားပြန်လည်စည်းလုံးညီညွတ်ရေးအ တွက်လည်း ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ရုံး၏ မှန်ကန်သော ပူးပေါင်းဆောင်ရွက်မှုဖြင့် မမှိတ်မသုန် ဆက်လက်ကြိုးပမ်းဖော်ဆောင်သွား မည်ဟု နိုဝင်ဘာ ၉ရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင် အစိုးရ၏ သဘော ထားကို သတင်းပုံစံဖြင့် ဖော်ပြထား သည်။ (ထိုသတင်းအပြည့်အစုံကို စာ မျက်နှာ ၁၈-၁၉ တွင်ရှု)
မစ္စတာဂမ်ဘာရီ၏ ယခုခရီးစဉ် အတွင်း နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် ကြီးသိန်းစိန်၊ နိုင်ငံတော်အေးချမ်းသာ ယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်း ရေးမှူး(၁) ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရတင် အောင်မြင့်ဦးတို့နှင့်လည်း တွေ့ဆုံခဲ့ရာ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ကုလသံတမန် တို့အကြားတွင် ကုလသမဂ္ဂနှင့် ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေး နည်းလမ်းများကို နှစ်ဦးနှစ်ဖက်ရင်းနှီးပွင့်လင်းစွာ အသေး စိတ်ဆွေးနွေးခဲ့ကြသည်ဟု ရန်ကုန်မြို့ရှိ ကုလရုံးပြန်ကြားရေးဌာန ၏ သတင်းထုတ် ပြန်ချက်တွင် ရေးသားထားသည်။

မြန်မာ့အရေးလိုအပ်သည်များကို တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် နိုဝင်ဘာ ၈ ရက်က မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာ စဉ် မစ္စတာဂမ်ဘာရီသည် သူ၏ခရီးစဉ် နှင့်ပတ်သက်သော သတင်းထုတ်ပြန် ချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။ ယင်း ထုတ်ပြန်ချက်တွင် အားလုံးပါဝင်သော အမျိုးသားပြန်လည် စည်းလုံး ညီညွတ်ရေး လုပ်ငန်းများကို မြှင့်တင်ရာတွင် အဓိက အနေအထားတစ်ခုအဖြစ် အစိုးရနှင့် ဒေါ်အောင် ဆန်းစုကြည်အကြား တွေ့ဆုံ ဆွေးနွေးပွဲများ ဆက်လက်ဖြစ်ပေါ်ရေးဦး တည်မည့် ဆင့်ကဲဖြစ်စဉ်တစ်ရပ်ကို မိမိ တို့ရရှိထားပြီးဖြစ်သည်ဟု ဖော်ပြပါရှိ သည်။

မြန်မာနိုင်ငံအစိုးရနှင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းများ၏ အပြည့်အ၀ထောက် ခံမှုနှင့် ယုံကြည်မှုတို့ကြောင့် ကုလသမဂ္ဂ သည် မြန်မာနိုင်ငံအား ငြိမ်းချမ်း၍ ကုံလုံ /ကယ်ဝကာ ဒီမိုကရေစီနှင့် လူ့အခွင့်အ ရေးများ အပြည့်အ၀လိုက်နာသော နိုင်ငံ တစ်နိုင်ငံအဖြစ် ရောက်ရှိရေးရည်မှန်းပြီး ပြည်တွင်း၊ ပြည်ပ ရှိသင့်တော်သည့် အဖွဲ့ အစည်းများအားလုံးနှင့် လက်တွဲဆောင် ရွက်သွားမည်ဟုလည်း အဆိုပါသတင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ထို့ပြင် မြန်မာ အစိုးရ၏ဖိတ်ကြားချက်အရ မစ္စတာဂမ်ဘာရီသည် လာမည့်ရက် သတ္တပတ်များအတွင်း မြန်မာနိုင်ငံသို့ ပြန် လည်လာရောက်ဦးမည်ဖြစ်ကြောင်းလည်း ဖော်ပြ ထားသည့်အပြင် ဒေါ်အောင်ဆန်း စုကြည်နှင့်တွေ့ဆုံစဉ်က သူမကိုယ်စား သတင်းထုတ်ပြန်ချက်တစ်ရပ်ထုတ်ပြန်ပေး ပါရန်ကိုလည်း မစ္စတာ ဂမ်ဘာရီအား အခွင့်အာဏာလွှဲပေးခဲ့ကြောင်းများကို ပါဖော်ပြထားသည်။ (ဒေါ်အောင်ဆန်းစု ကြည်၏ သတင်းထုတ်ပြန်ချက်မှ ကောက် နုတ်ချက်ကို သီးခြားဖော်ပြထား ပါသည်)

ကုလအထူးသံတမန်ကြီး မစ္စတာ ဂမ်ဘာရီသည် ရန်ကုန်မြို့မှ နယူးယောက် သို့အပြန် စင်ကာပူတွင် ခရီးတစ်ထောက် နားစဉ် စင်ကာပူဝန်ကြီးချုပ် မစ္စတာလီ ရှန် လွန်းနှင့် တွေ့ဆုံခဲ့ကာ မြန်မာနိုင်ငံရေးဖြစ် ပေါ်တိုးတက်မှုများကို ဆွေးနွေးခဲ့ကြောင်း ဆင်ဟွာသတင်းတွင် ရေးသားထားသည်။ အဆိုပါသတင်းအရ စင်ကာပူဝန်ကြီးချုပ် က မစ္စတာဂမ်ဘာရီ၏ ခရီးစဉ်အတွင်း နှစ်ဖက်စလုံးအား တွေ့ဆုံဆွေးနွေးရေး သို့ ဦးတည်ရွေ့လျားမည့် ဆင့်ကဲဖြစ်စဉ် တစ်ရပ်အတွက် တိုးတက်မှုရရှိနိုင်ခဲ့ခြင်း အပေါ် အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်ရ ကြောင်း ပြောကြားခဲ့သည်။

ဗီယက်နမ်နိုင်ငံသို့ ချစ်ကြည်ရေး ခရီးရောက်ရှိနေသော မြန်မာနိုင်ငံဝန်ကြီး ချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်သည် ဗီယက် နမ်ဝန်ကြီးချုပ် မစ္စတာငုယင်တန်ဒေါင်း နှင့် နိုဝင်ဘာ ၉ရက်က တွေ့ဆုံဆွေးနွေး ခဲ့စဉ် ဗီယက်နမ်ဝန်ကြီးချုပ်က မြန်မာနိုင်ငံ နှင့် ကုလအထူးသံတမန်တို့အကြား လတ် တလော ပူးပေါင်းဆောင်ရွက်မှုများကို ကြိုဆိုကြောင်းနှင့် ထိုပူးပေါင်းဆောင် ရွက်မှုများသည် အနာဂတ်တွင် အပြုသ ဘောရလဒ်များရရှိရေး အရှိန်မြှင့်တင် ပေးနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်ဟု ဟနွိုင်းမှ ပေးပို့သော ဆင်ဟွာသတင်းတွင် ဖော်ပြ ထားသည်။

ဖြစ်ပေါ်တိုးတက်မှုအသစ်တစ်ရပ် အဖြစ် ဆက်ဆံရေးဝန်ကြီးဦးအောင်ကြည် သည် ဒေါ်အောင်ဆန်းစုကြည်အား နိုဝင် ဘာ ၉ရက်က ရန်ကုန်မြို့ရှိ စိမ်းလဲ့ကန်သာ ဧည့်ဂေဟာတွင် ဒုတိယအကြိမ်မြောက် တွေ့ဆုံခဲ့ပြီး ဦးအောင်ကြည်၏ စီစဉ်ပေး မှုဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် သူမ ၏အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူးဦးလွင်၊ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးညွန့်ဝေ၊ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းတို့နှင့် ယင်းနေ့မွန်းလွဲ ၁နာရီခွဲမှ ၂နာရီခွဲအထိ တွေ့ဆုံဆွေးနွေးခွင့်ရခဲ့သည်။ ဦးအောင် ကြည်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် မွန်းလွဲ ၁နာရီမှ ၁နာရီ ၂၅မိနစ်အထိလည်း ကောင်း၊ မွန်းလွဲ ၂နာရီ ၃၅မိနစ်မှ ညနေ ၃နာရီခွဲအထိလည်းကောင်း နှစ်ကြိမ်တိ တိတွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာများ၏ ရေးသားချက်အရ သိရသည်။

အစိုးရ၏ အမျိုးသားပြန်လည်စည်း လုံးညီညွတ်ရေးဆောင်ရွက်မှုများနှင့်ပတ် သက်ပြီး ဒေါ်အောင်ဆန်းစုကြည်အနေ ဖြင့် ယုံကြည်မှုရှိနေသည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရသူ ဦးဥာဏ်ဝင်းကပြောကြောင်း ရန်ကုန်မြို့ မှပေးပို့သည့် ဆင်ဟွာသတင်းတွင် ရေး သားထားသည်။

အမျိုးသားပြန်လည်စည်းလုံးညီညွတ် ရေးအတွက် နိုင်ငံတော်အစိုးရနှင့် ဆွေး နွေးသည့်အခါ ထည့်သွင်းဆွေးနွေးရန် အချက်များ ကြိုတင်ပြင်ဆင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှု ဆောင်များနှင့် သဘောတူညီမှုရရှိရန် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း ဦးÓဏ်ဝင်း က ဆက်လက်ပြောဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာက ဖြစ်ပွား ခဲ့သော သံဃာအချို့၏ ဆန္ဒပြပွဲများ သည် အစိုးရ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နှင့် ပြည်သူများအတွက် ကြေကွဲစရာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်ဟု ဦးÓဏ်ဝင်းက ပြော သည်။ ထို့ကြောင့် ယင်းဒဏ်ရာဒဏ်ချက် များ အနာကျက်လာစေရန်အတွက် ပထမ ဆုံးဆောင်ရွက်ရမည်ဟုလည်းဆိုကြောင်း သိရသည်။ ထို့အပြင် နိုင်ငံတော်အစိုးရ အဖွဲ့၏ ကြေညာချက် ၁/၂၀၀၇တွင် ပါ ရှိသော စွန့်လွှတ်ရမည့် အချက်လေးချက် နှင့်ပတ်သက်၍လည်း ညှိနှိုင်းအဖြေရှာ သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ် အမှုဆောင်များအား တွေ့ဆုံဆွေးနွေးပွဲ တွင် ပြောကြားခဲ့ကြောင်း ဆင်ဟွာသ တင်းတစ်ရပ်တွင် ရေးသားထားသည်။

မြန်မာ့နိုင်ငံရေးအဆင့်ဆင့်ဖြစ်ပေါ် တိုးတက်မှုများနှင့် အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးသို့ရှေးရှုသည့် အပြု သဘောဆောင်ရလဒ်များ ဆက်တိုက် ပေါ်ထွန်းလာခြင်းအပေါ် မြန်မာပြည်သူ များက ၀မ်းမြောက်ဝမ်းသာကြိုဆိုမှုများ ရှိလာကြပြီး မြန်မာနိုင်ငံအနှံ့ အရေးတ ကြီးပြောဆိုဆွေးနွေးစရာများအဖြစ် ပျံ့ နှံ့နေသည်။

ဆက်ဆံရေးဝန်ကြီးဦးအောင်ကြည် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပထမ ဆုံးအကြိမ် တွေ့ဆုံဆွေးနွေးဖြစ်ခဲ့စဉ်က အပြုသဘောဆောင် ထင်မြင်ချက်ပေး ခဲ့သော သတင်းစာဆရာမောင်ဝံသက ယခုနောက်ဆုံးတိုးတက်ဖြစ်ထွန်းမှုများအ ပေါ် ဆက်လက်သုံးသပ်ပေးရာတွင် ဒေါ် အောင်ဆန်းစုကြည်ကို NLD ခေါင်း ဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခွင့်ပေး တာဟာ နည်းစနစ်ကျတဲ့ တွေ့ဆုံဆွေး နွေးပွဲဖြစ်တယ်လို့ ယူဆပါတယ်။ ဒီလို တွေ့ဆုံခွင့်ပေးတာ ဒေါ်အောင်ဆန်းစု ကြည်ဟာ သူ့တစ်ဦးသဘောထားနဲ့ ဆွေး နွေးတာမျိုးမဟုတ်ဘဲ အဖွဲ့ချုပ်တစ်ခုလုံး ရဲ့ သဘောထားလဲ သက်ရောက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အတွက်လဲ ကောင်းသလို အဖွဲ့ချုပ်အတွက်လဲ ကောင်း ပါတယ်။ အခုလို တွေ့ဆုံခွင့်ရအောင် သဘောတူပေးတဲ့ အစိုးရဘက်ကလဲ Flexible ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ အခုလို ယုံကြည်မှုတည်ဆောက်ရေးအ ဆင့်ကနေ တကယ်နည်းစနစ်ကျတဲ့ တွေ့ ဆုံဆွေးနွေးပွဲဖြစ်လာလိမ့်မယ်။ တိုင်း ပြည်အကျိုးရှိမယ့် ရလဒ်ကောင်းတွေ ထွက်လာလိမ့်မယ်လို့ မျှော်လင့်နိုင်ပါ တယ်။

ဒီအချိန်မှာ အရေးကြီးတာက တွေ့ ဆုံဆွေးနွေးပွဲအောင်မြင်အောင် ၀ိုင်းဝန်း အားပေးကြဖို့ လိုပါတယ်။ အပျက်မြင်၊ အဆိုးမြင်သော စကားတွေကို လျှော့ချဖို့ ဖြစ်နိုင်ရင် ရပ်ဆိုင်းကြဖို့ အရေးကြီးဆုံးပဲ လို့ ကျွန်တော်ယူဆပါတယ် ဟု ပြော ကြားခဲ့သည်။

အလားတူ UMFCCI ၏ အလုပ် အမှုဆောင်ဖြစ်သူ ဦးအောင်မိုးက ဒေါ် အောင်ဆန်းစုကြည်ဟာ NLD ပါတီ ဗဟို အလုပ်အမှုဆောင်အဖွဲ့နှင့် တွေ့ခွင့်ရ တာဟာ လောလောဆယ်ကိုင်တွယ်ဖြေ ရှင်းရမယ့် ကိစ္စတွေကိုGuide Line ချ ပေးတယ်လို့ ထင်ပါတယ်။ ဒီလိုတွေ့ခွင့် ရတာဟာ တပ်မတော်ခေါင်းဆောင်တွေ ကလဲ ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံ ကြည်မှုရှိလာသလို ဒေါ်အောင်ဆန်းစု ကြည်ကလဲ သူတို့အပေါ် နားလည်မှုရှိ ထားလို့ ဆွေးနွေးပွဲစားပွဲမှာထိုင်ပြီး မြန် မာပြည်အနာဂတ်ကို ဖန်တီးနိုင်မှာပါ။
 

Source: Yangon Times Journal
Category: Politics & OP
Action:  Printable Version  |  Mail This  |    Add favorite

 

 
     

About Yangon Media  • Contact Us  • Privacy  • Advertisement with us  • Help  • Site Map
Copyright © Yangon Media 2007.

yangonmedia.com

Total Hits: web page hit counter

Powered By: CREATIVE Web Studio