|
အဆုတ်ကျန်းမာရေးဆိုင်ရာ ကမ္ဘာ့ညီလာခံ တောင်အာဖရိကက
အိမ်ရှင်အဖြစ်ကျင်းပမည်
ဂျိုဟန်နစီဘတ်၊ ကမ္ဘာပေါ်တွင်ဖြစ်ပွား နေသော တီဘီ၊
အိပ်ခ်ျအိုင်ဗွီနှင့် ဆေး ရွက်ကြီးကပ်ဆိုက်နေမှုများအကြောင်း
တိုးမြှင့်လေ့လာရန် (၃၈)ကြိမ်မြောက် အဆုတ်ကျန်းမာရေးဆိုင်ရာ
ကမ္ဘာ့ညီ လာခံကို လာမည့်သီတင်းပတ်တွင် ကိတ်တောင်းမြို့၌
တောင်အာဖရိက နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပ မည်ဖြစ်ကြောင်း
သိရှိရသည်။
နိုင်ငံပေါင်း၁၀၀ကျော်မှ ကိုယ် စားလှယ်တော်များသည်
ကုစားမရနိုင် သော အဆုတ်ရောဂါအန္တရာယ်၊ တီဘီ နှင့်
အိပ်ခ်ျအိုင်ဗီနှစ်မျိုးစလုံး ကူးစက်ခံ နေရသည့်
လူသန်းပေါင်းများစွာတို့၏ လိုအပ်ချက်များနှင့်
ဆေးရွက်ကြီးကြောင့် ဖြစ်ပေါ်လာမည့်အန္တရာယ်၊ အခြား
အဆုတ်ဆိုင်ရာရောဂါများကို ဆွေးနွေး ကြမည်ဖြစ်သည်။
အဆိုပါညီလာခံသို့ တီဘီနှင့်အိပ်ခ်ျ အိုင်ဗီကျွမ်းကျင်သူများ၊
ကျန်းမာရေး မန်နေဂျာများ၊ အစိုးရ၀န်ကြီးများ၊ သု
တေသနပညာရှင်များ၊ လူ့အခွင့်အ ရေးလှုပ်ရှားသူများနှင့်
ရောဂါစွဲကပ် နေသူများအပါအ၀င် လူ၃၀၀၀ တက် ရောက်မည်ဖြစ်သည်။
ထိုငါးရက်ကြာ အစီအစဉ်သည် အိပ်ခ်ျအိုင်ဗီနှင့် ဆေးစုံ
ခုခံနိုင်စွမ်းရှိသော တီဘီ(အမ်ဒီအာရ်-တီဘီ)အန္တရာယ်များကို
အထူးပြုဆွေး နွေးမည်ဖြစ်သည်။
အဆုတ်ရောဂါသည် အမှန်အကန် ကုသပါက ပျောက်ကင်းနိုင်သော်လည်း
နှစ်တိုင်းပင် လူပေါင်း၁.၅သန်းကျော် သေဆုံးလျက်ရှိသည်။
နိုင်ငံတကာကြိုး ပမ်းဆောင်ရွက်မှုများ ရှိနေလင့်ကစား
ဆေးစုံခုခံနိုင်စွမ်းရှိသော တီဘီဖြစ်ပွား မှုပမာဏတိုးလာနေပြီး
လုံးဝဆေးမတိုး သော တီဘီရောဂါအန္တရာယ် ခြိမ်း
ခြောက်မှုများကြောင့် အဆိုပါအရေအ တွက် မြင့်မားလာနိုင်သည်။
နိုင်ငံပေါင်း ၃၇နိုင်ငံ၌ ထိုလုံးဝဆေးမတိုးသော တီ
ဘီရောဂါမှတ်တမ်း တင်ရှိကြသည်။
ဤဖြစ်နိုင်ခြေရှိသောအများပြည် သူတို့၏ ကျန်းမာရေးဘေးအန္တရာယ်
ဖြစ်ပေါ်စေသော ပြဿနာများတွင် တီ ဘီအစီအစဉ်များ
ထောက်ပံ့ငွေမပြည့် ၀မှု၊ အတည်တကျမရှိ၊ လေ့ကျင့်မှုမ ပြည့်ဝသော
ကျန်းမာရေးလုပ်သားအင် အားနှင့် စည်းကမ်းတကျမပြတ်ကုသ
ရေးလိုက်နာမှုနည်းပါးခြင်းတို့ ပါဝင် သည်။
|