|
ဂျပန်နိုင်ငံနှင့်အာဆီယံ
နိုင်ငံများတွင် IT နည်းပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုလိုသူများအတွက်
ITPEC စားမေးပွဲများကို နှစ်စဉ် ဧပြီလ အောက်တိုဘာလများတွင်
ကျင်းပပေးမည်ဖြစ်ကြောင်းသိရသည်။
ယင်းစာမေးပွဲတွင် Computer
Fundamental, Computer System, System Development and Technology
,Database Technology, Security and Standard System နှင့် Computerization
Management စသည့်ဘာသာရပ်များပါဝင်ကြောင်းသိရသည်။
ITPEC စာမေးပွဲကို နံနက်ပိုင်းနှင့်
ညနေပိုင်းနှစ်ပိုင်းခွဲဖြေဆိုရမည်ဖြစ်ပြီး နှစ်ပိုင်းလုံးတွင်
ဓမ္မဓိဌာန်မေးခွန်းများဖြစ်ကြောင်း သိရသည်။ နံနက်ပိုင်းတွင် IT နည်းပညာအပေါ်
သိနားလည်မှု့များကို စစ်ဆေးခြင်းဖြစ်ပြီး ညနေပိုင်းတွင်လက်တွေ့နှင့်
နီးစပ်သောမေးခွန်းရှည်များကို ဖြေဆိုရမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါစာမေးပွဲ အောင်မြင်ပါကအဖွဲ့ဝင်
ခုနှစ်နိုင်ငံက တစ်ပြေးညီ အသိအမှတ်ပြုထားသော Certificate ရရှိမည်ဖြစ်ပြီး
ဂျပန်ဗီဇာလျှောက်ထားပါက အလွယ်တကူရရှိနိုင်သည့်အပြင် ဂျပန်နိုင်ငံတွင်
အလုပ်ရအောင်ရှာနိုင်ပါက Work Permit ရရှိမည်ဖြစ်ကြောင်းသိရသည်။
“ITPEC စာမေးပွဲအတွက် JITEC မှ
Guideline ပေးထားတဲ့စာအုပ်တွေနဲ့ သင်တန်းပို့ချတဲ့သူတွေအတွက်
စာအုပ်စာတမ်းတွေကို ကျွန်တော်တို့ MCF ကနေ အလွယ်တကူဝယ်ယူနိုင်ပါတယ်။
ပြင်ပသင်တန်းကျောင်းတွေမှာလည်း အဲဒီစာမေးပွဲအတွက်
သင်တန်းတွေဖွင့်လှစ်သင်ကြားပေးနေပါတယ်။” ဟု MCF မှတာဝန်ရှိသူတစ်ဦးမှ
ပြောသည်။
ITPEC စာမေးပွဲကို IT
ဖြင့်အသက်မွေးဝမ်းကျောင်းပြုလိုသူတွေ၊ နိုင်ငံတကာအသိအမှတ်ပြု
လက်မှတ်ရလိုသူတွေနဲ့ Computer ကျောင်းဆင်းပြီး လုပ်ငန်းခွင်ဝင်လိုသူတွေနဲ့
ဂျပန် အာဆီယံနိုင်ငံတွေမှာ IT ဖြင့်
အသက်မွေးဝမ်းကျောင်းပြုလိုသူတွေအတွက်ကတော့ အကျိုးကျေးဇူးတွေ
အမျာကြီးရမှာပါဟု ယင်းကထပ်မံရှင်းပြသည်။
source: Flower News Journal
|