All Training in Myanmar: The Best Outlooks For Your Future  

Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font 

                 
 

  Educational News

Local News

International News

Seminar News

Articles

Activities

Quiz Program



CREATiVE
Web Studio မှ Web Essential  (100,000) သင်တန်းသို့ ၂ ဦး Flash(75,000) သင် တန်းသို့ ၃ ဦး အခမဲ့တက် ရောက်ခွင့် ပေးပါမည်။

           

Question and Answer?

Please drop a testimonial for myanmartrainng.com!

Q and A Cyber Cafe' Testimonial
SUBSCRIBE
Your Email:

           Scholarships News

KAIST Scholarship
Monash Research Graduate
AYF Scholarship
NUS Graduate Scholarship
နိုင်ငံတကာငြိမ်းချမ်းရေးပညာသင်ဆု
Foundation Studies Scholarship Exp
EF Brittin Collage မှ Scholarship Exp
CAMBRIDGE | Dictionary Online
The web's Favorite learner dictionaries
Cambridge Dictionary via MyanmarTraining.com

The first and last world in dictionaries

Online Discount Training Lists!

  News »

ICDL အပါအ၀င် သင်တန်းကြေးနှင့် စာမေးပွဲကြေးများအား လျှော့ပေါ့ပေးမည် .

Ocean Gate Training Center မှ တန်ဆောင်တိုင် အထူးအစီအစဉ်အဖြစ် အမှန်တကယ် ပညာလိုလားသူအားလုံး၏ ကြိုးစားအားထုတ်မှုများကို အသိအမှတ်ပြုချီးမြှင့်သည့်အနေနှင့် အထူး Discount ပွဲတော်ကို နိုဝင်ဘာလမှ စ၍ ဒီဇင်ဘာ ၁၈ ရက်နေ့အထိ ပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။

ထိုအထူးအစီအစဉ်တွင် ဒီဇင်ဘာလ ၁၈ ရက်နေ့အတွင်းသင်တန်းအပ်မည့်သူများသည် ICDL On-Line-Test, City & GuiLds (UK) IT Diploma အပါအ၀င် စာမေးပွဲကြေးနှင့် သင်တန်းများအားလုံး ၁၅ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိ လျှော့ပေါ့ပေးမည်ဖြစ်ကာ သင်တန်းများ ဆက်လက်တက်ရောက်မည် ဆိုပါကလည်း သင်တန်းခံစားခွင့်များ ထပ်မံရရှိမည်ဖြစ်သည်။

၎င်းအပြင် Ocean Gate Education Service မှ လည်း စင်ကာပူတွင် ပညာဆက်လက်သင်ယူမည့် လူငယ်များအတွက် စင်ကာပူရှိ ခိုင်မာပြီး အရည်အသွေးမြင့်ပညာရပ်များ သင်ကြားပေးလျှက်ရှိသော Informatics, TMIS, Auston, APMI, Kaplan, Kaplan, EASB, TMC, NIM, Bradford-Rax ကျောင်းများသို့ ဒီဇင်ဘာလမှ ၂၀၀၈ ဧပြီလအထိ သွားရောက်ကြမယ့် ကျောင်းသားကျောင်းသူများအတွက် စင်ကာပူ လေယာဉ်ပျံလက်မှတ် အခမဲ့ စီစဉ်ပေးခြင်း၊ Registration Fee တစ်ဝက် မျှဝေကျခံပေးခြင်း၊ ICDL Certificate အတွက် သင်တန်းကြေးများအခမဲ့နှင့် စာမေးပွဲကြေး ၁၀၀% Scholar Ship ပေးခြင်းများအပြင် Placement Test အခမဲ့ ပေးဖြေဆိုခွင့်၊ အခမဲ့ လမ်းညွှန်မှုတို့ကို ပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။ 

source: Internet Journal 


.ယခုနှစ် ဒုတိယအကြိမ်မြောက်ဂျပန်တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ၌ မြန်မာကျောင်းသား ၅၀ ကျော်ဖြေဆို

၂၀၀၇ ခုနှစ်အတွက် ဒုတိယအကြိမ်မြောက်အဖြစ် ကျင်းပခြင်းဖြစ်သည့် ဂျပန်တက္ကသိုလ် ၀င်ခွင့်စာမေးပွဲ (Examination for Japanese University)၌မြန်မာကျောင်းသား ၅၀ ကျော် ၀င်ရောက်ဖြေဆိုခဲ့ကြောင်း သိရှိရသည်။
ယင်းစာမေးပွဲများကို ဂျပန်သံရုံးရှိသော နိုင်ငံများ၌ တစ်နှစ်လျှင်နှစ်ကြိမ်၊ ဂျပန်နိုင်ငံမှ စစ်ဆေးကျင်းပခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂၀၀၄ခုနှစ်မှ စတင်ကျင်းပခဲ့သော EJU စာမေးပွဲ၏ ၂၀၀၇ခုနှစ် ဒုတိယအကြိမ် စာမေးပွဲကို နိုဝင်ဘာလ ၁၁ ရက်နေ့က ရန်ကုန်မြို့ရှိ Hotel Nikko တွင် ကျင်းပခဲ့ပြီး ၅၃ ဦး ၀င်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။ ယခုနှစ်တွင် ၀ိဇ္ဇာဘာသာရပ်၌ ၃၈ ဦး ၊ သိပ္ပံဘာသာရပ်၌ ၁၄ ဦး ပါဝင်ဖြေဆိုခဲ့သည်ဟု သိရသည်။

source: Weekly Eleven Journal 


.Microsoft 2008 များအွန်လိုင်းမှဖြေဆိုနိုင်ကြောင်းသိရ

Microsoft မှ Longhorn ဟု code name ပေးထားသော Microsoft 2008 product အသစ် အောက်တိုဘာလအတွင်းထွက်ရှိခဲ့ရာ ယင်း version အလိုက်အွန်လိုင်းမှတဆင့် Microsoft 2008 Certification များရယူဖြေဆိုနိုင်ပြီးဖြစ်ကြောင်း IT Certification များကိုတာဝန်ယူစစ်ဆေးပေးနေသော Thomson Promatric ၏ Authorized Test Center တစ်ခုဖြစ်သည့် Global Net မှတစ်ဆင့်သိရသည်။ ယခင်က Microsoft နှင့် MCSE 2003 နှင့် MCSA2003 တို့ကိုဖြေဆိုရရှိခဲ့ပြီးသား မြန်မာလူငယ်များအနေဖြင့် ဘာသာရပ်တစ်ခုကိုသာ ထပ်မံဖြေဆိုရန်လိုအပ်ပြီး MCTS 2008 Certified Expert ဖြစ်နိုင်ကြောင်း Microsoft မှထုတ်ပြန်ကြေငြာသည်။ ယင်းစားမေးပွဲကို အောက်တိုဘာလလယ်မှာပင် စတင်ဖြေဆိုနိုင်ပြီး သက်ဆိုင်ရာ Training များကို တာဝန်ယးစစ်ဆေးပေးမည့် Test Center များမှပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

source: Weekly Eleven Journal 


စင်ကာပူအစိုးရ အရာရှိဟုဆိုကာ မြန်မာနိုင်ငံတွင် ကျောင်းသား ၊ အလုပ်သမား စုဆောင်းခေါ်ယူမှုရှိပါက ၎င်း၏မှတ်ပုံတင်ဖြင့် .သံရုံးတွင်လာရောက်စစ်ဆေးနိုင်

မြန်မာနိုင်ငံအတွင်းသို့ လာရောက်၍ စင်ကာပူကျောင်း အစိုးရ အရာရှိဟုဆိုကာ မြန်မာကျောင်းသား၊ အလုပ်သမားများကို စုဆောင်းခေါ်ယူမှုများ ပြုလုပ်ပါက ၎င်း၏ မှတ်ပုံတင်ဖြင့် စင်ကာပူသံရုံးတွင် လာရောက်စစ်ဆေးနိုင်သည်ဟု အဆိုပါသံရုံးက ကြေညာချက် ထုတ်ပြန်ထားသည်။ ထိုသို့ကြေညာချက် ထုတ်ပြန်ထားရခြင်းမှာ မြန်မာနိုင်ငံသို့ စင်ကာပူအစိုးရ အရာရှိဟုဆိုကာ လာရောက်ပြီး ကျောင်းသားနှင့် အလုပ်သမားများကို ခေါ်ယူစုဆောင်းသည့် အနေဖြင့် ဤကဲ့သို့ ထုတ်ပြန်ထားရခြင်းဖြစ်သည်ဟု သိရသည်။ နောင်တွင် အဆိုပါလိမ်လည်မှု ထပ်မံမဖြစ်ပေါ်စေရန်နှင့် မြန်မာလူမျိုးများ မနစ်နာစေရန် ကြိုတင်ကာကွယ်သည့် သဘောဖြင့် ဤကြေညာချက်ကို ထုတ်ပြန်ထားရခြင်းဖြစ်သည်ဟု စင်ကာပူသံရုံးမှ စုံစမ်းသိရှိရသည်။
စင်ကာပူသံရုံးမှ တာဝန်ရှိသူတစ်ဦးက စင်ကာပူအစိုးရ အရာရှိဆိုပြီး ကျောင်းသား ၊ အလုပ်သမားတွေ လာခေါ်နေတဲ့ သူတွေကိုတော့ သူတိုရဲ့ မှတ်ပုံတင်နဲ့သံရုံးမှာ လာရောက်စစ်ဆေးနိုင်ပါတယ်။ ဒါပေမဲ့ အစိုးရအရာရှိအနေနဲ့မဟုတ်ဘဲ အပြင်လူတစ်ဦးအနေနဲ့လာတာဆိုရင်တော့ စစ်ဆေးဖို့ခက်ပါတယ်’ ဟုပြောကြား သွားခဲ့သည်။ ယခင်ကစင်ကာပူနိုင်ငံရှိ နာမည်ကြီး တက္ကသိုလ်များက မြန်မာကျောင်းသားများခေါ်ယူရန်အတွက် ပညာရေးးဆွေးနွေးပွဲများ ၊ Education Fair များအရှိန်အဟုန်မြှင့်ပြုလုပ်ကာ ခေါ်ယူမှု့များရှိခဲ့ပါသည်။ မြန်မာကျောင်းသားများ အနေဖြင့်လည်း နိုင်ငံခြားတွင် ပညာသင်နိုင်ရန်ဆုံးဖြတ်ရာတွင် စင်ကာပူနိုင်ငံ ရှိကျောင်းများက ထိပ်တန်းဦးစားပေး စာရင်းတွင် ရှိနေခဲ့သည်ဟုသိရသည်။

source: Weekly Eleven Journal 


Avaliable  

» Do and Don't » Categories    

» A to Z listing 

» International Exam » Questions & Answers » Studying Abroad    » Cyber Cafe List
  » Scholarship » Seminar » Download » News » Quiz Program » Contact Us  

Home | Contact Us | Site Map
© 2007 MyanmarTraining.com. All rights reserved.  

myanmartraining.com

Total Hits: counter stats