Home / Contact us / Site Map
Create my Yangonmedia Account or Login

 

Home » Health » ကင်ဆာရောဂါကုသရန် အလားအလာကောင်းသော ကုထုံးသစ်တွေ့ရ

 

Make Yangon Media Your Home page

Local news
လာမည့်နှစ်မိုးရာတွင် ရေလျှံမှုမရှိစေရန် အင်းလျားကန်ကြီး ပြန်ဆယ်မည်

World & Asia
ပါကစ္စတန်တွင်အရေးပေါ်အခြေအနေထုတ် ပြန်

Entertainment
အနက်ရှိုင်းဆုံး တစ်နေရာ

Life Style
ကိုရီးယားရုပ်ရှင်သရုပ်ဆောင် ဟာဂျီ ၀မ်အား

Health
ကင်ဆာရောဂါကုသရန် အလားအလာ ကောင်းသော ကုထုံးသစ်တွေ့ရ

Culture & Society

Politics & OP/View
ဒေါ် အောင်ဆန်းစုကြည်က တရားဝင်ပြော ကြား

Perspective

ကင်ဆာရောဂါကုသရန် အလားအလာကောင်းသော ကုထုံးသစ်တွေ့ရှိ

ဝါရှင်တန်၊ ဗာဂျီးနီးယားဓနသဟာယ တက္ကသိုလ်မှ သုတေသနပညာရှင်များသည် အင်ဇိုင်းအယ်လ်ကို ဟောဓာတ်ပြောင်းပစ္စည်း-၂ (Enzymen Sphin-gosine Kimase) (Sphk-2) ကို အူမနှင့် ရင်သား ကင်ဆာအတွက် ဓာတုကုထုံးအကျိုးသက်ရောက် မှုပိုမိုကောင်းမွန်ရန် ကုစားပေးနိုင်သော ပစ်မှတ် သစ်တစ်ခုအဖြစ် ဖော်ထုတ်လိုက်သည်။


နိုဝင်ဘာ ၁ရက်ထုတ် ကင်ဆာသုတေသန ဂျာနယ်တွင် သုတေသနပညာရှင်များသည် လူသား တွင် ဖြစ်ပေါ်သော အူမကြီးနှင့်ရင်သားကင်ဆာ ဆဲလ်များကို စစ်ဆေးကြည့်ခဲ့ပြီး Sphk-2 ကို ဖော် ထုတ်ခဲ့ကြ သည်။ Sphk-2 မှာ ကင်ဆာဆဲလ်များ သေဆုံးရာတွင် အရေးပါသြဇာသက်ရောက်မှုရှိ သော အင်ဇိုင်းတစ်ခု ဖြစ်သည်။

အဆိုပါလေ့လာချက်အရ Sphk-2 ကို ဆဲလ် များမှ ဖယ်ရှားလိုက်သောအခါ လူသားအူမကြီးနှင့် ရင်သားကင်ဆာဆဲလ်များမှာ(Doxorubicin) ပဋိဇီဝဆေး ကြောင့် သေဆုံးကုန်ကြောင်း တွေ့ရသည်။

ထိုပဋိဇီဝဆေး (Doxorubicin)သည် လူခန္ဓာ ကိုယ်တွင်းရှိ ကင်ဆာတိုက်ဖျက်သည့်ပရိုတိန်းများ တစ်ခုဖြစ်သည့် Sphk-53 နှင့်ပူးပေါင်း၍ ကင်ဆာဆဲလ် များကို သေဆုံးစေနိုင်သည်။ သို့သော် Doxorubicin ပဋိဇီဝဆေးသည် အူမကြီးနှင့် ရင်သား ကင်ဆာဆဲလ်များကို သေစေရန် Sphk-53 အပေါ် တည်မှီနေ သည်။

ထို့ကြောင့် Sphk-2 တွေ့ရှိမှုသည် အရေး ပါသောတွေ့ရှိမှုဖြစ်ပြီး Sphk-53 သီးခြားအချက်သည် လောလောဆယ်ရှိနေသော ဓာတုကုထုံးကို ကြီး မားစွာပါဝင် ပတ်သက်နေသည်။
 
Source: Yangon Times Journal
Category: Health
Action:  Printable Version  |  Mail This  |    Add favorite

 
     

About Yangon Media  • Contact Us  • Privacy  • Advertisement with us  • Help  • Site Map
Copyright © Yangon Media 2007.

yangonmedia.com

Total Hits: web page hit counter

Powered By: CREATIVE Web Studio