|
နိုင်ငံတကာအွန်လိုင်း
တက္ကသိုလ်ကြီးတွေက ဖွင့်လှစ်ထားတဲ့ အွန်လိုင်းတက္ကသိုလ်ပညာရေးကို ၂၀၀၀
ပြည့်နှစ်ဝန်းကျင်ကစပြီး မြန်မာနိုင်ငံမှာ လူသိများခဲ့ပေမယ့်
တက်ရောက်သင်ယူနေသူနည်းပါးသေးကြောင်း သိရပါတယ်။
အွန်လိုင်းပညာရေးမှာ
အိုင်တီနဲ့စီးပွားရေးပညာရပ်တွေများပြီး ယူကေ၊ယူအက်စ်နဲ့
သြစတြေးလျနိုင်ငံတွေကလည်း ၀က်ဘ်ဆိုက်တွေမှာ အွန်လိုင်းပညာရေးနဲ့ ပတ်သက်ပြီး
ကြော်ငြာတွေတင်ထားတာတွေ့ရပါတယ်။မြန်မာနိုင်ငံမှာ Learners ဂျပန်ဘာသာ
သင်တန်းကျောင်းကလည်း ဂျပန်နိုင်ငံ နီဟွန်းတက္ကသိုလ်က
အွန်လိုင်းအဝေးသင်ပညာရေးအနေနဲ့ BA (Eco), B.Com
နိုင်ငံရေး၊ဥပဒေ၊သမိုင်း၊အတွေးအခေါ်၊ ဂျပန်စာနဲ့အင်္ဂလိပ်စာ
စတဲ့ဝိဇ္ဇ္ဇ္ဇာဘာသာရပ်တွေ ကိုသင်ကြားနိုင် တယ်လို့ မကြာမီက
မိတ်ဆက်ပေးခဲ့ပါတယ်။ဒီကျောင်းမှာ ပညာသင်နှစ်လေးနှစ်သင်ကြားရမှာဖြစ်ပြီး
ဂျပန်ဘာသာအဆင့်၂-အထက်ရှိသူတွေ တက်ရောက် နိုင်ပါတယ်။ ပြည်တွင်းမှာ
ဘွဲ့ရသူတွေကတော့ အဆိုပါကျောင်းကို လျှောက်ထားတဲ့အခါမှာ
ဒုတိယနှစ်(သို့)တတိယနှစ်ကို တိုက်ရိုက်လျှောက်ထားနိုင်တယ်လို့ သိရတယ်။
“ငွေကြေးအရတော့ ဂျပန်မှာသွားတက်တာထက်
စာရင်အွန်လိုင်းကနေတက်တာက ဆယ်ဆလောက်သက်သာတယ်။ပညာသင်နှစ်တစ်နှစ်မှာမှ
ဂျပန်ကို စာလက်တွေ့
သင်ယူဖို့ရက်သုံးဆယ်လောက်သွားရောက်ရမယ်စာမေးပွဲဖြေဆိုချိန်မှာ
အကြောင်းအမျိုးမျိုးကြောင့် အင်တာနက်ပြတ်တောက်သွားရင် အခက်အခဲ တွေ့ရှိရင်
မြန်မာတာဝန်ခံက ကျောင်းကိုဆက်သွယ်ပြီး
တက်နိုင်ဆုံးအဆင်ပြေအောင်ကူညီဖြေရှင်းပေးမယ်” လို့ Learners မှ
ဦးထက်နောင်ဝင်း မှပြောတယ်။
အွန်လိုင်း အဝေးသင်ပညာရေးဟာ
အင်တာနက်ကဖေးတွေမှာ ပုံမှန်သုံးစွဲဖို့ မလွယ်ကူတဲ့အတွက်
ကိုယ်ပိုင်အင်တာနက်သုံးသူတွေကသာ သင်ယူဖို့ အဆင်ပြေကြပါတယ်။ဒါကြောင့်
အွန်လိုင်းပညာရေးအဖြေအနေဟာ ကျယ်ကျယ်ပြန့်ပြန့် ထွန်းကားဖို့လိုသေးတယ်လို့
ဆိုပါတယ်။
ဆက်လက်ပြီး Informatics မှ
ဆရာဦးခင်မောင်မြင့်မှ “အွန်လိုင်းပညာရေးဆိုတာ
ကျောင်းစာသင်ခန်းထဲမှာသင်သလို ဆရာနဲ့တပည့်တွေနဲ့ လူတွေ့သင်ယူ နေတာမျိုး
မဟုတ်ပေမယ့် သူ့မှာ အတန်းချိန် ၊ Assignment ၊ Exam ဆိုတာတွေ၊ နားမလည်တာတွေ
မေးဖို့အချိန်တွေ၊ အစရှိတာတွေအားလုံး Time-Table အတိုင်းလုပ်ရတာ။
ကျောင်းတွေက website တစ်ခုတင်ပြီးလုပ်တာ။ ကိုယ်ကစာရင်းသွင်းလိုက်မှ
ဖွင့်ပေးတယ်။ Password ပေးတယ်။ စာမေးပွဲဖြေတဲ့အခါ ဖြေရမယ့်အချိန်ရောက်မှ
မေးခွန်း Password ကို ဖုန်း ဒါမှမဟုတ် email နဲ့ပို့ပေးတယ်။ သုံးနာရီ
မေးခွန်းဆိုရင် သုံးနာရီပြည့်တာနဲ့ အော်တို ပိတ်သွားပြီး
အင်တာနက်ဖွင့်မရဘူးဆိုရင် စာမေးပွဲဖြေမရတော့ဘူး။ ဖြေနေရင် Shat Down
ကျတာတို့ မီးပျက်တာတို့ ဖြစ်ရင်လည်း စာမေးပွဲဆက်ဖြေလို့မရတော့ပါဘူး
လို့ပြောပါတယ်။
source: Action Journal
|